ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အင်ဆူလင်ဟာ ပန်ကရိယကနေထုတ်လုပ်လိုက်တဲ့ဟော်မုန်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ အင်ဆူလင်ဟာ သွေးထဲက သကြားဓာတ်များကို ဆဲလ်တွေက အသုံးပြုနိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ အကယ်၍ ဆဲလ်တွေအပေါ်မှာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ရင်၊ အင်ဆူလင်မတိုးတော့ရင် သကြားဓာတ်တွေဟာ ဆဲလ်တွေဆီ ရောက်သင့်သလောက် မရောက်တော့ဘဲ သွေးတွင်းသကြားဓာတ်မြင့်တက်လာတတ်ပါတယ်။ ပန်ကရိယအနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်နေခြင်းကို တွေ့ရှိတဲ့အခါ အင်ဆူလင်အာနိသင် မတိုးခြင်းကို ကျော်လွှားနိုင်ဖို့၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချနိုင်ဖို့ အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အင်ဆူလင်ထုတ်လုပ်တဲ့ ဆဲလ်တွေဟာ မနိုင်ဝန်ထမ်းရပြီး ပျက်စီးလာပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးတော့တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အင်ဆူလင်အာနိသင်ကို တိုးတက်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါ အိပ်ရေးပျက်ခြင်းဟာ ရောဂါမျိုးစုံကိုဖြစ်နိုင်ခြေမြင့်စေပါတယ်။ အထူးသဖြင့် ရက်ရှည်လများ အိပ်ရေးပျက်သူတွေအတွက် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်ချစ်သူခင်သူနဲ့ အိပ်ယာပေါ် နှစ်ပါးသွားချိန်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် သင်တို့ရဲ့ လိင်စွမ်းဆောင်ရည်နဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာကို သိပြီးပြီလား။ အမျိုးအစား -၂ ဆီးချိုရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးရောရဲ့ လိင်စွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်။ တကယ်လို့ ကိုယ့်မှာဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီအချက်ကို သတိထားသင့်ပါတယ်။ တစ်ခါတစ်ရံ ရုတ်တရက်ကိုယ့်ရဲ့ ချစ်မှုရေးရာစွမ်းဆောင်ရည်ကျဆင်းလာတာမျိုး၊ အိပ်ယာပေါ်မှာ မစွမ်းတော့တာမျိုးတွေ ကြုံဆုံလာရရင် ဆီးချိုရှိမရှိကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ သက်ရောက်နိုင်တယ် ဟုတ်ပါတယ်။ ဆီးချိုရှိနေရင် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လိင်စွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ ဆီးချိုဝေဒနာက သင့်ရဲ့ စိတ်ဆန္ဒ၊ အစွမ်းအစနဲ့ ကျေနပ်မှုတွေအားလုံးကို လျော့ပါးသွားစေမှာပါ။ ဒီလိုဖြစ်စေရတဲ့အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပါပဲ။ မှီဝဲနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အဝလွန်လာတာကြောင့် သွေးဖိအားကျဆင်းလာတာကြောင့် ခွန်အားနည်းပါးလာတာကြောင့် စိတ်ဓာတ်ကျလာတာကြောင့် ဟိုမုန်းပြောင်းလဲလာတာကြောင့် စိတ်ဖိစီးမှု၊ […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အာနိသင် မထိရောက်ခြင်းအခြေအနေ (Insulin Resistance)

အင်ဆူလင်ဆိုတာ ဟော်မုန်းတမျိုးဖြစ်ပြီး ပန်ခရိယ ခေါ် မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပါတယ်။ အင်ဆူလင်ဟာ သွေးထဲက ဂလူးကို့စ်ဓာတ်ကို ကိုယ်ခန္ဓာက ရယူအသုံးချနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ တစ်နည်းဆိုရရင် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ဖို့ အထောက်အကူပြုပါတယ်။ အင်ဆူလင်ရဲ့ အာနိသင်ထိရောက်ခြင်းနည်းသွားရင်တော့ ဆီးချိုဖြစ်နိုင်ခြေများလာပါတယ်။ ရောဂါလက္ခဏာများ မပြတတ်လို့ များသောအားဖြင့် အင်ဆူလင်အာနိသင် ထိရောက်မှုလျော့သွားတဲ့ အခြေအနေကို နှစ်နဲ့ချီပြီးမှ သိရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သွေးတွင်းဂလူးကို့စ်စစ်ဆေးခြင်း (ဆီးချိုစစ်ဆေးခြင်း) ကို ပုံမှန်ကျန်းမာရေးစစ်ဆေးသလို စစ်ဆေးသင့်ပါတယ်။ အင်ဆူလင်အာနိသင် မထိရောက်တဲ့ အခြေအနေဖြစ်လာသူတွေမှာ နေထိုင်စားသောက်မှုကို အပြောင်းအလဲမလုပ်ရင် အမျိုးအစား ၂ ဆီးချိုအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ ဘယ်သူတွေမှာ ဖြစ်နိုင်ခြေမြင့်သလဲ အင်ဆူလင်အာနိသင် မထိရောက်ခြင်းဟာ - အဝလွန်သူတွေ - သွေးတွင်းအဆီဓာတ်တမျိုးဖြစ်တဲ့ triglyceride မြင့်တက်သူတွေ - သွေးတိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အင်ဆူလင်အာနိသင်မထိရောက်သူ တချို့မှာ အရေပြားရောဂါတစ်မျိုး ဖြစ်တတ်ပါသေးတယ်။ အသားအရေ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း

သွေးတွင်းသကြားဓာတ်ဟာ အချိန်ကြာမြင့်စွာ မြင့်တက်နေရင် အာရုံကြောများကို ထိခိုက်လာတတ်ပါတယ်။ လူတချို့အတွက်တော့ လက္ခဏာမပြဘဲ ဖြစ်တတ်ပါတယ်။ တချို့ကတော့ ဆီးချိုကြောင့် အာရုံကြောထိခိုက်မှုဒဏ်ကို အတော်လေး ခံစားရပါတယ်။ စစ်တမ်းတွေအရ ဆီးချိုရောဂါရှိသူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အာရုံကြောထိခိုက်မှုဒဏ်ကို ခံစားရပါတယ်။ အဓိကအားဖြင့် လက်မောင်း၊ လက်၊ ခြေထောက်၊ ခြေဖဝါး၊ ခြေချောင်းလေးများ စတဲ့ အစွန်အဖျားနေရာတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တစ်ချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။ အာရုံကြောထိခိုက်ခြင်း ဘာကြောင့်ဖြစ်ရသလဲ သွေးတွင်းဂလူးကို့စ်ဓာတ်ကို အချိန်ကြာမြင့်စွာ မထိန်းချုပ်နိုင်ရင် ဖြစ်တတ်ပါတယ်။ သွေးအတွင်းမှာ ဂလူးကို့စ်ဓာတ်လွန်ကဲနေရင် အာရုံကြောဆဲလ်များ တစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ရေးစနစ် ချို့ယွင်းနိုင်တယ်လို့ သုတေသီများက ယူဆကြပါတယ်။ ဒါ့အပြင် ဆီးချိုတက်ခြင်းဟာ အာရုံကြောများကို သွေးပံ့ပိုးပေးတဲ့ ဆံခြည်မျှင်သွေးကြောလေးများကို အားနည်းသွားစေပါတယ်။ ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ခြေချောင်းလေးတွေမှာ စဖြစ်တတ်ပြီး […]


အမျိုးအစား (၁) ဆီးချို

သင့်ကိုယ်ခန္ဓာ၏ ဟော်မုန်းများကို ညီညွတ်မျှတစေမည့် နည်းလမ်းများ

ဟော်မုန်းများဟာ သင့်ကို စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စားသောက်မှု၊ ကိုယ်အလေးချိန်၊ စိတ်ကျန်းမာရေး စတဲ့ကိစ္စရပ်တွေမှာ လွှမ်းမိုးပါတယ်။ ပုံမှန်အားဖြင့် ဂလင်းများဟာ ကိုယ်ခန္ဓာရဲ့လုပ်ငန်းစဉ်တွေအတွက် ဟော်မုန်းများကို တိကျတဲ့ပမာဏနဲ့ ထုတ်လုပ်ပေးပါတယ်။ ဒါပေမယ့် နေထိုင်စားသောက်မှုပုံစံနဲ့ တခြားအကြောင်းအရာတွေကြောင့် ဟော်မုန်းတွေ ဟန်ချက်မညီတာမျိုး ဖြစ်လာနိုင်ပါတယ်။ ယခုဖော်ပြမယ့် အကြောင်းအရာများကတော့ သင့်ကိုယ်ခန္ဓာတွင်းမှ ဟော်မုန်းများကို ဟန်ချက်ညီအောင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ ဆိုတဲ့အချက်များပဲ ဖြစ်ပါတယ်။ ၁။ ပရိုတင်းကို လုံလောက်စွာစားပါ သင်စားလိုက်တဲ့ ပရိုတင်းတွေဟာ ကိုယ်ခန္ဓာကနေ မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပရိုတင်းကို လုံလောက်စွာ စားသုံးမှသာ ကြွက်သားများ၊ အရိုးများနဲ့ အရေပြားကျန်းမာရေးကို ကောင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဟာ အစာစားခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ရာမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့သူတွေ ကော်ဖီသောက်မယ်ဆိုရင်

ဆီးချိုလူနာတွေ အခက်ကြုံရတဲ့အထဲမှာ ဒီကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့ ကိစ္စလည်း ပါပါတယ်။ အရင်တည်းက သောက်လာပြီး မိုးလင်းလို့ တစ်ခွက်လောက် သောက်လိုက်ရမှ ခေါင်းကြည်တာဆိုတဲ့သူနဲ့တွေ့ရင် ပိုဆိုးသေး။ ပြီးတော့ အများစုက ကော်ဖီမှုန့်ကို သောက်တာထက်စာရင် 2 in 1တို့ 3 in 1တို့ သောက်ကြတာဆိုတော့ တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။ နောက်ပြီး ကဖင်းဓာတ်က စွဲတတ်သေးတော့ ကဲ ဆီးချိုရှိပြီ ဖြတ်ဟဲ့ဆို သူတို့လည်း တိခနဲ မဖြတ်နိုင်ပါဘူး။ ဆီးချိုတွေ ကြည့်တော့လည်း ထိန်းမရ။ သူကလည်း မဖြတ်နိုင်နဲ့ နှစ်ဦး နှစ်ဖက် စိတ်ညစ်စရာကောင်းတဲ့ အနေအထားပါပဲ။ ဒါဆို သူတို့ကို ကော်ဖီ၊ လက်ဖက်ရည် မဖြတ်ခိုင်းခင် ဒါတွေက ဆီးချိုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ အရင်ပြောပြပေးပါ့မယ်။ ကော်ဖီနဲ့ ဆီးချို တည့်မတည့် ခုပြောမယ့် ကော်ဖီတွေက […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေအတွက် အသင့်တော်ဆုံး သစ်သီးများ

ဆီးချို ရှိတယ်လား။ အသီး မစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရ​ပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။ ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့် အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ အမျိုးအစား (၂)  ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ အသီး (၇) မျိုး သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။ စပျစ်သီး စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို […]


အမျိုးအစား (၂) ဆီးချို

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်နိုင်သလား။

အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။ အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။ အမျိုးအစား (၂ )ဆီးချို ကို ဘယ်လို ကာကွယ်မလဲ ............. အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ဖို့ အချို လျှော့စားလိုက်ရင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါ ဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။ ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။ ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှ လက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်တွင်းမှာ အရည်များစုခြင်း ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း အစားအသောက်ပျက်ခြင်း အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း မကြာခဏခေါင်းကိုက်ခြင်း အစာအိမ်အောင့်ခြင်း ပျို့ခြင်း၊ အန်ခြင်း အိပ်မပျော်ခြင်း အာရုံစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။ ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ […]


အမျိုးအစား (၂) ဆီးချို

Endocrine system (ဟော်မုန်းစနစ်)ဆိုတာ

Endocrine system ဆိုတာက သိပ်မရင်းနှီးနိုင်တဲ့ စကားရပ် ဖြစ်နေနိုင်ပါတယ်။ ဒီ မရင်းနှီးသေးတဲ့ စနစ်လေးက ဘာလဲ၊ ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ ဆိုတာကို မသိချင်ဘူးလား။ ခန္ဓာကိုယ် ကျန်းမာပြီး ရောဂါကင်းဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဒီ စနစ်က ဘာလဲ။ ဘယ်လို တာဝန်တွေကို ထမ်းဆောင်ပေးသလဲ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။ Endocrine system (ဟော်မုန်းစနစ်)ဆိုတာ ဘာလဲ .................. Endocrine system ဆိုတာက ကိုယ်တွင်းက ဂလင်းတွေ စုဖွဲ့ထားတဲ့ စနစ် တစ်ရပ်ပါ။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ဆဲလ်တွေကို ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အားလုံး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံး နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အားလုံးအတွက် တာဝန်ရှိတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း