ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

အစာရေမျိုပြွန်ကင်ဆာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်း

လူတွေက တွေ့တိုင်း ပိန်သွားတယ်နော်။ ဝိတ်ချနေတာလားလို့ပဲ မေးနေတယ်။ တကယ်က ဝိတ်မချပါဘူး။ အစား စားလိုက်တိုင်း မျိုချရခက်လို့ မစားဘဲနေရင်းက အခုလို ဝိတ်ကျလာတာပေါ့။ ဒီလိုနဲ့ စားမဝင်ရင်းက ရင်ဘတ်ထဲက အောင့်အောင့်လာတာ၊ ချောင်းတွေဆိုးတာပါဖြစ်လာတော့ စိုးရိမ်ပြီး အိမ်က ဆရာဝန်နဲ့ ပြကြည့်ရအောင်လားဆိုတော့ ဆေးခန်းသွားပြဖြစ်တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆရာဝန်က ညွှန်ကြားပေးတယ်။ ဆေးစစ်ချက် အဖြေထွက်လာတော့ မျက်စိတွေပါပြာသွားတယ်။ ကမ္ဘာကြီးလည်းခြာခြာလည်သွားသလိုပဲ။ အစာရေမျိုပြွန် ကင်ဆာတဲ့လား။ မေးမိတာက ဆရာ ဒါဆို ကျွန်တော် သေရတော့မှာလားပေါ့။ ဒီမှာ ဆရာက ဒီလိုလည်း မဟုတ်သေးပါဘူးဆိုပြီး ရောဂါအကြောင်းရော ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ ရှင်းပြပေးတယ်။ အစာရေမျိုပြွန်ကင်ဆာဆိုတာ ကျွန်တော်တိုရဲ့ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိပါတယ်။ ဒီထဲမှာမှ လည်ပင်းကနေ အစာအိမ်အပေါ်ဘက်ပိုင်းကို ဆက်ထားတဲ့ ပြွန်ရှည်ရှည် တစ်ချောင်းရှိတယ်။ ပိုက်လုံးလို့ပေါ့။ ဒီပြွန်က စားလိုက်တဲ့ […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာ အသက်ကြီးမှ ကြောက်ရမှာလား။

ဟဲ့...... နင်ကြားပြီးပြီလား မီးမီးရဲ့ ကြီးဒေါ် အူမကြီး ကင်ဆာဖြစ်နေလို့လေ။ အေးလေ ဖြစ်မှာပေါ့။ အသက်ကလည်း ကြီးပြီကိုး။ ကဲ...... ဒါဆို မေးစရာက အူမကြီးကင်ဆာဆိုတာ အသက်ကြီးမှ ဖြစ်တာလား။ ငယ်ရင် မစိုးရိမ်ရဘူးလား။ အူမကြီးကင်ဆာက အသက်အရွယ်ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင်တွေမှာလည်း မဖြစ်နိုင်ဘူးလို့ အတိအကျ တွေ့ရှိချက် ရှိမနေပါဘူး။ သဘောကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ အူမကြီး ကင်ဆာဆိုတာ အူမကြီးဆိုတာ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာပါ။ သူတို့ စဖြစ်တဲ့နေရာကိုလိုက်ပြီး ခေါ်ဝေါ်တာ ပြောင်းလဲနိုင်ပါတယ်။ အူမကြီးကင်ဆာက များသောအားဖြင့် အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်နံရံမှာ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ စဖြစ်ရာကနေ အစပြုလာတာပါ။ အစကတော့ အကျိတ်အဖု သေးသေးလေးပေါ့ နောက်မှ အဆမတန် ကြီးထွားရင်း […]


ကင်ဆာရောဂါများ

ကင်ဆာ

ကင်ဆာဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေကို ဖျက်ဆီးတာ၊ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကင်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်ဆာအမျိုးအစားကွဲပေါင်း ၂၀၀ လောက်ကိုရှိပါတယ်။ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေကတော့ အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ မှဲ့ကင်ဆာတို့ပါ။ ကင်ဆာက အမျိုးအစားအပေါ်လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ကုသနည်းကလည်း အခြေအနေကိုလိုက်ပြီး ခွဲစိတ်ကုသတာ၊ ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပြ ကုသတာ၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။ အမျိုးသား ၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းလောက်ဟာ ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ကင်ဆာ အမျိုးအစားများ ကင်ဆာဆဲလ် စတင်ဖြစ်ပွားတဲ့ တစ်ရှူးအမျိုးအစား၊ အင်္ဂါအစိတ်အပိုင်းပေါ်မူတည်ပြီး ကင်ဆာရဲ့ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်မှာ အဆုတ်ကင်ဆာ ဝင်မလာစေဖို့ ဘယ်လို ဂရုစိုက် နေထိုင်ရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ အဆုတ်ကင်ဆာ မဖြစ်ခင်က ​ကြိုတင် ကာကွယ်ပါ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အဆုတ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကင်းစေဖို့ဆိုရင် ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတာတော့ အဆုတ်ပေါ့။ ဆေးလိပ်ကို ရေရှည် စွဲသောက်တဲ့အခါ အသက်ရှူလမ်းကြောင်း ကျန်းမာရေး ထိခိုက်လာသလို အဆုတ်လည်း နာမကျန်းဖြစ်ပြီး အဆိုးဆုံး အနေနဲ့ အဆုတ် ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ ကာကွယ်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ဖို့ လိုပါမယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ သတိပြုပါ တဆင့်ခံ ဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အတော်လေး ထိခိုက်စေတဲ့အရာပါ။ ဆေးလိပ်သောက်သလိုကို အသက်ရှူလမ်းကြောင်းနဲ့ အဆုတ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။ အဆုတ်ကင်ဆာ ဆိုတာ အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။ ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ။ အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက […]


အူမကြီးကင်ဆာ

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာက အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပါတယ်။ ဘာတွေကြောင့် ဖြစ်တာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်ရှိရင် စောစောစီးစီး ဆင်ခြင်နိုင်အောင်ပါ။ အူမကြီးက ဝမ်းဗိုက်ရဲ့ နေရာတော်တော်များများကို ယူထားပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းကနေ အပေါ်ကိုတက်တာတယ်။ ပြီးတော့ ချက်အပေါ်နားကနေ ဘယ်ဘက်ကို ကန့်လန့်ဖြတ်သွားတယ်။ ပြီးတော့ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းကို ဆင်းသွားတယ်။ နောက်ဆုံးမှာ အနောက်ထဲကို ဝင်ပြီး မစင်အိမ်နဲ့ သွားဆက်ပါတယ်။ ဒါကြောင့် အူမကြီးက တော်တော်ရှည်ပါတယ်။ မစင်အိမ်ပါအပါ ဒီအူမကြီးတစ်လျှောက် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်နိုင်ခြေရှိတဲ့အတွက် သတိထားဖို့ လိုပါတယ်။ ဘယ်လိုအချက်တွေကြောင့် ကင်ဆာဖြစ်ရတာလဲ။ ကင်ဆာတွေရဲ့ သဘာဝအတိုင်း ဆဲလ်ပွားတာ ပုံမှန်မဟုတ်ရာက စပြီး ကင်ဆာဖြစ်လာတာပါ။ ဘာကြောင့် ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ပွားနေရသလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဘယ်သူတွေ […]


ရင်သားကင်ဆာ

ရင်သားကင်ဆာ လက္ခဏာနဲ့ ကုသမှုနည်းလမ်းများ

ရင်သားကင်ဆာဟာ အမျိုးသားရော အမျိုးသမီးတွေမှာ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ အမျိုးသမီးတွေအတွက် အဖြစ်အများဆုံးကင်ဆာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကင်ဆာလို့ သံသယဖြစ်သင့်တဲ့ အခြေအနေ ဒီလက္ခဏာတွေ ရှိနေရင်တော့ ကင်ဆာများလားလို့ သတိထားသင့်ပါတယ်။ ရင်သား ဒါမှမဟုတ် ချိုင်းမှာ အလုံးစမ်းမိတာ ရင်သားအရေပြားမှာ အချိုင့်လေးတွေ ဖြစ်နေတာ နို့သီးခေါင်းနဲ့ ရင်သားက အရေပြားတွေ ရဲနေတာ၊ ပွန်းနေတာ အရင်နဲ့မတူဘဲ နို့သီးခေါင်းက အထဲချိုင့်ဝင်သွားတာ နို့သီးခေါင်းကနေ သွေးအပါအဝင် အရည်တွေ ထွက်တာ ရင်သားအရွယ်အစားနဲ့ ပုံစံ ရုတ်တရက် ပြောင်းလဲလာတာ ရင်သားနာလာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက ကင်ဆာမဟုတ်တဲ့ တခြားရင်သားရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ အပေါ်က လက္ခဏာတွေမဟုတ်ဘဲ တခြားသံသယဖြစ်တဲ့ အချက်တွေ ရှိရင်လည်း ဆရာဝန်နဲ့ စောစောစီးစီး စစ်ဆေးတာ အကောင်းဆုံးပါ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကုသလို့ရမလဲ။ လူနာအခြေအနေ၊ […]


အူမကြီးကင်ဆာ

အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်မယ်ဆို ဒါတွေသိထားဖို့လိုမယ်နော်

အူမကြီးနဲ့စအိုလမ်းကြောင်းတစ်ဝိုက်မှာ ပြဿနာရှိ၊ မရှိသိရဖို့အတွက် အူမကြီးမှန်ပြောင်းကြည့်လို့ ရပါတယ်။ အခုနောက်ပိုင်းအဖြစ်များတဲ့ကင်ဆာရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်းပါဝင်လာပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ အူမကြီးကင်ဆာကို စစ်ဆေးဖို့ မှန်ပြောင်းကြည့်တော့မယ်ဆို သိထားသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။ အသက်ဘယ်လောက်ဆို အူမကြီးမှန်ပြောင်းကြည့်သင့်သလဲ အသက် ၅၀ ကျော်လာရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေမြင့်တက်လာတဲ့အတွက် အသက် ၅၀ ကျော်သူတိုင်း အူမကြီးကင်ဆာအတွက်မှန်ပြောင်းကြည့်ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လူငယ်တွေထဲမှာလည်း အူမကြီးကင်ဆာဖြစ်ပွားသူများလာတဲ့အတွက် အသက် ၄၅ နှစ်လောက်တည်းကစတင်စစ်ဆေးမှု ခံယူသင့်ကြောင်း အမေရိကန်ကင်ဆာအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။ အထူးသဖြင့် မျိုးရိုးထဲမှာအူမကြီး ကင်ဆာဖြစ်ဖူးတဲ့သူ၊ အူလမ်းကြောင်းမှာရောဂါဖြစ်ဖူးသူတွေဆို တခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။ အူမကြီးကင်ဆာက စိုးရိမ်ရလား အူမကြီးကင်ဆာရောဂါက ကမ္ဘာပေါ်မှာအဖြစ်အများဆုံး ကင်ဆာ (၅) မျိုးထဲမှာပါဝင်ပါတယ်။ တခြားကင်ဆာတွေလိုဘဲ ရောဂါစောစောတွေ့လေ ကုသဖို့ပိုလွယ်လေဖြစ်ပြီး အသက်ရှင်ဖို့အခွင့်အလမ်းများလေပါပဲ။ ဘယ်အခြေအနေတွေမှာ အူမကြီးမှန်ပြောင်းကြည့်ဖို့လိုအပ်မလဲ ဗိုက်အောင့်ဗိုက်နာခြင်း၊ စအိုသွေးထွက်ခြင်း၊ အချိန်အကြာကြီး ဝမ်းချုပ်ခြင်း/ဝမ်းလျှောခြင်း စတဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားနေရရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေနိုင်အောင် […]


ဆီးကျိတ်ကင်ဆာ

သိထားသင့်သည့် ဆီးကျိတ်ကင်ဆာ ၏ အစောပိုင်းလက္ခဏာများ

ဆီးကျိတ်ကင်ဆာ (Prostate Cancer) ဆိုတာဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ စောလျှင်စွာ သိရှိနိုင်မယ်ဆိုရင် သက်သာပျောက်ကင်းအောင် ကုသလို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို သိရှိမယ်ဆိုရင် ရောဂါကို ကောင်းကောင်းကုစားနိုင်မှာပေါ့။ ဆီးကျိတ်ကင်ဆာဟာ ခုနောက်ပိုင်းကာလတွေမှာ အဖြစ်များလာတဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး အသက် ၆၀ အထက်လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက် ၆၀ အထက်အမျိုးသားတွေမှာဖြစ်နိုင်ခြေ ၆၀% ရှိပြီးတော့ အသက် ၄၀ အောက်အရွယ် အမျိုးသားတွေမှာတော့ ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။ စစ်ဆေးစမ်းသပ်မှုတွေကို ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် (မဆိုးရွားတဲ့) ဆီးကျိတ်ကင်ဆာဝေဒနာရှင်တွေအနေနဲ့ နှစ်ပေါင်းအတော်ကြာပြီးမှ ကုသမှုတွေကို စတင်ခံယူလို့လည်း ရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီရောဂါကြောင့် တစ်နှစ်ကို လူ ၁၁၀၀၀ လောက် အသက်ဆုံးပါးနေတာကို မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒါကြောင့်လည်း အဓိကအကျဆုံးက ကိုယ့်မှာ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား

သင့်ဆီမှာ ဦးနှောက်အကျိတ်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ သင်ဘာဆက်လုပ်မလဲ။ အရင်တုန်းကဆိုရင်တော့ ဒါဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းတဲ့ သတင်းဆိုးပါပဲ။ ခုတော့ တိုးတက်လာတဲ့ ဆေးပညာကြောင့် ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး။ ကုသမှုနည်းလမ်းတွေ အများကြီး ရှိနေတာကြောင့် လက်လျှော့အရှုံးပေးဖို့ မစဉ်းစားပါနဲ့တော့။ ဦးနှောက်အကျိတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အကျိတ်တွေ၊ အလုံးတွေ ဖြစ်နိုင်သလို ဦးနှောက်မှာလည်း အကျိတ်ဖြစ်နိုင်ပါတယ်။ တချို့က ရိုးရိုးအကျိတ်ဖြစ်သလို တချို့ကလည်း ကင်ဆာကျိတ်ပါ။ ဦးနှောက်ဆဲလ်တွေမှာစပြီး ကင်ဆာဖြစ်တာ ဖြစ်နိုင်သလို တခြားကင်ဆာတွေကနေ ဆဲလ်တွေက ဦးနှောက်ကို ရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေ  အမျိုးအစားတွေ ရှိတဲ့ထဲက အဖြစ်အများဆုံး အမျိုးအစားတွေကတော့ Glioma (ဦးနှောက်ရဲ့ glial cellက ဖြစ်တဲ့ အကျိတ်) Meningioma (ဦးနှောက်အမြှေးပါးက ဖြစ်တဲ့အကျိတ်) Medulloblastoma (ဦးနှောက်ငယ်က ဖြစ်တဲ့အကျိတ်၊ ကလေးတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း