ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။ ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အရေပြား အလာ့ဂျစ် (ဓာတ်မတည့်)ဖြစ်ခြင်း

အရေပြားမှာ အင်ပျဉ်ထ ခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

အရေပြားမှာ အင်ပျဉ်ထ တာက လူတော်တော်များများကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အရေပြား အင်ပျဉ်ထတဲ့အခြေအနေချင်းက တစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူး။ ဒါပေမယ့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ ယားယံပြီး နေရခက်တာကတော့ အသေအချာပါပဲ။ ဒီလိုမျိုးအရေပြားမှာ အင်ပျဉ်ထ တဲ့အခါ ဘယ်လိုလေးတွေ လုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေ။ အရေပြားမှာ အင်ပျဉ်ထ ခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ အရေပြားမှာ အင်ပျဉ်ထ တာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထတဲ့အခါ နီမြန်းတာ၊ယားယံတာတွေကတော့ တွေ့ရများတဲ့ အင်ပျဉ်ထတဲ့ လက္ခဏာတွေပါ။ အုတ်ဂျုံ အုတ်ဂျုံက အရေပြားမှာ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ပျားလိုမျိုး အင်းဆက်ကိုက်ခံရတာကြောင့် အရေပြားမှာ အင်ပျဉ်ထတဲ့အခါ အုတ်ဂျုံကအသင့်တော်ဆုံးပါ။ အုတ်ဂျုံကို ရေနွေးလေးနဲ့ ၁၅ မိနစ် - မိနစ် ၂၀ စိမ်ပြီး အင်ပျဉ်ပေါ်ကိုလူးပေးရမှာပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်က အရေပြားပြဿနာတော်တော်များများကိုသက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးသားဖြစ်မယ်ထင်ပါတယ်။ အင်ပျဉ်ထတဲ့အခါမှာလည်း အင်ပျဉ်ဖြစ်နေတဲ့နေရာကို […]


အခြား ဓာတ်မတည့်ခြင်းများ

ကိုယ့်မှာ ဓါတ်မတည့်တဲ့ ပြဿနာဖြစ်နေကြောင်း ကိုယ်ခန္ဓါက ဘယ်လိုအချက်ပြလဲ ။

ဓါတ်မတည့်တဲ့ပြဿနာ ALLERGY ဆိုတဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ တချို့မှာ ကိုယ်နဲ့ ဓါတ်မတည့်တဲ့ အရာ တိတိပပရှိပြီး အဲဒါနဲ့ ထိလိုက်တာနဲ့ ဓါတ်မတည့်ဝေဒနာ ပြင်းထန်ခံစားရတတ်ပြီး တချို့ကျ ဘာရယ်ကြောင့်မှန်းမသိဘဲ ဓါတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ရပါတယ်။ ဓါတ်မတည့်ဘူး ဓါတ်မတည့်ဘူးဆိုပြီး ပြောနေတာ၊ ဓါတ်မတည့်ဘူးဆိုတာ ဘယ်လိုကို ပြောတာပါလိမ့်။ ဓါတ်မတည့်ဘူးဆိုတာ ကိုယ်နဲ့ မတည့်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိရင် ထွက်လာတဲ့ histamine ကို ကိုယ်ခန္ဓါက ပြန်တုန့်ပြန်တဲ့အရာကို ပြောတာပါ။ ဓါတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိရင် ဖြစ်လာတဲ့ လက္ခဏာတွေကတော့ နှာခေါင်း - နှာချေ၊ နှာစေး၊ နှာရည်ယိုမယ် ။ ဒါ ကိုယ်နဲ့ ဓါတ်မတည့်တစ်ခုခုကို ကိုယ်ခန္ဓါက အမြန်ဆုံးတုန့်ပြန်လိုက်တဲ့ အချက်ပြစနစ်တစ်ခုပါ။ ဓါတ်မတည့်တဲ့ ပစ္စည်းတွေ လေကြောင်းလမ်းထဲက အများကြီး မဝင်အောင် […]


အခြား ဓာတ်မတည့်ခြင်းများ

အဝတ်အစားကြောင့် ဖြစ်တဲ့ ဓာတ်မတည့်ခြင်းအကြောင်း

ဓာတ်မတည့်ခြင်းဆိုတာဘာလဲ။ ပုံမှန်အားဖြင့် ဘေးအန္တရာယ်မပြုတဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်နဲ့ ငြိစွန်းသွားတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ မြေပဲ၊ ပျားရည်၊ ကြက်ဥ၊ ဖုန်မှုန့်တွေက အဖြစ်များတဲ့ ဓာတ်မတည့်ပစ္စည်းတွေဖြစ်ပြီး ရှားရှားပါးပါးအနေနဲ့ အဝတ်အစားကို ရက်လုပ်ထားတဲ့ Polyester လို့ခေါ်တဲ့ အထည်သားကြောင့် ဓာတ်မတည့်တာမျိုးလည်း ရှိပါတယ်။ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ဓာတ်မတည့်တဲ့အခါ တွေ့ရတဲ့ လက္ခဏာတွေက ပုံစံချင်းဆင်တူကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ နှာချေတာ အင်ပျဉ်ထတာ အရေပြားယားယံတာ ဖောရောင်တာ အသက်ရှူကျပ်တာတွေပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်အခြေအနေပေါ် မူတည်ပြီး လက္ခဏာရဲ့ ပြင်းထန်မှုက တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။ Polyesterနှင့် ဓာတ်မတည့်ခြင်း Polyester ဆိုတာကတော့ ပုံမှန်ချည်သား၊ နိုင်လွန်သားလို လက်နဲ့ ရက်လုပ်ထားတာမျိုးမဟုတ်ဘဲ ဓာတုဗေဒနည်းပညာတွေနဲ့ လုပ်ထားတဲ့ အထည်သားဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားအတွင်းခံတွေ၊ ဘောင်းဘီတွေကို ရက်လုပ်တဲ့ အထည်သားဖြစ်ပြီး အရေပြားနဲ့ […]


အစာဓာတ်မတည့်ခြင်း

မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေထဲမှာ သင်ရောပါလား

ဓါတ်မတည့်စာတွေထဲမှာ မြေပဲနဲ့ ဓါတ်မတည့်တဲ့ ပြဿနာက တော်တော်လေးကို အတွေ့များတဲ့ ကိစ္စပါ။ နည်းနည်းလေး စားမိရုံနဲ့ ဆိုးဆိုးရွားရွား ဓါတ်မတည့်တဲ့ လက္ခဏာတွေ ပြပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အလွန်အဖြစ်များပြီး အသက်ကြီးလာတဲ့အခါ ပျောက်သွားတာမျိုးလည်း ရှိသလို တစ်ဘဝလုံး မြေပဲနဲ့ ဓါတ်မတည့်တဲ့သူတွေလည်း အများကြီးပါပဲ။ မြေပဲနဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။ ပုံမှန်အားဖြင့် ဓါတ်မတည့်တဲ့လက္ခဏာတွေဟာ စားပြီး မိနစ်အနည်းငယ်အတွင်းမှာ သိသိသာသာ ပြလာတတ်ပါတယ်။ လက္ခဏာက သိပ်ပြီး မပြင်းထန်ဘူးဆိုရင် အရေပြားက ယားယံလာမယ်၊ အင်ပျဉ်ေတွ ထလာမယ်၊ ပါးစပ်၊ လည်ချောင်းထဲမှာ ယားသလို၊ ဆူးစူးနေသလို ခံစားရမယ်၊ နှာရည်ယိုတာ၊ နှာပိတ်တာ ခေါင်းမူးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ ဒီလက္ခဏာတွေက ပိုဆိုးလာဖို့အတွက် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ ဓါတ်မတည့်အခြေအနေ […]


အစာဓာတ်မတည့်ခြင်း

ပျားရည်နဲ့ ဓါတ်မတည့်တဲ့သူတွေ ရှိလား

ပျားရည်ဆိုတာ သဘာဝပျားကောင်လေးတွေ ပန်းဝတ်ရည်ကို စုပ်ပြီးနောက်မှ ရရှိတာဖြစ်ပါတယ်။ ပျားရည်မှာ သကြားပါဝင်မှုများပေမယ့် အမိုင်နိုအက်ဆစ်တွေ၊ ကိုယ်ခန္ဓါအကျိုးပြု ဓါတ်တိုးဆန့်ကျင်ပစ္စည်းေတွအပြင် ဗီတာမင်အာဟာရလည်း များစွာပါဝင်ပါတယ်။ ဒီဓါတ်တွေကြောင့် ပျားရည်ကို အာဟာရဖြစ် အစားအစာအဖြစ်သာမက အနာကျက်မြန်ေစပြီး ဘက်တီးရီးယားပိုးသေစေတဲ့ ကုထုံးနဲ့ ချောင်းဆိုးချွဲကြပ်ပျောက်ဆေးအဖြစ် အသုံးပြုကြပါတယ်။ ဘက်စုံကောင်းမွန်တဲ့ ဆေးဖက်ဝင်အစာဖြစ်ပေမယ့် ဓါတ်မတည့်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုဓါတ်မတည့်ဖြစ်ရခြင်းဟာ ပျားရည်မှာ ပါဝင်တဲ့ ပန်းဝတ်ရည်၊ ဝတ်မှုန်တွေကြောင့် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပျားရည်နဲ့ ဓါတ်မတည့်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်နိုင်လဲ။ ပျားရည်နဲ့ ဓါတ်မတည့်တဲ့အခါ ပန်းဝတ်မှုန် ဓါတ်မတည့်ြခင်းနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတာကိုတွေ့ရပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့ နှာစေးတာ၊ နှာရည်ယိုတာ နှာချေတာ နှာခေါင်းက ယားပြီး ရောင်လာတာ မျက်ရည်ယိုတာ လည်ချောင်းယားတာ အရေပြားပေါ်မှာ အနီကွက်ထတာ အင်ပျဉ်၊ ယားနာဖြစ်တာ အရေပြားပေါ် အဖုအပိမ့်တွေ […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရှိကြလား ။ ။

ခုစာဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာ ကြောင်ချစ်တဲ့ ပရိတ်သတ်လည်းရှိသလို ကြောင်နဲ့ မတည့်တဲ့ ပရိတ်သတ်လည်းရှိမယ်လို့ထင်ပါတယ်။ ကြောင်နဲ့ မတည့်ဘူးဆိုတာ ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဒီလို ဓါတ်မတည့်မှုဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ Anaphylaxis လို့ ခေါ်တဲ့ ပြင်းထန် ဓါတ်မတည့်မှု အထိပြောင်းသွားနိုင်ပြီးအသက်ကို အန္တရာယ်ရှိတဲ့အထိ ပြောင်းသွားနိုင်ပါတယ် ။ ဓါတ်မတည့်မှုဝေဒနာတွေ […]


အစာဓာတ်မတည့်ခြင်း

ကြက်ဥ၊ဘဲဥတို့နဲ့ ဓါတ်မတည့်ခြင်း ။ ။

ကြက်ဥ ဘဲဥဆိုတာ လူတိုင်းကြိုက်ကြ၊ စားနေကြ၊ လူတိုင်းနဲ့လည်း တည့်ပြီး အာဟာရရှိတဲ့ အရာတစ်ခုပါ။ ဒီလို အရသာရှိ၊ ကျန်းမာရေးအတွက်လည်း ညီညွတ်တဲ့ ကြက်ဥ ဘဲဥတွေနဲ့ မတည့်တဲ့သူတွေလောက် ကံဆိုးတဲ့သူမရှိပါဘူး။ ဘယ်သူတွေမှာ ပိုဖြစ်တာလဲ။ ။ ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ ကလေးတွေ မှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုပါ။ ကြက်ဥဘဲဥနဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။ ကြက်ဥစားပြီးပြီးချင်းမှာ ဖြစ်တတ်တဲ့ မပြင်းထန်တဲ့ လက္ခဏာတွေကတော့ အင်ပြင်ေတွထွက်လာမယ် နှာတွေမွန်ပြီး နှာစေး၊နှာရည်ယိုတာတွေဖြစ်လာမယ် ဗိုက်အောင့်မယ် ပျို့အန်တာတွေဖြစ်မယ် ချောင်းဆိုးြပီး အသက်ရှူမဝတော့တာမျိုး ၊ရင်ဘတ်ပေါ်တစ်ခုခု ဖိထားလို့ အသက်ရှူကြပ်နေတာမျိုးတွေဟာ ကြက်ဥ၊ဘဲဥ နဲ့ ဓါတ်မတည့်တာရဲ့ လက္ခဏာတွေပါ။ anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေလည်း ဖြစ်တတ်ပါသေးတယ်။ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်ပြီးတော့ ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ဒီ […]


အခြား ဓာတ်မတည့်ခြင်းများ

Mold allergy ( မှိုဖြင့်ဓါတ်မတည့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်မှိုဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။ Mold ဆိုတာဟာ မှိုအသေးစားလေးတွေဖြစ်ပြီး ယင်းတို့ရဲ့ မျိုးမှုန်တွေဟာ လေထဲကနေပြန့်နှံ့တတ်ကြပါတယ်။ သူတို့ဟာ စိုထိုင်းသော ပတ်ဝန်းကျင်ကို ကြိုက်ကြပြီး အာဟာရ၊ လေ၊ သင်တော်မယ့်အပူချိန်နဲ့ ရေ စသည့်အရာ၄မျိုးကို ကြီးထွားဖို့ လိုအပ်ပါသည်။ မှိုတွေကို အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အခြားအဆောက်အအုံတွေမှာဖြစ်စေ တွေ့နိုင်ပါတယ်။ လူတိုင်းက မှိုမျိုးမှုန်တွေကို ရှုသွင်းကြပြီး ပမာဏများတဲ့အခါ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်တို့ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအခြေအနေကို မှိုဖြင့်ဓါတ်မတည့်ခြင်းလို့ခေါ်ပါတယ်။ မှိုဖြင့်ဓါတ်မတည့်တဲ့အခါ ခန္ဓါကိုယ်က မှိုမျိုးမှုန်တွေကို ရှုသွင်းမိတဲ့အခါ လိုတာထက်ပိုပြီး တုံ့ပြန်ကြပါတယ်။ မှိုမျိုးမှုန်တွေက ချောင်းဆိုးအောင်၊ မျက်လုံးယားအောင်နဲ့ အခြားစိတ်ရှုတ်စရာကောင်းတဲ့ရောဂါလက္ခဏာတွေပေါ်လာအောင် ပြုလုပ်ပါတယ်။ အချို့လူတွေမှာ ပန်းနာရင်ကြပ်နဲ့ ဆက်စပ်နေနိုင်ပြီး မှိုမျိုးမှုန်တွေကို ရှုသွင်းမိလိုက်သည့်အခါ အသက်ရှုခက်ခြင်းနဲ့ အခြားသောလေပြွန်ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။   မှိုဖြင့်ဓါတ်မတည့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။   အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများမှိုဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက […]


အခြား ဓာတ်မတည့်ခြင်းများ

Oral allergy syndrome (ခံတွင်း၌ဓါတ်မတည့်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ခံတွင်း၌ဓါတ်မတည့်သောရောဂါ ဆိုတာဘာလဲ။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဆိုတာ ခံတွင်း၊ နှုတ်ခမ်း၊ လျာနဲ့ လည်ချောင်းတို့မှာ ဓါတ်မတည့်မှုများဖြစ်ပွားခြင်းဖြစ်ပါတယ်။ ဓါတ်မတည့်မှုကြောင့်နှာခေါင်းအတွင်းပိုင်းရောင်ခြင်းနှင့် ဟေးဖီဖာလိုမျိုး အခြေအနေများပါဝင်ပါတယ်။ ခံတွင်း၌ဓါတ်မတည့်သောရောဂါမှာ အစားအစာအချို့တွင်ပါဝင်သော ပရိုတင်းတွေနဲ့ ခန္ဓါကိုယ်က ဓါတ်ပြုပါတယ်။ ထိုပရိုတင်းတွေဟာ ဟေးဖီဖာနဲ့ ရာသီအလိုက်ဓါတ်မတည့်မှုတို့ဖြင့် ဆက်စပ်နေနိုင်သော ပရိုတင်းတွေနဲ့ ဆင်တူပါတယ်။ ထိုအစားအစာမျိုးတွေဟာ တစ်နှစ်လုံးရရှိနေတာကြောင့် ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ရာသီအလိုက်ဖြစ်တာမဟုတ်ပါဘူး။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခံတွင်း၌ဓါတ်မတည့်သောရောဂါဟာ ကလေးငယ်တွေမှာ မဖြစ်ပွားတတ်ပါဘူး။ အသက်ပိုကြီးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးလူငယ်တွေမှာ အဖြစ်များပြီး ထိုသူတွေဟာ သံသယရှိတဲ့ သစ်သီးသစ်ရွက်တွေကို နှစ်ပေါင်းများစွာ ပြဿနာမဖြစ်ဘဲ စားသုံးလာခဲ့ကြပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများခံတွင်း၌ဓါတ်မတည့်သောရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ထိုရောဂါရဲ့ လက္ခဏာတွေဟာ အစားအစာအချို့ စားသုံးမှသာဖြစ်ပေါ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ ကွဲပြားကြပြီး ကွဲပြားတဲ့ အသက်အရွယ်တွေမှာ အမြင့်ဆုံးသို့ ရောက်ရှိကြပါတယ်။ အားပျော့တဲ့ရောဂါလက္ခဏာတွေက အောက်ပါတို့ဖြစ်ပါတယ်။ လည်ချောင်း၊ ခံတွင်း၊နှုတ်ခမ်းနှင့်လျာတို့မှာ ယားယံခြင်း နှုတ်ခမ်း၊ လျာတို့မှာ ရောင်ရမ်းခြင်း ပိုပြင်းထန်တဲ့ရောဂါလက္ခဏာတွေကတော့ […]


အစာဓာတ်မတည့်ခြင်း

Chicken allergy ( ကြက်သားဖြင့်ဓါတ်မတည့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ။ ကြက်သားဟာ ပရိုတင်းများပြီး၊ အဆီနည်းတဲ့အတွက်ကြောင့် ဓါတ်မတည့်မှုမရှိပါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းက အဖြစ်များသော်လည်း တောတော်လေးလေးစိတ်ညစ်ဖို့ကောင်းပြီး အသက်အန္တရယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးဘဝထဲက ထိုရောဂါရှိလာပြီး ကြီးပြင်းလာနိုင်ပါတယ်။ တချို့လူတွေကတော့ ကြက်သားအစိမ်းတွေကိုသာ ဓါတ်မတည့်တတ်ပြီး ချက်ထားတဲ့ကြက်သားမှာတော့ မဖြစ်ပါဘူး။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများကြက်သားဖြင့်ဓါတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကြက်သားနဲ့ဓါတ်မတည့်ဘူးဆိုရင် ကြက်သားဖြင့်ထိတွေ့ပြီးပြီးချင်း သို့မဟုတ် နာရီပေါင်းများစွာကြာမြင့်ပြီးနောက်မှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် မျက်ရည်ရွှဲခြင်း နှာစီးခြင်း၊ နှာခေါင်းယားခြင်း နှာချီခြင်း အသက်ရှုကြပ်ခြင်း ယားယံကုတ်ခြစ်ခြင်း၊ လည်ပင်းနာခြင်း အရေပြားစပ်ဖျင်းဖျင်းဖြစ်ခြင်း၊ အသားနီခြင်း၊ နှင်းခူပုံစံအကွက်များပေါ်ခြင်း အင်ပျဉ်ထွက်ခြင်း မအီမသာဖြစ်ခြင်း အော့အန်ခြင်း အစာအိမ်ရစ်နာခြင်း ဝမ်းလျောခြင်း အနာဖိုင်လေးစစ် ရောဂါလက္ခဏာတွေဟာ နေထိုင်မကောင်းရုံကနေ အပြင်းအထန်ထိဖြစ်သွားတာမျိုးရှိတတ်ပါတယ်။ ကြက်သားနဲ့ မထိတွေ့တော့ဘူးဆိုရင် ရောဂါလက္ခဏာတွေ ရှင်းလင်းသွားမှာပါ။ ကြက်သားဖြင့်ဓါတ်မတည့်ခြင်းကို အအေးမိခြင်းနှင့် မှားယွင်းနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှာရည်ယိုခြင်းနဲ့ လည်ချောင်းနာခြင်းတို့လိုမျိုး ရောဂါလက္ခဏာတွေက အတူတူပဲဖြစ်လို့ပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း