ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ HPV ဆိုတာ Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ကင်ဆာရောဂါတွေ ကို ကြိုတင်သိရှိနိုင်စေဖို့

ကင်ဆာရောဂါလူနာတွေ အဖိတ်အစင်များတယ်ဆိုတာ တကယ်တော့ ရောဂါကို နောက်ကျမှ သိရလို့ပါ။ ကင်ဆာရောဂါတွေ ရဲ့ သဘာဝကလည်း ရောဂါနုချိန်ဆို လက္ခဏာပြခဲပါတယ်။ ရောဂါရင့်လာမှာ လက္ခဏာပြတဲ့အတွက် တကယ်တမ်း ကုသတဲ့အချိန်မှာ နောက်ကျနေပါပြီ။ ဒါကြောင့် ကင်ဆာရောဂါတွေကိုသာ စောစောသိမယ်။ ရောဂါနုချိန်မှာတည်းက စစ်ဆေးသိရှိမယ်ဆိုရင် စောစောကုသနိုင်မှာပါ။ ကင်ဆာရောဂါတွေ ကို ကြိုသိနိုင်ပါ့မလား။ ကင်ဆာရောဂါတွေကို ကြိုသိနိုင်ဖို့ဆိုရင် ပုံမှန်စစ်ဆေးနေဖို့ လိုပါတယ်။ ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်တစ်ခုကြာတိုင်းမှာ ပုံမှန်စစ်ဆေးနေရပါမယ်။ ဒီတော့မှ စောစောသိပြီး စောစောကုသလို့ ရမှာပါ။ ဒါကို Screening လုပ်တယ်လို့ ခေါ်ပါတယ်။ လက္ခဏာမပြခင် အကျိတ်သေးချိန်မှာ တွေ့ရှိခဲ့မယ်ဆိုရင် ကင်ဆာရောဂါကို ကုသရတာ ပိုလွယ်ပါတယ်။ ဘယ်ကိုမှလည်း ပြန့်ဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကင်ဆာရောဂါကို ကုသတဲ့နေရာမှာ Screeningဆိုတာ အရေးပါလာပါပြီ။ ကင်ဆာရောဂါတွေ ကို ဘယ်လိုစစ်ဆေးရမလဲ။ ပုံမှန်အားဖြင့် medical […]


အခြားကင်ဆာများ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။

ဘယ် ကင်ဆာ အမျိုးအစားကိုမှ ကာကွယ်လို့ မရပေမယ့် ကင်ဆာဖြစ်နိုင်ခြေကိုတော့ လျှော့ချလို့ ရနိုင်ပါတယ်။ ဘယ်လို လျှော့ချလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါ။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ နေတာ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ကင်ဆာဖြစ်နေသူတွေမှာ ကုထုံး ခံယူနေစဉ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက ကောင်းကျိုး အများကြီး ရှိပါတယ်။ ကြီးမားတဲ့ ရလဒ် တစ်ရပ်ကတော့ လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကာကွယ်လို့ မရတဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပါ။ လေ့လာမှုတွေအရ […]


အခြားကင်ဆာများ

ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။

ကင်ဆာရောဂါ တစ်ခုခု ခံစားနေရတယ်လို့ အဖြေထွက်လာရင် လူနာက စိတ်ဓာတ်အကြီးအကျယ် ကျသွားတတ်ပါတယ်။ သူသိထားတာက ကင်ဆာဆိုတာ ကုသလို့ မရဘူးဆိုပြီးတော့ပါ။ ဒါက အကုန်မှန်တာတော့ မဟုတ်ပါဘူး။ ကင်ဆာက အပြီးပျောက်အောင် ကုသလို့ မရတာ မှန်ပေမယ့် သက်တမ်းစေ့ မနေနိုင်တာတော့ မဟုတ်ပါဘူး။ ကင်ဆာရောဂါက ဘာနဲ့ တူသလဲဆိုတော့ သွေးတိုးတို့၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေနဲ့ တူပါတယ်။ ဒီရောဂါတွေကလည်း ကုလို့ မပျောက်ပါဘူး။ ဒါပေမယ့် လူနာတွေက ဆေးတွေသောက်တယ်။ ရက်ချိန်းတွေ မှန်မှန်ပြပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ကြပါတယ်။ ကင်ဆာကလည်း ဒီသဘောပါပဲ။ ကုသလို့ မပျောက်ဘူး။ ပိုဆိုးရင် ပြန်ပြန်ဖြစ်တယ်ဆိုပေမယ့် ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ သွေးတိုးတို့ ဆီးချိုတို့လိုပဲ ကင်ဆာကုထုံးကို သေချာခံယူမယ်။ ရက်ချိန်းမှန်မှန်ပြန်ပြပြီး ရောဂါအခြေအနေကို စောင့်ကြည့်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒါဆိုရင် […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

ကွမ်းယာ ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သလား

၂၀၁၇ ဒေတာတွေအရ ကမ္ဘာပေါ်မှာ ကွမ်းယာစားတဲ့သူ သန်း၆၀၀ ရှိပါတယ်။ အာရှကတော့ အများဆုံးပေါ့။ ကွမ်းယာ စားတာက ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမျိုပြွန်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ရှေးတုန်းတည်းက စားခဲ့တဲ့ ကွမ်းယာက ဘယ်လိုကြောင့်များ ကင်ဆာဖြစ်စေနိုင်ပါလိမ့်။ ကွမ်းယာ သမိုင်းကြောင်း မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ကွမ်းယာ က ယဉ်ကျေးမှု တစ်ခုလို ဖြစ်နေပါတယ်။ ရှေးက အလှူတွေ မင်္ဂဆောင်တွေဆို ကွမ်းကမ်းကြသလို အမှုအခင်းတွေ ဖြစ်ရင်လည်း လက်ဖတ်ထုပ်၊ ကွမ်းထုပ်နဲ့ ကျေအေးလေ့ရှိပါတယ်။ အဘိုးအဘွားရှိတဲ့ အိမ်တွေဆို ကွမ်းအစ်လေးနဲ့ ကွမ်းညှပ်လေးနဲ့ ဆောင်ထားတတ်ကြပါတယ်။ ဒီလို နှစ်အတော်ကြာ ဘိုးစဉ်ဘောင်ဆက် စားခဲ့ကြတဲ့ ကွမ်းက ခံတွင်းကင်ဆာဖြစ်စေတယ်ဆိုတာ ဟုတ်ပါ့မလား။ ကွမ်းယာ ဘာကြောင့် စားကြတာလဲ။ ကွမ်းယာက စိတ်ကို တက်ကြွစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ကမ္ဘာပေါ်မှာ စိတ်တက်ကြွစေတဲ့ ပစ္စည်းတွေထဲမှာ ဆေးလိပ်၊ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လိုမလို

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားတာက တကယ်ကို ကောင်းပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်လို့ ထိုးကို ထိုးထားသင့်ပါတယ်။ တစ်ခုရှိတာက သားအိမ်ခေါင်းကင်ဆာာကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ဆရာဝန်တွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါက ဘာကြောင့်များပါလဲ။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးတာတောင် ဆေးစစ်ဖို့က လိုသေးတာလား။ ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ဆေးစစ်ဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ။ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာက HPVလို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ HPVက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာ၊ တားဆေးတွေကို ကြာရှည်စွဲသောက်တာ၊ လိင်ဆက်ဆံတာ စတာတွေလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရုံနဲ့ မလုံလောက်ပါဘူး။ ကာကွယ်ဆေးတွေက HPV ဗိုင်းရပ်စ်အကုန်ကို […]


ရင်သားကင်ဆာ

မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း

နို့တိုက်နေတဲ့ မေမေတွေ ပိုပြီး တိုက်ချင်စိတ်ဖြစ်လာအောင်၊ တိုက်ရင်ကောင်းမလား မကောင်းမလား ဝေခွဲမရဖြစ်နေတဲ့ မေမေတွေကို တွန်းအားပေးသလိုဖြစ်အောင် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ ဒါကတော့ နို့တိုက်တဲ့ မေမေတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းတယ်ဆိုတာပါပဲ။ သိကြတဲ့အတိုင်း ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေ အစိုးရိမ်ဆုံး ကင်ဆာ ၂ခုပါ။ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေး ရှိတယ်ဆိုပေမယ့် ရင်သားကင်ဆာမှာ မရှိပါဘူး။ ဒါပေမယ့် ရင်သားကင်ဆာကတော့ အရေပြားအောက်တင် အကျိတ်ဖြစ်တာဆိုတော့ ပုံမှန်စမ်းမယ်ဆိုရင် စောစောသိနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ဖြစ်နိုင်ခြေကို လျှော့ချထားတာပါပဲ။ မိခင်နို့တိုက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ဘာကြောင့် နည်းတာလဲ။ မိခင်နို့က ကလေးအတွက် အကောင်းဆုံး အာဟာရဆိုတာ မေမေတိုင်း သိကြပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ရင်းနဲ့ပဲ မေမေပါ အမြတ်ရတာတွေ ရှိပါတယ်။ ဥပမာ ပြောရရင် […]


အသည်းကင်ဆာ

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့  မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။ ငရုတ်သီးမှုန့် မှာပါတဲ့ အဖလာတောက်စင်ဆိုတာ အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus  နဲ့  A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ အဖလာတောက်စင် ၁၄မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ။ B1ကတော့ ၄မျိုးထဲမှာ အဆိုးဆုံးပါပဲ။ တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း အသည်းကင်ဆာ ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ ခုခံအားကျတာ […]


အခြားကင်ဆာများ

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာဖြစ်တယ်၊ ကုထုံးတွေ ခံယူတယ်၊ တော်တော်လေး ရောဂါကို ထိန်းနိုင်ပြီ၊ ပျောက်သလောက် ရှိနေပြီဆိုရင် ကုထုံးတွေကို ရပ်ပြီး ရက်ချိန်းတွေ ပြန်ခေါ်ကြည့်ပါတယ်။ ကုပြီးပြီပဲ။ ဘာလို့ ရက်ချိန်းတွေ ပြန်ပြန်ခေါ်တာလဲလို့ မေးစရာ ရှိပါတယ်။ ကင်ဆာ ဖြစ်ဖူးတဲ့သူက သူများထက် ကင်ဆာပြန်ဖြစ် နိုင်ခြေ ပိုများပါတယ်။ ရက်ချိန်းပုံမှန်သွားပြီး ဆေးပုံမှန် စစ်တာက ကင်ဆာပြန်ဖြစ်သလားဆိုတာကို စောစောစီးစီး သိစေပါတယ်။ ဒါကြောင့် ကုသမှု စောစောခံယူနိုင်ပါတယ်။ ကင်ဆာပြန်မဖြစ် ဖို့ဆိုရင် ရက်ချိန်းတွေ ပုံမှန်သွားရုံနဲ့တင် မပြီးသေးပါဘူး။ လူနာဘက်က လိုက်နာရမယ့် အချက်လေးတွေ ရှိပါသေးတယ်။ ကင်ဆာပြန်မဖြစ် စေဖို့ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံ ရက်ချိန်းပုံမှန်ပြနေတာအပြင် လူနာအနေနဲ့ အောက်ကအချက်တွေကို လိုက်နာဖို့လည်း လိုပါသေးတယ်။ စားသောက်မှုပုံစံ အများစုကတော့ ကင်ဆာကုထုံးပြီးတဲ့နောက်မှာ ဆင်ဆင်ခြင်ခြင် စားဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ […]


အခြားကင်ဆာများ

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ကင်ဆာနဲ့ ပတ်သက်ပြီး ဘာတွေက အမှန်လဲဆိုတာ သိဖို့လိုနေသေးတဲ့ အချက်တွေ ရှိပါတယ်။ ကင်ဆာဆိုတာ လူတိုင်းကြောက်တဲ့ ရောဂါပါ။ ကင်ဆာဖြစ်ရင် သေတာပဲဆိုတဲ့ ယူဆချက်တွေကလည်း ခုထိ ရှိနေပါသေးတယ်။ တကယ်တော့ ဆေးပညာတွေက နေ့စဉ်နဲ့အမျှ တိုးတက်လာတာဖြစ်လို့ ကင်ဆာတွေက ဒီလောက်ထိ ကြောက်ဖို့ မကောင်းတော့ပါဘူး။ ဒါ့ပြင် ကင်ဆာဝေဒနာ ခံစားရသူတွေကလည်း ပတ်ဝန်းကျင်က ပြောစကားတွေကြောင့် မှားပြီး လုပ်မိတာလေးတွေ ရှိပါတယ်။ ဘယ်လို အမှားတွေလဲ ဘယ်လို ယုံတမ်းစကားတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ကင်ဆာနဲ့ ပတ်သက်ပြီး အမှန်အမှား သတင်းများ ကင်ဆာဆိုတာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတာ မဟုတ်ပါဘူး ခုနောက်ပိုင်းမှာ ကင်ဆာနဲ့ ပတ်သက်တဲ့ သေနှုန်းတွေက တဖြည်းဖြည်း ကျလာပါပြီ။ အထူးသဖြင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေမှာ ရှင်နှုန်းတော်တော်များလာတာကို တွေ့ရပါတယ်။ ဒီကိန်းဂဏန်းတွေက ကင်ဆာနုစဉ်မှာ အချိန်မီ ကုသမှု […]


အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာက အရင်ကတော့ လူတော်တော်များများနဲ့ စိမ်းနေနိုင်ပေမယ့် အခုအချိန်မှာတော့ ဖြစ်ပွားမှု များလာကြောင့် အစာအိမ်ကင်ဆာကို သတိထားမိတာတွေ များလာပါတယ်။ အစာအိမ်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အစာအိမ်ဆိုတာ အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။ အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီး ကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။ ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့ အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီး အူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ အစာအိမ်ကင်ဆာဆိုတာ အစာအိမ်ကင်ဆာဆိုတာ အစာအိမ်ထဲကဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း