ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင်

ဆီးချို.... ဒီစကားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က လူတိုင်းနဲ့ သိပ်ရင်းနှီးကျွမ်းဝင်ရှိလှတဲ့ စကားလုံးမဟုတ်ပါဘူး။ ဆီးချိုရောဂါဖြစ်နေတယ်လို့ ပြောလိုက်ရင်။ အော်.... ဆီးချိုလား။ အခုမှ ကြားဖူးတာဆိုသူက ခပ်များများရယ်။ အခုကတော့ ဆီးချိုဆိုတာကို ကြားဖူးရုံသာမက ကိုယ်တိုင်ခံစားနေရသူအရေအတွက် အတော်လေးများနေပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ဆီးချိုရောဂါကို ခံစားနေရတာပါ။ ကလေးလေးတွေက အစပေါ့။ ဆီးချိုက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ ပုံမှန်ဆေးသောက်မယ်။ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပါ။ ဆီးချိုဘာကြောင့်ဖြစ်ရတာလဲ။ ခန္ဓာကိုယ်က အင်ဆူလင်လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဆီးချိုရောဂါကို ခံစားရတာပါ။ ဆီးချိုဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ အမျိုးအစား (၁) ဆီးချို အမျိုးအစား (၁) […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတဲ့ ဒီအချက်တွေကြောင့်ပါ

မအီမသာဖြစ်တာက ဆီးချိုရောဂါခံစားနေရသူတစ်ယောက်အဖို့ သိပ်တော့ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာက ဆီးချိုရဲ့နေက်ဆက်တွဲ ရောဂါအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာကခေတ္တခဏသာခံစားရတာဖြစ်ပြီး ပြဿနာကြီးကြီးမားမာမရှိဘူးဆိုပေမယ့် မအီမသာဖြစ်တာနဲ့အတူ အခြားပြင်းထန်တဲ့ လက္ခဏာတွေကိုပါခံစားလာရပြီဆိုရင်တော့ မဖြစ်မနေသေချာလေးဂရုစိုက်ဖို့လိုပါမယ်နော်။ ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာ ဒီအချက်တွေကြောင့်ပါ ဆီးချိုရောဂါရှိသူတွေကို မအီမသာခံစားရစေနိုင်တဲ့အချက်တွေက တစ်ချက်မကရှိနေနိုင်ပါတယ်။ အခြေအနေကိုသေချာသိမှ မှန်ကန်တဲ့ပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘာကြောင့်လဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆာင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ ဆီးချိုရှိသူတွေမှာခံစားရနိုင်တဲ့ လက္ခဏာတွေ ဆီးချို အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူတွေရော အမျိုးအစား (၂) ဆီးချိုရှိသူတွေမှာရော အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။ အစားအစာဓာတ်မတည့်မှုဖြစ်မယ် ခေါင်းတစ်ခြမ်းကိုက်မယ် အစားတွေအလွန်အကျွံစားမိမယ် အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ စိုးရိမ်စိတ်များတာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။ (၁) သွေးတွင်းသကြားဓာတ်အရမ်းများတာ၊ အရမ်းနည်းတာ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အချိုကဲတဲ့ အစားအစာတွေကို အများအပြားစားသုံးမိတာနဲ့ သွေးချိုတက်စေနိုင်တဲ့ အမူအကျင့်တွေကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်တဲ့အခါမျိုး နဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။ အစားမစားဘဲနေမယ်၊ လှုပ်ရှားမှုအရမ်းများသွားတဲ့ အခြေအနေတွေကြောင့်သွေးတွင်းသကြားဓာတ်အရမ်းနည်းသွားတဲ့ အခါမျိုးမှာလည်းခေါင်းထဲက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်​မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ရှိသင့်တဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်လဲ........ ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။ အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။ သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။ ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။ ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရေပြားပြဿနာဖြစ်မယ် -သွေးတွင်းသကြားဓာတ်မြင့်ပြီး ကိုယ်တွင်းရေဓာတ်နည်းသွားတဲ့အခါ အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာ၊ အရေပြားယားယံတာ၊ အနာမကျက်တာတွေဖြစ်နိုင်ပါတယ်။ အမြင်အာရုံပြဿနာဖြစ်မယ် -သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ […]


အမျိုးအစား (၂) ဆီးချို

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုပါမယ်။ ဒီလိုပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓာတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓာတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓာကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ ကိုယ်နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေ ကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ နေလောင်တာ -နေလောင်တာကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကပဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အချိုဓာတ်တွေ -လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ပြုပြင်ထားတဲ့ အချိုဓာတ်တွေက သဘာဝအချိုတွေထက်သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ကော်ဖီ -ကော်ဖီကို သကြားမထည့်ဘဲ သောက်ရင်တောင်မှ ကဖင်းဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။ အိပ်ရေးပျက်တာ - ညဘက်မှာ အိပ်ရေးပျက်တာက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီးသွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ မနက်စာမစားတာ - မနက်ခင်းမှာ မနက်စာ မစားမစားဘဲနေတာကလည်း သွေးတွင်းသကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရှိတဲ့အခါ တစ်ခုခုစားမယ်ကြံလိုက်တိုင်း သွေးချိုတက်မလားအဆင်ပြေပါ့မလားဆိုပြီး တွေးတွေးနေရတာကလည်းတစ်လုပ်နော်။ ဒါစားရင်သွေးချိုတက်လိမ့်မယ် မစားနဲ့လို့ မိသားစုဝင်တွေဝိုင်းပြောတာကိုလည်း မကြာခဏခံခဲ့ရမှာပေါ့။ ဒါတွေက တကယ်ပဲလားဆိုတာကို အတူတူအဖြေထုတ်ကြည့်ရအောင်လား..... ဆီးချိုရှိတိုင်း ဘာမှမစားရတော့ဘူးလား........... ဒီလိုမဟုတ်ပါဘူး။ အတိုင်းအချင့်နဲ့စားလို့ရပါတယ်။ ဘာတွေများဂရုစိုက်ရမလဲ ကြည့်ရအောင်လား။ ဆီးချိုရှိတယ် သစ်သီးမစားရဘူး ဆီးချိုရှိတယ်ဆိုတာနဲ့ သစ်သီးတွေမစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သစ်သီးမှာ သဘာဝအချိုဓာတ်ပါတာမမှန်ပေမယ့် ဆီးချိုရှိတာနဲ့ အသီးတွေကိုလုံးဝရှောင်ဖို့မလိုပါဘူး။ အချိုအရမ်းကဲတာတွေကိုတော့ အတိုင်းအချင့်နဲ့စားဖို့လိုပါမယ်။ သကြားစားလို့ မဖြစ်ဘူး ဒါကလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရှိတာနဲ့ သကြားလုံးဝရှောင်စရာမလိုပါဘူး။ လျှော့စားဖို့တော့လိုပါမယ်။ အချိုလုံးဝဖြတ်တာက သွေးတွင်းသကြားဓာတ်ကျဆင်းမှုပြဿနာကို ခံစားရစေနိုင်ပါတယ်။ ဆီးချိုရှိတယ် ကာဗိုဟိုက်ဒရိတ်လုံးဝစားလို့မဖြစ်ဘူး ဒါကလည်း မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ ပေါင်မုန့်၊ အုတ်ဂျုံ နဲ့ Oatmeal လိုဟာတွေကို လုံးဝမစားတော့တာမျိုးမလုပ်ပါနဲ့။ ဒါတွေက အမျှင်ဓာတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အင်အားတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လျှော့စားရင်ကိုလုံလောက်ပါပြီ။ ဆေးသောက်ထားတယ် ဘာမဆိုစားလို့ရတယ် ဆီးချိုရှိလို့ ဆေးသောက်နေတယ်ဆိုတိုင်း စားချင်တာ စားလို့မရပါဘူး။ အကြောင်းကတော့ ဆေးက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု

သင့်ကို ဆီးချိုရောဂါခံစားရစေနိုင်တဲ့အချက်က အချိုစားလိုပတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်တွင်းမှာ ဗီတာမင် D ချို့တဲ့တာကလည်း သင့်ကိုဆီးချိုဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းကို ဆောင်းပါးထဲမှာ ပြည့်ပြည့်စုံစုံပြောပြပေးမယ်နော်။ ဆီးချိုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တဲ့အချက်တစ်ခု (သို့မဟုတ်) ဗီတာမင် D ချို့တဲ့ခြင်း ဗီတာမင် D ချို့တဲ့တဲ့သူတွေက ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်၊လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ကယ်လ်ီဖိုးနီးယားမှာရှိတဲ့ ဆန်ဒီရေဂို တက္ကသိုလ်နဲ့ ဆိုးလ်အမျိုးသားတက္ကသိုလ်က သုတေသီတွေက ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်သူ ၉၀၃ ဦးကို ၁၀ နှစ်ကြာလေ့လာခဲ့ပါတယ်။ လေ့လာမှုအရ ဗီတာမင် D ပမာဏ ပြည့်ဝစွာရရှိသူတွေက အမျိုးအစား - ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနည်းသလို ဆီးချိုရောဂါ အကြိုအဆင့်ကနေ ဆီးချိုဖြစ်လာနိုင်ခြေလည်း နည်းတာကို တွေ့ရှိခဲ့ပါတယ်။ ‘sunshine vitamin’ လို့သိကြတဲ့ 25-hydroxyvitamin D က အသားအရေကနေရောင်ကိုတုံ့ပြန်တဲ့အခါမှာ ထွက်ရှိလာတဲ့ ဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့

သွေးတွင်းသကြားဓာတ်က ရှိသင့်တဲ့ ပမာဏထက်မြင့်နေတယ်။ ဆီးချိုဖြစ်လောက်တဲ့အထိတော့ မဟုတ်ဘူး။ ဒီအခြေအနေကို ဆီးချိုရောဂါ အကြိုလက္ခဏာလို့ခေါ်ပါတယ်။ ဒီအခြေအနေကို သေချာမထိန်းနိုင်ခဲ့ရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာမှာပါ။ ဆီးချိုက ကုသ ပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါတစ်ရပ်ပါ။ ဒါပေမယ့် ဆီးချိုရောဂါအကြိုလက္ခဏာအဆင့်မှာ သေချာ ထိန်းချုပ်လိုက်နိုင်ရင်တော့ ဆီးချိုရောဂါဆိုတာကို မခံစားရတော့ဘူးပေါ့။ ဆီးချိုရောဂါအကြိုလက္ခဏာခံစားရချိန်မှာ သွေးချိုကျစေဖို့ ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်နေချိန်မှာ အခုပြောတာတွေကို စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ပြီး ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်က သွေးတွင်းသကြားဓာတ်ကို သိသိသာသာကျဆင်းစေနိုင်ပြီး ဆီးချိုဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာကို ရေ ၈ အောင်စနဲ့ ရောဖျော်ပြီး သောက်ပေးပါ။ အစာအိမ်ရောဂါရှိတယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။ အမျှင်ဓာတ်များများစားပါ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့အမျှင်ဓာတ် ၂၅ ဂရမ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချို အကြိုလက္ခဏာ ရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ……

ဆီးချို ဆိုတာက ကမ္ဘာပေါ်က လူဦးရေတော်တော်များများကို ဒုက္ခပေးနေတဲ့ရောဂါတစ်ခုပါ။ ဆီးချိုက ဖြစ်ပြီးသွားရင် ပြန်ပျောက်သွားရိုးထုံးစံမရှိပါဘူး။ အမြဲဆေးသောက်နေရမှာဖြစ်သလို အစားအသောက်အနေအထိုင်ကိုလည်း ဆင်ခြင်နိုင်မှ တော်ကာကျတာပါ။ အကောင်းဆုံးကတော့ ဆီးချိုကို မဖြစ်အောင်ကာကွယ်တာပါ။ ဒီတစ်ခေါက်တော့ ဆီးချို မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ဆီးချို အကြိုလက္ခဏာတွေက ဘာတွေလဲ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ဆီးချိုအမျိုးအစား ဘယ်နှမျိုးရှိလဲ……… ဆီးချိုရောဂါက • ဆီးချိုရောဂါအကြိုလက္ခဏာ (prediabetes) • အမျိုးအစား -၁ ဆီးချိုရောဂါ (Type 1 diabetes) • အမျိုးအစား -၂ ဆီးချိုရောဂါ (Type 2 diabetes) ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါ အကြိုလက္ခဏာ ဆိုတာ ဆီးချိုရောဂါအကြိုလက္ခဏာဆိုတာက သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်နေတတ်ပေမယ့် အရမ်းမြင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးအစား (၂) ဆီးချိုခံစားရသူတွေက ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားကြရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာအနေနဲ့ ကသိသာထင်ရှားတာမျိုးမရှိပါဘူး။ ကြိုတင်ကာကွယ်ပါ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များ မှားလေ့ရှိတဲ့ အမှားများ

မင်္ဂလာပါ ၊ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ ဆီးချိုဝေဒနာရှင်တွေ အမှတ်မှားပြီး ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆီးချိုရောဂါဆိုတာ တစ်သက်လုံးပျောက်တဲ့ ရောဂါ မဟုတ်ပါဘူး ။ ဆီးချိုအဖြေတွေပေါ်မူတည်ပြီး ဆေးနဲ့ အစာနဲ့ ထိန်းပြီး ပေးနေရတဲ့ ရောဂါ တစ်ခုဖြစ်ပါတယ်။ တစ်သက်လုံး အနေအထိုင် ဆင်ခြင်နေရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ် ။ ဆီးချိုဝေဒနာရှင် အများစု လုပ်မိတဲ့ အမှားတွေကတော့ ဆီးချို ပုံမှန်တိုင်းလေ့ မရှိခြင်း ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေ့တိုင်း ဆီးချိုဖောက်နေရလေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မတိုင်းဖြစ်တတ်သလို ဆီးချိုစစ်ရတဲ့ strip ပြားတွေရဲ့ ဈေးကလည်း သာမန်ပြည်သူတွေအတွက် အနည်းငယ်ဈေးကြီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးချိုတိုင်းထားတဲ့ အဖြေတွေပေါ်မူတည်ပြီးတော့ ဆေးပမာဏကို ထိန်းညှိပေးရတာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ ..... ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီး ချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆီးချိုရှိရင် ရွှေဖရုံသီး စားလို့ရလား ....... ရွှေဖရုံသီးက စေးစေးချိုချိုလေး ဖြစ်တာကြောင့် ဆီးချိုရှိတယ်ဆိုရင် စားလို့ရပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ ရပါတယ်နော်။ ရွှေဖရုံသီး ချိုတာက သဘာဝအချိုဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ်အပေါ် အများကြီး သက်ရောက်တာမျိုး မရှိပါဘူး။ နောက်တစ်ချက်က အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးလည်း ဖြစ်စေမှာ မဟုတ်ပါဘူး။ ရွှေဖရုံသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ... ဝါဝါဝင်းနေတဲ့ ရွှေဖရုံသီးမှာ ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့ ပရိုတင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုတက်ဆီယမ် ဖောလစ်အက်ဆစ် ဗီတာမင် A ဗီတာမင် C ဗီတာမင် K အမျှင်ဓာတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း