ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

ဆီးချိုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ၊ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေ လုပ်ဆောင်ပြီး ထိန်းသိမ်းလို့ ရပါတယ်။ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ ကျောက်ကပ် ပျက်စီးတာနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်ပါတယ်။ ဆီးချို ရောဂါ ခံစားနေရသူတွေမှာရော ဆီးချိုရောဂါ မရှိသူတွေမှာပါ  သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့က အတော်လေး အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်တက်တာက ဆီးချို အပြင် အဝလွန်တာ၊ နှလုံးရောဂါတို့လိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုဖြစ်တဲ့အခါမှာ ကုသတာအပြင် ဆီးချိုကြောင့် နောက်ဆက်တွဲ ထိခိုက်မှု နည်းစေဖို့ဆိုရင် ကိုယ်တိုင် သေချာလေး ဂရုစိုက် နေထိုင်ဖို့လည်း လိုပါမယ်။ ဒါကြောင့်  ဆီးချို ရှိသူရော မရှိသူတွေပါ  သွေးတွင်း သကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချို ခံစားရသူအရေအတွက်

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချို ရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါတယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။ ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။  ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါတစ်မျိုးလို့ ပြောပါရစေ။ မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။ ၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း နှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

နာတာရှည်ရောဂါရှိသူတွေရဲ့ လိုအပ်သမျှကို ဘေးကနေ ဖြည့်ဆည်းစောင့်ရှောက်ပေးနေသူတွေမှာ စိတ်ဖိစီးမှု၊ ပူပန်မှုနဲ့ ဖိအားတွေ မကြာခဏခံစားရတတ်ပါတယ်။ ဆီးချို ရောဂါရှိသူတစ်ယောက်ကို ပြုစုဂရုစိုက်ရတဲ့အခါ ကြုံတွေ့လာရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လိုလျှော့ချကြမလဲ။ ပြုစုစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဘာတွေ စိတ်ဖိစီးရလဲ လေ့လာမှုတွေအရ ပြုစုစောင့်ရှောက်သူတစ်ယောက်ဟာ ဆီးချိုလိုမျိုး နာတာရှည်ရောဂါရှိသူကို ဂရုစိုက်စောင့်ရှောက်ပေးရင်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ မြှုပ်နှံလုပ်ဆောင်ရတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာပါ။ တွေးကြည့်ပါ။ ဆီးချို ရှိသူတစ်ဦးရဲ့ လိုအပ်သမျှ ဆိုတဲ့အထဲမှာ သူ့ရဲ့သွေးတွင်းသကြားဓာတ် အတက်အကျကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေး၊ မှတ်တမ်းတင်ထားရမယ်၊ ဆေးတွေ အချိန်မှန်သောက်ရဲ့လား သေချာဂရုစိုက်ရမယ် ဆိုတာတွေ ပါဝင်တယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း(hypoglycemia) နဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia)တို့ရဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ် သတိထားနေရပါသေးတယ်။ လူနာက သက်ကြီးပိုင်းအရွယ် ဖြစ်နေရင် သူ့ရဲ့ဝေယျာဝစ္စတွေနဲ့ စားဖို့သောက်ဖို့ကို တာဝန်ယူထားရတဲ့ စောင့်ရှောက်သူမှာ ပိုပြီး စိတ်ဖိအားများရပါတယ်။ ဒီလိုဖိစီးမှုတွေကို […]


အမျိုးအစား (၁) ဆီးချို

အမျိုးအစား (၁) ဆီးချိုရောဂါရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

သင့်ကလေးလေးမှာ အမျိုးအစား  (၁) ဆီးချိုရောဂါ ရှိနေပြီလို့ သိလိုက်ရပြီဆိုရင် သင့်အနေနဲ့ ပြင်ဆင်စရာတွေ အများကြီး ရှိပါတယ်။  ဒီကလေးအတွက် စားသောက်နေထိုင်မှုပုံစံတွေ၊ ဆေးဝါးတွေ၊ နောက်ဆက်တွဲတွေ ဝင်မလာအောင်၊ ရောဂါပိုဆိုးမလာအောင် စသဖြင့် တတ်ကျွမ်းသူဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြုစုပေးရမှာပါ။ ဆီးချိုရောဂါဟာ အမြစ်မပြတ်တဲ့ အတွက် ကလေးကို တစ်သက်လုံးစောင့်ရှောက်ရမှာမို့လို့ နည်းလမ်းလေးတွေ မျှဝေပေးလိုပါတယ်။ ကလေးကို ကျန်းမာပျော်ရွှင်အောင် ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ။ ကလေးကို ကျန်းမာအောင် ဆီးချိုရောဂါရဲ့ အခြေခံအချက်တွေ ဖြစ်တဲ့ ဆေးဝါး၊ အစားအသောက်၊ လေ့ကျင့်ခန်း စတာတွေနဲ့ ပြုစုပေးရပါမယ်။ ဒါ့ပြင် ကလေးကို ရောဂါကြောင့် စိတ်ထိခိုက်ခြင်း မရှိအောင်လည်း အားပေးပျိုးထောင် ပေးရမှာ ဖြစ်ပါတယ်။ အစပိုင်းကာလတွေမှာတော့ မိဘရော ကလေးပါ အသားမကျသေးလို့ ပင်ပန်းနိုင်ပါတယ်။ တဖြည်းဖြည်းကြိုးစားသွားရင်တော့ သူများတွေလိုပဲ ပျော်စရာ ကောင်းတဲ့ မိသားစု […]


အမျိုးအစား (၂) ဆီးချို

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

ဆီးချိုရောဂါရှိတဲ့သူတွေဟာ တစ်နေ့တစ်နေ့ သူတို့ရဲ့ရောဂါအတွက် ဆေးဝါးတွေအပြင် အစားအသောက်၊ အနေအထိုင်ကစ သေသေချာချာ ဂရုစိုက်ကြရပါတယ်။ ယခုလို covid အချိန်မှာဆို ဆေးရုံ၊ဆေးခန်းလည်း သွားရတာအဆင်မပြေတာကြောင့် များသောအားဖြင့် ဆီးချိုရောဂါရှင်တွေဟာ အိမ်မှာ ကိုယ်ပိုင်စက်ကလေးတွေနဲ့ ပုံမှန်လေးဖောက်ပြီး စစ်ဆေးနေကြရပါတယ်။ သွေးတွင်းအချိုဓာတ်ကို ထိန်းနိုင်ဖို့က အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတဲ့ အချက်တွေကို ဂရုစိုက်ကြရမယ်ဆိုတာ အတော်များများသိနားလည်ကြပါတယ်။ တချို့က ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသေချာသောက်၊ အစားအသာက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်နေပါလျက်နဲ့ အိမ်မှာ စစ်ဆေးကြည့်တဲ့အခါ သွေးတွင်းအချိုဓာတ်များနေတာတွေကို တွေ့ရတာမျိုး ကြုံတွေ့ဖူးကြမှာပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အထက်ပါအချက်တွေအပြင် သွေးတွင်းအချိုဓာတ်ကို များစေနိုင်တဲ့ အခြားအကြောင်းအရာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ ၁။ စိတ်ဖိစီးမှုများခြင်း။ အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ ရှိတဲ့ သူတွေမှာ စိတ်ဖိစီးမှုများနေတဲ့အခါ […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား(၂) ဆီးချို

အမျိုးအစား (၂) ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်ရဲ့ သ​ကြားဓာတ် (ဂလူးကို့စ်) ဖြိုခွဲမှု ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတစ်မျိုးပါ။ ဂလူးကို့စ်က ခန္ဓာကိုယ်အတွက် စွမ်းအင်ဖြစ်ပေါ်စေဖို့ အရေးပါပါတယ်။ အမျိုးအစား (၂)  ဆီးချိုခံစားရတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေထဲ သကြားဓာတ်ရောက်ရှိစေဖို့ ထောက်ပံ့ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အင်ဆူလင်ကို မတုံ့ပြန်တာကြောင့် ဖြစ်ဖြစ်၊ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အခြေအနေမှာ ထိန်းနိုင်စေဖို့အတွက် အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အမျိုးအစား (၂) ဆီးချိုကို အရွယ်ရောက်မှ ဖြစ်တဲ့ ဆီးချိုလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ကလးအရွယ်ကတည်းက အဝလွန်တာ၊ နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တာတွေကြောင့် သတ်လတ်ပိုင်းမတိုင်ခင်မှာတင် အမျိုးအစား (၂) ဆီးချိုကို ခံစားရတာတွေရှိနေပါတယ်။ အမျိုးအစား (၂) ဆီးချို ခံစားရပြီဆိုရင် ကိုယ်အလေးချိန်ကို […]


ဆီးချို သွေးချို

ဆီးချိုရောဂါ

ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချို၊ ကိုယ်ဝန်ဆောင်ဆီးချို၊ မျိုးဗီဇဲလ်ထဲမှာပါလာတဲ့ ဆီးချို monogenic diabetes (MODY)၊ ပန်ကရိယ (မုန့်ချိုအိတ်)က အင်ဆူလင် ထုတ်တာနည်းလာတာကြောင့် ဖြစ်တဲ့ဆီးချို  (LADA) ဆိုပြီးပေါ့။ သုတေသီတွေက အခုလက်ရှိမှာ  သွေးတွင်းသ​ကြားဓာတ် ပမာဏက ဦးနှောက်ကျန်းမာရေးနဲ့  အတော်လေး ဆက်စပ်နေတာ​ကြောင့် အယ်လ်ဇိုင်းမားကို တစ်ခါတလေမှာ အမျိုးအစား (၃) ဆီးချိုရောဂါလို့ သတ်မှတ်တာမျိုး ရှိကြပါတယ်။ ဒီရောဂါက နေထိုင်မှုပုံစံ၊ မျိုးဗီဇအကြောင်းအရာတွေ၊ အသက်အရွယ်တွေနဲ့ သက်ဆိုင်နေတဲ့ ရောဂါ တစ်မျိုးပါ။ ဆီးချိုအမျိုးအစားတွေကြားက ဆင်တူမှုများ ဆီးချိုသွေးချို အမျိုးအစားတွေက အမျိုးအစားတွေအားဖြင့် […]


အမျိုးအစား (၂) ဆီးချို

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ အထူးသဖြင့် အမျိုးအစား-၂ ဆီးချိုဝေဒနာဟာ ပိုပြီးအဖြစ်များပါတယ်။ ဒီလိုအဖြစ်များတဲ့ရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။ ဒီအချက်ကို ဗြိတိန်နိုင်ငံက ကျန်းမာရေးပညာရှင်တွေရဲ့ လေ့လာချက်အရ သိလာခဲ့ရတာပါ။ အရွယ်ရောက်ပြီးချိန်မှာ အထီးကျန်နေတဲ့သူတွေဟာ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေ ဒါမှမဟုတ် ပြင်းထန်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ယခင်တုန်းကလည်း ဆီးချိုရောဂါဟာ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိထားတာမို့ ဆီးချိုရောဂါဟာ စိတ်ဝေဒနာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်ဆိုတာကို ပိုပြီးသိလာရတာဖြစ်ပါတယ်။ ဆီးချိုနဲ့ စိတ်အခြေအနေ ဘယ်လိုပတ်သက်နေတာလဲ များသောအားဖြင့် ဆီးချိုဝေဒနာကို ဖြစ်နိုင်စေတဲ့ ကိစ္စတော်တော်များများက ဆေးလိပ်သောက်သုံးတာ၊ အရက်သောက်သုံးတာ၊ သကြားမှီဝဲမှုအခြေအနေတွေ၊ ကိုယ်အလေးချိန်တွေနဲ့ ဆက်စပ်နေတာများတယ်လို့ လူအတော်များများသိကြပါတယ်။ ဒါပေမယ့် စိတ်အခြေအနေက ဆီးချီုဝေဒနာကို ပိုဆိုးရွားစေတယ်ဆိုတဲ့အချက်ကတော့ လူအတော်များများတွက် အသစ်အဆန်းဖြစ်ချင်စရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ လေ့လာချက်အသစ်ရဲ့ ဖော်ပြချက်အရဆိုရင် အထီးကျန်ဆန်ခြင်းဟာ Gen Z မျိုးဆက်ရဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါဟာ အင်ဆူလင်ဟော်မုန်းကို ကိုယ်ခန္ဓာကနေ ထိရောက်စွာ မထုတ်လုပ်နိုင်၊ အသုံးမချနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ ကိုယ်ခန္ဓာထဲမှာ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးချနိုင်အောင် အားပေးတာကြောင့် အင်ဆူလင်အာနိသင် မထိရောက်တဲ့အခါ သွေးတွင်းသကြားဓာတ်ဟာ မြင့်တက်လာပါတယ်။ သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းဟာ ကိုယ်ခန္ဓာမှာ ထိခိုက်အနာတရဖြစ်ရင် အနာကျက်နှေးသွားစေပါတယ်။ ဆီးချိုရောဂါသည်တွေမှာ ထိခိုက်ပွန်းခြစ်ခြင်း၊ ကွဲရှခြင်း၊ အပူလောင်ခြင်း စတာတွေကြောင့် အနာဖြစ်လွယ်တဲ့အပြင် ပျောက်ဖို့လည်း ခဲယဉ်းပါတယ်။ ခြေထောက်ဟာ ထိခိုက်မှုအများဆုံး ကြုံရတဲ့နေရာဖြစ်ပါတယ်။ သာမန်ထိခိုက်ရှနာလေးဖြစ်ရုံနဲ့ အနာဟာ ကြီးသွားတတ်ပါတယ်။ ထိရောက်စွာ မကုသရင် အနာရင်းပြီး ခြေထောက်ဖြတ်ရလောက်တဲ့ ဆိုးရွားသွားနိုင်ပါတယ်။ စစ်တမ်းများအရ ဆီးချိုဖြစ်ပြီး ခြေထောက်အနာဖြစ်သူများရဲ့ ၁၄-၂၄ ရာခိုင်နှုန်းခန့်ဟာ ခြေထောက်ဖြတ်တောက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများအနေနဲ့ မိမိကိုယ်ခန္ဓာမှာ အထူးသဖြင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း ရှိ၊ မရှိ […]


အမျိုးအစား (၂) ဆီးချို

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

အသုံးများလာတဲ့လက်ထိပ်သွေးဖောက်စစ် ဆီးချိုစစ်ဆေးစက်တွေ အသုံးပြုတော့မယ်ဆို သိထားသင့်တဲ့ အချက်တွေပြောပြပေးသွားပါ့မယ်။ နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် ဒီလိုအိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေ အသုံးပြုချိန်မှာ သိထားရမဲ့အချက်တချို့ကိုပြောပြပေးပါ့မယ်။ ၁. အိမ်မှာဆီးချိုတိုင်းမယ်ဆိုအသုံးပြုရမဲ့ ပစ္စည်းတွေကဘာတွေလဲ အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမဲ့အပ် (Lancet) နဲ့ သွေးကိုလက်ခံယူပြီးဆီးချိုတိုင်းတာစက်ကိုပို့ပေးမဲ့ Test strip ချောင်း တို့ပဲဖြစ်ပါတယ်။ ၂. အိမ်သုံးဆီးချိုတိုင်းတာစက်ကထွက်လာတဲ့အဖြေတွေက ဘယ်လောက်ထိတိကျမှုရှိလဲ စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေကထုတ်ပေးတဲ့အဖြေက အတော်လေးတိကျမှုရှိပြီး ဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့ဆီးချိုစစ်ဆေးမှုအဖြေနဲ့ အကြမ်းဖျင်း ၁၅% လောက်ပဲကွာခြားချက်ရှိနိုင်ပါတယ်။ ၃. အိမ်သုံးဆီးချိုတိုင်းတာစက်ရဲ့ တိကျမှုအပေါ်ဘယ်အချက်တွေကသက်ရောက်နေသလဲ ဒီအချက်တွေကြောင့် အိမ်သုံးဆီးချိုတိုင်းတာစက်ကထုတ်ပေးတဲ့အဖြေတွေ လွဲမှားနိုင်ပါတယ် Test strip ပြဿနာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း