ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ ခံတွင်းကင်ဆာအမျိုးမျိုး၊ ဦးခေါင်းနဲ့ ဇက်တဝိုက်မှာဖြစ်တဲ့ ကင်ဆာတွေကို ဆိုလိုတာပါ။ များသောအားဖြင့် ဒီကင်ဆာ အမျိုးအစားက ပါးစပ်အတွင်းနံရံတွေ၊ နှာခေါင်းနဲ့ လည်ချောင်းအတွင်းနံရံတွေကနေ စဖြစ်တာများပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ကို ခံစားရသူ အများစုက ဆေးရွက်ကြီးသုံးစွဲတာ၊ ဆေးရွက်ကြီးနဲ့ အရက်သောက်သုံးမှုများတာတွေကြောင့် ဖြစ်ရတာပါ။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)က ဘယ်အပိုင်းတွေမှာ အဖြစ်များသလဲ။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)က ဦးခေါင်းနဲ့ ဇက်ပိုင်းတွေကနေစဖြစ်တာပါ။ အထူးသဖြင့် ခံတွင်း - နှုတ်ခမ်း၊ လျှာအရှေ့ပိုင်း၊ သွားဖုံး၊ […]


ကင်ဆာရောဂါများ

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ အရိုးရှည်တွေဖြစ်ကြတဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။ အရိုးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာခံစားရသူ အယောက် ၁၀၀ မှာ ၁ ယောက်ပဲခံစားရလေ့ရှိတဲ့ ကင်ဆာ အမျိုးအစားပါ။ အရိုးကင်ဆာဖြစ်စေတဲ့ အကျိတ်တွေထက် ကင်ဆာမဟုတ်တဲ့အကျိတ်တွေက ပိုအဖြစ်များပါတယ်။ အရိုးကင်ဆာဆိုတဲ့နေရာမှာ အခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ ကင်ဆာဆဲလ်တွေ အရိုးဆီပြန့်လာပြီး ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ အရိုးမှစဖြစ်တဲ့ ကင်ဆာကို အရိုးကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးကင်ဆာဖြစ်တဲ့အခါ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တစ်ရှူးစအစိုင်အခဲတွေ အရိုးမှာဖြစ်လာပါတယ်။ အရိုးကင်ဆာဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက အလျင်အမြန်ကြီးထွားလာပြီး အခြားအစိတ်အပိုင်းတွေဆီကို ပြန့်သွားပါတယ်။ ဒီအခြေအနေကို ကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ အရိုးတွေကနေစပြီး ကင်ဆာဆဲလ်တွေ ပြန်လာတဲ့ကင်ဆာကို (primary bone cancer) လို့ခေါ်ပြီး အခြားနေရာကနေဖြစ်တဲ့ ကင်ဆာဆဲလ်တွေ […]


ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာ (Prostate Cancer)

ကင်ဆာအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ ဆီးကျိတ်ကင်ဆာ ဆိုတာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးပါ။ ဆီးကျိတ်ကင်ဆာက ကင်ဆလို့ဆိုပေမယ့် စောစောသိ စောစောကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ဆီးကျိတ်ကင်ဆာကို ဂရုပြုနိုင်စေဖို့ သိထားသင့်တဲ့ လက္ခဏာလေးတွေ၊ ကုသနည်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ဆီးကျိတ်ဆိုတာ ဆီးကျိတ်ဆိုတာ သစ်ကြားသီးပုံစံ ဂလင်းတစ်ခုပါ။ ဆီးအိမ်အောက်ဘက်နားမှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ ဆီးကျိတ်ရဲ့ အဓိကတာဝန်က သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကို ထုတ်လုပ်ပေးတာပါ။ ဒီအရည်တွေက သုက်ပိုးတွေကို ပေါ့ပါးပြီး မြန်မြန်သွက်သွက် လှုပ်ရှားစေနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာ ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာက ဆီးကျိတ်ကဆဲလ်တွေ ထိန်းချုပ်လို့ မရအောင် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ရပ်နဲ့ ကြီးထွားလာတာပါ။ ဆီးကျိတ်ကင်ဆာက သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်တွေကိုထုတ်လုပ်ပေးတဲ့ ဂလင်းဆဲလ်တွေကနေ စဖြစ်တာများပြီး အခြားဆဲလ်တွေဆီ ကူးစက်သွားနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ။ ဆီးကျိတ်ကင်ဆာက များသောအားဖြင့်တော့ […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

မြန်မာနိုင်ငံလိုကွမ်းစားသုံးမှုများတဲ့နိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်မျိုးကတော့ ခံတွင်းကင်ဆာပဲဖြစ် ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းကင်ဆာရောဂါအုပ်စုတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ခံတွင်းကင်ဆာ အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။ ခံတွင်းကင်ဆာက နှုတ်ခမ်း၊ သွားဖုံး၊လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ လျှာအောက်ဖက်တွေမှာအဖြစ်များပါတယ်။ များသောအားဖြင့်ပါးစပ်ထဲမှာဘာမှန်းမသိတဲ့အကျိတ်တွေ၊အနာတွေကို စစ်ဆေးကြည့်ရာကနေခံတွင်းကင်ဆာ ဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတတ်ပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ ခံတွင်းကင်ဆာကိုစောစောရှာဖွေ မကုသနိုင်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခံတွင်းကင်ဆာအကြောင်းသိရအောင် ပြောပြချင်ပါတယ်။ ခံတွင်းကင်ဆာရဲ့လက္ခဏာများ ခံတွင်းကင်ဆာဖြစ်နေသူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုလက္ခဏာတွေခံစားရတတ်တာကိုတွေ့ရပါတယ် - လျှာ၊သွားဖုံးနဲ့ပါးစပ်ရဲ့တခြားနေရာတွေမှာ အလုံးအကျိတ်တွေထွက်လာမယ် - ပါးစပ်တွင်းမှာအနီကွက်၊ အဖြူကွက်တွေထွက်လာမယ် - လျှာနဲ့နှုတ်ခမ်းက ဘာဖြစ်မှန်းမသိဘဲထုံကျဉ်နေမယ် - သွားတွေချောင်လာမယ်၊ အံကပ်စွပ်တဲ့သူဆို အံကပ်တွေချောင်လာမယ် - လည်ချောင်းထဲမှာတစ်ခုခုနင်နေသလိုခံစားရမယ်၊ အစာမြိုချရခက်လာမယ် - နားကိုက်မယ် - အသံနည်းနည်းပြောင်းလာမယ် ဘယ်သူတွေမှာခံတွင်းကင်ဆာပိုဖြစ်နိုင်သလဲ ယောင်္ကျားတွေက မိန်းမတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း (၂) ဆလောက်ပိုများတာကိုတွေ့ရပြီး အသက် (၅၀)နဲ့အထက်တွေမှာပိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။ အောက်ကအချက်တစ်ခုခုရှိနေရင်တော့ ခံတွင်းကင်ဆာပိုဖြစ်ပွားနိုင်တာမို့သတိပြုစေချင်ပါတယ် ဆေးလိပ်/အရက်သောက်ခြင်း - ဆေးလိပ်/အရက်မသောက်သူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ (၆) ဆလောက်ပိုများပါတယ် ကွမ်းစားခြင်း - ကွမ်းစားဖို့ထည့်ရတဲ့ဓာတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ပြီးကွမ်းမစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေအဆ (၅၀) လောက်ပိုမြင့်ပါတယ် နေရောင်ထိတွေ့မှုများခြင်း - အထူးသဖြင့်နှုတ်ခမ်းကိုနေလောင်တာများရင်ခံတွင်းကင်ဆာပိုဖြစ်နိုင်ပါတယ် Human papillomavirus (HPV) ကူးစက်ခံရခြင်း […]


ရင်သားကင်ဆာ

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိနောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီးပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေက အမျိုးသမီးတွေနဲ့ အတူတူနီးပါးပါပဲ။ နာကျင်မှု မရှိတဲ့ အကျိတ်လုံးတစ်ခု ဒါမှမဟုတ် ရင်သားတစ်ရှူးတွေ ထူထဲရောင်ကိုင်းလာတာ ရင်သား အရောင်ပြောင်းလဲတာ နို့သီးခေါင်း ပုံစံ ပြောင်းလဲတာ နို့သီးခေါင်း အထဲဝင်သွားတာ ရင်သားပေါ်က အရေပြားတွေ ခြောက်သွေ့ကွာကျတာ နို့သီးက အရည်ထွက်တာ စတဲ့ လက္ခဏာတွေပါ။ ဘာတွေကြောင့် ရင်သားကင်ဆာ ဖြစ်လာနိုင်သလဲ။ အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ […]


သားဥအိမ်ကင်ဆာ

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဒီကင်ဆာ အမျိုးအစားက အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာပါ။ အဖြစ်များတဲ့ ကင်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ လေဒီတွေအနေနဲ့ သတိထားလို့ရအောင် သားဥအိမ်ကင်ဆာအကြောင်းလေး ပြောပြပေးပါရစေ။ သားဥအိမ်ကင်ဆာ  ဆိုတာ ဘာလဲ သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့အခြေအနေ၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်မှ သားဥအိမ်ကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြတာ များပါတယ်။ သားဥအိမ်ကင်ဆာ လက္ခဏာများ သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာ ပြခဲ့ရင်လည်း ဝမ်းချုပ်တာလိုမျိုး စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ သားဥအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့ လေပွခြင်း ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း အစာနည်းနည်းစားပဲစားပြီး ဗိုက်ဝခြင်း ကိုယ်အလေးချိန် ကျခြင်း ဆီးစပ်နာကျင်ကိုက်ခဲခြင်း ဝမ်းမမှန်ခြင်း ဆီးခဏခဏသွားခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ အထက်ပါလက္ခဏာတစ်ခုခုကို […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပေါ့။ ဒီတော့ အစာအိမ်ကင်ဆာ မဖြစ်စေဖို့ သတိထားနိုင်ဖို့ ဘာတွေက အစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းများ သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။ အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက H. pylori လို့ ခေါ်တဲ့ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်ကူးစက်တာပါ။ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ တိတိကျကျ ပြောဖို့ခက်တယ်ဆိုပေမယ့် အခုအချက်တွေကြောင့် အစာအိမ်ကင်ဆာ ခံစားရနိုင်ပါတယ်။ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ

အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တဲ့ အစာအိမ်ကင်ဆာကို ကုသမှု ခံယူပြီး ပြန်လည် ကျန်းမာလာတဲ့အခါ ပြည့်ဝတဲ့ ကျန်းမာရေးကို ရရှိပြီး လူတန်းစေ့စေ့ နေထိုင်နိုင်စေဖို့ လိုက်နာရမယ့် အလေ့အထလေးတွေ ရှိပါတယ်။ အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ နေထိုင်မှု အလေ့အထ ပုံစံကို ပြောင်းလဲသင့်ပါတယ်။ နေထိုင်မှု အလေ့အထ ပြောင်းလဲတာက အစာအိမ်ကင်ဆာ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေသလို ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ နဲ့ ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင် ကုထုံး​ကြောင့် ခံစားရမယ့် ဘေးထွက်ဆိုးကျိုးတွေကို အကောင်းဆုံး စီမံနိုင်မယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်မယ်။ ကိုယ်ခံအားပြည့်ဝပြီး ရောဂါတွေကို တိုက်ထုတ်နိုင်မယ်။ ကင်ဆာကိုလည်း ခုခံနိုင်မယ်။ စိတ်ခံစားမှု ကောင်းလာမယ်။ စိတ်ရောကိုယ်ပါ ကျန်းမာမယ်။ […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာ ကာကွယ်ပါ

အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။ ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဒီလို တာဝန်တွေ အများကြီး ယူထားပြီး အရေးပါတဲ့ အစိတ်အပိုင်းကို ကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမယ်နော်။ အစာအိမ်ကင်ဆာ ကာကွယ်ပါ အစာအိမ် ကင်ဆာမဖြစ်စေဖို့ဆိုရင် […]


အစာအိမ်ကင်ဆာ

အစာအိမ် ကင်ဆာ

အစာအိမ်ကင်ဆာ ဆိုတာက အစာအိမ်ထဲက ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ကြီးထွားမှုကနေစတင်တဲ့ ကင်ဆာ အမျိုးအစားပါ။ အစာအိမ်ဆိုတာက ဝမ်းဗိုက်ရဲ့ အထက်ပိုင်း အလယ်နားမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အိတ်တစ်ခုပါ။ နံရိုးတွေရဲ့ အတွင်းဘက်နားမှာ ရှိပါတယ်။ အစာအိမ်က စားလိုက်တဲ့ အစာတွေကို လက်ခံတယ်၊ ထိန်းသိမ်းပေးထားတယ်။ ပြီးရင် ချေဖျက်ဖြိုခွဲပေးပါတယ်။ အစာအိမ်ကင်ဆာကို (Stomach Cancer) လို့ ခေါ်သလို (Gastric Cancer) လို့လည်း ခေါ်ပါတယ်။ အစာအိမ်ကင်ဆာက အစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။ အစာအိမ်ကင်ဆာက အစာအိမ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ၊ အစာအိမ်ဆီကို အစာတွေ ပို့ဆောင်ပေးတဲ့ အစာရေမျိုပြွန် နဲ့ အစာအိမ် ဆုံတဲ့ နေရာမှာလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း