ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အသက်ငယ်ငယ်နဲ့ ဆီးချို မဖြစ်ဖို့ ကာကွယ်ကြစို့

ဆီးချို ရောဂါ ကြိုတင် ကာကွယ်တယ် ဆိုတာ ကျန်းမာရေး နဲ့ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီးလှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန် နည်းနည်း လျှော့ချလိုက်တာ၊ စတဲ့ အခြေခံနည်းလမ်းတွေပါပဲ။ အခုမှ လုပ်လို့ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့နေထိုင်မှုပုံစံ မှာ ရိုးရှင်းတဲ့ အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံ နဲ့ ကိုယ့်ဘဝ တလျှောက်မှာ အာရုံကြော ၊ ကျောက်ကပ် နဲ့ နှလုံး ထိခိုက်ပျက်စီးမှု တို့လို ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။ ဆီးချို ဖြစ်လာနိုင်ခြေ ကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ – ခန္ဓာကိုယ် ရဲ့ အဆီပို တွေကို လျှော့ချပါ ကိုယ်အလေးချိန် များနေပြီ (ဝနေပြီ) ဆိုရင် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆက်နွှယ်မှုကို ဂရုပြုသင့်တဲ့ ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး

ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေးက ဆက်နွှယ်မှုကြီးမားတယ်လို့ပြောရင် တော်တော်များများက အံ့သြကြပါတယ်။ တကယ်တော့ နှလုံးရောဂါက သေဆုံးမှုများတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဝေဒနာရှင်တွေမှာ နောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် ၃ ဦးမှာ ၂ ဦးနှုန်းက နောက်ဆုံးမှာ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း ကြောင့် သေဆုံးကြတယ်လို့ American Heart Association (AHA) က ဖော်ပြထားပါတယ်။ ဆီးချိုရောဂါ နဲ့ နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ ဆီးချိုနဲ့ နှလုံးရောဂါကြားက ဆက်နွှယ်မှုက နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ဆီးချိုက သွေးတွင်းကိုလက်စထရောဓါတ်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများစေတယ်။ ဒီအချက်တွေအားလုံးက ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ရုတ်တရက် နှလုံးလုပ်ဆောင်ချက် ခေတ္တရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့လို နှလုံးသွေးကြောကျဉ်းတဲ့အဖြစ်တွေ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားများ အအေးမိတဲ့အခါ

ရာသီဥတုအေးတဲ့အချိန် အအေးမိတတ်ကြတယ်၊ ဖျားနာတတ်ကြတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါပဲ။ ဒါပေမယ့် ပုံမှန်အချိန်တောင် သူများထက် အစားအသောက်အနေအထိုင် ပိုပြီးဂရုစိုက်ရတဲ့ ဆီးချိုသမားများ အတွက်ရော။ ဘာတွေများ သတိထားသင့်လဲ ဆက်ပြီးဖတ်ကြည့်ရအောင်။ ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ အကြောင်းကြောင်းကြောင့် သွေးတွင်းသကြားဓာတ် အတက်အကျတွေရှိနိုင်ပါတယ်။ ဘယ်လိုထိန်းကြမလဲ - သကြားဓာတ်အတက်အကျအတွက် ကြိုတင်ပြင်ဆင်ထားမယ် ဒီလိုအချိန်မှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အစားအသောက်လည်း မဆင်ခြင်ရင် သွေးတွင်းသကြားထိန်းချုပ်မှုမှာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဆီးချိုတက်ရင် ဆရာဝန်အမြန်ဆက်သွယ်ဖို့ ပြင်ဆင်ထားပါ၊ ဆီးချိုကျရင် ပြန်ထိန်းနိုင်မယ့် အစားအသောက်လေးတွေ ပြင်ဆင်ထားပါ။ အနေအထိုင်၊အစားအသောက်ကို ပုံမှန်အတိုင်း အချိုးကျနအောင် ကြိုးစားခြင်းက ကြိုတင်ကာကွယ်မှုပါပဲ။ ဆီးချိုသမားများ အတွက် မှန်ကန်တဲ့ ဆေးဝါးကို ရွေးချယ်မယ် ဆီးချိုသမားများ အဖို့ တွေ့ရာဆေးဝါး သောက်လို့မရပါဘူး။ ကိုယ့်ရဲ့လက်ရှိသွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေ၊ သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ရောဂါရာဇဝင်တို့ကို မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးပမာဏ၊ အမျိုးအစားကို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကိုယ်စွဲသောက်နေရတဲ့ဆေးတွေနဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ ဆီးချို က အခုနောက်ပိုင်း ကမ္ဘာ့လူဦးရေတော်တော်များများကို ခြိမ်းခြောက်လာတဲ့ ရောဂါတစ်ခုဖြစ်လို့လာနေပါတယ်။ ဆီးချို က အဓိကက အချိုစားလို့ဖြစ်တာလို့ ယူဆမှုတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ဆိုတာအပြင် အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတာကြောင့် အချိုစားလို့ မရဘူး။ အထူးသဖြင့် အသီးတွေ မစားသင့်ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ အသီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များလို့ လုံးဝမစားတာထက် ဆင်ခြင်ပြီး စားမယ်ဆို ကျန်းမာရေးအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။ ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ........ ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ ဘယ်လောက်ထိများနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရအောင်လား........ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ အသက် ၄၅ နှစ်နဲ့အထက်ဖြစ်လာတာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆီးချို သွေးချို ရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။ ဒါပေမယ့် ကိုယ့်မှာဖြစ်နိုင်ခြေရှိနေတာ မသိတာ၊ မဖြစ်ခင် ကြိုရှောင်လို့ရရဲ့သားနဲ့ ရောဂါအဆင့် ရောက်သွားတာ တွေကတော့ သိပ်နှမျောဖို့ကောင်းပါတယ်။ ဆရာဝန်စစ်ခိုင်းမှ စစ်ကြည့်ပြီး ဆီးချိုတအားအရှိန်မြင့်နေတာ သိရတာမျိုးက နောက်ဆက်တွဲပြဿနာတွေနဲ့ ဆီးချိုထိန်းချုပ်မှု (blood sugar control) မရတာတွေ ခံစားရတာပိုလာပါမယ်။ ဘယ်သူတွေ ဆီးချို ရှိမရှိ စစ်ကြည့်သင့်လဲ လူတိုင်းတော့ မကြာခဏ လက်ထိပ်သွေးဖောက်စစ်နိုင်မှာ မဟုတ်သလို တစ်ခါစစ်လို့ မရှိရင် ငါ့မှာ ဆီးချိုမရှိဘူးလို့ နောက်တစ်သက်လောက်ကို ဆက်ကြွေးကြော်တဲ့သူတွေလည်း ရှိတယ်။ ဒါ့ကြောင့် ဆီးချိုစစ်ကြည့်သင့်တဲ့ ဖြစ်နိုင်ခြေများသူတွေစာရင်းကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ လူကြီးတွေအတွက် အာဟာရဖြည့်စွက်စာ ရွေးချယ်နည်း

ဆီးချိုရှိသူတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ အာဟာရဖြည့်စွက်စာ ဆိုတာ အစားသိပ်မဝင်တဲ့ ဆီးချိုဝေဒနာရှင် လူကြီးတွေအတွက် အထူးစီမံပြုလုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ သူတို့တွေမှာ  ထိုက်သင့်တဲ့ ကယ်လိုရီပမာဏ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီးသားဖြစ်လို့ လူကြီးတွေမှာ အာဟာရချို့တဲ့မသွားစေဖို့ ကူညီပေးပါတယ်။ ဘာလို့ အသုံးဝင်တာလဲ အာဟာရဖြည့်စွက်စာ တွေက ဆီးချိုရောဂါရှိသူတွေ၊ ခံတွင်းပျက်ပြီး အစာစားမဝင်ဖြစ်နေသူတွေ၊ နာမကျန်းဖြစ်တာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူထားတဲ့ နာလန်ထစလူနာတွေ အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ဖြည့်စွက်စာတွေက – သောက်သုံးရ၊ စားသုံးရလွယ်ကူတယ်၊ အချိန်ကုန်သက်သာတယ်၊ စားသောက်မှုပုံစံကို ပုံမှန်လိုက်နာမိစေဖို့ အလေ့အကျင့်ဖြစ်စေတယ်၊ ကိုယ်စားမယ့်အစားအစာအတိုင်းအတာနဲ့ ကယ်လိုရီပမာဏကိုထိန်းချုပ်စီမံနိုင်တယ်၊ ညီညွတ်မျှတတဲ့အာဟာရကို ရရှိစေတယ်၊ သွေးတွင်းသကြားဓါတ်ကို ပိုထိန်းညှိနိုင်တယ်၊ ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ ဆီးချိုရောဂါရှိသူတွေရဲ့အစားအသောက်စီမံမှုကို အထောက်အကူပေးနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေကြောင့် အသုံးဝင်ပါတယ်။ ဘယ်လိုရွေးချယ်မလဲ အမှတ်တံဆိပ်အမျိုးမျိုးနဲ့ စျေးကွက်မှာ အလွယ်တကူဝယ်ယူလို့ရနေပေမယ့် အရွေးမှန်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတာကို ရွေးဖြစ်ဖို့၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမား များဆီးချိုကျတဲ့အခါ

ဆီးချိုသမားဖြစ်ရတာ မလွယ်ပါဘူး။ သူတို့မှာ ဆီးချိုတက်မှာကြောက်ရ ဆီးချိုကျမှာကြောက်ရနဲ့။ အစားအသောက်တွေ မထိန်းဘဲ စားလိုက်ရင်လဲ ဆီးချိုတွေက မိုးထိုးနေပြန်ပြီ။ ရှောင်မယ် ဘာမှမစားဘူးဆိုပြန်တော့လည်း ဆီးချိုတွေကျလိုက်တာများ မူးလို့။ ဒီနေ့တော့ ဆီးချိုကျတဲ့အကြောင်းကို ပြောပြပေးပါမယ်။ ဆီးချိုကျရင် ရုတ်တရက်မူးဝေပြီး သတိလစ်တတ်တာကြောင့် အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကျတဲ့လက္ခဏာတွေကို သိထားသင့်ပါတယ်။ ဆီးချိုကျရင် ဘယ်လိုခံစားရမှာလဲ။ ​လက်ထိပ်ဖောက်ကြည့်လိုက်လို့ သွေးတွင်းသကြားဓာတ် 70mg/dL (3.9mmol/L)အောက်ဆိုရင် ဆီးချိုကျတယ်လို့ ပြောလို့ရပါတယ်။ လက္ခဏာရှိရှိ မရှိမရှိပါ။ ဆီးချိုကျတဲ့ အစောပိုင်းလက္ခဏာတွေကတော့ -ကတုန်ကရင်ဖြစ်တာ -ခေါင်းမူးတာ -ချွေးထွက်တာ -ဗိုက်ဆာတာ -စိတ်ဆတ်တာ -စိတ်ရှုပ်ထွေးတာ -ခေါင်းကိုက်တာတွေပဲ ဖြစ်ပါတယ်။ ညဖက်မှာ ဆီးချိုကျခဲ့ရင်တော့ -ချွေးထွက်များလို့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေချွေးစိုတာ -အိပ်မက်ဆိုးတွေမက်တာ -အိပ်ရာကနိုးလာရင် နုံးတာ၊ ခေါင်းမကြည်တာတွေဖြစ်တတ်ပါတယ်။ ဆီးချိုကျတာကို အချိန်မီမကုနိုင်ရင်တော့ -တစ်ကိုယ်လုံးကတုန်ကရင်ဖြစ်ပြီး မလှုပ်နိုင်တာ -ကြွက်သားတွေအားပျော့လာတာ -စကားလေးလာတာ -အမြင်မှုန်ဝါးလာတာ -ခေါင်းမူးလာတာ -စိတ်ရှုပ်ထွေးလာတာ -တက်တာ -သတိလစ်တာ -အသက်ဆုံးရှုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ။ ​ဆီးချိုကျတာ တစ်ပတ်ကို ခဏခဏဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ပြပြီး ဆေးပြောင်းတာ၊ ဆေးအတိုးအလျှော့လုပ်တာတွေ လုပ်ရပါမယ်။ ဘာကြောင့်ဆီးချိုကျရတာလဲ။ အင်ဆူလင်ထိုးတဲ့သူတွေမှာ ဆီးချိုကျတတ်တာကို သိပေမယ့် သောက်ဆေးသောက်တဲ့သူတွေမှာလည်း […]


အမျိုးအစား (၂) ဆီးချို

ဆီးချို အစားအသောက် နဲ့ ဆေးဝါးကုသမှုအတွက် ဘာတွေသိထားသင့်လဲ

ဆီးချိုသွေးချိုရှိလာပြီဆို အစားအသောက်နဲ့ပတ်သက်ပြီး အတော်လေး အခက်ကြုံရတတ်ပါတယ်။ စားလိုက်တဲ့ အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနေရတာကိုး။ ဒါပေမယ့် ဆီးချို နဲ့ကျန်းမာစွာနေထိုင်နိုင်ဖို့ အစားအသောက်ဆင်ခြင်နည်းကိုသိထားပြီး ကုသမှုနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရှိထားသင့်ပါတယ်နော်။ ကျန်းမာရေးနဲ့ညီအောင်စားသုံးခြင်းနဲ့လေ့ကျင့်ခန်းတို့က သင့်ရဲ့အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးတွင်းအချိုဓါတ်ကို ထိန်းညှိနိုင်တဲ့အပြင် ဆီးချို ရဲ့နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်တဲ့အန္တရာယ်လျော့နည်းစေနိုင်ပါတယ်။ ထမင်းစားတိုင်း အချိုးချတွက်ချက်ပြီးစားပါ။ ဆိုင်မှာစားဖြစ်တဲ့အခါဆို မှာလိုက်တဲ့အစားအစာက ကိုယ့်အချိုးထက်များနေရင် အတူပါလာတဲ့သူနဲ့မျှစားပါ ဒါမှမဟုတ် ပိုတာကို အိမ်သယ်သွားပါ။ ဂျုံအနု အစား whole grains အနှံတွေနဲ့လုပ်တဲ့ ကွေကာ၊ပေါင်မုန့်၊ပါစတာတို့ကိုစားပါ။ ဆန်အဖြူအစား ဆန်လုံးညို၊ အာလူးအစား ကန်စွန်းဥ တို့ကိုပြောင်းစားပါ။ ကွေကာ၊ ပေါင်မုန့်နဲ့ပါစတာတွေ ဝယ်ရင် ဘူးမှာပါတဲ့labelတွေကို ဖတ်ပြီး တစ်ခါစားအတိုင်းအတာမှာ အမျှင်ဓါတ်ပမာဏ အနည်းဆုံး ၃ဂရမ်နဲ့အထက် ပါတဲ့အမျိုးအစားတွေကိုရွေးချယ်ပါ။ ကယ်လိုရီနည်းပြီးအရောင်တောက်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။ အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ […]


အမျိုးအစား (၂) ဆီးချို

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို ရှိလာတဲ့အခါ

ဆီးချို ရှိနေတာသိရလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေ၊စိတ်တိုနေရတာမျိုးကဖြစ်တတ်တဲ့သဘာဝပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်လာခဲ့ရင် ဘဝဆုံးသွားတဲ့အတိုင်း စိတ်ဓာတ်ကျဖို့မလို‌သလို အရေးမလုပ်ဘဲ မဆင်မခြင်နေထိုင်ဖို့လည်း မသင့်ပါဘူးနော်။ နေထိုင်မှုပုံစံအပြောင်းအလဲ ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေ ပြောင်းလဲဆင်ခြင်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဆီးချိုဖြစ်လာရင်... တည့်တာပဲစားပါ ကိုယ့်မှာဆီးချိုရောဂါရှိလာတဲ့အချိန်မှာ ဒီအချက်ကအရေးကြီးပါတယ်။ စားလိုက်သမျှဟာသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်အစားအစာကိုမှ လွန်လွန်ကျွံကျွံစားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့အာရုံထားပါ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့whole grains အနှံတွေ များများစားပေးပါ။ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့အသားတွေကို ရွေးချယ်ပါ။ အချိုနဲ့အဆီများတဲ့အစားအစာတွေကို ကန့်သတ်စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကို သတိထားစားသုံးပါ။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကို ပမာဏမကွာစေဖို့ ထိန်းပါ။သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့ အင်ဆူလင် သို့မဟုတ်ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင် စားတဲ့အစာ နည်းလိုက်များလိုက်မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားပေးပါ အထိုင်များသူဖြစ်ရင် အခုပဲ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါဖြစ်ပွားမှုမရှိအောင်

အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရ အမျိုးအစား ၂ ဆီးချိုရှိနေသူများရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် နှစ်ဆရှိနေပါတယ်။ မိမိကိုယ်ကို ထိုက်သင့်တဲ့ ဂရုစိုက်မှုရှိမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ အမူအကျင့် ၆ မျိုးကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အာရုံကြောပျက်စီးခြင်းစတဲ့ နှလုံးနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ ဆီးချိုရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့နဲ့ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ စားသောက်မှုပုံစံကို ထိန်းသိမ်းပေးခြင်းပါပဲ။ ဆိုဒီယမ်ပါသော အစားအစာ၊ ပုံပြောင်းဆီ၊ ပြည့်ဝဆီ စတာတွေကို ရှောင်ရပါမယ်။ သကြားထပ်မံ ဖြည့်တင်းထားတဲ့ စားစရာတွေကိုလည်း လျှော့ချရပါမယ်။ စားသောက်သမျှ အနပ်တွေမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကစီဓာတ်၊ အဆီ၊ ပရိုတင်း စတာတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း