အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

သွေးတွင်းသကြားဓါတ်နည်းသူတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတွင်းသကြားဓါတ်ြမင့်တာမျိုးဖြစ်နိုင်သလိုသွေးတွင်းသကြားဓါတ်နည်းတာမျိုးလည်းရှိနိုင်ပါတယ်။ ခန္ဓါကိုယ်ကနေ့စဉ်လှုပ်ရှားမှုတွေအတွက်သွေးတွင်းသကြားဓါတ်ကို အသုံးပြုရတာပါ။ ဒီသကြားဓါတ်ကို အစားအစာတွေကနေတဆင့်ရရှိတာပါ။ စားသုံးနေတဲ့ အစားအစာတွေ၊သောက်သုံးနေရတဲ့ဆေးဝါးတွေ နဲ့ ပင်ပင်ပန်းပန်းလှုပ်ရှားမှုတွေကြောင့်သွေးတွင်းသကြားဓါတ်နည်းတာမျိုးဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်နည်းတဲ့အခါ သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါမျိုးမှာ - အာရုံတွေရှုပ်ထွေးလာမယ် ခေါင်းထဲမှာနောက်ကျိကျိဖြစ်နေမယ် ကတုန်ကယင်ြဖစ်နေမယ် ဆာလောင်လာမယ် ခေါင်းကိုက်မယ် ခြေကုန်လက်ပမ်းကျမယ် နှလုံးခုန်မြန်လာမယ် ဖြူဖတ်ဖြူရော်ဖြစ်မယ် ချွေးထွက်မယ် အားမရှိသလိုဖြစ်မယ် စိတ်ပူပန်မယ် ပါးစပ်တွေ၊လျှာတွေထုံလာမယ် တက်မယ် သတိလစ်မယ် သိထားသင့်တဲ့အချက်လေးတွေ တစ်နေ့ကို အစား ၃ ကြိမ်စားပါ။ နည်းနည်းချင်းစီ ၃ ကြိမ်စားပေးလို့လည်းရပါတယ်။ အဆီများတဲ့အစားအစာတွေရှောင်ပေးပါ။ ပြုပြင်ထားတဲ့ အစားအစာတွေရှောင်ပါ။ ပြုပြင်ထားတဲ့ အချိုဓါတ်တွေကိုရှောင်ပါ။ အဆီမပါတဲ့ ပရိုတင်းစားသုံးပါ။ အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။ အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေစားပေးပါ။ စားသောက်နည်းလမ်းညွှန် မနက်စာ မနက်စာကတစ်နေ့တာအတွက် အရေးကြီးတဲ့အရာပါ။ မနက်စာကို အာဟာရြပည့်ဝအောင်စားမှ တစ်နေ့တာလုံး လန်းဆန်းနေမှာ။သွေးတွင်းသကြားဓါတ်နည်းတတ်သူတွေအနေနဲ့ကတော့ မနက်စာစားတဲ့အခါ ပရိုတင်း နဲ့ ကာဗိုဟိုက်ဒရိတ်အပါအဝင် အခြားသောဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေစေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် […]


အမျိုးအစား (၂) ဆီးချို

ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးခြိမ်းခြောက်မှုကြီးတစ်ရပ်ကတော့ ဆီးချိုပါ။ လူတော်တော်များများက သူတို့မှာ ဆီးချိုရှိမှန်းမသိဘဲ ဆီးချိုရောဂါခံစားနေရတာတွေတောင်ရှိနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဆီးချိုရောဂါခံစားနေရသူဦးရေက တစ်နှစ်ထက် တစ်နှစ်ပိုပိုတိုးလာပါတယ်။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ပရိသတ်ကြီးအတွက် ကိုယ့်ကိုကိုယ်ဆီးချိုရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုမျိုးသတိထားနေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဆီးချိုဆိုတာ ဆီးချိုဆိုတာက ခန္ဓါကိုယ်ေသွးတွင်းသကြားဓါတ်အသုံးပြုမှုကို ထိခိုက်စေတတ်တဲ့ရောဂါတစ်မျိုးပါ။သွေးတွင်းသကြားဓါတ်ကဆဲလ်တွေကို စွမ်းအင်ပေးတဲ့အရာတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ဦးနှောက်ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ အားဖြည့်လောင်စာပါ။ ခန္ဓါကိုယ်ထဲမှာ သကြားဓါတ်တွေများလာတဲ့အခါ ဆီးချိုသွေးချို အပြင် အခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေခံစားလာရနိုင်ပါတယ်။ ဆီးချိုရောဂါက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဆီးချိုရောဂါဖြစ်သွားပြီဆိုရင်နောက်ဆက်တွဲရောဂါတွေကို ခံစားရနိုင်သလိုနေ့စဉ်နေထိုင်မှုမှာ ဂရုစိုက်ရတာတွေလည်း အများကြီးပါ။ ဆီးချိုရောဂါမှာ ကိုယ်ဝန်ဆောင်ဆီးချို ဆီးချိုရောဂါ အကြိုလက္ခဏာ အမျိုးအစား -၁ ဆီးချို နဲ့ အမျိုးအစား - ၂ ဆီးချိုဆိုပြီး အမျိုးမျိုးရှိနေပါတယ်။ ဒီအချက်တွေရှိနေရင် အမျိုးအစား - ၂ ဆီးချိုခံစားရနိုင်ပါတယ် ရောဂါဝေဒနာတစ်ခုစီတိုင်းမှာဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။ တကယ်လို့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ

ဆီးချိုရောဂါရှိသူတွေဟာ တခြားသူတွေထက် နှလုံးရောဂြါဖစ်နိုင်တဲ့အန္တရာယ်နှစ်ဆနီးပါးပိုများပြီး စိတ်ကျရောဂါလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိပြီဆိုတာနဲ့ စိတ်ဓါတ်ကျဖို့မလိုပါဘူး။ အရသာရှိအောင်လည်းစားလို့ရသေးတယ်၊ အားလည်းပြည့်မယ်၊ စိတ်ကျန်းမာရေးပါ တိုးတက်ကောင်းမွန်လာနိုင်သေးတယ်(ဥပမာ တရားထိုင်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့်)။ အချိုကို တစ်သက်လုံး လုံးဝရှောင်ရမယ်လို့လည်း မရှိပါဘူး။ ချင့်ချိန် ဆင်ခြင်ဖို့ပဲလိုတာပါ။ ကိုယ့်မှာဆီးချိုသွေးချိုရှိနေပြီဆိုရင်တောင်မှ အရာရာနောက်မကျသေးပါဘူး။ အရင်ကမလုပ်ခဲ့တဲ့ ကျန်းမာရေးလိုက်စားတဲ့အမူအကျင့်တွေကိုမွေးမြူသင့်တဲ့အချိန်ရောက်ပြီလို့ မှတ်ယူလိုက်ပါ။ ကျန်းမာရေးနဲ့ညီအောင်စားမယ်၊ ပိုပြီး လှုပ်လှုပ်ရှားရှားနေမယ်၊ ကိုယ်အလေးချိန်ထိန်းမယ်ဆိုရင် လက္ခဏာတွေလျော့ပါးသက်သာပြီး ပိုတောင်ကျန်းမာလာနိုင်တဲ့ အခွင့်ကောင်းတွေရှိနိုင်ပါတယ်။ အခုဆိုရင် ဆီးချိုရောဂါဖြစ်ပွားသူတွေများလာတာနဲ့အမျှ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးတာတွေ၊ဆေးဝါးတွေ၊ဖြည့်စွက်စာအာဟာရတွေအပြင် ဆီးချိုရှိသူတွေအတွက်သင့်တော်အောင်ထုတ်တဲ့အစားအသောက်တွေ အစုံအလင်ကျယ်ပြန့်လာပြီမို့ သိပ်ကြောက်စရာမလိုပါဘူး။ အခုပြောပြပေးမှာက ဆီးချိုကျန်းမာရေးအတွက် သိထားသင့်တဲ့ ဒါမှမဟုတ် သိထားပြီးသားဆိုရင်လည်း မမေ့သင့်တဲ့အချက်တွေပါ။ (၁) သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပါ သွေးတွင်းသကြားဓါတ်ကို မကြာမကြာ စစ်ကြည့်တော့မှ အစားအသောက်၊ စိတ်ဖိစီးမှု၊ လှုပ်ရှားမှု စတာတွေအပေါ် ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ အမြဲမပြတ်သိနိုင်မှာပါ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေ oatmeal စားသင့်သလား

ဆီးချိုဝေဒနာရှင်တွေ မှာ oatmeal စားလို့ရပါတယ်။ အကျိုးကျေးဇူးလည်းများပါတယ်။ ဒါပေမယ့် စားပုံစားနည်းတော့ မှန်ဖို့လို အပ်ပါတယ်။ ဘယ်လို အကျိုးပြုနိုင်လဲ သွေးတွင်း သကြားဓါတ် ကို ထိန်းညှိပေးနိုင်ခြင်း သကြားဓါတ်ပါဝင် နှုန်းနည်းခြင်း အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးတွင်းကိုလက်စထရော (သွေးတွင်းအဆီဓါတ်) ကျစေပြီး ဆီးချိုရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကို တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးနိုင်ခြင်း အစာအိမ် နှင့် အူလမ်းကြောင်းအတွက် အထူးကောင်းမွန်စေခြင်း အမျှင်ဓါတ်များတဲ့အတွက် စားတဲ့ပမာဏ လျော့နည်းသွားခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို အခြားအစားအစာတွေလောက် မတက်စေခြင်း ဆီးချို နှင့် ဆက်စပ်လျက်ရှိတဲ့အဝလွန်ရောဂါအတွက် ဝိတ်ချဖို့လည်း oatmeal (အုတ်ဂျုံ) ကို စားသုံးခြင်းဖြင့် ဝိတ်ချနိုင်ခြင်း အမျှင်ဓါတ်များ ပြီး အစာခြေချိန်ကြာတဲ့ အတွက် သွေးတွင်းသကြားဓါတ် ထိုးမကျသွားအောင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းတဲ့အခါ တလွဲမှတ်ကြတဲ့ အမှားတချို့

ဆီးချိုသွေးချိုရောဂါရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ အရင်လိုနေထိုင်မှုပုံစံနဲ့နေသွားလို့မဖြစ်တော့ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ အစားအသောက်၊အနေအထိုင် အကုန်လုံးကို ဂရုစိုက်ဆင်ခြင်နေထိုင်ရတော့မယ်ဆိုတာလောက်တော့နားလည်မှာပါ။ပြဿနာက အဲဒီကစတာပါပဲ။ ဆင်ခြင်ရမှာကဟုတ်ပါပြီ။ ဘာကိုဆင်ခြင်ရမှာလဲ၊ ဘာတွေလုပ်ရမှာလဲသေချာသိတဲ့သူက အများစုမဟုတ်ကြပါဘူး။ ဆီးချိုထိန်းဖို့က အချိုရှောင်ရင်ပြီးတာပဲလို့တွေးပြီး ချိုတာမှန်သမျှရှောင်ကြသူတွေရှိသလို ကစီဓာတ်များတာမစားသင့်ဘူးဆိုပြီး ထမင်းလည်းလျှော့၊ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အာဟာရလျော့ရသူတွေလည်းရှိပါတယ်။နောက်ဆုံးတော့ ရှိသင့်ရှိထိုက်တဲ့ အာဟာရဓာတ်တွေမပြည့်ဝဘဲ သွေးတွင်းသကြားဓာတ်ပိုကျဆင်းရနိုင်ပါတယ်။ ဒီလိုမျိုး ဆီးချိုရှိသူတွေမှာ ဘာတွေဖြစ်တတ်လဲဆိုတော့ - ရောဂါအကြောင်းမသိတာ ဘယ်လိုနေ၊ဘယ်လိုထိုင်၊ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်ကပြောပြနေပေးလိုက်မှာပါ။ နားမလည်တာရှိရင်မေးလို့ရပေမယ့် ကိုယ်ထင်ရာကိုတွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ရောဂါအကြောင်းကိုတတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊မေးမြန်းပါ။ အစာစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ သိပ်ကွာဟနေတာ အစာစားပြီးရင် အချိန်အတော်ကြာမှ နောက်တစ်ကြိမ်စားတာ(တစ်ခါတစ်လေ အစာစားချိန်နောက်ကျတာ) ဟာသွေးတွင်းသကြားဓာတ်အတက်အကျ မတည်မငြိမ်ဖြစ်လာဖို့ များပါတယ်။ အစာမရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ သွေးတွင်းသကြားဓာတ်ကကျဆင်းပြီး အစားစားချလိုက်တာနဲ့ ချက်ချင်းကိုသကြားဓာတ်ထိုးတက်သွားနိုင်ပါတယ်။ ထမင်းတစ်နပ်လွတ်တာကို ပေါ့ပေါ့ဆဆနေတာ အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ မနက်စာနဲ့ နေ့လယ်စာပေါင်းစားတာမျိုး၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ကမ္ဘာတလွှားမှာ ဆီးချိုရောဂါ ခံစားနေရသူတွေက တစ်နေ့တခြားပိုပိုတိုးလို့လာနေပါတယ်။ တိုးတက်လာတဲ့လူမှုနေထိုင်မှုပုံစံ၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်က အကြောင်းအရင်းအမျိုးမျိုးကြောင့်ရော မျိုးရိုးရှိတာကြောင့်ပါ ဆီးချိုရောဂါ ခံစားရတဲ့ အရေအတွက်ဟာ တိုးပွားလို့နေပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါ စားချင်တိုင်း စားမရတာကြောင့် လူဖြစ်ရှုံးတယ်လို့ အများကထင်တတ်ကြပါတယ်။နောက်တစ်ခုက ဆီးချိုဖြစ်ပြီဆိုရင် သက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ယူဆကြတာပါ။ တကယ်တော့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ အနေအထိုင်အစားအသောက်ကိုသေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်နီးပါး ကျန်းကျန်းမာမာနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် အစစအရာရာကိုတော့ သတိထားဖို့လိုမှာပေါ့။ ဆီးချိုရောဂါ ဆိုတာ ဆီးချိုရောဂါ ဆိုတာက ခန္ဓါကိုယ်က အင်ဆူလင်ကိုကောင်းကောင်းမထုတ်လုပ်နိုင်တာ၊ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ဖြစ်တဲ့ ပုံမှန်ထက်သွေးတွင်းသကြားမြင့်တက်နေတဲ့ရောဂါတစ်ခုပေါ့။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက စားသုံးလိုက်တဲ့အစားအစာထဲက အချိုဓါတ်နဲ့အဆီဓါတ်တွေကိုချေဖျက်ပေးဖို့ အင်ဆူလင်ကိုထုတ်ပေးပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ပန်ကရိယက အင်ဆူလင်ကို နည်းနည်းပဲထုတ်ပေးတာ ဒါမှမဟုတ် အင်ဆူလင်ကို လုံးဝမထုတ်ပေးတော့တာမျိုးဖြစ်နိုင်ပါတယ်။နောက်ဖြစ်နိုင်တဲ့အချက်တစ်ချက်က ခန္ဓါကိုယ်က အင်ဆူလင်ကို မတုံ့ပြန်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအမျိုးအစား ၂ တွင် အစားအသောက်ရဲ့ အရေးပါမှု

ဆီးချိုရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များရုံသာမက မြန်မာနိုင်ငံလူဦ်းရေရဲ့ ၃ပုံ၁ပုံလောက်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီးလာတဲ့သူတွေထဲမှာ ဆီးချို မဖြစ်တဲ့သူ မရှိလောက်အောင်ရှားပါတယ်။ ဘယ်လိုပဲစစ်စစ် အသက်ကြီးပြီဆိုတာနဲ့ သွေးတိုး၊ဆီးချိုကတော့ ပစ်မလွဲပါဘူး။ ဒါကြောင့် ခုပြောပြပေးချင်တာက ဆီးချိုဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဆီးချိုရှိနေရင် အစားအသောက်နဲ့ ဘယ်လိုထိန်းရမလဲဆိုတာပြောပြပေးချင်ပါတယ်။ ဆီးချိုအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ ။ ဆီးချိုအမျိုးအစား (၂) မျိုးရှိပါတယ်။ ဆီးချိုအမျိုးအစား ၁ ။ မွေးကတည်းက ကိုယ်တွင်းခုခံအား စနစ်က ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားတိုက်နေလို့ အင်ဆူလင် လုံးဝမထွက်နိုင်တော့ဘဲ သွေးတွင်းမှာ သကြားဓါတ်တွေ စုပုံနေတာကြောင့် ဆီးချိုဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ရဲ့ အဓိက ကုသမှုကတော့ အင်ဆူလင်ပဲဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ကတော့ ကလေးကတည်းက အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ရံဖန်ရံခါဖြစ်နိုင်ပါတယ်။ ဆီးချိုအမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း

ဆီးချိုသွေးချိုရောဂါ ဖြစ်လာတဲ့သူတွေမှာ အများအားဖြင့်ဖြစ်တတ်ကြတာ သုံးမျိုးရှိပါတယ်။ ဆီးချိုကြောင့် ဘာမှမစားရဲမသောက်ရဲဘဲ အစားရှောင်ရင်းအာဟာရမပြည့် သကြားဓါတ်ကျဆင်းရသူတွေ၊ အစားမရှောင်နိုင် နေထိုင်ပုံမဆင်ခြင်နိုင်လို့ ဆီးချိုရောဂါ ကို ထည့်မတွေးဘဲ မေ့ထားလိုက်သူတွေနဲ့ ဆီးချိုသွေးချိုအတွက် နေထိုင်စားသောက်ပုံပြောင်းလဲလိုက်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဘယ်သူကအန္တရာယ်ကင်းပြီး အသက်ရှည်မယ်ထင်ပါသလဲ။ ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း ကိုယ်ချစ်ခင်လေးစားရတဲ့ အဖေ သို့မဟုတ် အမေ့မှာ ဆီးချိုရောဂါရှိနေပြီဆို အရင်ဆုံးတွေးရမှာက ဒီရောဂါရှိနေပေမယ့်သက်တမ်းစေ့နေထိုင်သွားနိုင်မယ့်လမ်းပါပဲ။ သွေးတွင်းသကြားဓါတ်ကိုထိန်းရမယ်၊ အစားရှောင်ရမယ်ဆိုပေမယ့် ဘာမှ မစားရဲမသောက်ရဲအောင် ဖြစ်နေစရာမလိုဘဲ အာဟာရနဲ့ရေဓါတ်လည်းမလျော့အောင်လည်း ဂရုစိုက်ပေးရပါမယ်။ ကိုယ့်မိဘအတွက် အစာအာဟာရဘယ်လိုဂရုစိုက်ပြင်ဆင်မလဲ အတိုင်းအတာ ပုံစံချပါ ဆီးချိုသမားအတွက် ကျန်းမာရေးနဲ့အညီဆုံးစားသောက်မှုပုံစံက ပမာဏအချိုးချ တိုင်းချင့်ပြီးစားတဲ့နည်းဖြစ်ပါတယ်။ ထမင်းပန်းကန်မှာ ထမင်းကိုလေးပုံတစ်ပုံပဲထည့်ပြီး တစ်ပုံကို အသား(ပရိုတင်း)နဲ့ နှစ်ပုံစာကို အသီးအရွက်များများ စားသုံးတာ အကောင်းဆုံးပါ။ ဟင်းတွေမှာ ဆီမများဖို့တော့လိုပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုတွက်ပါ ဆီးချိုရှိသူတွေမှာ နဂိုကမှ သွေးတွင်းသကြားဓါတ်ကိုမထိန်းညှိနိုင်ရတဲ့အထဲ ကာဗိုဟိုက်ဒရိတ်ေတွကြောင့် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါခံစားနေရသူတွေ တော်တော်လေးများလာပါတယ်။ ဆီးချိုသွေးချိုခံစားရတဲ့အခါ အနေအထိုင် အစားအသောက်အရာရာကို ဂရုစိုက်နိုင်မှ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို မခံစားရခင်က ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူမှတော့ ရောဂါဖြစ်လိုကြမှာမဟုတ်ပါဘူး။ မဖြစ်ချင်ပေမယ့် ရောဂါခံစားလာတဲ့အခါမှာတော့ သေသေချာချာဂရုစိုက်ပေးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်ပေါ့။ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုဝေဒနာသည်တွေအတွက် ဆီးချိုထိန်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် အာဟာရနည်းလမ်းသစ်လေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ Whey protein ပါ။ Whey Protein ဆိုတာ Whey Protein ဆိုတာက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်နေတဲ့ အဓိကကျတဲ့ပရိုတင်းတွေထဲတစ်မျိုးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဆီကျစေဖို့နဲ့ ကြွက်သားတက်လာစေဖို့အတွက် အားကစားလုပ်တဲ့အခါမှာ သောက်ရတဲ့ အားဖြည့်သောက်စရာတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ လေ့လာတွေ့ရှိချက်တွေအရ Whey Protein က အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု

သွေးထဲမှာ သကြားဓါတ်ပုံမှန်ထက်မြင့်မားနေတဲ့သူတွေကို ဆီးချိုရောဂါရှိသူတွေလို့ သတ်မှတ်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်တယ်ဆိုတာက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိတာပါ။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ အချိုဓါတ်တွေက သွေးတွင်းသကြားဓါတ်နဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးမှုက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။ ဆီးချိုရောဂါရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ တကယ်လို့ သင်ဟာဆီးချိုရောဂါခံစားနေရသူဆိုရင် အာဟာရပြည့်ဝအောင်စားသုံးပေးတဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံက နေ့စဉ်ဘဝမှာကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကျန်းမာတဲ့စားသောက်မှုပုံစံကို မွေးမြူပေးရင်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကတော့ - ကျန်းမာရေးကောင်းလာမယ် သွေးတွင်းသကြားဓါတ်ကို ကောင်းကောင်းမွန်မွန် ထိန်းညှိလာနိုင်မယ် သွေးတွင်းအဆီကျစေမယ် သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်မယ် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိထားနိုင်မယ် ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါဆိုးတွေကို ကာကွယ်နိုင်မယ် ကျန်းမာအောင်စားသောက်နေထိုင်တယ်ဆိုတဲ့နေရာမှာလည်း ဆီးချိုသမားမို့လို့ ပိုပြီး အစားရှောင်ရတယ်ဆိုတာမျိုးမရှိပါဘူး။ သာမန်လူတွေကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်နေထိုင်တဲ့အတိုင်း စားသောက်နေထိုင်ရင်ကိုရပါပြီ။ ဆီးချိုသမားတွေအနေနဲ့ ဘယ်လို အစားအစာတွေကို စားသုံးလို့ရလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း