ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

အမျိုးအစား (၂) ဆီးချိုရောဂါဆိုတာ လူကြီးတွေရော ၄၀ ပတ်ဝန်းကျင်လူလတ်ပိုင်းတွေမှာပါ အဖြစ်အများဆုံး ရောဂါတွေထဲက တစ်မျိုးပါ။ နေထိုင်စားသောက်မှု ပုံစံ မှားယွင်းတာအပြင် မွေးရာပါ အားနည်းချက်၊ မိဘမျိုးရိုး လိုက်တာ စတဲ့အချက်တွေကြောင့် ဆီးချိုရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆီးချိုရောဂါသည် ဆေးနဲ့သာ ထိန်းချုပ်ထားလို့ရပြီး လုံးဝမပျောက်တဲ့ နာတာရှည်ရောဂါ အမျိုးအစားဖြစ်လို့ တော်တော်များများက ဆီးချိုဖြစ်ပြီဆိုရင် အလွန်စိတ်ဓာတ်ကျပါတယ်။ ဒီနေရာမှာ ပြောပြချင်တာကတော့ ရောဂါရှိနေတဲ့တိုင်အောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာလေး ပြင်ဆင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းမာအသက်ရှည်စွာ နေထိုင်သွားနိုင်မှာပါ။ ဒါဆို ဘာတွေ ပြင်ဆင်ဖို့လိုမလဲ။ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ ရသလို ဖြစ်ပြီးသွားရင်လည်း နောက်ပြန်ဆုတ်လို့ မရတော့တဲ့အတွက် စိတ်ပိုင်းဖြတ်ပြီး အားတင်းပါ။ ဆရာဝန်ပြောတဲ့ နည်းလမ်းတွေအပြင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချို သမားတွေ အသီးစားလို့ရလား

ဆီးချို ရှိတယ်ဆို အချိုတွေ လျှာပေါ်မတင်နဲ့လို့ လူတွေက ပြောလေ့ရှိပါတယ်။ ဒါကြောင့် ဆီးချို သမားတွေခမျာ အသီးတွေ စားချင်ရင် တော်တော်စဉ်းစားရပါတယ်။ အသီးတော်တော်များများက ချိုတာကိုး။ ဒါပေမယ့် စဥ်းစားကြည့်ရင် အသီးက ချိုတယ်ဆိုပေမယ့် သူ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါနေတဲ့အတွက် မစားဘဲရှောင်မယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါမယ်။ ဘယ်လိုအသီးမျိုးတွေ မစားသင့်ဘူးလဲ။ အသီးက လတ်လတ်ဆတ်ဆတ်ဆို တော်တော်များများ စားလို့ရပါတယ်။ ပါတဲ့ အချိုဓာတ်ပေါ်မူတည်ပြီး စားရတဲ့ ပမာဏတော့ ကွာသွားတာပေါ့။ ဒါကို နောက်မှ အသေးစိတ်ပြောပြပေးပါမယ်။ ခုတော့ အကြမ်းဖျင်း ဘယ်လိုပြုပြင်ထားတဲ့ အသီးတွေကို မစားသင့်ဘူးလဲဆိုတာ ပြောပြပါ့မယ်။ ဆီးချိုရှိတဲ့သူအနေနဲ့ သကြားရောထားတဲ့ သစ်သီးခြောက်တွေ သကြားဖြည့်ထားတဲ့ သစ်သီးဖျော်ရည်တွေ (အိမ်ဖျော်) […]


အမျိုးအစား (၂) ဆီးချို

ဝါတွင်းကာလ ဆီးချိုအာဟာရ

ဝါတွင်းကာလ ဥပုသ်စောင့်မယ့်သူတွေထဲမှာ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း ပါနေမှာပါ။ သာမန်အခြေအနေမှာတောင် ဆီးချိုက တက်လိုက် ကျလိုက် မဖြစ်အောင် မနည်းဂရုစိုက်နေရတာဆိုတော့ ဝါတွင်းကာလဆို ပိုပြီး ထိန်းချုပ်ရခက်မှာပါ။ ဒါကြောင့် ဝါတွင်းကာလမှာရော ဆီးချိုကို ဘယ်လိုထိန်းမလဲ။ ဆီးချိုသမားတွေမှာ အဓိကပြဿနာက အစားအသောက်ပါပဲ။ အစားအသောက်နဲ့ ဆေးကို သေချာချိန်ညှိမှ ဆီးချိုက ချိန်ခွင်လျှာအလယ်မှာ ငြိမ်နေမှာပါ။ ဆေးကို ဆရာဝန်က ချိန်ညှိပေးနေတာဆိုတော့ အစားအသောက်ထိန်းရမှာ ကိုယ့်တာဝန်ပါ။ ဥပုသ်စောင့်တဲ့အချိန်မှာရော ဘာတွေစားမလဲ။ အာဟာရနဲ့ ဆီးချိုကို ဘယ်လို ချိန်ညှိမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဝါတွင်းကာလ ဥပုသ်စောင့်တဲ့ ဆီးချိုရောဂါရှင်တွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေများ ဝါတွင်းကာလမှာ ဥပုသ်စောင့်မယ့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ပြောင်းလဲလာတဲ့ စားသောက်မှု ပုံစံ၊ စားသောက်တဲ့အချိန်၊ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေကြောင့် အောက်က ပြောတဲ့ ကျန်းမာရေး […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား

ဝါတွင်းတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ရောက်ပြီဆိုရင် သူသူကိုယ်ကိုယ် ဥပုသ်စောင့်ဖို့ ပြင်ဆင်နေကြပါပြီ။ ဒီထဲမှာ မေးလာကြတာက ဆီးချိုရောဂါရှင် တွေရော ဥပုသ်စောင့်လို့ ရလားဆိုတာပါပဲ။ ဥပုသ်စောင့်ချင်ပေမယ့် ဆီးချိုရောဂါကြောင့် စောင့်ရင် ကောင်းမလား၊ မစောင့်ရင်ကောင်းမလား တွေးနေကြသူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ဆီးချိုရောဂါရှင် တွေက အစာနဲ့ ဆေးနဲ့ တွဲနေရတာကိုး။ ဒီကြားထဲမှာ အင်ဆူလင်နဲ့ ဖောက်၊ ထိုး၊ စား လုပ်ရတဲ့ သူတွေလည်း ရှိသေးတယ်လေ။ သူတို့တွေအတွက် ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုပညာဌာနက အကြံပြုထားတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဆီးချိုရောဂါရှင် တွေ ဥပုသ်စောင့်လို့ရလား။ ယေဘုယျအားဖြင့်တော့ စောင့်လို့ရပါတယ်။ ဒါပေမယ့် ဥပုသ်မစောင့်မီက ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား။ ဘယ်လိုအစားအစာမျိုးတွေ စားလေ့ရှိလဲ။ အရင်က မကြာခဏ ဆီးချိုကျတတ်တဲ့သူလား။ ဆီးချိုပုံမှန်စစ်ဆေးနိုင်ပါ့မလား။ နောက်ဆက်တွဲ ရောဂါ (ဥပမာ ကျောက်ကပ်ထိနေပြီလား) နေ့တိုင်းစောင့်မှာလား၊ ဥပုသ်ရက်ပဲ […]


အမျိုးအစား (၁) ဆီးချို

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

အမျိုးအစား ၁ ဆီးချိုဆိုတာ ကိုယ်ခန္ဓာကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးမယ့် အင်ဆူလင်ကို ထုတ်လုပ်မပေးတဲ့ အခြေအနေဖြစ်ပါတယ်။ အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်ပုံဟာ အရေးကြီးပါတယ်။ ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်းနဲ့ အဆီဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ စားသောက်ပေးဖို့ လိုပါတယ်။ တကယ်တော့ ဆီးချိုရောဂါရှိသူအနေနဲ့ ဘယ်လိုစားသောက်ရမယ်ဆိုတာ တရားသေ သတ်မှတ်ထားတဲ့ စားသောက်မှုပုံစံ မရှိပါဘူး။ ဘယ်လိုစားသလဲ၊ ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်သလဲ စတဲ့ တစ်ဦးချင်းအခြေအနေပေါ် မူတည်ပါတယ်။ အမျိုးအစား ၁ ဆီးချိုအတွက် တနေ့တာစားသောက်ရာမှာ လိုက်နာသင့်တဲ့ အချက်တွေကတော့ မနက်စာ၊ ညစာ စတာတွေကို မှန်မှန်စားပေးရပါမယ်။ လုံး၀ မစားဘဲ မနေပါနဲ့။ နေ့စဉ် ပုံမှန်အချိန်သတ်မှတ်ပြီး စားပေးပါ။ အစားအစာတွေ ဝယ်ယူရာမှာ ပါဝင်ပစ္စည်းတွေကို သေချာလေ့လာဖတ်ရှုပါ။ ဒါ့အပြင် အမျိုးသမား ၁ ဆီးချိုဖြစ်ပွားနေသူတွေဟာ […]


အမျိုးအစား (၂) ဆီးချို

အသင့်စားသရေစာများနဲ့ ဆီးချိုရောဂါ

လှုပ်ရှားရုန်းကန်မှု၊ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတဲ့ ယနေ့ခေတ်မှာ လူအများစုဟာ အစားတစ်နပ်အတွက် ချက်ပြုတ်ပြင်ဆင်ဖို့ သိပ်ပြီး အချိန်မပေးလိုကြတော့ပါဘူး။ စူပါမားကတ်ကပဲဖြစ်ဖြစ်၊ လမ်းဘေးဆိုင်ကပဲ ဖြစ်ဖြစ် အသင့်စား စားစရာတစ်မျိုးမျိုးကိုပဲ အလွယ်တကူဝယ်ယူ စားသောက်ကြပါတယ်။ တကယ်တော့ အသင့်စား အစားအသောက် (Junk food) များဟာ ကယ်လိုရီပါဝင်မှု များပြားပြီး အာဟာရဓာတ်ပါဝင်မှု နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ခြင်း မရှိလှပါဘူး။ ရေရှည်ခံနိုင်အောင်လည်း ပြုပြင်ထားတဲ့အတွက်ကြောင့် လတ်ဆတ်မှုလည်း မရှိပါဘူး။ အသင့်စားစားစရာတွေမှာ သကြားနဲ့ အဆီဓာတ်များစွာပါဝင်တာမို့ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းဟာ ဆီးချိုရောဂါနဲ့ ဆက်နွယ်နေပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်အလေးချိန် မြင့်တက်နေခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ခန္ဓာမှာ အဆီတွေစုလာတဲ့အခါ ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှု ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အင်ဆူလင်ဟာ သွေးထဲက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေကို ကိုယ်ခံအားမြှင့်တင်ပေးနိုင်မယ့် နည်းလမ်း

ဆီးချိုဆိုတာက autoimmune disease တစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရောဂါပေါ့။ အမျိုးအစား (၁) ဆီးချိုရောဂါက ခန္ဓာကိုယ်က အင်ဆူလင်ကို လုံးဝမထုတ်နိုင်တာပါ။ အမျိုးအစား (၂) ဆီးချိုရောဂါကတော့ အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာကြောင့် ဖြစ်နိုင်သလို အင်ဆူလင်ကို အဆင်ပြေပြေ အသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆီးချိုရောဂါရှိသူတွေဟာ ပုံမှန် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေရဲ့ ကိုယ်တွင်းက သွေးဖြူဥတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေ အနေနဲ့ ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်ကူးစက်မှု ကင်းစေဖို့ ကိုယ်ခံအား ကောင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးပါ့မယ်။ ဆီးချိုရှိသူတွေ ကိုယ်ခံအားကို မြှင့်တင်နိုင်ဖို့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် အစားအစာကို အတိုင်းအဆ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။ ဆီးချိုရှိသူတွေ ကိုယ်ခံအား ကောင်းစေဖို့ ဆီးချိုရောဂါ ခံစားနေရသူတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ကုလားပဲ ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် နှလုံး ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို သွေးတွင်းသ​ကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ပင်လယ်ငါး ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကာရယ်စတာတွေက […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်အကြောင်း သိသင့်သမျှ

အင်ဆူလင်ဆိုတာ အစာအိမ်အနောက်ကပ်လျက်မှာရှိတဲ့ ပန်ခရိယကနေ ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေပြီး ဂလူးကို့စ်ကို အသုံးချရာမှာ ဝင်ရောက်ထိန်းညှိပေးပါတယ်။ ဂလူးကို့စ်ကတော့ ကာဘိုဟိုက်ဒရိတ်များမှာတွေ့ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ်။ အစာစားပြီးချိန်မှာ အစာအိမ်လမ်းကြောင်းထဲ ရောက်သွားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို ချေဖျက်လိုက်တဲ့အခါ ဂလူးကို့စ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဂလူးကို့စ်ကို အူနံရံများကနေ စုပ်ယူလိုက်ပြီး သွေးထဲကို ရောက်ရှိလာပါတယ်။ သွေးထဲကို ဂလူးကို့စ်ဝင်ရောက်လာချိန်မှာ အင်ဆူလင်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးက ဆဲလ်တွေအနေနဲ့ သကြားကိုစုပ်ယူဖို့ အားပေးပြီး စွမ်းအင်အဖြစ် အသုံးချစေပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ သွေးထဲမှာ ဂလူးကို့စ်ဓာတ် အရမ်းများနေရင် ပိုနေတဲ့ ဂလူးကို့စ်တွေကို အသည်းထဲမှာ သိမ်းထားဖို့ အင်ဆူလင်က အချက်ပေးပါတယ်။ အသည်းထဲရောက်သွားတဲ့ ဂလူးကို့စ်တွေကို သွေးတွင်းဂလူးကို့စ်ဓာတ် မကျခင်အချိန်အထိ ပြန်ပြီး ထုတ်မသုံးတော့ပါဘူး။ အစာနဲ့ဝေးသွားချိန်၊ ခန္ဓာကိုယ်ဟာ ဖိစီးမှုနဲ့ ကြုံရချိန်၊ စွမ်းအင်အပို လိုအပ်ချိန် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် အန္တရာယ်ကင်းတဲ့ ပန်းကန်တစ်ချပ်

ဆီးချိုဝေဒနာရှင်တွေအတွက် စားလိုက်တဲ့ ထမင်းလုပ်တိုင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုစေဖို့အတွက် ‘ပန်ကန်ပြားအချိန်အဆနည်းလမ်း’လေးကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းဟာ ဆီးချို တက်မလာစေဖို့ အကောင်းဆုံး ထိန်းသိမ်းပေးနိုင်တဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးပါပဲ။ ကျန်းမာတဲ့အစားအစာတွေကို များများပိုစားလာနိုင်ပြီး အန္တရာယ်ရှိတဲ့ အစားအစာတွေကို ရှောင်ကြဉ်မိဖို့ ဒီနည်းလမ်းက အကူအညီပေးမှာပါ။ ဒါ့အပြင် အာဟာရလည်းပြည့်ဝစေပြီး  အရသာရှိတဲ့အပြင် စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရစေနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ဆီးချိုကို အဓိကတက်စေနိုင်တဲ့ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံး မစားမိအောင် ထိန်းချုပ်ထားတာပါ။ ကစီဓာတ်မပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားလာမိတဲ့အခါ ကယ်လိုရီနည်းသွားပြီး ဗီတာမင်၊ သတ္တုဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝလာမှာဖြစ်ပါတယ်။ အသားဓာတ်ကိုလည်း လုံလုံလောက်လောက် ရရှိစေနိုင်ပါသေးတယ်။ ဒီလိုအချိန်အဆနည်းလမ်းဟာ ဆီးချိုသမားတွေအတွက်တင်မဟုတ်ပါဘူး ကိုယ်အလေးချိန် ကျဆင်းချင်သူတွေ၊ ထိန်းသိမ်းချင်သူတွေ၊ အာဟာရကောင်းကောင်းရရှိချင်သူတွေ၊ ကျန်းမာတဲ့ အစား အစာ Healthy Diet […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း