ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ

ကမ္ဘာပေါ်မှာ ဆီးချို ဖြစ်ပွားမှုနှုန်း က တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးကို တက်တက်လာပါတယ်။ ပြောင်းလဲ တိုးတက်လာတာနှင့်အမျှ ဇိမ်ခံပစ္စည်းတွေလည်းများလာသလို ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိသလောက်နည်းပါးလာပါတယ်။ ဒါ့အပြင် အသင့်စား အစားအစာတွေ၊ အချိုရည်တွေ၊ fast food ဆိုင်တွေများလာတာနှင့်အမျှ ခန္ဓာကိုယ်အလေးချိန်ကလည်း ကိုယ်သတိမထားမိတဲ့ အချိန်မှာ တော်တော်လေးတက်လာတတ်ပါတယ်။ ဒီလိုမျိုး ဝလာတာရယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာရယ်က ဆီးချိုဖြစ်စေတဲ့ အဓိကတရားခံ နှစ်ခုပါ။ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ ဆီးချိုစဖြစ်နေပြီဆိုရင် အောက်ပါအချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။ (၁) ထမင်းကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း စားပေးရပါမယ် - ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါမှာ ချင့်ချိန်ပြီးစားပေးဖို့လိုတယ်။ ဥပမာ နေ့လည်စာထမင်း ကို ထမင်းစားဇွန်း ၅-၆ ဇွန်းစားလို့ရပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ သံပရိုသီး

သံပရိုသီး မွှေးမွှေးလေးက အမူးအမော်ပြေစေရုံ အသားအရေကောင်းစေရုံ ကိုယ်ခံအားမြှင့်ပေးရုံတင်အသုံးဝင်တာလား။ ဒီခေတ်မှာ လူတော်တေ်ာများများခံစားနေရတဲ့ ဆီးချိုရောဂါအတွက်ရော အသုံးမဝင်ဘူးလားလို့များ သိချင်နေသူတွေရှိလား။ ဒါဆိုရင်တော့ သံပရိုသီးလေးက ဆီးချိုရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ပြောပြပေးပါရစေနော်။ သံပရိုသီးမှာ ဘယ်အာဟာရဓာတ်တွေပါဝင်နေလဲ……. သံပရိုသီးမှာ • အမျှင်ဓာတ် • ဗီတာမင် C • ပိုတက်ဆီယမ် • ဖောလိတ် • ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ သံပရိုသီးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ သူတို့ရဲ့ အကျိုးပြုပုံတွေကရော ဘာတွေများလဲ….. သံပရိုသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ဗီတာမင် C၊ ပိုတက်ဆီယမ်တို့က ဆီးချိုရောဂါရခံစားနေရသူတွေမှာ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကသွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါ သေးတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သံပရိုသီးက ဆီးချိုရောဂါအတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်သလဲ…….. သံပရိုသီးက ခံတွင်းမြိန်စေရုံတင်မကဘဲ ပုံမှန်စားသုံးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ် ကိုယ်တွင်းက ဗီတာမင် C ပမာဏနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကို ဆန်းစစ်ကြည့်တဲ့အခါမှာတော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုရှိသူအများစုဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကိုမစားဖို့ ဆရာဝန်တွေကညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့ သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။ ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီး နှလုံးရောဂါ နဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကို ပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား - ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရှိလား သလဲသီးစားပါ အရသာရှိတဲ့ သလဲသီးလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ် သလဲသီးမှာ အချိုဓာတ်ပါဝင်ပေမယ့် ဒီအချိုဓာတ်နဲ့အတူ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါကပ်လျက်ပါဝင်နေပါတယ်။ သလဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး ဆဲလ်တွေပျက်စီးမှုမဖြစ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတယ် ငှက်ပျောသီးစားသင့်ရဲ့လား………..

ဆီးချိုရှိတယ် ငှက်ပျောသီးစားလို့ရလားဆိုတာကို မပြောခင်ငှက်ပျောသီးလေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို အရင်ပြောပြချင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာ အသေအချာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာပါတဲ့ အာဟာရဓာတ်အများစုက ဆီးချိုရောဂါကို အထောက်အကူပြုမှုနည်းပြီး ရောဂါကိုပိုတိုးစေနိုင်ခြေကများပါတယ်။ ငှက်ပျောသီးမှည့်လေလေ မစားသင့်လေလေပါ။ ဆီးချိုရှိတယ် ငှက်ပျောသီးစားချင်တယ်ဆိုရင်တော့ သိပ်မမှည့်သေးတဲ့ ငှက်ပျောသီးက အဆင်ပြေဆုံးဖြစ်မှာပါ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘာစားစားဂရုထားတာကအဆင်ပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ စားလိုက်တဲ့ အစားအစာတိုင်းက သွေးတွင်းသကြားဓာတ်အပေါ်မှာ သွားသက်ရောက်နေနိုင်တာကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိလို့ ငှက်ပျောသီးကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အကျိုးပြုအာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် စားသုံးပေးလို့ရတယ်လို့ အမေရိကန် ဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးကဆိုပါတယ်။ အမျိုးအစား - ၂ ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို အလုံအလောက်မထုတ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ ဆဲလ်တွေထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်တွေက သွေးထဲကိုရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေဖြစ်လာပါတော့တယ်။ ဒီသွေးတွင်းသကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် အကောင်းဆုံးသောအစားအစာတွေက ဘာတွေဖြစ်မလဲ...

ဆီးချိုရောဂါက ကမ္ဘာ့လူဦးရေတွေကို ခြိမ်းခြောက်လာနေတဲ့ ကျန်းမာရေးပြဿနာကြီးတစ်ရပ်ပါ။ ဒီရောဂါက သူတင် ခန္ဓါကိုယ်ကို ဒုက္ခပေးတာမဟုတ်ပါဘူး။ အခြားနောက်ဆက်တွဲရောဂါတွေကိုပါ ခေါ်လာပြီး ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဆီးချိုကြောင့်ကျန်းမာစေဖို့နဲ့ နောက်ဆက်တွဲရောဂါတွေ ဝင်မလာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုပါမယ်။ ဆီးချိုဖြစ်လာရင် အချိုလျှော့စားရုံနဲ့ အဆင်ပြေပြီလား.... လူတော်တော်များများယူဆလက်ခံထားတာက ဆီးချိုဖြစ်ရတာက အချိုစားများတာကြောင့်လို့ပေါ့။ တကယ်ကတော့ ဆီးချိုကိုဖြစ်စေတာက အချိုအစားများတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သွေးတွင်းအဆီဓါတ်များတာ၊ ခန္ဓါကိုယ်က အင်ဆူလင်ကို ကောင်းကောင်းမတုံ့ပြန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ၊ မျိုးရိုးရှိတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အချိုကဲ အငန်ကဲတဲ့အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့်လည်း ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဆီးချိုဖြစ်ရင် မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တစ်ချက် ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာနေစေဖို့ဆိုရင်တော့ မဖြစ်မနေဂရုစိုက်ရမယ့် အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးဖို့ပါ။ ဒီတော့ ဆီးချိုရှိသူတစ်ဦးအနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေစားမလဲ.... အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ - အမျှင်ဓါတ်ပါဝင်နေသလို ဗီတာမင် နဲ့ […]


အမျိုးအစား (၂) ဆီးချို

အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်

ဆီးချိုသွေးချိုစစ်မယ်ဆိုရင်ဆေးခန်းမှာ၊ဆေးဆိုင်တွေမှာ စစ်ပေးတယ်ဆိုပေမယ့်သွေးတွင်းသကြားဓါတ်တိုင်းကိရိယာတစ်ခုတော့ အိမ်မှာရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချိုရှိသူတစ်ယောက် ရှိနေတယ်ဆိုရင်ပေါ့။ ဘာကြောင့်လဲဆိုတော့သွေးတွင်းသကြားဓါတ်အတက်အကျကို သက်ရောက်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိသလို အချိန်မရွေးလည်းပြောင်းလဲနိုင်လို့ပါပဲ။ အိမ်မှာရှိနေမှ လိုအပ်တဲ့အချိန်တိုင်း စစ်ဆေးကြည့်လို့ရနိုင်မယ်၊ ပုံမှန်စစ်ဆေးလို့လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာဖြစ်နေတဲ့အချိန်မှာသွေးဖောက်စစ်ဆေးလိုက်တာအကောင်းဆုံးပါပဲ။ ပုံမှန် ဒါမှမဟုတ် နေ့စဉ် ဆီးချိုသွေးချိုစစ်ဆေးမယ် သွေးဖောက်စစ်ဆေးတာကိုနေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာစတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာသွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် - အစာမစားခင် အစာစားပြီး ၁ နာရီ သို့မဟုတ် ၂ နာရီ နေလို့မကောင်းတဲ့ လက္ခဏာတစ်ခုခုဖြစ်လာတဲ့အချိန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုမလုပ်ခင် (အစာတခုခုစားထားဖို့လိုမလို) လှုပ်ရှားမှုများများလုပ်ပြီးတဲ့အချိန် ဆီးချိုတက်နေတယ်၊ ကျနေတယ်လို့ သံသယရှိလာတဲ့အချိန် ဖျားနေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရတဲ့အချိန် တို့မှာ စစ်ဆေးကြည့်တတ်ကြပါတယ်။ ဘယ်လိုစစ်ရမလဲ ဆီးချိုသွေးချိုစစ်မယ်ဆိုရင်glucometer လို့ခေါ်တဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေမှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ချောင်းဆိုးတာတွေအကုန်လုံးကသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ရောဂါကြောင့်ရောသောက်သုံးရတဲ့ဆေးဝါးတွေကြောင့်ပါ ခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားနာတဲ့အခါ ပုံမှန်ပြုစုစောင့်ရှောက်တာထက် ပိုပြီး ဂရုစိုက်ဖို့လိုပါမယ်။ ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓါတ်ြမင့်တက်ရတာလဲ.... အဖျားရှိတဲ့အခါ ခန္ဓါကိုယ်က ကိုယ်တွင်းကိုရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင်ထွက်ရှိမှုကိုနှေးစေပြီးသွေးတွင်းသကြားဓါတ်ကမြင့်တက်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား - ၁ ဆီးချိုရောဂါသာရှိနေမယ်ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီးသွေးတွင်းမှာ အက်ဆစ်ဓါတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင် သွေးတွင်းသကြားဓါတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။ ဆီးချိုရှိသူတစ်ယောက် ဖျားနာပြီဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ...... ဆီးချိုရှိသူတစ်ယောက်ဖျားနာပြီဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။ ဆီးချိုဆေးတွေဆက်သောက်ပါ - ဖျားနေချိန်မှာသွေးချိုက ပုံမှန်ထက်မြင့်တက်နိုင်တာကြောင့်နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကို ဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေအနေနဲ့လည်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု

ရောဂါတစ်ခုခုဖြစ်လာရင် သက်တမ်းစေ့နေနိုင်ဖို့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်တဲ့အခါနားလည်တတ်ကျွမ်းသူတွေ နဲ့ မိသားစုဝင်တွေအတူတူတိုင်တိုင်ပင်ပင်နဲ့ ဂရုစိုက်တာက ပိုပြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆီးချို၊သွေးတိုး၊ နှလုံး၊ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါသမားတွေအတွက်ဆိုရင် ဒီလိုဂရုစိုက်မှုမျိုးနဲ့ မျှဝေပြောဆိုခြင်းတွေက ပိုပြီး လိုအပ်မှာပါ။ ရောဂါအကြောင်းတတ်သိနားလည်သူတွေနဲ့ အမြဲမပြတ်ထိတွေ့နေမှုကနေ ဒီလိုကောင်းကျိုးတွေရရှိခံစားရနိုင်ပါတယ် ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေက တစ်ခဏတာပဲခံစားရတာမဟုတ်သလို ကုသလိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းသွားတာတော့လည်း မဟုတ်ပါဘူး။ နာတာရှည်ရောဂါဆိုတာက အခါမလပ်သေချာလေးဂရုစိုက်ပေးနိုင်မှတော်ကာကျတာပါ။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေအပြင်ရောဂါအကြောင်းတတ်သိနားလည်သူတွေ ပါဝင်နေတဲ့ အဝန်းအဝိုင်းအတွင်းမှာနေတာက တိုင်ပင်ဖော်ရသလို လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ လိုက်နာကျင့်ကြံရမယ့် အကြံဉာဏ်ကောင်းတွေကိုပါ ရရှိနိုင်မှာပါ။ အရေးပေါ်အခြေအနေမှာ အကြံဉာဏ်ကောင်းတွေရနိုင်တယ် နောက်တစ်ချက်က ဆီးချိုရှိသူတွေအနေနဲ့သွေးချိုအတက်အကျမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။သွေးချိုတက်တယ်၊ကျတယ်ဆိုတာက မကြုံဖူးတဲ့သူတွေအဖို့ အရမ်းထိတ်လန့်စရာကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ တတ်သိနားလည်သူတွေရဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချစ်ခင်ရသူကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် ရောဂါအကြောင်း တတ်သိနားလည်သူတွေ ပါဝင်နေတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်

ဈေးမှာလွယ်လွယ်ဝယ်လို့ရပြီး စားလို့ကောင်းတဲ့ ကင်းပုံသီးကို သိပ်စိမ်းကြမယ်မထင်ပါဘူးနော်။ ကင်းပုံသီးကြော်က ထမင်းစားမြိန်စေတဲ့ အရံဟင်းလေးတစ်ခွက်ပါ။ ဟိုအရင်ကဆိုခြံစည်းရိုးတွေမှာ အလေ့ကျပေါက်တဲ့ နွယ်ပင်လေးတွေပေါ့။ ဒီလိုနွယ်တက်နေတဲ့ ကင်းပုံညွန့်လေးတွေကိုလည်းပြုတ်တို့လို့ရ၊ကြော်ချက် သို့မဟုတ် ဟင်းချိုချက်သောက်လို့ရတယ်ဆိုတာရော သိကြပါသလား။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ အသီးနဲ့အရွက်ဖြစ်ပြီး ကင်းပုံပင်က ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်စေတယ်၊သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်၊ ဆီးချိုကာကွယ်တယ်၊ နှလုံးနဲ့ အာရုံကြောစနစ်အတွက်ကောင်းတယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။လေ့လာမှုတချို့အရဆိုကျောက်ကပ်ကျောက်တောင်ကြေစေနိုင်ပါတယ်တဲ့။ ဘယ်လိုဆေးဖက်ဝင်တာလဲ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ် ရှေးခေတ်ဆေးပညာမှာ ကင်းပုံကိုဆီးချိုရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ကင်းပုံပင်ရဲ့ ရိုးတံနဲ့အရွက်ကိုကြော်ချက်တာ ဒါမှမဟုတ် ဟင်းချိုခတ်သောက်တာဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် စားပေးခြင်းအားဖြင့် ဆီးချိုအတက်အကျ ထိန်းနိုင်စေပါတယ်တဲ့။ အဝလွန်မဖြစ်အောင် ကာကွယ်ပေးတယ် ကင်းပုံသီးက အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ သုတေသနကဖော်ပြထားပါတယ်။ သူက အဆီဆဲလ်မဖြစ်ခင်အခြေအနေမှာ ကြိုတင်တားဆီးပေးတာဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုနှုန်းပိုမြန်စေပြီးသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပါတယ်။ မောပန်းနုံးချိခြင်း သံဓါတ်ဟာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်ဓါတ်တစ်မျိုးပါ။ ကင်းပုံသီးမှာ သံဓါတ် ၁.၄ မီလီဂရမ်ပါဝင်လို့သွေးအားနည်းခြင်း၊မောပန်းနုံးချိခြင်းတွေကိုပြေပျောက်စေပါလိမ့်မယ်။ သံဓါတ်အားနည်းရင် ဖြစ်တတ်တဲ့ သွေးအားနည်းတာ အပါအဝင် တခြားလက္ခဏာတွေကိုပါ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

သွေးတွင်းသကြားဓါတ် တွေ များနေရင် ဆီးချိြုဖစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကိုယ်စားချင်တိုင်းလည်း စားမရ၊ ဆေးတွေလည်း တောက်လျှောက်သောက်ရတာကြောင့် ဆီးချိုလို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ရှောင်လွဲမရလို့ ကိုယ့်မှာဆီးချိုဖြစ်ခဲ့ပြီဆိုရင် တက်နေတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ အရေးကြီးဆုံးဖြစ်သလို ဆီးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ထားဖို့ကလည်း အရေးကြီးပါသေးတယ်။ ဒီတော့ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ကြိုပြီး ကာကွယ်လို့ရအောင် ဘယ်လို ကျန်းမာရေးစစ်ဆေးမှု ( medical checkup) တွေပုံမှန် စစ်ဆေးသ့င်သလဲ ။ ။ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို ၊ ဖြစ်တာကို စောစောသိရင် စောစောကုသလို့ရခြင်းကလည်း အရာရောက်တာကြောင့် ဆီးချို ဝေဒနာရှင်တိုင်း ခုပြောမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန် လုပ်ပေးဖို့လိုပါတယ်။ ( ၁ ) HbA1c test ဒါကတော့ဆီးချိုရှိသူတိုင်း မဖြစ်မနေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း