အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ ရာသီဥတုအလိုက် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာ ဆီးချိုကြောင့် နေရထိုင်ရခက်တာမျိုး မဖြစ်စေဖို့ ဆီးချိုရှိသူတွေ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။ သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေတဲ့ အစားအစာတွေ အဓိကအားဖြင့်တော့သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့ ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ပရိုတင်း (အသားဓါတ်) အဆီဓါတ် အမျှင်ဓါတ် ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓါတ်တွေထက်သွေးတွင်းသကြားဓါတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေကသွေးတွင်းသကြားဓါတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓါတ်၊ ပရိုတင်းနဲ့ အဆီဓါတ်တို့က အစားစားပြီးချိန်မှာသွေးတွင်းသကြားဓါတ်မြင့်တက်မှုကိုလျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။ ဒီတော့ဘာလုပ်မလဲ။ အစားစားတဲ့အခါသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ခံစားရစေဖို့ ကစီဓါတ်၊ အသားဓါတ် နဲ့ အဆီဓါတ်တို့ကို သမမျှတအောင်စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓါတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။ ဆီးချိုရှိသူတွေ […]


အမျိုးအစား (၂) ဆီးချို

နွေရာသီမှာ ဆီးချိုရောဂါရှိသူ တွေ ကျန်းမာစေဖို့

ရာသီဥတုဆိုတာ လူသားတွေအံတုလို့မရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ နွေပူလာတာကတော့ သိသိသာသာနော်။ သာမန်လူတွေအတွက်တောင် နေရထိုင်ရတာခက်တဲ့ အပူချိန်မှာ ရောဂါအခံရှိသူတွေဆိုရင် ပိုဆိုးတော့မှာပေါ့။ ဒီတစ်ခေါက်တော့ နွေပူလာလို့ ဆီးချိုရောဂါရှိတဲ့ မိဘတွေနဲ့ ကိုယ်ချစ်ရသူကို စိတ်ပူနေသူတွေအတွက် နွေရာသီမှာ ဆီးချိုရောဂါရှိသူ ကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်နော်။ နွေဥတုနဲ့ ခန္ဓာကိုယ်တုံ့ပြန်မှု ရာသီဥတုပူပြင်းမှုက လူတိုင်းသည်းမခံနိုင်တဲ့ ကိစ္စတွေထဲကတစ်ခုပါ။ ခန္ဓာကိုယ်က ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုများတဲ့ ရာသီတစ်ခုပေါ့။ နေလောင်တာကြောင့် အသားကလည်း မည်းသေးတယ်နော်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် လေးလံထိုင်းမှိုင်းတာတွေ၊ မအီမသာဖြစ်တာတွေ ခံစားလာရနိုင်ပါတယ်။ ဒီလိုခံစားရမှုက သာမန်လူမှာ အတွေ့ရများပါတယ်။ ဒါဆို ဆီးချိုရောဂါရှိသူ တွေရော ဘယ်လိုများခံစားရနိုင်လဲ။ နွေရာသီနဲ့ ဆီးချို ခန္ဓာကိုယ်က အပူဒဏ်နဲ့ ထိတွေ့မိတဲ့အခါ ချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များလာတာက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတယ်။ ရေဓာတ်ဆုံးရှုံးမှုရဲ့နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်လာမယ်။ ပြောချင်တာကတော့ နွေရာသီမှာ သွေးချိုတက်လွယ်တယ်။ ဆီးချိုရောဂါရှိသူ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ ကြံရည်သောက်လို့ရလား

ဆီးချိုရောဂါ အရင်ကထက်ပိုကြားလာရတဲ့ရောဂါတစ်ခုပေါ့။ အရင်က မသိတာကြောင့်ဖြစ်နိုင်သလို ဆီးချိုဖြစ်တဲ့အရေအတွက်က အခုလောက်မများတာတော့အမှန်ပါ။ အခုနောက်ပိုင်းကနေထိုင်မှုပုံစံ၊ စားသောက်မှုအလေ့အထေကြာင့်ဆီးချိုဖြစ်ပွားမှုနှုန်းက ကမ္ဘာပေါ်မှာတော်ေ်တာ်လေးများလာနေပါတယ်နော်။ ဆီးချိုဖြစ်တာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများတာ၊ စားသောက်မှုနဲ့နေထိုင်မှုအလေ့အထကြောင့်လည်းဖြစ်ကြတာပါ။ လူတော်တော်များများ အလွယ်တကူလက်ခံထားမိတာက အချိုစားတာများလို့ ဆီးချိုဖြစ်ရတယ်ပေါ့။ ဒီတော့တွေးလိုက်မိတာက ဆီးချိုရှိရင် အချိုမစားရတော့ဘူးပေါ့။ ဒါဆို အခုလိုနွေပူပူလေးမှာ ရင်အေးစေမယ့် ကြံရည်လေးကောသောက်လို့ရပါ့မလားပေါ့။ ဒီဆောင်းပါးလေးကနေဖြေပေးမယ်နော်။ ဆီးချို နဲ့ ကြံရည် ဆီးချိုသမားတွေကြံရည်သောက်လို့ရလားဆိုတော့ အများကြီးသောက်လို့တော့မရဘူးပေါ့။ နည်းနည်းတော့သောက်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကြံရည်က သဘာဝအချိုဖြစ်ပြီး ပြုပြင်ထားတဲ့အချိုမဟုတ်လို့ပါ။ အချိုရည်တွေသာက်မှာထက်တော့ ကြံရည်သောက်လိုက်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ကံရည်က သာမန်လူတွေမှာဆိုရင်သွေးတွင်းသကြားဓါတ်ကိုတောင် ထိန်းညှိပေးနိုင်ပါသေးတယ်နော်။ မသောက်ခင်မှာသွေးချိုစစ်ကြည့်ဖို့လိုသလို ဆရာဝန်နဲ့လည်းသေချာတိုင်ပင်ကြည့်ဖို့လည်း တိုက်တွန်းပါရစေနော်။   ကြံရည်ကချိုတယ်ဆိုပေမယ့် ဆီးချိုသမားတွေအနေနဲ့ အတန်အသင့်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့အချက်လေးတွေရှိပါတယ်နော်။ ကြံရည်ကကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကိုကျန်းမာစေပြီး၊ အားပြည့်စေသလို၊ သွားပိုးမစားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး အိပ်ပျော်စေတဲ့အပြင် ဆီးလမ်းကြောင်းပိုးဝင်တာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ

သွေးတွင်းသကြားဓါတ်တွေကို ကိုယ်ခန္ဓါက ကောင်းစွာ မထိန်းချုပ်နိုင်တဲ့အခါ ဆီးချိုရောဂါ အစပျိုးလာပါတယ်။ လူတွေ အများဆုံး သိကြတဲ့ ဆီးချိုဖြစ်စေတဲ့ တရားခံကတော့ အချိုစားသုံးမှု များခြင်းပါပဲ။ အချို တစ်နည်းအားဖြင့် သကြား စားသုံးမှုများတဲ့အပြင် လှုပ်ရှားမှုနည်းလာတဲ့အခါ သွေးထဲမှာ သကြားဓါတ်တွေ များလာတယ်။ ကိုယ်ခန္ဓါက သကြားဓါတ်ထဲမှာ ပါဝင်တဲ့ ဂလူးကို့စ်တွေကို မချေဖျက်နိုင်တဲ့အခါ ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာတယ်။ နာတာရှည် ဆီးချိုနဲ့ သွေးချိုရောဂါ ဖြစ်လာမယ်။နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့ ဦးနှောက်အပြင် အမြင်အာရုံတွေ ထိခိုက်လာမယ်။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်ပါတယ်။ ဂလူးကို့စ်ဟာ နေ့စဉ် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကြွက်သားနဲ့ တစ်သျှူးတွေကို သန်စွမ်းစေနိုင်ပေမယ့် လိုတာထက် များလာတဲ့အခါ ဆီးချိုအစပြုလာပါတယ်။ ဒါကတော့ လူတွေ အသိများတဲ့ ဆီးချိုဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။ ဒါပေမယ့် အချိုစားသုံးမှုများတာအပြင်ကိုမှ […]


အမျိုးအစား (၂) ဆီးချို

သင့်သရက်ရွက် မထိခိုက်စေအောင် ဒီလိုမျိုး ကာကွယ်လိုက်ပါ။

သရက်ရွက် ဘေလုံးလို့လည်း လူသိများကြတဲ့ spleen ဟာ ပြန်ရေကြော အဖွဲ့အစည်းထဲမှာ အကြီးဆုံး ကလီစာတစ်ခုပါ။ သူဟာ ကိုယ်တွင်းမှရှိတဲ့ သွေးတွေ၊ ရေတွေကို ညီမျှအောင် ထိန်းပေးနေရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာရှိပြီး တစ်ရှူးနှစ်မျိုးနဲ့ သရက်ရွက်ကိုဖွဲ့စည်းပေးထားတာပါ။ အနီရောင်တစ်ရှူးကတော့ သွေးတွေကို စစ်ထုတ်ရတဲ့ တာဝန်ကို ထမ်းဆောင်ရပြီး အိုဟောင်းသွားတဲ့ သွေးနီဥဆဲလ် တွေကို စစ်ထုတ်ရတာပါ။ အဖြူရောင်တစ်ရှူးမှာတော့ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ T cells and B cells လို့ခေါ်တဲ့ ခုခံအား ဆဲလ်တွေ အပြည့်နဲ့ ဖွဲစည်းထားတာပါ။ ဒီတော့ သရက်ရွက်က သွေးတွေကို သိမ်းထားပြီး စစ်ထုတ်ပေးတယ်။ ကိုယ်တွင်းထဲကို ရောဂါပိုး တွေဝင်လာရင် သူက ဖမ်းပြီး တိုက်ထုတ်ပေးတယ်ဆိုတော့ သရက်ရွက်ကလည်း အခြား ကိုယ်တွင်းကလီစာနည်းတူ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ

ဆီးချိုက ကမ္ဘာ့လူဦးရေတော်တော်များများခံစားရတဲ့ရောဂါတစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်းလာတတ်ပေမယ့် အချိန်ကြာလာနဲ့အမျှတွေ့သမျှရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာခံစားနေရတဲ့သူတွေအတွက် ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေမယ့် ဘဝနေထိုင်မှုပုံစံကိုပြောပြပေးချင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေ ဆီးချိုသက်တမ်းရင့်လာတဲ့အခါ ဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။ နှလုံးရောဂါ ကျောက်ကပ်ပျက်စီးခြင်း မျက်လုံးထိခိုက်ခြင်း အာရုံကြောထိခိုက်ပျက်စီးခြင်း လေဖြတ်ခြင်း ခြေတွေ လက်တောက်ဖြတ်ရခြင်း ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ဒီလိုကာကွယ်ပါ ကိုယ်အလေးချိန်ချပါ - ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်ထိန်းဖို့ သတိထားပေးပါ။ တစ်နေ့နှစ်ကြိမ်သွေးချိုတိုင်းပါ -နေ့စဉ်မနက်ခင်းတစ်ကြိမ် ညနေတစ်ကြိမ်လောက်သွေးချိုကို ပုံမှန်တိုင်းတာပေးပါ။ အိမ်မှာသွေးချိုတိုင်းစက်လေးဝယ်ထားပြီး တိုင်းပေးလို့ရသလို နီးစပ်ရာဆေးခန်းတွေဆေးဆိုင်တွေမှာ သွားရောက်ပြီး တိုင်းတာစစ်ဆေးလို့လည်းရပါတယ်။ သွေးချိုအရမ်းမြင့်နေရင် ထိန်းဖို့လိုအပ်ပါမယ်။ ကာဗိုဟိုက်ဒရိတ်ကို စစ်ဆေးပါ - တစ်နေ့တာမှာ ကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက်ထိစားလိုက်လဲဆိုတာကို သိဖို့လိုအပ်သလို သတိထားဆင်ခြင်ဖို့လည်း […]


အမျိုးအစား (၂) ဆီးချို

မဖြစ်ခင်က ကြိုတင်ကာကွယ်

ရောဂါတိုင်းကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဒီလိုကာကွယ်ထားသင့်တဲ့ရောဂါတွေထဲမှာ ဆီးချိုကလည်း တစ်ခုအပါအဝင်ပေါ့။ အမျိုးအစား - ၁ ဆီးချိုကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် အမျိုးအစား -၂ ဆီးချိုကိုတော့ ကာကွယ်လို့ရပါတယ်။ ကဲ အမျိုးအစား -၂ ဆီးချိုကို ဘယ်လိုကာကွယ်ရမလဲပြောပြပေးမယ်နော်။ အမျိုးအစား - ၂ ဆီးချိုကို ဒီလိုကာကွယ်ပါ အမျှင်ဓါတ်လုံလောက်အောင်စားသုံးပါ အမျှင်ဓါတ်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာတော်တော်လေးအရေးပါပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ရော၊ပျော်ဝင်မလွယ်တဲ့ အမျှင်ဓါတ်ရော နှစ်ခုစလုံးက ခန္ဓါကိုယ်က အချိုဓါတ်စုပ်ယူမှုကိုနှေးစေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးပါ။   နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ တစ်နေ့လုံးထိုင်နေရတာမျိုးမလုပ်ပါနဲ့။ အထိုင်များတဲ့အလုပ်လုပ်နေရတယ်ဆိုရင်တောင် ခဏလောက်အနားပေးပြီး လမ်းထလျှောက်တာမျိုးလုပ်ပေးပါ။ အရမ်းမဝေးတဲ့နေရာမျိုးကို လမ်းလျှောက်သွားပေးပါ။   အိပ်ချိန်အနည်းဆုံး ၇နာရီရှိပါစေ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီထားရှိပေးပါ။ အိပ်ရေးပျက်တာက အဝလွန်ေစနိုင်တဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေကို ပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညတိုင်းအိပ်ရေးဝအောင်အိပ်စက်ပါ။ အချိုရည်အစားရေသောက်ပါ ရေဆာရင်ရေပဲသောက်ပါ၊ အချိုရည်ကို အစားထိုးသောက်တာမျိုးမလုပ်ပါနဲ့။ သွားလေရာကိုရေဗူးဆောင်သွားပြီးရေပဲသောက်ပေးပါ။ အချိုရည်သောက်ချင်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

ဆီးချိုရှိနေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတဲ့သူများရှိလား။ ဆီးချိုရှိပေမယ့် အနေအထိုင် အာဟာရစားသုံးမှုတွေကိုသေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို သက်တမ်းစေ့စေ့နေလို့ရပါတယ်နော်။ ဆီးချိုဝေဒနာရှိသူအတွက် အရေးအကြီးဆုံးကတော့နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဒီအချက်တွေကို ဟန်ချက်ညီအောင်ထိန်းနိုင်မယ်ဆိုရင် ဆီးချိုသမားတွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ ဘာလဲ ဆီးချိုရှိတာနဲ့ လူဖြစ်ရှုံးသလိုကြီးမတွေးစေချင်ပါဘူး။ ဆီးချိုက ကုသလို့မရပေမယ့် အကောင်းဆုံးဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှာ အသေအချာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။   ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ - ဒီအချက်က ဆီးချိုရှိသူတွေအတွက်တော်တော်လေးအရေးပါတဲ့ အချက်ပါ။ အစားအသောက်က သွေးချိုအပေါ်မှာ အဓိကသက်ရောက်နေတာပါ။ အစားစားတဲ့အခါ စားကောင်းတယ်ဆိုပြီး အများကြီးတစ်ခါတည်းစားလိုက်တာမျိုးမလုပ်ပါနဲ့။ အစားစားတဲ့အခါ နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။ အစား စားတဲ့အခါ ဟင်းသီးဟင်းရွက်များများပါအောင်စားပြီး သကြားနဲ့ အဆီဓါတ်ပါတဲ့ အစားအစာတွေကို နည်းနည်းလောက်ပဲစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုလည်း အကန့်အသတ်နဲ့စားပါ။ အစားပုံမှန်စားပါ -အစား စားတဲ့အချိန်ကို တိတိကျကျလေးသတ်မှတ်ပြီး […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ အခါးဓါတ်

လူတိုင်းလိုလိုလက်ခံထားတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှန်တရားလေးတစ်ခုရှိတယ်။ ဒါကတော့ အခါးဓါတ်က ခန္ဓါကိုယ်အတွက်ကောင်းတယ်ဆိုတာပါ။ သင်ရော ဒီအယူအဆကိုလက်ခံတဲ့သူလား။ အထူသဖြင့် ဆီးချိုဝေဒနာခံစားနေရသူတွေကို အခါးစားပေး သွေးချိုကျတယ်၊ လို့ပြောကြတာကြားဖူးမှာပါ။ ဒါဆို အခါးဓါတ်ပါတဲ့ အသီးအရွက်တွေက ကျန်းမာရေးအတွက် ဘယ်လိုများအကျိုးပြုတာလဲဆိုတာကို ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်အတွက် အခါးဓါတ် အခါးဓါတ်အကြောင်းမပြောခင်အရင်ဆုံး အချိုဓါတ်အကြောင်းပြောပြချင်ပါတယ်။ အချိုဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အရမ်းများမယ်ဆိုရင်တော့သွေးတွင်းသကြားဓါတ်၊ အင်ဆူလင်တို့အပေါ်မှာ သက်ရောက်မှုရှိစေနိုင်သလိုရေရှည်မှာ အဝလွန်တာ၊ အမျိုးအစား - ၂ ဆီးချိုဝေဒနာခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ အချိုဓါတ်က အရမ်းအစားများရင် သွားတွေကိုထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းမှုတွေကိုပါဖြစ်စ်စေနိုင်ပါတယ်။ ဒါတွေအပြင် အချိုဓါတ်က အသည်းအဆီဖုံးတာလိုမျိုးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ကဲ ဒီလိုဆို အခါးဓါတ်ကရော ခန္ဓါကိုယ်အတွက် ဘယ်လိုများအကျိုးပြုတာလဲ။ အခါးဓါတ်ကတော့ အချိုဓါတ်နဲ့ ဆန့်ကျင်ဘက်ပါ။ ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ပေးပါတယ်။ အခါးဓါတ်က အစာခြေစနစ်အတွက် အရေးပါတဲ့ သည်းခြေရည်တွေထုတ်ပေးဖို့ အသည်းကို လှုံ့ဆော်ပေးသလိုသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုနဲ့ ပျားရည်

ပျားရည် လို့ဆိုလိုက်တာနဲ့ သဘာဝအားဆေး၊ ဆေးဖက်ဝင် အစားအစာဆိုပြီး ဦးနှောက်ထဲ အရင်ပေါ်လာတယ်ဟုတ်။ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး စားလို့ရတယ်လို့ တော်တော်များများက မှတ်ယူထားကြတာပါ။ ဒါဆိုရင် ပျားရည်က  ဆေးဖက်ဝင်အစားအစာတစ်ရပ်အနေနဲ့ လူတိုင်းနဲ့တည့်တာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဒီလိုဆို ပျားရည်က အချိုရှောင်ရတဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်ရော ဆေးဖက်ဝင်ရဲ့လား။ ဆီးချိုသမားတွေအနေနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုလိုက်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ထူးပြီးရရှိသွားမှာ မဟုတ်ပါဘူး။ ပျားရည်ဟာလည်း သကြားနည်းတူ သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တကယ်တော့ ပျားရည်က သကြားထက်ပိုချိုပါတယ်။ ဒါကြောင့် သင့်အနေနနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုမယ်ဆိုရင်တော့ ပမာဏခပ်နည်းနည်းပဲအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်နောက်တစ်ချက်အနေနဲ့ကတော့ ပျားရည်က သကြားထက် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လ်လိုရီပါဝင်မှုများတာပါ။ တကယ်လို့ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ပျားရည်ကို နှစ်သက်တယ်ဆိုရင်တော့ ဆီးချိုကောင်းနေတဲ့ အချိန်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း