အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ၊ စားသောက်မှု ပုံစံနဲ့ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာသိရှိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

အမျိုးအစား (၂) ဆီးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေမြင့်စေသော အရာများ

ဆီးချိုဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိမရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။   အမျိုးအစား (၁) ဆီးချိုရောဂါ သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေ ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ သူတို့ကြောင့် ဆီးချို မဖြစ်တတ်ပါဘူး။ စားသောက်မှုပုံစံ။ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေဟာ အမျိုးအစား (၁) ဆီးချိုနဲ့ တိုက်ရိုက် […]


အမျိုးအစား (၂) ဆီးချို

ဘယ်သူတွေက ကျွန်တော့်ဆီးချိုသွေးချိုရောဂါကို စစ်ဆေးဖို့သင့်တော်တဲ့ကျွမ်းကျင်သူတွေလဲ

ဘယ်သူတွေက ကျွန်တော့်ဆီးချိုကို စစ်ဆေးဖို့သင့်တော်တဲ့ ကျွမ်းကျင်သူတွေလဲ ? ဆီးချိုကိုပြုစုကုသပေးတဲ့ကျန်းမာရေးကျွမ်းကျင်သူတွေအများကြီးရှိပါတယ်။ တော်တော်များများကတော့သူတို့ရဲ့ပင်တိုင်ဆရာဝန်နဲ့ပဲ ပြုစုကုသ စောင့်ကြည့်ကြပေမယ့် တချို့ကတော့ ဆရာဝန်များစွာဆီမှာ သူတို့အခြေအနေကို စောင့်ကြည့်စေပါတယ်။ သင်ဟာဆီးချိုကိုစဖြစ်နေပြီ၊လကဏာတွေခံစားနေရပြီဆိုရင် သင့်ရဲ့ဆရာဝန်ကို စစ်ဆေးမှုတွေလုပ်ဖို့ပြောပါ။ အောက်မှာပြောပြသွားမှာကတော့ကွဲပြားခြားနားတဲ့ဆရာဝန်တွေ ကျွမ်းကျင်သူတွေက ဆီးချိုကို ဘယ်လိုပြုစုကုသနိုင်လဲ ဆိုတာပါပဲ။ Primary Care Physician သင်အသက်ကြီးလာတာနဲ့အမျှ သင့်ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ခြင်းက သင့်ဆီးချိုကို စောင့်ကြည့်နိုင်ပါတယ်။ သင့်ရဲ့ ရောဂါလကဏာတွေအပေါ် မူတည်ပြီးသင့်ဆရာဝန်က သင့်ကိုဆီးစစ်ခြင်း သွေးစစ်ခြင်းတွေလုပ်စေနိုင်ပါတယ်။ သင့်မှာဆီးချိုရှိနေပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ကိုကုသမှုတွေပေပြီးသင့်ရဲ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားမှာပါ။ သင့်အနေနဲ့အထူးကုဆရာဝန်နဲ့ ပိုပြီးကုသချင်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ပင်တိုင်ဆရာဝန်ကလည်းသင့်ရဲ့ရောဂါအခြေအနေကိုပြုစုကုသတဲ့အထဲမှာ တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ ဟော်မုန်းဗေဒဆရာဝန် ဆီးချိုအမျိုးအစား (၁) ကသရက်ရွက်ရဲ့ရောဂါဖြစ်ပြီး အဲဒီသရက်ရွက်က ဟော်မုန်းစနစ်ထဲမှာပါဝင်ပါတယ် ။ ဟော်မုန်းဗေဒဆရာဝန်ဆိုတာကတော့ အဲဒီသရက်ရွက်နဲ့ဆိုင်တဲ့ရောဂါတွေကို အဖြေရှာပြုစုကုသပေးတဲ့ဆရာဝန် ဖြစ်ပါတယ်။ တစ်ခါတစ်လေဆီးချိုအမျိုးအစား (၂)က ထိန်းချုပ်ရခက်နေရင်လည်းဟော်မုန်းဗေဒဆရာဝန်ကိုလိုကောင်းလိုလာပါလိမ့်မယ်။ မျက်စိဆရာဝန် မျက်စိအတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာထိခိုက်ခြင်းစတဲ့အခြေအနေတွေကဆီးချိုကြောင့်ဖြစ်တာများပါတယ်။ သင့်အနေနဲ့ ဒီလိုဖြစ်နိုင်ခြေရှိတဲ့ ဆိုးရွားတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

ဆီးချိုရောဂါဟာ မုန့်ချိုအိတ်ကင်ဆာကို ဖြစ်စေနိုင်သလား မုန့်ချိုအိတ်ဆိုတာဘာလဲ မုန့်ချိုအိတ်ဆိုတာ အစာအိမ်ရဲ့နောက်ပိုင်း၊ နံရိုးအိမ်ထဲမှာ ရှိတဲ့ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ သူ့မှာ တာဝန်၂ခု ရှိပါတယ်။ အစာခြေဖို့ အစာခြေပစ္စည်းတွေထုတ်ပေးခြင်းနဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိဖို့ ဟော်မုန်းထုတ်ခြင်းပဲ ဖြစ်ပါတယ်။   မုန့်ချိုအိတ်ကင်ဆာဆိုတာဘာလဲ မုန့်ချိုအိတ်ထဲမှာ ပုံမမှန်တဲ့ တစ်သျှူးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ လျင်မြန်စွာဖြစ်ပေါ်တတ်ပြီး ဖြစ်ခါစမှာ သိတာရှားပါတယ်။ မုန့်ချိုအိတ်ကင်ဆာ လက္ခဏာဟာ အဆင့်သိပ်မကြီးလာခင် မပြတတ်ပါဘူး။   ဆီးချိုဆေးတွေဟာ မုန့်ချိုအိတ်ကင်ဆာဖြစ်စေသလား အမျိုးအစား (၂) ဆီးချိုရောဂါကုတဲ့ နေရာမှာသုံးတဲ့ incretin mimetics အုပ်စုဝင် ဆေးအသစ် ၂မျိုးကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Glucagon-like peptide – 1 (GLP – 1) agonist (exenatide ကဲ့သို့) နဲ့ dipeptidyl peptidase – 4 inihibitors […]


အမျိုးအစား (၂) ဆီးချို

Metformin (မက်ဖော်မင်) ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးသလား

Metformin ဆေးဟာ သိုက်းရွိုက်ဂလင်းကို ဒုက္ခပေးလား Metformin ဆိုတာဘာလဲ Metformin ဆိုတာ အမျိုးအစား (၂) ဆီးချိုရောဂါကိုသဖို့ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဆေးပဲဖြစ်ပါတယ်။ အင်ဆူလင်နဲ့ဖြစ်စေ၊ အခြား အမျိုးအစားနဲ့ဖြစ်စေ တွဲသုံးနိုင်ပေမယ့် အမိုးအစား (၁) အတွက်ကိုတော့ မသုံးနိုင်ပါဘူး။ Metformin ဟာ အသည်းကနေ ဂလူးကို့စ်ထုတ်တာကို ကျစေပြီး သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်ပါတယ်။   သိပ်အလုပ်မလုပ်တဲ့ သိုင်းရွိုက်ဆိုတာ ဘာလဲ သိုင်းရွိုက်ဂလင်းဟာ သင့်လည်ပင်းရဲ့ လေပြွန်ရှေ့ပိုင်းမှာ လိပ်ပြာပုံစံ တည်ရှိပြီး ဟော်မုန်းအချို့ကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေဟာ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုတွေ (အစာကို စွမ်းအင်အဖြစ်ပြောင်းခြင်း) ကို ပုံမှန်ဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။ Triiodothyronine (T3) နဲ့ Thyroxine (T4) လို့ ခေါ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ဒီဟော်မုန်းတွေကို အလုံအလောက် မထုတ်နိုင်တော့ရင် ကိုယ်ခန္ဓါရဲ့ လုပ်ငန်းတွေ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုနှင့် statins (အဆီကျ) ဆေးဝါးများ

Statin ဆိုတာဘာလဲ Statin ဆိုတာ ဆေးအုပ်စုတခုဖြစ်ပြီး သင့်ရဲ့သွေးထဲက ကိုလက်စထရောကို လျှော့ချရာမှာ သုံးပါတယ်။ Statin အုပ်စုမှာ atorvastatin၊ fluvastatin၊ pravastatin၊ rosuvastatin နဲ့ simvastatin ဆေးတွေ ပါဝင်ပါတယ်။ ဆီးချိုနှင့် Statin ဆေးများ Statin ဆေးများနှင့် ဆီးချို၏ ဆက်နွယ်မှု Stain ဆေးများဟာ ဆီးချိုကုသမှုမှာ တစိတ်တပိုင်း ပါဝင်ပါတယ်။ နှလုံးထိခိုက်မှုနဲ့ လေဖြတ်မှု အန္တရာယ်တွေကို လျော့ကျစေဖို့ ဖြစ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာလည်း ကိုလက်စထရော မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။ Statins ဆေးတွေကို ဆီးချိုထိန်းရာမှာနဲ့ တခြားရောဂါကုသရေးမှာ သုံးတဲ့အခါ ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ Statin ဟာ အသည်းကနေ LDL လို့ခေါ်တဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောထုတ်တာကို ကျဆင်းစေပြီး HDL […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်စေသော အကြောင်းအရင်းများ

နိုင်ငံတကာဆီးချိုအဖွဲ့ကြီးရဲ့ပြောဆိုချက်အရ၂၀၁၄ခုနှစ်မှာဆီးချိုဖြစ်လာသူက၃.၃သန်းကိုကျော်လာပါပြီ။၉၀ကနေ၉၅ရာခိုင်နှုန်းကဆီးချိုအမျိုးအစား (၂)ဖြစ်သူတွေဖြစ်ကြပါတယ်။ အရင်တုန်းကဆီးချိုအမျိုးအစား (၂)ကအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုနောက်ပိုင်းမှာ လူနေမှုပုံစံတွေပြောင်းပြီး လူငယ်တွေမှာပါဖြစ်လာပါတယ်။ ဆီးချိုအမျိုးအစား (၂)ကကာကွယ်လို့ရပါတယ်။ ဒါကြောင့်သငိဘယ်အသက်အရွယ်မဆိုကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။   ပျှမ်းမျှဘယ်အသက်အရွယ်တွေမှာဖြစ်လဲ ? အလယ်အလတ်ပိုင်းတွေနဲ့အသက်ကြီးပိုင်းတွေမှာဆီးချိုအမျိုးအစား (၂) အဖြစ်များပါတယ်။ ၂၀၁၄ခုနှစ်မှာအသက်၄၅ကနေ၆၄အထိလူတွေကဆီးချိုအဖြစ်ဆုံးဖြစ်ကြပါတယ်။ သူတို့ကဆီးချိုဖြစ်နှုန်းလည်းပိုမြန်ကြပါတယ်။ ကလေးငယ်များတွင်ပါဖြစ်ပွားလာခြင်း ဆီးချိုtype 2ကအရင်အချိန်တွေမှာအရွယ်ရောက်ပြီးသူတွေမှာသာဖြစ်ပေမယ့်အခုအချိန်မှာကလေးတွေဆီမှာပါအဖြစ်များလာပါပြီ။ ကလေးငယ်အနည်းငယ်သာအမျိုးအစား (၁) ဆီးချိုနဲ့မွေးဖွားလာခဲ့ပေမယ့် အမျိုးအစား (၂)ကတော့ နေထိုင်စားသောက်ပုံစံတွေမှားယွင်းတာကြောင့်ပါ။ ၂၀၁၂ခုနှစ်မှာအသက်၂၀ အောက်တွေအနာဂတ်မှာဆီးချိုဖြစ်လာနိုင်ခြေကိုခန့်မှန်းခဲ့ကြပါတယ်။ လေ့လာချက်တွေအရလက်ရှိနှုန်းနဲ့ဆိုရင်၂၀၅၀ခုနှစ်မှာအသက်၂၀ အောက်ဆီးချိုဖြစ်သူတွေက၄၉ရာခိုင်နှုန်းထိမြင့်လာနိုင်တယ်လို့ဆိုပါတယ်။ တကယ်လို့ ဆီးချိုဖြစ်နှုန်းမြင့်တက်လာခဲ့မယ်ဆိုရင် ငယ်ရွယ်စဉ်မှာအမျိုးအစား (၂) ဆီးချိုဖြစ်နှုန်းကလေးဆထိမြင့်တက်လာမှာပါ။   အရွယ်ရောက်သူတွေကိုဆီးချိုဖြစ်စေနိုင်သည့်အရာများ ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။ သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့ အဝလွန်ခြင်း လှုပ်ရှားမှုနည်းခြင်း နှလုံးသွေးကြောရောဂါ မိသားစုဝင်တစ်ဦးဦးမှာဆီးချိုရှိခြင်း ကိုယ်ဝန်ဆီးချိုဖြစ်ဖူးခြင်း ကိုလက်စထရောများခြင်း Polycystic ovarian syndrome ရှိခြင်း Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။ ဆီးချိုအစပျိုးတယ်ဆိုတာက ဆီးချိုအမျိုးအစား (၂) ကြိမ်းသေဖြစ်လာလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သွေးတွင်းအချိုဓါတ်မြင်နေရင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအတွက် အထူး အစားအစာများက ဘာတွေလဲ

လူတွေကိုခွန်အားပြည့်စေတဲ့ ထိပ်တန်းအစားအစာ ၁၀မျိုးကို သင်တွေ့ဖူးလား။ ဘယ်အစားအစာတွေက သင့်ဆီးချိုစားသောက်မှုပုံစံနဲ့ သင့်တော်လ ဲသိချင်လား ။ သင့်အတွက်စူပါထိပ်တန်းအစားအစာ ၁၀မျိုးရောက်ရှိလို့ လာပါပြီ။ တခြားအစားအစာတွေနဲ့ တကွ ဒီဆီးချိုအတွက်စူပါအစားအစာတွေကို စားချိန်တွေမှာ သင့်တော်တဲ့ပမာဏပြင်ဆင်ပြီးစားပါ။ ဒီထဲက အစားအစာတွေက ဂလူးကိုစ့် ပါဝင်မှုနည်းပြီးအာဟာရဓါတ်များစွာပါဝင်ပါတယ်။ဥပမာ - ကယ်လ်ဆီယမ် ပိုတက်ဆီယမ် အမျှင်ဓါတ် မဂ္ဂနီဆီယမ် ဗီတာမင်အေ၊စီနဲ့အီး ဖြည့်စွက်ဆေးတွေကို သောက်ဖို့ညွှန်ပြထားတဲ့ လေ့လာမှုတွေမရှိတဲ့အတွက် အစားအစာတွေကနေ ပဲအာဟာရဓါတ်တွေယူဖို့အရင်စဉ်းစားပါ။ အောက်မှာ ဖော်ပြထားတာကသင့်အတွက် စူပါအစားအစာတွေပါ။ ပဲသီးများ ဗိုလ်စားပဲ၊ပဲကြီး၊ပဲနက် ဘာပဲဖြစ်ဖြစ်သင်ကြိုက်တဲ့ ပဲတွေဆီကနေရတဲ့ အာဟာဓါတ်တွေကို ယှဉ်နိုင်တာဘာမှမရှိတော့ပါဘူး။ သူတို့မှာ အမျှင်ဓါတ်ပါဝင်မှုမြင့်တဲ့အပြင် သင်နေ့စဉ် လိုအပ်တဲ့အာဟာရတွေကို ခွက်တစ်ဝက်လောက်စားရုံနဲ့တင် ပြည့်စေပါတယ်။ ဒါ့အပြင်သူတို့ကမဂ္ဂနီဆီယမ် နဲ့ပိုတက်ဆီရမ်ကြွယ်ဝကြပါတယ်။ ပဲစေ့တွေကို ကစီဓါတ်ပေါတဲ့ ဟင်းသီးဟင်းရွက်လို့ ပြောကြပါတယ်။ ဒါပေမယ့်ပဲစေ့ခွက်တစ်ဝက်က အသားတစ်အောင်စကရတဲ့ ပရိုတိန်းပမာဏနဲ့တူတဲ့အပြင် အဆီလည်းမပါပါဘူး။ အချိန်ကုန်သက်သာဖို့စည်သွပ်ပဲ တွေကိုစားသုံးနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါ ခံစားနေရသော ကလေးငယ်အတွက် စိတ်ချရသော ကလေးထိန်း

ကလေးထိန်း သင့်ကလေးကိုပြုစုစောင့်ရှောက်နေသူများ၊ ကလေးထိန်းမှ စ၍ ဆွေမျိုးများထိတိုင်ဆီးချိုအခြေခံနဲ့အရေးပေါ်အခြေအနေမှာဘာလုပ်ရမလဲဆိုတာသိထားစေသင့်ပါတယ်။ စိတ်ချရတဲ့ ဆီးချိုကလေးထိန်းရှာဖွေခြင်း ဒါကဆီးချိုရှိတဲ့ကလေးတွေရဲ့ မိဘတွေအတွက် ခက်ခဲပါလိမ့်မယ်။ ဆီးချိုရောဂါရှိတဲ့ သင့်ကလေးအတွက်အတွေ့အကြုံရှိတဲ့ ကလေးထိန်းကိုရှာဖွေဖို့က သင့်မိသားစုနဲ့ အခြေအနေတူတဲ့ တခြားမိသားစုတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပါတယ်။ အတူတူတွေ့ဆုံပြီးဘယ်ကလေးထိန်းကို ရွေးပြီးဘယ်လိုဆက်လုပ်ရမလဲဆွေးနွေးနိုင်ပါတယ်။ဥပမာ- ကလေးတွေကိုအလှည့်ကျကြည့်စေခြင်း ကလေးထိန်းကိုအတူတကွ လေ့ကျင့်ပေးခြင်း ဆီးချိုရောဂါနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိတဲ့ ကလေးထိန်းရှာဖို့ ကြော်ငြာထည့်ခြင်း ဆီးချိုဖြစ်နေတဲ့ဆယ်ကျော်သက် (သို့) ငယ်ရွယ်တဲ့သူတစ်ဦးဦးကိုခေါ်ခြင်း   စိတ်ချရတဲ့ ဆီးချိုကလေးထိန်းဖြစ်အောင်လေ့ကျင့်ခြင်း သင့်ကလေးကို တစ်စုံတစ်ယောက်နဲ့ မစောင့်ရှောက်ခိုင်းခင် သင့်ကလေးထိန်းက ဆီးချိုရှိသူတိုင်းက သာမန်သူတွေနဲ့မတူဘူးဆိုတာသိအောင် ရှင်းပြထားသင့်ပါတယ်။ ဒါ့အပြင်ဆီးချိုကိုပြုစုစောင့်ရှောက်ဖို့ပါ အစီအစဉ်ဆွဲထားသင့်ပါတယ်။ ဆီးချိုကလေးထိန်းကို အောက်ပါအချက်တွေသိထားပါစေ။ အရေးပေါ်အခြေအနေမှာ ဘာလုပ်ရမလဲသင်ထားပါ။ ဘယ်အချိန်မှာ glucagonကို ဘယ်လိုသုံးရမလဲသိပါစေ။ သင့်ရဲ့ကလေးထိန်းကို အရေးပေါ်ကိရိယာတွေထားတဲ့ နေရာတွေပြထားပေးပါ။ သင့်ကလေးထိန်းကို မေးစရာရှိရင်ပဲဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာပဲဖြစ်ဖြစ် သင့်ဆီဘယ်လိုဆက်သွယ်ရမလဲ ရှင်းလင်းအောင်ပြောထားပါ။ ဘယ်အချိန်မှာ ကလေးသွေးထဲကဂလူးကိုစ့်နဲ့ ကီတုန်းကို ဘယ်လိုစမ်းသပ်ရမလဲ ပြောပြထားပါ။ တိုင်း တာတဲ့ကိရိယာကိုလည်းလက်တွေ့လုပ်ပြထားပြီးတိုင်းတာနည်းကို လေ့ကျင့်ထားဖို့လည်းပြောပါ။ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ဝန်ဆောင်ဆီးချိုသွေးချိုဖြစ်သော အမျိုးသမီးများ လုပ်ဆောင်သင့်သည့် အချက်များ

ကိုယ်ဝန်ဆောင်ခြင်းသည် အမျိုးသမီးတစ်ယောက်၏ ဘဝတွင် ထူးခြားသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် သင့်ခန္ဓါကိုယ်သည် များစွာပြောင်းလဲသွားနိုင်ပြီး ဆီးချိုကဲ့သို့သော ရောဂါများကို ဖြစ်နိုင်ချေများစေသော အချိန်လည်း ဖြစ်သည်။ သုတေသနများတွင် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးချိုရောဂါဖြစ်သော အမျိုးသမီးများသည် နောင်တွင် ဆီးချိုရောဂါ ဆက်ဖြစ်နိုင်ချေ ၃၅-၆၀ % ရှိသည် ဟု ဖော်ပြထားသည်။ ထိုအမျိုးသမီးမှ မွေးသော ကလေးတွင်လည်း ဘဝတွင် ဆီးချိုရောဂါဖြစ်နိုင်ချေ များသည်။ သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင်ဆရာဝန်ထံသို့ သွားရောက်ပြသ၍ ကုသမှု ခံယူသင့်သည်။ ကုသမှုများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း တို့ပါဝင်သည်။ တခါတရံတွင် ဆေးသောက်ရခြင်း နှင့် ဆေးစစ်ရခြင်းများလည်း ပါဝင်နိုင်သည်။ အောက်ပါတို့သည် သင့်တွင် ကိုယ်ဝန်ကြောင့် ဆီးချိုရောဂါဖြစ်လျှင် လုပ်ဆောင်ရမည့်အရာများဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း သင်၏ သွေးထဲမှ သကြားဓါတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုအမျိုးအစား (၂) -အဓိပ္ပါယ်၊ အကြောင်းရင်း, နောက်ဆက်တွဲဆိုးကျိုးများ

ဆီးချိုအမျိုးအစား ၂ က အဖြစ်များတဲ့ဆီးချိုတစ်မျိုးပါ။ မကုသဘဲထားထားရင် ဒီရောဂါကသင့်ဆီကို ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ သယ်ဆောင်လာနိုင်ပါတယ် ဆီးချိုအမျိုးအစား ၂ဆိုတာဘာလဲ ဆီးချိုဆိုတာသင့်ရဲ့သွေးတွင်း ဂလူးကိုစ့်တွေမြင့်နေစေတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား ၂ရှိနေခဲ့ရင်သင့်ရဲ့ကိုယ်မှာ အင်ဆူလင်အလုံအလောက်ရှိပေမယ့်အဲဒီအင်ဆူလင် တွေကို သေချာအသုံးမပြုနိုင်တော့တဲ့သဘောပါ။ မုန့်ချိုအိတ် ကနေအင်ဆူလင်လုံးဝမထုတ်တော့တဲ့ ဆီးချိုအမျိုးအစား ၁နဲ့တော့မတူပါဘူး။ ဆီးချိုအမျိုးအစား ၂မှာတော့မုန့်ချိုအိတ်ကပုံမှန်အလုပ်လုပ်ပေမယ့်သင့်ရဲ့ဆဲလ်တွေက သွေးထဲက glucose (ဂလူးကိုစ့်) တွေကို စွမ်းအင်အဖြစ်မပြောင်းလဲနိုင်တော့တာပါ။ အချိန်တွေကြာလာတာနဲ့အမျှ သွေးထဲမှာglucose (ဂလူးကိုစ့်) များနေခြင်းကသင့်ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေတဲ့ထိဖြစ်နိုင်ပါတယ်။ ဆီးချိုရှိသူတွေရဲ့၉၀ကနေ ၉၅ရာခိုင်နှုန်းက ဆီးချိုအမျိုးအစား ၂ဖြစ်နေတာပါ။ သူက အသက်၄၀နဲ့အထက် အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကလေးတွေနဲ့ဆယ်ကျော်သက်တွေလည်းအဝလွန်ရောဂါကြောင့်ဆီးချိုဖြစ်လာတာ တွေ့ရပါတယ်။ ဆီးချိုအမျိုးအစား ၂ ဘာလို့ဖြစ်လာလဲအရင်သိဖို့ထက် သင့်ကိုယ်ရဲ့ glucose (ဂလူးကိုစ့်)လည်ပတ်မှု ဘယ်လိုလဲဆိုတာ အရင်သိဖို့လိုပါတယ်။   Glucose (ဂလူးကိုစ့်) ဖြိုခွဲသောလုပ်ငန်းစဉ် သင့်ရဲ့အစာအိမ်ထဲမှာရှိတဲ့ တံတွေးနဲ့ဓါတုပစ္စည်း တွေက သင်စားလိုက်တဲ့အစာတွေကိုဆဲလ်တွေရဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း