ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အိမ်က ဆီးချိုရှိတဲ့ဘိုးဘိုးဘွားဘွားတွေ အတွက် အစားအသောက်ကို ဘယ်လိုပြင်ဆင်ပေးကြမလဲ ။ ။

ဆီးချိုဆိုတဲ့ ရောဂါက ခက်တော့အခက်သား။ ကိုယ်စားချင်တာတွေ စားလို့မရ၊ စားချင်တိုင်းလည်း မစားရတဲ့ ရောဂါတစ်ခုဆိုတော့ ဆီးချိုဖြစ်ပြီဆိုတာနဲ့ မစားရတော့ဘူးဆိုပြီး စိတ်ညစ်တာက အရင် နောက်မှ ရောဂါရှိနေကြောင်း လက်ခံကြတာထုံးစံပါ။ အားလုံးလဲသိကြမှာပါ။ ဆီးချိုရှိပြီဆိုတာနဲ့ သကြားဆိုတာကိုယ့်ရန်သူ၊ ကိုယ်အကြိုက်ဆုံး ထမင်းဆိုလည်း အဝေးလေးကနေပဲ မျှော်ပြီးကြည့်နေရတဲ့ မြင်သာမြင် မကြင်ရတော့တဲ့သူ ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆီးချိုသမားတွေ ခေါင်းထဲတွေးလေ့ရှိတာတဲ့အတွေးလေးက ဘာများဖြစ်မလဲ။ ဆီးချိုဖြစ်ပြီဆို ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာလေးပေါ့။ ဆီးချို မထိန်းနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ နှလုံး၊ကျောက်ကပ်ရောဂါတွေကလည်း ရှိသေးတော့ ေသွးတွင်းသကြားဓါတ်ထိန်းမှ ဖြစ်မှာလေ။ သွေးတွင်းသကြားဓါတ်ကို ထိန်းတဲ့နေရာမှာလည်း အစားအစာက အဓိကဆိုတော့ ဟိုဟာနဲ့ မတည့် ဒီဟာလည်း စားမရ။ ဘာတွေ များစားလို့ရဦးမလဲ ။ ။ အရမ်းကြီးလည်း စိတ်ညစ်မသွားပါနဲ့။ ဆီးချိုဆိုတာ ဆေးချက်ချင်းမသောက်ရဘဲ အစားနဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု

ဆီးချိုက ခုနောက်ပိုင်းမှာ လူတော်တော်များများမှာ ခံစားရတဲ့ရောဂါတစ်ခုလိုတောင်ဖြစ်နေပါပြီ။ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံ လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသူအရေအတွက်ကတော်ေ်တာ်လေးများလာပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါက တစ်ကိုယ်တည်းနေတတ်တဲ့ရောဂါမဟုတ်တာတော့အသေအချာပါ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်ဖို့လိုအပ်လာမှာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အရေပြားထိန်းသိမ်နည်းလေးပြောပြပေးပါရစေ။ ဆီးချိုသမားတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုပါမယ် ဆီးချိုသမားတွေက ကိုယ်ခံအားနည်းနေတတ်ကြပါတယ်။ ဒါကဆီးချိုသမားတွေမှာမှ မဟုတ်ပါဘူး။ရောဂါအခံတစ်ခုခုခံစားနေရသူတိုင်းက ကိုယ်ခံအားနည်းတတ်ကြတာပါ။ ဆီးချိုရှိသူတွေက အရေပြားမှာရောဂါကူးစက်ခံရနိုင်ခြေ၊ အရေပြားထိခိုက်နိုင်ခြေက ပုံမှန်ထက် ပိုများနေတာတော့ အမှန်ပါ။ ဆီးချိုရောဂါရှိသူတွေမှာခြေထောက်နဲ့ နားအရေပြားတွေက ထိခိုက်မိနိုင်ခြေများသလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အရေပြားပြဿနာကို ခံစားနေရကြရတာပါ။ အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရသူ ၅၀ ရာခိုင်နှုန်းလောက်ကလည်း အရေပြားခြောက်သွေ့မှုကို ခံစားနေကြရပါတယ်။ အရေပြားယားယံမှုကြောင့် ကုတ်ရာကနေ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အပေါ်ယံအရေပြားလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ပြဿနာက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် အသင့်တော်ဆုံးအသီးအနှံများ

ဆီးချိုရှိပြီဆိုတာနဲ့ တက်မှာစိုးပြီး အသီးတွေလည်း မစားရဲ၊ ထမင်းလည်း မစားရဲနဲ့ ခန္ဓာကိုယ်မှာ ရသင့်တဲ့ အာဟာရဓာတ်တွေ အလုံအလောက်မရတော့ပါဘူး။ တချို့ကျလည်း သိပ်တွေးမနေဘဲ စားချင်ရာ မရှောင်တမ်းစားပစ်တာ ဆီးချိုက တက်လို့တက်မှန်းတောင် မသိတော့ပါဘူး။ ဒီအခြေအနေနှစ်မျိုးလုံးက ဆီးချိုဝေဒနာရှင်တွေရဲ့ကျန်းမာရေးကို ပိုဆိုးစေပြီး ဆီးချိုရဲ့နောက်ဆက်တွဲပြဿနာတွေဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေဟာ စားဖို့လည်း ကြောက်ဖို့မလို၊ မကြောက်ဘဲလည်း စားဖို့မသင့်၊ ထိန်းထိန်းသိမ်းသိမ်း စားသောက်နေထိုင်တတ်ဖို့ အရေးကြီးတယ်ဆိုတာ သိဖို့လိုပါတယ်။ ဆီးချိုရောဂါစားသောက်ပုံအကြံပြုချက်တွေကိုလေ့လာပါ၊ မှတ်သားပါ၊ ဆင်ခြင်ပါ။ ဒီတစ်ခါတော့ ဆီးချိုသမားတွေအတွက်ရွေးချယ်ဖို့ အသင့်တော်ဆုံးအသီးအနှံတွေကိုဖော်ပြပေးလိုက်ပါတယ်။ မကြာခဏစားလို့ရတဲ့ အသီးတွေက - ဘယ်ရီသီးတွေ -စတော်ဘယ်ရီ၊ဘလူးဘယ်ရီ တို့လို ဘယ်ရီသီးနွယ်ဝင်တွေဟာ အချိုဓာတ်ပါဝင်မှုနည်းပြီး တခြားအသီးတွေထက် သွေးတွင်းသကြားဓာတ်အပေါ်သက်ရောက်မှုနည်းကြပါတယ်။ ဘယ်ရီသီးတွေမှာ ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများကြီးပါတယ်လေ။ ပန်းသီး-ပန်းသီးဟာ အစေ့အဆန်တွေလို ပရိုတင်းများတဲ့အစားအစာတွေနဲ့တွဲဖက်စားသင့်တဲ့ အကောင်းဆုံးအမျှင်ဓာတ်အသီးတစ်မျိုးဖြစ်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

ခေတ်စနစ်တွေ တိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ရောဂါအခံနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဘာကြောင့် ဆီးချိုရောဂါဖြစ်ရတာလဲဆိုတာနဲ့ရောဂါလက္ခဏာတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက အမျိုးအစား - ၁ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ အမျိုးအစား - ၁ ဆီးချိုရောဂါ ဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့ အခြေအနေကြောင့် အမျိုးအစား - ၁ ဆီးချိုရောဂါ စဖြစ်လာပါတယ်။ ကိုယ်ခံအား ကမောက်ကမဖြစ်စေပြီး အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက ရောဂါပိုး […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိရင် နာနတ်သီးလုံးဝမစားရဘူးလား

နာနတ်သီးက အချိုပြင်းလို့ တခြားအသီးတွေထက်သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာမှန်ပါတယ်။ ဒါပေမယ့် နာနတ်သီးကြိုက်သူတွေအတွက်ကတော့ ဆီးချိုဖြစ်ရင် ငတ်ပါပြီလို့ အရမ်းကြောက်ကြရတာပါပဲ။ သရက်သီးကြိုက်တဲ့သူဆိုလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် ဆီးချိုဆိုတာနဲ့ အချိုမှန်သမျှအပြတ်ဖြတ်ဖို့မလိုဘူး၊ ချင့်ချိန်စားတတ်ရင် မငတ်ပါဘူး။အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ်တွေအပြင် အမျှင်ဓါတ်တွေ၊ ဗီတာမင်နဲ့သတ္တုဓါတ်ေတွလို အာဟာရဓါတ်တွေပါဝင်ပါတယ်။ နာနတ်သီးချစ်သူတွေ ဆီးချိုရှိရင် ဘယ်လိုရအောင်စားမလဲဆိုတာ အကြံလေးပေးမယ်နော်။ နာနတ်သီးနဲ့ ဆီးချို အသီးအများစုမှာ ေသွးတွင်းသကြားဓါတ်ညွှန်းကိန်း(GI)နည်းကြပါတယ်။ fructose နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကာဗိုဟိုက်ဒရိတ်တွေကို စုပ်ယူမှုနှေးအောင်၊ သကြားဓါတ်တည်ငြိမ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ GI ညွှန်းကိန်း အလယ်အလတ်အဆင့်မှာရှိတဲ့ နာနတ်သီးက တခြားအသီးတွေထက်တော့သွေးတွင်းသကြားဓါတ်ပိုတက်စေနိုင်တာ အမှန်ပါပဲ။ နာနတ်သီးကို အသင့်အတင့်စားလို့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်စွမ်းကို ထိန်းနိုင်ဖို့အတွက် အစေ့အဆန်တွေ၊ထောပတ်သီးတို့လို ပရိုတင်းနဲ့ အကျိုးပြုအဆီဓါတ်ပါဝင်တာတွေနဲ့ တွဲစားလို့ရပါတယ်။ နာနတ်သီး GI နဲ့ပတ်သက်ပြီး သိထားသင့်တာတွေက - အရမ်းမှည့်နေတာလား။ (မှည့်လေ ချိုလေ GI ပိုမြင့်လေ) ဘယ်လိုနည်းနဲ့စားမှာလဲ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း

သာမန်ထက် ထူးခြားတဲ့ အရောင်အသွေး၊ သွင်ပြင်သဏ္ဍာန်ရှိရင်ဆေးဖက်ဝင်တယ်၊လို့ ပြောကြတာများပါတယ်နော်။ ဥပမာပြောပြရရင် ဟင်းနုနွယ်အနီရောင်ကဆေးဖက်ဝင်တယ်၊ ဆလတ်ရွက်အနီရောင်က စားပေးရတယ် ခန္ဓါကိုယ်အတွက်ကောင်းတယ်၊ ကြက်အမဲရောင် အသားကလည်း စားရတယ်ဆေးဖက်ဝင်တယ်ဆိုတာမျိုးပေါ့။ ဒီတစ်ခေါက်တော့ အရောင်အသွေးထူးခြားမှုကြောင့်ဆေးဖက်ဝင်တယ်ဆိုတာက တကယ်မှန်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနာ်။ ခရမ်းရောင်ပြောင်းဖူးလေးကဆေးဖက်ဝင်ပါတယ် ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်မှာဖြစ်တဲ့ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလို အင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ ဒီတော့သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓါတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာ ကစီဓါတ်များတဲ့ပြောင်းဖူးကတော့ မပါတာအမှန်ပါပဲ။ ၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊သွေးတွင်းကိုလက်စထရောပမာဏလည်းကောင်းမွန်ပြီး၊သွေးပေါင်လည်းကျစေနိုင်တယ်လို့လည်းတွေ့ရှိခဲ့ရပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတဲ့ မေမေ့အတွက် ဝယ်ပေးသင့်တဲ့ အကောင်းဆုံးအစေ့အဆန်(၅)မျိုး

ကိုယ့်မိသားစုမှာ အားလုံးကျန်းမာပျော်ရွှင်နေတာကိုမြင်ချင်ကြတာလူတိုင်းပါပဲ။ မိသားစုဆိုတဲ့စကားလုံးလေးက ကိုယ်တည်ဆောက်တဲ့ကိုယ့်အိမ်ထောင်ကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ဆိုတာဖြစ်လာအောင်မွေးထုတ်ပေးခဲ့တဲ့သူတွေ၊ ကိုယ်ကမွေးဖွားလိုက်တဲ့ မျိုးဆက်သစ်လေးတွေ၊ ကိုယ့်ကိုစောင့်ရှောက်ခဲ့တဲ့ ဖိုးဖွားဆွေမျိုးတွေအားလုံးနဲ့သက်ဆိုင်တဲ့ဝေါဟာရလေးပါ။ ကိုယ့်သားသမီးတွေအတွက် အမြဲဂရုစိုက်စိတ်ပူပေးကြသလို ကိုယ့်ကိုတစ်သက်လုံးချစ်မြတ်နိုးစွာနဲ့ဂရုစိုက်ပေးခဲ့တဲ့ဖေဖေမေမေတို့အတွက်ရော အကောင်းဆုံးဖြည့်ဆည်းပေးဖို့ လိုပါတယ်။ကိုယ့်မိသားစုထဲက လူကြီးမိဘတွေမှာသွေးတိုး၊ဆီးချိုတို့လိုရေရှည်ဂရုစိုက်ပေးရမယ့်ရောဂါတွေရှိနေပြီဆိုရင်ရော ဂရုစိုက်ပေးဖို့ ကိုယ့်မှာကျန်းမာရေးဗဟုသုတပြည့်စုံလုံလောက်နေပြီလား။ အကောင်းဆုံးတွေပေးချင်လို့ဆိုပြီး စားကောင်းသောက်ဖွယ်တွေဝယ်ကျွေးလို့ရော ကိုယ့်မေမေကဘေးကင်းနိုင်ပါ့မလား။ သူ့ရဲ့ရောဂါအမျိုးအစား၊ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ကိုက်ညီပြီး အာဟာရပြည့်၊ အရသာရှိမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့က လိုအပ်လာပါပြီ။ မေမေ့မှာ ဆီးချိုရှိနေရင် အမျိုးအစား ၂ ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ဖြစ်လာပြီဆို ဘာမှမတည့်တော့ဘူး၊ အကုန်ရှောင်ရမယ်ဆိုပြီး လူကြီးတွေက စိတ်ဓါတ်ကျတတ်တယ်။ မထူးပါဘူးဆိုပြီး မရှောင်တမ်းစွတ်စားတဲ့လူကြီးဆိုးလေးတွေရှိသလို ဘာမှမစားရဲ၊မသောက်ရဲဘဲ အကုန်ငတ်ခံ၊ အာဟာရမဝင်၊ အားနည်းလာတဲ့ လူကြီးမိဘတွေရှိပါတယ်။ ဒီအချိန်မှာ သူတို့အတွက်လည်း စိတ်ကျေနပ်စေမယ့်၊ဆီးချိုလည်းမတက်စေနိုင်တဲ့ သရေစာမုန့်လေးတွေ စီစဉ်ပေးထားဖို့က ကိုယ်တွေတာဝန်ပဲနော်။ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့အစားအသောက်တွေထဲမှာ သရေစာအဖြစ်ရေနွေးကြမ်းလေးနဲ့စားလို့ရတဲ့ အစေ့အဆန်တွေအကြောင်းကိုပြောပြချင်ပါတယ်။မေမေတို့ကြိုက်မှာသေချာတဲ့ အကောင်းဆုံးအစေ့အဆန် (၅) […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း

ဆီးချိုရောဂါကို ဆင်းရဲသားရောဂါရယ်လို့ ခေါ်ကြတာရှိတယ်နော်။ စားကောင်းခြင်း မစားရဘူးပေါ့။ ဆန်ဆိုလည်း ဆန်ချောမစားရဘူး။ ဖြစ်နိုင်ရင် ထမင်းလျှော့စားပါလို့ ပြောတာမျိုးတောင် ရှိပါတယ်နော်။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းလေးကို အတူတူဆွေးနွေးကြရအောင်လား။ ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း အစားအစာ စားသောက်မှုပုံစံက ဆီးချိုရောဂါရှိသူတွေကို ကျန်းမာနေစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ သာမန်ကျန်းမာတဲ့ လူတစ်ယောက်အတွက်တော့ ဆန်လိုမျိုး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ ပါဝင်တဲ့ အစားအစာတွေက ကျန်းမာစေသလို အင်အားပြည့်စေပေမယ့် ဆီးချိုရောဂါခံစားနေရသူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ ဆီးချိုရောဂါရှိသူတစ်ဦး ကျန်းမာစေဖို့ ဒီအချက်တွေ ဂရုစိုက်ပေးဖို့လိုပါမယ် ဆီးချိုရောဂါရှိသူတွေက ကိုယ်တွင်းထဲမှာ အင်ဆူလင် လုံလောက်စွာမထုတ်နိုင်သလို အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ဆဲလ်တွေထဲကိုဝင်ရောက်စေဖို့နဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ ကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဆီးချိုရောဂါရှိသူအနေနဲ့ ကျန်းမာနေဖို့ဆိုရင် အစားအသောက်ကို သင့်တင့်မျှတအောင်စားသုံးဖို့လိုသလို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိရင် ဆူရှီစားလို့ရလား

ဆူရှီ လူတော်တော်များများကြိုက်ကြတယ်နော်။ ဂျပန် အစားအစာတစ်မျိုးပေါ့။နောက်တစ်ခု လူတော်တော်များများလက်ခံထားတာက ဆူရှီစားရင်ကျန်းမာတယ်ဆိုတဲ့ အချက်ပါ။ ဒီအချက်က လူတိုင်းမှာအကျုံးဝင်ရဲ့လား။ ဆူရှီစား ကျန်းမာတယ်ဆိုတဲ့ အဆိုက ဆီးချိုရောဂါရှိနေသူမှာတော့ အကျုံးမဝင်နိုင်ပါဘူး။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးကနေပြည့်ပြည့်စုံစုံရှင်းပြပေးပါရစေနာ်။ ဆူရှီက ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပြောရတဲ့ အကြောင်းအရင်း အများစုလက်ခံထားတာက ဆူရှီကရေညှိ၊ လတ်ဆတ်တဲ့ ပင်လယ်ငါးတွေ၊ ပင်လယ်စာတွေက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါ။ တကယ်လည်းကောင်းတာပါ။ ဂျပန်လူမျိုးတွေက ကမ္ဘာပေါ်ကလူတွေထဲမှာ အသက်ရှည်တဲ့ လူမျိုးစုတွေဖြစ်ကြပြီး သူတို့ရဲ့ စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တာ အမှန်ပါ။ ဆူရှီကို ဒီလိုလုပ်ထားတာပါ ဆူရှီစားဖူးတယ်ဟုတ်။ ဆူရှီမှာ ဆန်စေးစေးလေးကို အရသာဝင်အောင်နယ်ထားပြီးရေညှိလေးနဲ့ပတ်ထားပါတယ်။ အပေါ်ကနေတော့ ဆယ်လ်မွန်အသားလွှာ၊ တူနာ နဲ့ မက်ကာရယ်ငါးတွေကိုတင်ထားပါတယ်။ ဆူရှီလှလှလေးတွေကို ဝါဆာဘီ အနှစ်ရယ်၊ ပဲငံပြာရည်ရယ်၊ အချဉ်စိမ်ထားတဲ့ ချင်း အလွှာလေးတွေနဲ့စားရတာပါ။ မရောနိစ်နဲ့ တွဲဖက်စားတာမျိုးလည်းရှိပါတယ်။ခြုံပြီးကြည့်လိုက်ရင် ဆူရှီမှာပါတဲ့ အမယ်တွေက ကျန်းမာရေးနဲ့တော်တော်လေးညီညွတ်တာပါ။ ဆီးချိုရှိရင်ရော ဆူရှီစားလို့ရလား ဆီးချိုရှိတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ ရာသီဥတုအလိုက် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာ ဆီးချိုကြောင့် နေရထိုင်ရခက်တာမျိုး မဖြစ်စေဖို့ ဆီးချိုရှိသူတွေ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။ သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေတဲ့ အစားအစာတွေ အဓိကအားဖြင့်တော့သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့ ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ပရိုတင်း (အသားဓါတ်) အဆီဓါတ် အမျှင်ဓါတ် ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓါတ်တွေထက်သွေးတွင်းသကြားဓါတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေကသွေးတွင်းသကြားဓါတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓါတ်၊ ပရိုတင်းနဲ့ အဆီဓါတ်တို့က အစားစားပြီးချိန်မှာသွေးတွင်းသကြားဓါတ်မြင့်တက်မှုကိုလျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။ ဒီတော့ဘာလုပ်မလဲ။ အစားစားတဲ့အခါသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ခံစားရစေဖို့ ကစီဓါတ်၊ အသားဓါတ် နဲ့ အဆီဓါတ်တို့ကို သမမျှတအောင်စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓါတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။ ဆီးချိုရှိသူတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း