ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။ ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။ ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

အစာဓာတ်မတည့်ခြင်း

ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးလား

လူတစ်ဦးမှာအစာတချို့နဲ့ ဓာတ်မတည့်တာမျိုးရှိတတ်ပါတယ်။ အဲ့ဒီလိုဓာတ်မတည့်နိုင်တဲ့ အစားအစာတွေ ထဲမှာတော့ ပင်လယ်စာတွေဟာထိပ်ဆုံးကပါ။ ပင်လယ်စာထဲမှာ ဘာတွေပါလဲ ရေချိုရေငန်သတ္တဝါတွေနဲ့ အခွံမာတဲ့ သတ္တဝါတွေပါပါတယ်။ ငါးတွေထဲမှာဆိုရင် ငါးပါးနီ၊ ကကတစ်၊ ငါးကြင်း၊  ငါးပေါက်စ၊ ငါးကြီးဆီထုတ်ယူလို့ရတဲ့ပင်လယ်ငါး၊ ဉရောပငါးပြား၊ ပင်လယ် ငါးသလောက်၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ ထရောက်ငါး၊ တူနာငါး အစရှိတဲ့ ငါးတွေပါပါတယ်။ ကဏန်း၊ ကျောက်ပုစွန်၊ ပုစွန်တုပ်နဲ့ ပုစွန်ဆိတ်တွေလည်းပါသလို အခွံမာကောင်တွေဖြစ်တဲ့ ပင်လယ်ခရု၊ ခုံးကောင်၊ ယောက်သွား၊ ရေဘဝဲ၊ ကရုကမာကောင်နဲ့ ကင်းမွန်တို့လည်းပါပါတယ်၊ ငါးဥလည်းပါပါသေးတယ်။ ပင်လယ်စာနဲ့ဓာတ်မတည့်မှုဆိုတာဘာလဲ ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ဟာ ပင်လယ်စာကို အန္တရာယ်ပြုနိုင်တဲ့အရာအဖြစ် သတ်မှတ်လိုက်လို့ပါ။ တစ်ချို့သော လူတွေမှာဆို သေဆုံးနိုင်တဲ့အထိတောင် ဓာတ်မတည့်မှုဟာ ပြင်းထန်နိုင်ပါတယ်။ အကယ်လို့ သင်ဟာ ပင်လယ်စာတစ်မျိုးနဲ့ ဓာတ်မတည့်ဘူးဆိုရင်တော့ တခြားပင်လယ်စာတွေနဲ့လည်း တည့်ဖို့ အလားအလာနည်းပါတယ်။ မတည့်တတ်ပါဘူး။ ဘယ်ဟာနဲ့တည့်တယ်၊ ဘယ်ဟာနဲ့တော့ […]


အခြား ဓာတ်မတည့်ခြင်းများ

ဓာတ်မတည့် မှုကြောင့် အသက်ဆုံးရှုံးရနိုင်တဲ့လက္ခဏာ သတိထားပါ

Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတ်မတည့် မှုအခြေအနေက အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက် ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။ စစချင်း တုံ့ပြန်မှုက လက္ခဏာ သိပ်မဆိုးရင်တောင် နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဓာတ်မတည့်မှုလက္ခဏာတွေ ပြင်းထန်လာရင် အရေးပေါ်ဌာနကို ချက်ခြင်း သွားသင့်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ရှူရပ် ၊ နှလုံးရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့် ခြင်းက သိပ်အဖြစ်များသလို အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်မှ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်ဓာတ်မတည့်မှုကို နားလည်ထားပြီး ဖြစ်စေနိုင်တဲ့ အရာတွေကို သိထားမှ ကိုယ့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။ အဖြစ်များတဲ့ လက္ခဏာတွေ […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

ပိုးဟပ်တွေ နဲ့ မိသားစု ကျန်းမာရေးအန္တရာယ်

ကျွန်တော်တို့နိုင်ငံမှာတော့ ပိုးဟပ် ကြောက်တဲ့သူတွေရော၊ ပိုးဟပ်တွေ ရှိတဲ့နေအိမ်တိုက်ခန်းတွေ အရမ်းများတာ သတိထားမိမှာပါ။ ပိုးဟပ်ကို အကောင်အနေနဲ့ မြင်ရင်ကြောက်တာမျိုးလည်း ရှိသလို ရုတ်တရက် ထပျံလာရင် အားကနဲအော်ပြီး လန့်သွားတတ်တဲ့သူတွေလည်း အများကြီးပါပဲ။ ပိုးဟပ်တွေက လူတွေကို ကြောက်ရွံ့စေရုံသာမက ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဒုက္ခဖြစ်စေနိုင်တဲ့ အရာတွေကို သယ်ဆောင်လာနိုင်တယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ ပိုးဟပ်တွေ နဲ့ မိသားစု ကျန်းမာရေးအန္တရာယ် ပိုးဟပ်တွေက မိသားစု ကျန်းမာရေးကို အခုလိုတွေ ထိခိုက်စေနိုင်ပါတယ်။ ပိုးဟပ်က ကိုက်နိုင်လား။ တခြားသော အင်းဆက်ပိုးမွှားတွေလိုမဟုတ်ဘဲ ပိုးဟပ်တွေက လူတွေကို ကိုက်တာမျိုးတော့ မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခြေထောက်မှာရှိတဲ့ ဆူးချွန်လေးတွေက လူ့အရေပြားနဲ့ ထိမိတဲ့အခါ ကုတ်မိသလို ဖြစ်သွားတတ်ပြီး အလွယ်တကူ ပွန်းပဲ့ရှနာဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားပေါင်းစုံ သယ်ဆောင်နေတဲ့ ပိုးမွှားအုပ်စုဖြစ်တဲ့အတွက် ဒီကုတ်မိလိုက်တဲ့ ဒဏ်ရာကနေ ပိုးဝင်သွားနိုင်ပါတယ်။ ပိုးဟပ်သည် […]


အစာဓာတ်မတည့်ခြင်း

ဘာတွေကများ ဓာတ်မတည့်မှု ကိုဖြစ်စေတာလဲ.......

အစားအစာ ဓာတ်မတည့်မှု ကလူတော်တောများများခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိပြီး ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဒီလိုဓာတ်မတည့်မှုကို ခံစားနေရသူထဲမှာ ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်ကိုယ်တိုင်ရော ပါဝင်နေလား....... အစားအစာ ဓာတ်မတည့်မှု ဆိုတာ ဘာလဲ........... အစားအစာ ဓာတ်မတည့်မှု ဆိုတာက အစားအသောက်တစ်ခုခုကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေမျိုးပါ။ ဒီအခြေအနေက အစားအစာတွေထဲမှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ အရာတစ်ခုလို့ မှားယွင်းသတ်မှတ်ပြီး တုံ့ပြန်တာပါ။ ဒီလိုမှားယွင်းသတ်မှတ်လိုက်တာနဲ့ တပြိုင်နက်မှာ ခန္ဓာကိုယ်က ကာကွယ်မှုစနစ်ကို စတင်လိုက်ပါတယ်။ ဒီတုံ့ပြန်ကာကွယ်မှုစနစ်မှာ ရောင်ရမ်းမှုကိုဖြစ်စေနိုင်တဲ့ histamine လိုမျိုး ဓာတုပစ္စည်းကို ထုတ်လွှတ်မှုလည်း ပါဝင်နေပါတယ်။ ဘယ်လို လက္ခဏာတွေရှိနိုင်လဲ........... အစားအစာဓာတ်မတည့်မှုက နည်းနည်းလေးစားမိရုံလောက်နဲ့ကို ဖြစ်နိုင်တာပါ။ […]


အခြား ဓာတ်မတည့်ခြင်းများ

Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

Steven-Johnson syndrome ဆိုတာ ရုတ်တရက် အရေပြားမှာ အပူလောင်သလို အရည်ကြည်ဖုတွေထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အရေပြားနဲ့ အချွဲအမြှေးပါး mucosaရှိတဲ့နေရာ (ဥပမာ မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်)မှာ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ Steven-Johnson syndrome ရောဂါက ဘာလို့ဖြစ်ရတာလဲ။ ဖြစ်လာရင်ရော ကုလို့ရပါ့မလားဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ဖြစ်ရတာလဲ။ အလွယ်ပြောရရင်တော့ ဆေးဓာတ်မတည့်လို့ shockရတာနဲ့တူပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေးသောက်၊ ဆေးထိုးမိတာဖြစ်ဖြစ်၊ ရောဂါပိုးတစ်ခုခုဝင်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘာအကြောင်းရင်းမှမရှိဘဲ ထဖြစ်တတ်ပါသေးတယ်။ ဆေးဝါးတွေထဲမှာဆိုရင် ဆာလ်ဖာပါတဲ့ဆေးတွေ ဂေါက်ရောဂါကုဆေးတွေ (ဥပမာ Allopurinol) နှာစေးချောင်းဆိုးပျောက်ဆေးတွေ အတက်ကျဆေးတွေ (HLA-B*1502မျိုးဗီဇရှိရင်ပိုဖြစ်ပါတယ်) အကိုက်အခဲပျောက်ဆေးတွေ ကင်ဆာဆေးတွေ ပိုးသတ်ဆေးတွေ စတာတွေပဲဖြစ်ပါတယ်။ အဲ့တော့ ဆေးတွေလို့သာပြောတာ တကယ်တော့ ဆေးတိုင်းလိုလိုဖြစ်တတ်ပါတယ်။ ရောဂါတွေထဲမှာဆိုရင်တော့ ရေယုန်ဗိုင်းရပ်စ် နမိုးနီးယား […]


အခြား ဓာတ်မတည့်ခြင်းများ

ဓာတ်မတည့်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်တာကို သက်သာစေဖို့

အသက်အရွယ်မရွေး ခေါင်းကိုက်ဝေဒနာကို အနည်းဆုံးတစ်ကြိမ်တော့ ခံစားဖူးမှာပါ။ ပုံမှန်ရိုးရိုးဖျားနာတာ၊ စိတ်ဖိစီးမှုများတာကနေ စလို့ ဓာတ်မတည့်တာကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ များသောအားဖြင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်တာထက်တော့ ပိုပြင်းထန်နိုင်သလို တခြားသောလက္ခဏာတွေပါ တွဲလျက်ကပ်ပါလာတတ်ပါတယ်။ ရာသီအကူးအပြောင်း၊ ဖုန်မှုန့်၊ ပန်းဝတ်မှုန်တွေဟာ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်း၊ အစားအစာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး၊ သောက်ဆေး အစရှိသဖြင့် ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကို ကိုယ်ခံအားစနစ်က လက်မခံဘဲ တိုက်ထုတ်တဲ့အခါ ခေါင်းကိုက်ဝေဒနာက အမြဲတမ်းလိုလို ပါဝင်နေတတ်ပါတယ်။ တခြားသော ဓာတ်မတည့်လက္ခဏာတွေကတော့ • မူးဝေအော့အန်ခြင်း • အင်ပျဉ်ထခြင်း • ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း • ဝမ်းလျှောခြင်း • အရေပြားဖောရောင်လာခြင်း • အသက်ရှူရခက်ခြင်း • နှလုံးခုန်မြန်လာခြင်း • သတိလစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်ခြင်းကြောင့် ခေါင်းကိုက်တာကို ဘယ်လိုကုသနိုင်မလဲ။ ကာကွယ်ခြင်းသည် အကောင်းဆုံးကုသနည်းတစ်မျိုးပါပဲ။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေ၊ ပစ္စည်းတွေရှိရင် လုံးဝမထိတွေ့မိစေဖို့၊ အသက်ရှူလမ်းကြောင်း၊ […]


အခြား ဓာတ်မတည့်ခြင်းများ

သောက်ဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဘာလုပ်သင့်လဲ

ဓာတ်မတည့်ဖြစ်စဉ်တွေထဲမှာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်လို့ ဆိုရမှာပါ။ များသောအားဖြင့် သောက်ဆေးအသစ်တွေကို စသောက်တဲ့အခါမှာ ဒီလိုဓာတ်မတည့်လက္ခဏာကို တွေ့ရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်က တခြားဘက်တီးရီးယားနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ရမယ့်အစား သောက်ဆေးနဲ့ ဓာတ်ပြုပြီး ဓာတ်မတည့်လက္ခဏာမျိုး ဖြစ်စေပါတယ်။ ဓာတ်မတည့်လက္ခဏာက ပြင်းထန်နိုင်လား။ များသောအားဖြင့် ဓာတ်မတည့်လက္ခဏာက မပြင်းထန်ပါဘူး။ ပုံမှန်အရေပြားမှာ အင်ပျဉ်ထတာမျိုးလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်အခြေအနေမှာတော့ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်နှုန်း အရမ်းမြန်လာခြင်း၊ အရေပြားဖောရောင်လာခြင်း၊ သတိလစ်ခြင်း၊ အဖျားတက်ပြီး ချမ်းတုန်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ကိုယ်ခံအားစနစ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို တခြားဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးပါတယ်။ တခြားသော ဓာတ်မတည့်ဖြစ်စဉ်တွေလိုပဲ၊ ကိုယ်နဲ့ မတည့်တဲ့ ဆေးတစ်မျိုးမျိုးကို သောက်မိလိုက်တဲ့အခါ ကိုယ်ခန္ဓာက ဒီဆေးကို တခြားအန္တရာယ်ပြုနိုင်လောက်တဲ့ ပစ္စည်းတွေနဲ့ မှားယွင်းပြီး ဓာတ်ပြုကာ တိုက်ခိုက်ပါတယ်။ ကိုယ်ခံအားစနစ်က ဒီဆေးတွေနဲ့ […]


အစာဓာတ်မတည့်ခြင်း

ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း လက္ခဏာများ

တူနာ၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဆောလ်မွန်၊ ဂဏန်းစတဲ့ ပင်လယ်စာ အစားအသောက်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေပါ။ အထူးသဖြင့် ပင်လယ်ကမ်းခြေလို နေရာမျိုးတွေမှာ သွားရောက်အပန်းဖြေချိန်တွေမှာဆိုရင် ပင်လယ်စာထွက် အစားအစားတွေကို အဓိကထား စားသောက်ကြလေ့ရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ ပင်လယ်စာအစားအစာတွေဟာ အစားအသောက်ပုံစံမျိုးစုံတွေမှာ ပါဝင်နေပြီဖြစ်သလို သူ့ချည်းသီးသန့် ရောင်းချတဲ့ စားသောက်ဆိုင်တွေလည်း ပေါများလာနေပါပြီ။ လူကြိုက်များအစားအစာဖြစ်ပေမယ့်လည်း ပင်လယ်စာတွေဟာ လူတိုင်းနဲ့ အဆင်ပြေနေတဲ့ အစားအစာမျိုးတော့မဟုတ်ပါဘူး။ မှတ်တမ်းတွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့လူ ၂.၃% လောက်ရှိပါတယ်။ တစ်ချို့လူတွေအနေနဲ့ ပင်လယ်စာတွေ စားသောက်မိပြီးတဲ့အခါတွေမှာ ယားယံတာ၊ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ တစ်ချို့က မကြာခဏဖြစ်တတ်သလို တစ်ချို့က တစ်ခါတစ်ရံမှဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အမြဲတမ်း ကြုံရတတ်တာမို့ လုံးဝစားလို့မရတာမျိုးလည်းရှိပါတယ်။ ဒါကို Seafood Allergies ဒါမှမဟုတ် Shellfish Allergies […]


အခြား ဓာတ်မတည့်ခြင်းများ

သွေးဓာတ်မတည့်မှု ပြဿနာ ဂရုပြုပါ

ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလို့ဖြစ်စေ၊ ရောဂါကြောင့်သွေးနီဥပမာဏနည်းနေရင်ဖြစ်စေ လျော့နည်းသွားတဲ့ သွေးပမာဏကို ပြန်ဖြည့်ဆည်းဖို့အတွက် သွေးသွင်းဖို့လိုအပ်နိုင်ပါတယ်။ တကယ်အရေးကြီးတဲ့အချိန်မှာ သွေးသွင်းကုသမှုက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တာလူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကုသမှုတိုင်းအားလုံးလိုပဲ သွေးသွင်းကုသမှုမှာလည်း ဘေးထွက်ဆိုးကျိုးတချို့နဲ့ သတိပြုစရာလေးတွေ ရှိနေတာမို့ Hello Sayarwon စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ရပါတယ်။ သွေးသွင်းတော့မယ်ဆို အရေးကြီးဆုံးက သွေးသွင်းခံမယ့် လူနာရဲ့သွေးနဲ့ သွင်းမယ့်သွေး အမျိုးအစား ထပ်တူကျရပါမယ်။ သွေးအမျိုးအစား ၂ ခုမတူညီခဲ့ရင် လူနာဟာ သွေးဓာတ်မတည့်တဲ့ ပြဿနာတွေခံစားရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာသွေးသွင်းဖို့လိုအပ်မလဲ အပေါ်မှာပြောခဲ့သလိုပဲ လူနာကသွေးအများကြီးဆုံးရှုံးသွားတဲ့အချိန်နဲ့ အောက်ခံရောဂါတစ်ခုခုကြောင့် ခန္ဓာကိုယ်က သွေးနီဥလုံလုံလောက်လောက်မထုတ်နိုင်တဲ့အခြေအနေမျိုးမှာ သွေးသွင်းရနိုင်ပါတယ်။ များသောအားဖြင့် -           ရောဂါတစ်ခုခုဖြစ်တဲ့အခါ -           ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့အခါ -           ကင်ဆာရောဂါ ခံစားနေရတဲ့အခါ -           ရောဂါပိုးဝင်သွားတဲ့အခါ -           မီးလောင်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အခါ -           ထိခိုက်ဒဏ်ရာဆိုးဆိုးဝါးဝါးရရှိပြီး သွေးဆုံးရှုံးမှုများတဲ့အခါတွေမှာ သွေးသွင်းရတတ်ပါတယ်။ သွေးမသွင်းခင်မှာ လူနာရဲ့သွေးနမူနာအနည်းငယ်ထုတ်ပြီး သွေးအမျိုးအစားသိအောင် typing နဲ့ crossmatching လုပ်ပါတယ်။ […]


အစာဓာတ်မတည့်ခြင်း

အရက်နှင့် ဓာတ်မတည့်ခြင်းဆိုတာ ဘာလဲ

ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အရက်သည်လည်း တစ်ခုအပါအဝင်လို့ ဆိုရမှာပါ။ ဒါပေမယ့် တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်တွေထဲမှာ ပါဝင်ပါတယ်။ အရက်နဲ့ ဓာတ်မတည့်ခြင်းမှာ ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Alcohol Allergy) နဲ့ အရက်ထဲမှာ ပါဝင်နေတဲ့ ပစ္စည်းတွေအပေါ် ကိုယ်ခန္ဓာရဲ့ တုံ့ပြန်သက်ရောက်ခြင်း (Alcohol Intolerance) ဆိုပြီး ၂မျိုး ခွဲလို့ရပါတယ်။ ၁။ Alcohol Allergy ဒါကတော့ အရက်နဲ့ လုံးဝဓာတ်မတည့်တဲ့သူတွေမှာသာ ရှိတဲ့ ပြဿနာပါ။ ပုံမှန်ထက် ပိုပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေအပြင် ရုတ်တရက် အသက်ရှူကျပ်ပြီး အသက်သေဆုံးသည်အထိ ဆိုးရွားနိုင်ပါတယ်။ ဒီလိုပြဿနာ သင့်မှာရှိတယ်ဆိုရင်တော့ အရက်ကို တစ်သက်လုံး သောက်လို့ရမှာမဟုတ်ပါဘူး။ ၂။ Alcohol Intolerance အရက်သောက်ကာစ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ အရက်ထဲမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း