ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလား ....... မာလကာသီး စားပါ။

ဆီးချို ရှိတယ်ဆိုရင် ဘာစားစား သေချာလေး ဂရုစိုက်ရပါတယ်။ အကြောင်းကတော့ အစားမှားတာနဲ့ သွေးချိုမြင့်သွားလို့ပါ။ သွေးချို ခဏခဏ တက်တာက ရေရှည်မှာ ကျောက်ကပ်ထိခိုက်တာ အပါအဝင် ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ဘာစားစား ဂရုစိုက်နေရတဲ့ ဆီးချိုရှိသူတွေမှာ သစ်သီးစားမယ်ဆိုရင်လည်း အတော်လေး ဂရုစိုက်ရပါတယ်။ အချို့သော သစ်သီးတွေက သွေးချို တက်စေနိုင်လို့လေ။ ဒီတစ်ခေါက်တော့ ဆီးချို ရှိသူတွေနဲ့ တည့်ရုံတင် မဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးနိုင်တဲ့ အသီးလေး တစ်ခု အကြောင်း နဲ့ ဒီ အသီးလေးက ဆီးချိုရှိသူတွေရဲ့ ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မာလကာသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ........ ဆီးချို ရှိသူတွေနဲ့ တည့်တဲ့ မာလကာသီးလေးမှာ အခုလို […]


အမျိုးအစား (၂) ဆီးချို

အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဘယ်လိုကွာခြားလဲ။

ဆီးချို လို့ဆိုလိုက်ရင် အားလုံးကို အတူတူပဲလို့ ယူဆတတ်ကြတာရှိသလို ဆီးချိုက နှစ်မျိုးရှိတယ်လို့ သိတဲ့သူတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဆီးချိုကို အမျိုးအစား-၁ ဆီးချို နဲ့ အမျိုးအစား-၂ ဆီးချို ဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီဆီးချိုတွေက အမျိုးအစားတွေ ကွဲပြားသလို လက္ခဏာတွေရော ကုသမှုတွေမှာပါ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးအစား-၁ ဆီးချိုနဲ့ အမျိုးအစား-၂ ဆီးချိုတို့ကြားက ကွာခြားချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတိုင်း အတူတူလား ....... ဆီးချိုလို့ အားလုံးကို ခြုံပြီး ပြောပေမယ့် ဆီးချိုမှာ အမျိုးအစား-၁ ဆီးချို၊ အမျိုးအစား-၂ ဆီးချိုဆိုပြီး အကြမ်းဖျဉ်း (၂) မျိုး ခွဲခြားထားပါတယ်။ အမျိုးအစား-၁ ဆီးချိုရော အမျိုးအစား၂ ဆီးချိုရော နှစ်ခုစလုံးက သွေးတွင်းသကြားဓာတ် ပုံမှန်ထက် မြင့်တက်နေတာပါ။ အကြောင်းကတော့ ခန္ဓာကိုယ်က […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချိုရောဂါက သေချာမကုဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲပြဿနာ တွေ ဝင်လာနိုင်ပါတယ်။ သေချာကုနေတာတောင်မှ လူနာက သွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေက ထင်ထားတာထက် မြန်မြန်ရောက်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတာကို လုံးဝသိမနေဘဲ နောက်ဆက်တွဲဝေဒနာတစ်ခုခု ခံစားရမှ ဒါကို လာပြရင်း နောက်ကြောင်းပြန် စစ်ကြည့်လိုက်တဲ့အခါမှ ဆီးချိုရောဂါရှိနေတာကို သိလာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်တက်ရုံပဲ ဆိုပေမယ့် ဒီသကြားဓာတ်တွေက ခန္ဓာကိုယ်က ဆဲလ်တိုင်းက လိုအပ်နေတာကြောင့် ပုံမှန်အတိုင်း မဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ များ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ တွေထဲမှာ ရုတ်တရက် အခြေအနေပိုဆိုးလာပြီး အရေးပေါ်ကုသဖို့ လိုအပ်တာ ရှိသလို နာတာရှည်ဝေဒနာအနေနဲ့ တဖြည်းဖြည်း ပျက်စီးလာတာတွေလည်း ရှိပါတယ်။ ရုတ်တရက် ဖြစ်တတ်တဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာများ သွေးတွင်းသကြားဓာတ် […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......

ပန်းသေပန်းညှိုးဖြစ်တာက ဆီးချိုရှိတဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းလောက်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဆီးချိုရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချို စရှိပြီး ၁၀ နှစ် ကနေ ၁၅ နှစ်တာ ကာလအတွင်းမှာ ပန်းသေပန်းညှိုးရောဂါကို အခြေအနေ အတိုင်းအတာ တစ်မျိုးစီနဲ့ ရင်ဆိုင်ရပါတယ်။ ဒီပြဿနာက သက်လတ်ပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် အသက် ၇၀ ကျော်လာပြီဆိုရင်တော့ ဒီ ကျန်းမာရေးပြဿနာရဲ့ သက်ရောက်မှုက အတော်လေး ပြင်းထန်လာတာမျိုးရှိနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ ဘာလို့ ပန်းသေပန်းညှိုး ဖြစ်ရတာလဲ ....... ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဆီးချို ဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်က အာရုံကြောတွေ၊ ကြွက်သားတွေ နဲ့ သွေးကြောတွေက […]


အမျိုးအစား (၂) ဆီးချို

အချို စားလို့ ဆီးချိုဖြစ်တာလား ...........

ဆီးချိုလို့ ပြောလိုက်ရင် လူတော်တော်များများက အချို စားလို့လို့ ထင်တတ်ကြပေမယ့် တကယ်ကတော့ ဆီးချိုဆိုတာ အချိုစားတာ တစ်ခုတည်းကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အချို စားတာများတာကြောင့် ဖြစ်တယ်ဆိုတာထက် သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်။ ဆီးချိုကို အဓိကအားဖြင့် အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး ခွဲခြားထားပေမယ့် ဒီဆောင်းပါးလေးထဲမှာတော့ အဖြစ်များတဲ့ အမျိုးအစား (၂) ဆီးချိုက အချိုစားလို့ ဖြစ်တာလား ဘာတွေကများ ဖြစ်စေနိုင်တာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီတော့ ကိုယ်တိုင်က ဆီးချို ဖြစ်မှာ ကြောက်တယ်ဆိုပေမယ့် သတိမထားမိဘဲ ဆီးချို ဖြစ်စေနိုင်တဲ့ အလေ့အထတွေကို လုပ်မိနေလားဆိုတာကို ဆောင်းပါးလေးကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုလူနာတွေမှာ သွေးကြောထိခိုက်မှု ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

ဆီးချိုရောဂါဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သေချာမကုသဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရမှာပါ။ ဒီထဲမှာ ဆီးချိုကြောင့် သွေးကြောထိခိုက်မှု တွေ ဖြစ်ပြီး သွေးကြောတွေ ကျဉ်းတာလည်း ပါပါတယ်။ သွေးကြောတွေ ကျဉ်းလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရတာကြောင့် ရေရှည်မှာ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးတတ်ပါတယ်။ သွေးကြောရောဂါတွေက ပြင်းထန်ပြီး ဆီးချိုလူနာတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတာကြောင့် သတိထားသင့်ပါတယ်။ ဆီးချိုရောဂါရှင်တွေမှာ သွေးကြောထိခိုက်မှု တွေ ဘာကြောင့် ဖြစ်ရတာလဲ။ အဓိက အချက်ကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်လို့ပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလွန်းနေတာက ရေရှည်မှာ ဆဲလ်နဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ သွေးကြောနံရံတွေမှာ […]


အမျိုးအစား (၂) ဆီးချို

အဝလွန် သူများအတွက် ဆီးချိုထိန်းနည်း

အဝလွန် တာက ဆီးချိုသွေးချိုရောဂါကို တိုက်ရိုက် ဖြစ်စေတာ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေများစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါအတွက်ပါ။ ကံကောင်းတာက အဝလွန်တာက ပြုပြင်လို့ရတဲ့ အချက်ပါ။ အဝလွန်တာက ဆီးချိုရောဂါကို ဖြစ်နိုင်ခြေများစေသလို ဖြစ်လာခဲ့ရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်စေတာကြောင့် နောက်ဆက်တွဲတွေ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ ပြောင်းပြန် အဝလွန်တာကို ထိန်းမယ်ဆိုရင်တော့ ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။ အဝလွန် တယ်ဆိုတာ အဝလွန်တယ်ဆိုတာကို လူအများရင်းနှီးပြီးသားဖြစ်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း Body Mass Index (BMI)နဲ့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းဗိုက်ပြဿနာ

ဆီးချိုရောဂါရှင်တွေက နည်းနည်းလောက် သက်တမ်းကြာလာပြီဆိုရင် ဒီပြဿနာလေးတွေ ပြောလေ့ရှိပါတယ်။ ဆရာရယ် အစာမကြေဘူး၊ အမြဲတမ်း ရင်ခေါင်းတောင့်တယ်။ ဗိုက်ကယ်တယ်။ ရင်ပူတယ် စသဖြင့် ဝမ်းဗိုက်ပြဿနာ ပေါင်းများစွာကို ပြောပြလေ့ရှိပါတယ်။ ဆီးချိုက ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်၊ သက်တမ်းကြာလာပြီဆိုရင် နောက်ဆက်တွဲတွေ ဖြစ်တတ်တယ်ဆိုတာ ဆီးချိုရှိတဲ့သူတိုင်း သိပါတယ်။ သူတို့ ခုလို ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာတွေကရော ဆီးချိုကြောင့်ပဲလား။ ဘာကြောင့် ဝမ်းဗိုက်ပြဿနာ တွေ ခံစားရတာလဲ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆီးချိုသက်တမ်းကြာလာလေလေ (အမျိုးအစား ၁ပဲဖြစ်ဖြစ်၊ ၂ပဲဖြစ်ဖြစ်) ကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ပါပါတယ်။ ဝမ်းဗိုက်ပြဿနာတွေက ဆီးချိုကို ဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ အဝလွန်ခြင်း)ကြောင့် ဖြစ်နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ HbA1cလို့ ခေါ်တဲ့ သုံးလဆီးချိုဓာတ်တက်တာ၊ […]


အမျိုးအစား (၂) ဆီးချို

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။ အဝလွန်တယ်ဆိုတာ အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ Body mass index (BMI) ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

ဆီးချိုရောဂါ ရှိတဲ့သူတွေကို မှာလေ့ရှိတာက အနာတွေ ဖြစ်အောင် မနေနဲ့နော်။ မကျက်တဲ့အနာ ရှိရင် ပြောနော် စသဖြင့် မှာလေ့ရှိပါတယ်။ လူနာတွေကလည်း ဆီးချိုရှိရင် သူများထက် ရောဂါ ပိုးဝင်လွယ် တယ်။ အနာတွေ ဖြစ်ရင် ကျက်ဖို့ နှေးတယ်ဆိုတာ သိထားပြီးသားပါ။ ဒါဆိုရင် သူတို့တွေ ဘာကြောင့် သူများတွေထက် ပိုးဝင်လွယ်၊ အနာဖြစ်လွယ် နေရတာလဲ။ ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။ သွေးတွင်းသကြားဓာတ်များခြင်း သွေးတွင်း သကြားဓာတ်များတာက ခုခံအားကို ကျစေပါတယ်။ ဒါ့ပြင် သွေးနဲ့ တစ်ရှူးတွေမှာ သကြားဓာတ်တွေ များလေလေ ဘက်တီးရီးယားတွေ ပိုပွားလေလေ၊ ပိုးဝင်လွယ်လေလေပါပဲ။ အာရုံကြောထိခိုက်ခြင်း ဆီးချိုရောဂါရှိတဲ့သူတွေက အာရုံကြောထိခိုက်တာကြောင့် ထုံတာ ကျဉ်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပါ။ ထုံနေတဲ့အတွက် ထိလို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း