ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင် နှင့် အလွဲများ

ဆီးချို ...... ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ရပ်ပါ။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆီးချို ခံစားနေရသူ အရေအတွက်တွေ တိုးလာပါတယ်။ ဆီးချိုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေရသူတွေလည်း မနည်းပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးချိုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကုထုံးတစ်ရပ်လို့ ယူဆထားတဲ့ အင်ဆူလင် ကုထုံးအပေါ် မှားယွင်း သိရှိထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ကတော့ အင်ဆူလင်က ဆီးချိုရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ နည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်နဲ့ ပတ်သက်ပြီး မှားယွင်း သိထားနိုင်တာလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးသွားပါမယ်။ အင်ဆူလင် နှင့် အလွဲများ အင်ဆူလင်က ဆီးချို ရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံး တစ်ရပ်ဆိုပေမယ့် အခုလိုလေးတွေ မှားသိထားနိုင်ပါတယ်။ Myth […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။ ဟင်းချက်ဆီ ဆိုတာကို ဟင်းလျာတွေ ချက်ဖို့ အသုံးပြုလေ့ ရှိသလို အသုပ်တွေမှာလည်း ထည့်စားတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ငါးခြောက်၊ အသားခြောက်။ လက်ဖက်စတာတွေကို စိမ်ပြီးတော့ စားရာမှာလည်း ဆီကို အသုံးပြုကြတာပါ။ ဟင်းချက်ဆီက နေ့စဉ် စားသောက်မှုမှာ မပါမဖြစ် ပါဝင်နေတဲ့အရာတစ်ခုပေါ့။ ကျန်းမာတဲ့သူတွေအတွက်က ဟင်းချက်ဆီက သိပ်ပြဿနာ မရှိပေမယ့် ဆီးချိုရှိတဲ့သူအတွက်ကတော့ ဆီးချိုအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မတိုးစေဖို့ ဘယ်လို ဟင်းချက်ဆီ အမျိုးအစားက အကောင်းဆုံး ဖြစ်မလဲ။ဘယ်ဟင်းချက်ဆီကတော့ အန္တရာယ်ဖြစ်စေမလဲဆိုတာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက နေ့စဉ် စားသုံးမှုအတွက် အသုံးပြုနေတဲ့ ဟင်းချက်ဆီ အများစုက ကျန်းမာရေးကို အကျိုးပြုနေတာမျိုး မရှိဘဲ ထိခိုက်စေနိုင်ခြေ ပိုများနေတာကြောင့်ပါ။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။ ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ဆီးချိုရှိသူတွေ လိုက်နာရမယ့် စားသောက်မှုပုံစံက သီးသန့်ရှိပါတယ်။ ဒီစကားကြောင့် စိတ်ထဲမှာ ရှုပ်ထွေး မသွားစေချင်ပါဘူး။ ဆီးချိုရှိတယ်ဆိုတာနဲ့ စားနေကျ အစားအစာတွေကို လုံးဝ မစားရတော့ဘူး။ အပြီးတိုင် စွန့်လွှတ်ရတော့မယ်လို့ မတွေးစေချင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံး လုပ်ရမယ့် ခြေလှမ်း တစ်ရပ်က ဆီးချိုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ စားသောက်မှုပုံစံကို သိရှိဖို့နဲ့ နောက်တစ်ဆင့်က လိုက်နာဆောင်ရွက်ဖို့ပါ။ ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ​ကြားဖူးမိနေမယ့်  ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ရှိနေနိုင်ပါတယ်။ ဒါကတွေက မှန်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။ ဆီးချိုရှိရင် သကြား လုံးဝ ရှောင်ရမယ် ဆိးချို ရှိပြီဆိုတာနဲ့ သကြားကို လုံးဝ ရှောင်လိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့် သ​ကြားပါဝင်မှုကိုတော့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆီးချိုက နာတာရှည်ရောဂါ ဆိုပေမယ့်လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်မယ်ဆိုရင် သက်တမ်းစေ့စေ့ နေထိုင်မှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသုံးရမလဲ။ ဘယ်အချက်လေးတွေကို ဂရုစိုက်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆိုတာ ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာပျော်ရွှင်စွာနဲ့ သက်တမ်းစေ့စေ့နေနိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ကာဗိုဟိုက်ဒရိတ်ကို ရွေးချယ်ပါ ကာဗိုဟိုက်ဒရိတ် အားလုံးက သွေးတွင်းသကြားဓာတ် အပေါ်မှာ သက်ရောက်မှု ရှိနေတာကြောင့် ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိရင် ကာဗိုဟိုက်ဒရိတ် မစားရတော့ဘူးလားဆိုတေ့ာ မဟုတ်ပါဘူး။ ကျန်းမာစေမယ့် အစားအစာကို ရွေးချယ်ဖို့နဲ့ ပမာဏကို သတိထားရမှာပါ။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

သောက်စရာ တစ်ခုခုကို ရွေးချယ်တဲ့အခါ သာမန် ကျန်းမာနေသူ တစ်ယောက်အတွက်က ဘာမဆို အဆင်ပြေတယ်ဆိုပေမယ့် ဆီးချိုရှိသူတွေ အတွက်ကတော့ ထည့်သွံင်းစဉ်းစားရမယ့် အချက်တွေ များသလို အထပ်ထပ်လည်း စဉ်းစားရပါတယ်။ တစ်ခုခု သောက်တော့မယ်ဆိုရင် ပထမဆုံး စဉ်းစားမိတာက အချိုများမလား၊ တည့်ပါ့မလား၊ ဘယ်လောက်လောက် သောက်လို့ရမလဲ။ သွေးတွင်းသကြားဓာတ် မြင့်တက်စေမလားဆိုတာတွေပေါ့။ ဆီးချိုရှိသူတွေ ကိုရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ  ဆီးချိုရှိသူတွေကို ကျန်းမာရေး  ညီညွတ်စွာနဲ့ ရေဓာတ် ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကတော့ (၁) သောက်ရေ ရေသန့်သန့်လေးက ဆီးချိုရှိသူတွေ ရဲ့ ရေဓာတ်လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်စွမ်းပေးမယ့် သောက်စရာလေးပါ။ ရေက ကာဗိုဟိုက်ဒရိတ်ရော၊ ကယ်လ်လိုရီ ပါဝင်မှုရော သုညပါ။ ဒါကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှာကို စိတ်ပူစရာ မလိုဘဲ စိတ်ရှိတိုင်း သောက်သုံးပေးလို့ ရပါတယ်။ (၂) အဆီထုတ်နို့ အဆီထုတ်နို့က ကာဗိုဟိုက်ဒရိတ် ပါဝင်နေပေမယ့် ဆီးချိုရှိသူတွေ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း ဆီးချိုရောဂါ ခံစားနေရသူတွေက အခြားသူတွေထက် ရေဓာတ် ဆုံးရှုံးနိုင်ခြေပိုများပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကြောင့် ထိခိုက်နိုင်ခြေကလည်း ပိုများနေပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များလေလေ သွေးတွင်းသကြားဓာတ်ပမာဏက ပိုတိုးလာလေလေပါ။ ဆီးချို လည်း ရှိမယ် အသက်အရွယ်ကလည်း ၅၀ ကျော်ဖြစ်နေမယ်ဆိုရင်တော့ ရေဓာတ် မဆုံးရှုံးဖို့က အတော်လေး အရေးကြီးပါတယ်။ အသက်ကြီးလာတဲ့အခါ ရေသောက်တာ နည်းလာတာကြောင့် ရေဓာတ်ပြည့်ဝမှု အားနည်းတတ်ကြသလို ဆီးချိုလည်း ရှိမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်ခြေက အတော်လေး များတာကြောင့်ပါ။ ရေဓာတ်ခမ်းခြောက် နေတာလား....... ရေဓာတ်ခမ်းခြောက် နေတာလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်။ ရေဆာမယ် ခေါင်းကိုက်မယ် ခံတွင်းခြောက်မယ် မျက်လုံးခြောက်မယ် ငြီးစီစီဖြစ်မယ် ပင်ပန်းနွမ်းနယ်မယ် ဆီးအရောင်ရင့်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက် ခြင်း လက္ခဏာတွေက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ ကုသလို့ပျောက်ကင်းနိုင်လား

ဆီးချိုရောဂါ ကုသလို့ပျောက်ကင်းနိုင်လား ........ အနာသိရင် ဆေးရှိတယ်။ ပြဿနာသိရင် အဖြေရှိတယ်ဆိုပေမယ့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ ၂ ပုံလောက်ကို ခြိမ်းခြောက်နေတဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းကတော့ အခုထိ မရှိသေးပါဘူး။ ဆီးချို အမျိုးအစား (၁) အတွက်ရော ဆီးချို အမျိုးအစား (၂) အတွက်ပါ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါဆိုရင် ဆီးချိုဖြစ်တာနဲ့ ဘဝဆုံးပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။ ဆီးချိုရောဂါ ကုသလို့ပျောက်ကင်းနိုင်လား ဆီးချိုရောဂါ ဆိုတာမျိုးက နာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပေါ့။ ကိုယ့်ကြောင့် အခြားသူတွေဆီကို ကူးစက်စေတာမျိုးလည်း မရှိတာကြောင့် ကိုယ်တိုင်က ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူရုံပါ။ ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်လို့ခေါ်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီ ဆီးချို အမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင် ဆီးချို ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင် မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။ ကိုယ်ဝန်ဆောင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချို ရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ သွေးကြောများကို ထိခိုက်လာနိုင်ပါတယ်။ အာရုံကြောများ ခံစားသိရှိမှုအားနည်းသွားလို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (အထူးသဖြင့် ခြေထောက်) ထိခိုက်ဒဏ်ရာရပြီး အနာများဖြစ်လာနိုင်ပါတယ်။ အိပ်ရာပေါ် ကာလကြာရှည် လှဲလျောင်းနေရသူများဟာလည်း အိပ်ရာပူနာများ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ဆီးချို ရောဂါရှိသူများမှာ အနာဖြစ်ခဲ့ရင် သေချာစွာ ဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။ ဆီးချိုအနာများ ကို ဂရုမစိုက်ဘဲထားရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးသော အခြေအနေကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ရခြင်း ဖြစ်ပါတယ်။ ဥပမာ ခြေချောင်းလေးများမှာ အနာဖြစ်ပြီး ကောင်းကောင်းမကျက်တာကြောင့် ဖြတ်ပစ်ရခြင်းမျိုး ဖြစ်ပါတယ်။ ဆီးချိုအနာများ အကျက်မြန်စေရန် ဘယ်လိုဂရုစိုက်ရမလဲ ဆီးချို ရှိသူများမှာ အနာဖြစ်လာပြီဆိုရင် အနာဟာ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ မပေါ့ဆဘဲ ဂရုစိုက် ကုသရပါတယ်။ ဆီးချိုအနာများ ကို မိမိဖာသာ […]


အမျိုးအစား (၂) ဆီးချို

အိမ်မှာအင်ဆူလင် ဘယ်လိုထိုးမလဲ။

ဆီးချိုရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အင်ဆူလင်ဆိုတာ အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေကို ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။ အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ ပန်ကရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာပါ။ အင်ဆူလင်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း