ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အူမကြီးကင်ဆာ

အူမကြီး ကင်ဆာ

အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီး ကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တာပါ။ အူမကြီးအတွင်းပိုင်း အသားပိုလေးတွေကနေလည်း ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ စဖြစ်စက ကင်ဆာကျိတ် မဟုတပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကင်ဆာကျိတ် ပုံစံ ပြောင်းသွားတာပါ။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာအား ခွဲစိတ်ကုသခြင်း

အဆုတ်ဟာ ရေမြှုပ်လို ဖောင်းပွတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားရင်တော့ အဆုတ်ထဲမှာ အကျိတ်တွေဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်လာပါတယ်။ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ခံစားလာရပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနေတယ်လို့ သတ်မှတ်ပြီးတာနဲ့ ကုသမှုအတွက် နောက်တဆင့်ကို စဉ်းစားရပါပြီ။ အဆုတ်မှာ စတင်ဖြစ်ပွားတယ်ဆိုပေမယ့် ထိရောက်စွာ မကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသနည်းတွေထဲက တမျိုးကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အဆုတ်ထဲက အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစား၊ တခြားနေရာများကို ပျံ့နှံ့မှု ရှိမရှိ စတာတွေပေါ် မူတည်ပြီး စဉ်းစားပါတယ်။ စောစီးစွာ သိရှိပြီး အဆုတ်ကင်ဆာအကျိတ်တွေကို ခွဲစိတ်ကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ကာကွယ်နိုင်ပါတယ်။ ခွဲစိတ်ကုသနည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အပိုင်းလိုက်ခွဲစိတ်ခြင်း (Lobectomy) လူ့ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခုရှိပြီး […]


ရင်သားကင်ဆာ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ

အမျိုးသားမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာလောက်တော့ အဖြစ်မများဘူးပေါ့။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားဆဲလ်တွေ၊ တစ်ရှူးတွေ ရှိနေတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တာပါ။ အမျိုးသားတွေက အမျိုးသမီးတွေလိုတော့ ရင်သားကနေ နို့ရည်ကို မထုတ်လုပ်ဘူးဆိုပေမယ့် ရင်သားကင်ဆာကတော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား အယောက် တစ်ထောင်မှာ တစ်ဦးနှုန်းလောက် ရင်သားကင်ဆာ​ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နေလားဆိုတာကို ရင်သားထိပ်ခေါင်း အောက်ဘက်နားမှာ ခပ်မာမာ အဖုအကျိတ်ရှိနေလားဆိုတာကို ဆန်းစစ်တာကနေ တဆင့် သိနိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ရင်သားကင်ဆာ​ကြောင့် သေဆုံးနိုင်ခြေမြင့်ပါတယ်။ အကြောင်းကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို သတိထားမိတာ နည်းတာကြောင့်ပါ။ ဒီလိုကနေ […]


အခြားကင်ဆာများ

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ် ရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်အချို့ နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။ သကြား အများကြီးစားမိတယ် ချိုချိုလေးမှ ကြိုက်တယ်ဆိုပြီး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ရောင်ရမ်းမှုကို ဖြစ်စေတာလိုမျိုး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို အမျိုးသားဆို လက်ဖက်ရည်ဇွန်း ၉ ဇွန်း၊ အမျိုးသမီးဆို ၆ဇွန်းထက် ပိုမစားသင့်ပါဘူး။ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာဆိုတာ အဖြစ်အများဆုံး ကင်ဆာတွေထဲကတစ်ခုပေါ့။ အမျိုးသမီးရော အမျိုးသားမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရင်သားမှာတင် မဟုတ်ဘဲ အခြားနေရာတွေဆီကိုပါ ပြန့်နှံ့နိုင်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာ ရင်သားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ ဒါတွေ ပါအောင် စားပေးပါ။ မှို မှိုစားသုံးပေးတာက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တစ်နေ့ကို မှို ၁၀ ဂရမ်စားသုံးတာက ရင်သား ကင်ဆာ ခံစားရနိုင်ခြေကို ၃ ပုံ ၂ ပုံအထိ လျှော့ချပေးနိုင်ပါတယ်။ မှိုက ဗီတာမင် D ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် မှိုစားပေးပါ။ သစ်ကြားသီး ရင်သားကင်ဆာ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ သဘာဝအတိုင်း ကာကွယ်ပါ

ရင်သားကင်ဆာကို ကာကွယ်ဖို့ နည်းလမ်း တိတိကျကျ မရှိသေးပေမယ့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချချင်တယ်ဆိုရင် လိုက်နာနေနိုင်ရမယ့် နေထိုင်မှု ပုံစံတွေ ရှိပါတယ်။ ဒါဆိုရင် ရင်သားကင်ဆာကို ကာကွယ်ဖို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ရင်သားကင်ဆာ ကာကွယ်နိုင်စေမယ့် နည်းလမ်းများ အခုပြောပြမယ့် နေထိုင်မှုပုံစံလေးတွေကို လုပ်ဆောင် ကျင့်သုံးရင်း ရင်သားကင်ဆာကို ကာကွယ်လိုက်ပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ ကိုယ်အလေးချိန်များတာက ရင်သားကင်ဆာ ဖြစ်နိုင်​ခြေ တိုးစေတဲ့ အချက်တစ်ခုပါ။ အထူးသဖြင့် သွေးဆုံးပြီးချိန်မှာ ကိုယ်အလေးချိန် များနေတာက ရင်သားကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။ အရွယ်ရောက်လာချိန်ကစပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းမှသာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိနိုင်ပြီး ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ကိုယ်အလေးချိန် ထိန်းသိမ်းတာက ရင်သားကင်ဆာကိုတင် မဟုတ်ဘဲ အခြား ကျန်းမာရေးပြဿနာတွေကိုပါ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ

ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။ ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။  ရင်သားကင်ဆာက […]


ရင်သားကင်ဆာ

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ ခါးသေးရင်ချီလေးမှ လှတာဆိုပြီး ရင်သား ကြီးတာကို ဂုဏ်ယူစွာပြောနေသူတွေက ဒုနဲ့ဒေးပါ။ ရင်သားကြီးတာက တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားဆိုတာကို ရင်သား ကြီးအောင် ဆေးထိုးတာ၊ ဆေးလိမ်းတာတွေ မလုပ်ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ ရင်သားကြီးတိုင်း မကောင်းပါ။ ရင်သားကြီးတိုင်း ပိုလှ မသွားပါဘူး။ ရင်သား ကြီးတာက ရောဂါ ပိုတိုးစေနိုင်ပါတယ်။ လေဒီ......... ဒီလိုပြောရတာက ရင်သား ကြီးတာက ခန္ဓာကိုယ်မှာ နာကျင်မှု ဖြစ်စေပါတယ် ရင်သား ကြီးတာက ကိုယ်နေဟန်ထား မမှန်တာကို ဖြစ်စေပြီး ကျောရိုးတွေအပေါ်မှာ ဝန်ပိစေပါတယ်။ မတ်တတ်ရပ်တဲ့အချိန်မှာ ပိုသိသာပါတယ်။ ရင်သားက ရှိသင့်တာထက် ပိုကြီးနေမယ်ဆိုရင် ခန္ဓာကိုယ်မှာ နာကျင်မှု များစွာကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ […]


အခြားကင်ဆာများ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အခုနောက်ပိုင်း အနေအထိုင်၊ စားသောက်မှုပုံစံတွေကြောင့် ကင်ဆာတွေ အဖြစ်များလာပါတယ်။ အဆုတ်၊ ရင်သား၊ အသည်း၊ အစာအိမ်၊ အူမကြီးကစလို့ ခန္ဓာကိုယ်နေရာ အတော်များများမှာ ကင်ဆာတွေ ဖြစ်လာပါတယ်။ ဒီကင်ဆာတွေက ကာကွယ်လို့ရပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်နည်းပေမယ့်လည်း ကာကွယ်ထားရင် မမှားတဲ့ ကင်ဆာ အမျိုးအစားတစ်ခုဖြစ်တဲ့ အစာရေမျို ကင်ဆာလေးအကြောင်း ပြောပြပေးပါရစေ။ အစာရေမျိုကင်ဆာ ဘာတွေကြောင့်ဖြစ်ရတာလဲ။ အစာရေမျိုကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသက်အရွယ် အစာရေမျိုကင်ဆာက အသက် ၅၀ နဲ့ အထက်လူတွေမှာ အဖြစ်များပါတယ်။ ကျား/မ ကွာခြားချက် အစာရေမျိုကင်ဆာက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဆေးလိပ် နဲ့ အရက် ဆေးလိပ်နဲ့ အရက်ကို အချိန်ကြာမြင့်စွာ သုံစွဲလာတာ၊ အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း အစာရေမျိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါရှိတာ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ရောဂါ ခံစားရမယ်ဆိုရင် သေချာ ကုသဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် […]


အခြားကင်ဆာများ

အဝလွန် မှုရဲ့ နောက်ဆက်တွဲကင်ဆာအမျိုးအစားများ

ဝလို့ လှလို့ပဲ ရှိတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတုန်းလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုပါပြီ။ အကြောင်းကတော့ ဝတိုင်း မလှပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် အဝလွန် လာမယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် အထဲမှာ ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အဝလွန် တာနဲ့ ကင်ဆာ ဆက်စပ်မှုရှိလား ? ကင်ဆာ အများစုက အဝလွန် ခြင်းကနေ အရင်းခံလာတာ များပါတယ်။ လေ့လာမှု အချက်အလက် အများစုအရ အဝလွန် တာဟာ နောက်ပိုင်းမှာ ကင်ဆာတွေကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဝလွန် တဲ့ သူတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆီများသလို ရောဂါဖြစ်နိုင်ခြေကလည်း ပိုများပါတယ်။ အဝလွန် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း