ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

လေ့ကျင့်ခန်းလုပ်မယ့် ဆီးချိုဝေဒနာသည်တွေ လုံးဝမမေ့လျော့သင့်တဲ့ အချက် ၆ ခု

ဆီးချိုဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်တာ၊ အထိုင်များတာတွေနဲ့ စားသောက်နေထိုင်မှုပုံစံတွေကြောင့် ကမ္ဘာပေါ်မှာ ဆီးချိုဝေဒနာရှင်တွေ ပေါများလာနေပါတယ်။ ကမ္ဘာပေါ်မှာ ဆီးချိုဝေဒနာရှင် ၄၁၅ သန်းဝန်းကျင်ရှိပြီးတော့ လူ ၁၁ ယောက်မှာ ၁ ဦးနှုန်း ဆီးချိုဝေဒနာခံစားနေရတာဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရဆိုရင် လာမယ့် ၂၀၄၀ မှာ ကမ္ဘာတစ်လွှား ဆီးချိုဝေဒနာရှင်ပေါင်း ၆၄၅ သန်းအထိ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဆီးချိုဝေဒနာရှင် ၄၆% ဟာ ရောဂါလက္ခဏာမပြသကြတာကြောင့်လည်း တစ်ခါတစ်ရံမှာ ကိုယ့်မှာ ဆီးချိုဝေဒနာစွဲကပ်နေပေမယ့်လည်း သိချိန်နောက်ကျတာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်တော့ ဆီးချိုရောဂါရှိလာပြီဆိုရင် ရေခဏခဏ ဆာတာ၊ ဆီးခဏခဏ သွားချင်တာ၊ ပိန်သွားတာ၊ အစားတွေ အရမ်းစားချင်တာ၊ မျက်လုံးတွေ ဝါးလာတာ စတာတွေဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ ဆီးချို အကြိုအဆင့်အခြေအနေမှာ ရှိနေတယ် ဒါမှမဟုတ် ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် […]


အမျိုးအစား (၂) ဆီးချို

အသက်ကို အန္တရာယ်ပေးနိုင်တဲ့ ဆီးချိုဝေဒနာသည်များ ရေဓာတ်ဆုံးရှုံးခြင်း

တကယ်လို့ လူတစ်ယောက်ဟာ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။ ရေကိုလုံလောက်စွာ မသောက်တဲ့အခါ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါတင်ပဲတော့ မဟုတ်ပါဘူး။ ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) ဟာ အမျိုးအစား-၂ ဆီးချိုရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီနှစ်ခုဟာ အပြန်အလှန်သက်ရောက်မှုရှိပြီးတော့ အမျိုးအစား-၂ ဆီးချိုရောဂါကြောင့် ရေဓာတ်ဆုံးရှုံးနိုင်သလို ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်း အမျိုးအစား-၂ ဆီးချိုရောဂါပိုမိုဆိုးရွားစေနိုင်တယ်ဆိုတဲ့ သဘောပါ။ ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့ အရည်ပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်ပါတယ်။ Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) က ဆီးချိုရောဂါကို ဘယ်လိုဆိုးရွားစေသလဲ ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓါတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ခန္တာကိုယ်ထဲမှာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

ဆီးချိုသွေးချို ရောဂါ ရှိနေတဲ့သူတွေမှာ သုံးမျိုးပဲရှိတယ် - အကြောက်လွန်တဲ့သူတွေရယ်၊ မကြောက်တတ်တဲ့သူတွေရယ်၊ ဆင်ခြင်ထိန်းသိမ်းတတ်သူတွေရယ်။ ဘယ်တစ်မျိုးက အသက်ရှည်ရှည်၊ သက်တမ်းစေ့ နေရမယ် ထင်ပါသလဲ။ ကိုယ်က ဘယ်အဖွဲ့ထဲ ပါဝင်နေလဲ ဆိုတာကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။ ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့ ဒီဆောင်းပါးမှာတော့ အကြောက်လွန်သူနဲ့ မကြောက်တတ်သူတို့ရဲ့ အတွေးမှား တချို့ကို ဥပမာပေး ဖော်ပြလိုက်ပါတယ် - သွေးချိုတက်ရင် ဆေးသောက်မယ် ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလို့ သိရတာနဲ့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်က ပြောပြပေးလိုက်မှာပါ။ နားမလည်တာရှိရင် မေးလို့ရပေမယ့် ကိုယ်ထင်ရာကို တွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ ရောဂါအကြောင်းကို တတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊ မေးမြန်းပါ။ ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါနှင့် HbA1c

ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်များပြီး အန္တရာယ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း အများကြီးဖြစ်စေနိုင်တဲ့ ရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အဲဒီလို ဆီးချိုရောဂါဖြစ်နေတဲ့သူတွေမှာ စစ်ဆေးနိုင်တဲ့ HbA1c လို့ခေါ်တဲ့ သွေးစစ်ခြင်းလေး အကြောင်းကို အနည်းငယ်မျှဝေပေးသွားမှာပါ။ (၁) HbA1c ဆိုတာ ဘာလဲ။ HbA1c ရဲ့ အရှည်ကတော့ glycated hemoglobin A1c ဖြစ်ပြီး သွေးနီဥလေးတွေရဲ့ အောက်စီဂျင်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သယ်ဆောင်ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hemoglobin လေးမှာ glucose လို့ခေါ်တဲ့ သကြားဓါတ် တွယ်ကပ်နေခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။ (၂) ဘာကြောင့် HbA1c ကို ဆီးချိုရောဂါ စစ်ဆေးရာမှာ အသုံးပြုကြလဲ။ အပေါ်မှာ ပြောပြထားတဲ့အတိုင်း HbA1c ပမာဏကို စစ်ဆေးလိုက်မယ်ဆိုရင် သွေးထဲက hemoglobin လေးတွေမှာ သကြားဓါတ် ဘယ်လောက်ရှိနေလဲဆိုတာကို သေသေချာချာ သိနိုင်တာကြောင့် HbA1cကို ဆီးချို […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား ၂ ဆီးချိုသမားတွေ အသက်ရှည်ရှည်နေနိုင်ဖို့

ဆီးချိုရောဂါဟာ နောက်ဆက်တွဲပြဿနာများတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနေပြီဆိုရင် အသက်အန္တရာယ်ရှိနိုငတဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတာတွေဖြစ်ပွားနိုင်ခြေ မြင့်မားနေတတ်ပါတယ်။ ဒါပေမယ့် သေချာပေါက်ဖြစ်ပွားပြီး မိမိဘက်မှာ ဘာမှမလုပ်နိုင်ဘဲနေမယ်လို့ ဆိုလိုရာမရောက်ပါဘူး။ ဖြစ်နိုင်ခြေအခြေအနေတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေဟာ ရိုးရှင်းပေမယ့် အမှန်တကယ် ကျင့်သုံးသွားမယ်ဆိုရင် သက်ရှည်ကျန်းမာပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။ ၁။ စားသောက်ပုံကို ပြောင်းလဲပါ ဆီးချိုရောဂါရှင်တွေကို အဓိက ဒုက္ခပေးတာ အစားအသောက်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ သွေးပေါင်ချိန်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း၊ သွေးတွင်းသကြားဓာတ် မထိန်းနိုင်ခြင်း စတာတွေ ဖြစ်လာစေပါတယ်။ မိမိတနေ့စာ အစားအစာကို အစီအစဉ်ဆွဲပါ။ အသီးအနှံ၊ အရွက်၊ အဆီဓာတ်၊ ကစီဓာတ်၊ ပရိုတိန်း စတာတွေ […]


အမျိုးအစား (၂) ဆီးချို

ထိန်းချုပ်လို့ရတဲ့ ဆီးချိုရှေ့ပြေးအခြေအနေ (Prediabetes)

Prediabetes ဆိုတာ ဆီးချိုရောဂါဖြစ်ချင်ချင် အနေအထားကို ဆိုလိုတာပါ။ ပြောရရင် ကိုယ့်သွေးတွင်းသကြားဓာတ်ကပုံမှန်ထက်တော့များနေပြီ၊ ဒါပေမဲ့ ဆီးချိုရောဂါတော့မဖြစ်သေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဆီးချို ရောဂါလည်းမဟုတ်သေးလို့ ဘာလက္ခဏာမှလည်းပြမှာမဟုတ်ပေမဲ့ သွေးစစ်ရင်တော့သိနိုင်ပါတယ်။ ဆီးချိုရှေ့ ပြေးအခြေအနေဖြစ်နေရင် ကိုယ့်ရဲ့နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဆီးချိုရောဂါ ဖြစ်မလာအောင် ထိန်းချုပ်ကုသနိုင်တာကြောင့် ဘယ်လိုတွေပြုမူဆောင်ရွက်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ ဝိတ်လျှော့ပါ အသားကုန် နင်းကန်ဝိတ်ချစရာမလိုပါဘူး။ အချိန်တိုအတွင်း ကိုယ်အလေးချိန် အများကြီးချပစ်တာ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ လက်ရှိကိုယ်အလေးချိန်ရဲ့ ၇% လောက်ပဲလျော့သွားအောင်လုပ်နိုင်ရင် အတော် သိသာလာမှာပါ။ ဝိတ်ချမယ်ဆို လေ့ကျင့်ခန်းချည်းပဲပြေးမလုပ်ပါနဲ့။ အစားအသောက်လည်း ဆင်ဆင်ခြင်ခြင် စားဖို့လိုတယ်နော်။ တော်ကြာ ကျန်းမာတဲ့ဝက်ကြီးဖြစ်လာရင် ပိုမခက်ပေဘူးလား။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ဖို့အကောင်းဆုံးပုံစံကတော့ ဆီးချိုသမားတွေကို စားသောက်ဖို့ ညွှန်ကြားတဲ့ plate model အတိုင်းစားဖို့ပဲဖြစ်ပါတယ်။ အရင်ဆုံး မျက်စိထဲမှာ ပန်းကန်တစ်ချပ်မြင်ယောင် လိုက်ပါ။ ပန်းကန်ရဲ့တစ်ဝက်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

မသန့်ရှင်းတဲ့ အစားအစာတွေ၊ အဆီတွေ၊ သကြားဓာတ်တွေ ပိုပိုကဲကဲ ထည့်သွင်းဖန်တီးလာတဲ့ အစားအစာတွေ ပေါများလာတဲ့ ဒီခေတ်ထဲမှာ ဆီးချိုဝေဒနာ ခံစားနေရသူတွလေည်း ပိုပိုများလာပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ် ကျန်းမာရေးနယ်ပယ်မှာ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဆိုးတစ်ခုဖြစ်လာနေပါပြီ။ ဆီးချိုမှာ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား-၁ နဲ့ အဖြစ်များတဲ့ ဆီးချို အမျိုးအစား-၂ ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဂရုတစိုက်နေထိုင်မယ်ဆိုရင် ဆီးချိုဝေဒနာခံစားနေရပေမယ့်လည်း တစ်သက်လုံး အေးအေးဆေးဆေးနေလို့ရပါတယ်။ ဒါပေမယ့် အစားအသောက် အနေအထိုင် မဆင်ချင်ရင်တော့ ဆီးချိုက အသက်အန္တရာယ်ကို ကြီးကြီးမားမား ချိန်းခြောက်နေတဲ့ရောဂါတစ်မျိုးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဆီးချိုဝေဒနာကြောင့် သေဆုံးတဲ့ သူအရေအတွက်ဟာ AIDS နဲ့ ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုဝေဒနာ စွဲကပ်နေသူ ၄ ဦးမှာ ၂ […]


အမျိုးအစား (၂) ဆီးချို

လမ်းပုံမှန်လျှောက်ခြင်းဖြင့် ဆီးချို သွေးတိုး မဖြစ်အောင် ကာကွယ်မယ်

သန်းပေါင်းများစွာသော လူတွေ နေ့စဉ် ကြုံတွေ့နေကြတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ဆီးချိုရောဂါ နဲ့ သွေးတိုးရောဂါတွေဟာလည်း အပါအဝင်ပါပဲ။ တဖြည်းဖြည်းနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်မှာ လူတွေက အရင်ကထက် ပိုပြီး အထိုင်များလာကြတယ်၊ လှုပ်ရှားမှုတွေ နည်းလာကြတယ်။ ကလေးတွေဆိုရင်လည်း သွက်သွက်လက်လက် ပြေးလွှားဆော့ကစားနေရမယ့် အချိန်မှာ ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေး ထိုင်ပြီး ဖုန်းသုံးလိုက်၊ စာဖတ်လိုက်နဲ့ အချိန်ကုန်ကြရတယ်။ လှုပ်ရှားမှုတွေ နည်းလာတာနဲ့ အမျှ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲ သွေးတိုး နဲ့ ဆီးချိုရောဂါတွေ ကပ်ပါလာတတ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုရောဂါတွေ မဖြစ်စေဖို့ ငယ်စဉ်ကတည်းက အစာအာဟာရကို ဆင်ခြင် ဂရုစိုက်ဖို့၊ အားကစား လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖို့ ပြောရတာပါပဲ။ အကယ်လို့ ကိုယ်က အချိန်သိပ်မပေးနိုင်ဘူး ဆိုရင်တောင် လမ်းလျှောက်တာမျိုးတော့ ပုံမှန်လုပ်ပေးလို့ ရပါတယ်။ အချိန်လည်း […]


အမျိုးအစား (၂) ဆီးချို

သင့်မှာ ဆီးချို ရှိနေပြီလား။

အသံကြားတာနဲ့တင် လူတွေ ကြောက်တဲ့ ရောဂါထဲမှာ ဆီးချို လည်း ပါပါတယ်။ လူတွေ သိကြတာက ဆီးချိုဖြစ်ရင် ထမင်းတွေ မစားရတော့ဘူး။ အချိုတွေ ရှောင်ရတော့မယ်။ အခန့်မသင့်ရင် အနာတွေဖြစ်ပြီး ခြေတွေ လက်တွေ ပုပ်လို့ ဖြတ်ရတော့မယ် စသဖြင့် ခေါင်းထဲကို ဝင်လာပါတယ်။ ဒါကြောင့်လည်း အမျိုးထဲက ဒါမှမဟုတ် အသိထဲက တစ်ယောက်ယောက် ဆီးချိုရှိနေပြီလားဆိုရင် ကြောက်တတ်ကြပါတယ်။ အဲ့တော့မှ ကောက်ခါ ငင်ခါ ဆီးချို သွားဖောက်တတ်ကြပါတယ်။ အဲ့ဒီမှာ ဘယ်နှခါ ဖောက်မှာလဲ၊ ဘယ်အချိန်ဖောက်မှာလဲ၊ ဘာအဖြေရရင် ဘာဖြစ်နေတာလဲ ဆိုပြီး ရှိပါတယ်။ ဆက်ကြည့်ရအောင်။ ဆီးချို ရှိမှန်း ဘယ်လို သိမလဲ။ ဆီးချို ရှိမရှိကို ဘယ်လို သိမလဲဆိုရင် သွေးဖောက်စစ်မှပဲ သိနိုင်ပါတယ်။ လက်ထိပ်ဖောက်တာ ဖြစ်ချင် ဖြစ်မယ်။ လက်မောင်းက […]


အမျိုးအစား (၂) ဆီးချို

သကြား ဓာတ်ညွှန်းကိန်း (Glycemic Index)

တစ်နေ့ တစ်နေ့ စားတဲ့ အစားအစာတွေထဲမှာ တချို့က စားလိုက်တာနဲ့ သကြားဓာတ်က ထောင်တက်သွားတယ်။ တချို့က မတက်ဘူး။ ဘာလို့ ဒီလိုဖြစ်ရလဲဆိုတာက ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာ ဥပမာ ထမင်းလို ဟာမျိုးက စားပြီးတာနဲ့ သကြားဓာတ်အဖြစ် မြန်မြန် ပြိုကွဲသွားလို့ သွေးထဲမှာ သကြားဓာတ်တွေ တက်လာတာပါ။ ဒီလိုဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေကို လုံးဝမစားရတော့ဘူးလားလို့ မေးစရာရှိပါတယ်။ အထူးသဖြင့် ဝိတ်ချနေတဲ့ သူတွေ၊ ဆီးချိုရှိတဲ့သူတွေပေါ့။ တကယ်တော့ ကာဗိုဟိုက်ဒရိတ်စားတယ်ဆိုတာ ကားကို ဆီဖြည့်သလိုပါပဲ။ ကားမောင်းဖို့ ဆီလိုသလို လူလည်း အလုပ်လုပ်ဖို့ အားလိုပါတယ်။ ဒီအားကို ကာဗိုဟိုက်ဒရိတ်ကနေ အဓိက ရတာပါ။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို လုံးဝဖြတ်လိုက်မယ့်အစား အာဟာရဖြစ်ပြီး မျှတအောင် စားရမှာပါ။ ဒီခေတ်မှာတော့ ဘယ်အစားကို စားလိုက်ရင် ဘယ်လောက်ကြာရင် သွေးထဲမှာ သကြားဓာတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း