တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

သင့် မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ဘဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိဖူးလို့ ဆိုပါတယ်။ အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင်လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ရေနွေးလေးနဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ […]


အမျိုးသမီး ကျန်းမာရေး

သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း

သားအိမ်ခေါင်းမှာ အလုံး (အသားပို)ဖြစ်ခြင်း ဆိုတာက အမျိုးသမီးရောဂါတစ်ခု ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာပါ ပြဿနာပေးနိုင်ပါတယ်။ သားအိမ်ခေါင်းတွင် အသားပို ဖြစ်တယ် ဆိုတာ ဘာလဲ သားအိမ်ခေါင်းမှာ ကင်ဆာမဟုတ်တဲ့ အကြိတ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လိုက်ရင်တော့ သားအိမ်အထက်ပိုင်းမှာ အလုံးအကြိတ်ဖြစ်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလုံးအကြိတ်က ကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်မယ်၊ မွေးလမ်းကြောင်းထဲကို ထိုးထွက်လာနိုင်ပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ သင့်အနေနဲ့သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ သင့်မှာ သားအိမ်ခေါင်းအကြိတ်ဖြစ်တာမျိုး ရှိရင်တော့ မွေးလမ်းကြောင်းက သွေးအများကြီးဆင်းတာ၊ မူမမှန်သွေးဆင်းတာ အဲဒီလိုသွေးဆင်းရာကတစ်ဆင့် သွေးအားနည်းတာ၊ မောပန်းတာ၊ အားနည်းလာတာ လိင်ဆက်ဆံတဲ့အခါ နာကျင်တာ ဗိုက်မှာ တခုခုဖိနေသလို၊ အလုံးတည်နေသလို ခံစားရတာ […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါတွေဟာ စနစ်တကျ အလုပ်လုပ်ရပါတယ်။ မျိုးအောင်ခြင်းကနေ စတင်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းမှာ အဆုံးသတ်ပါတယ်။ သားဥအိမ် - ဟော်မုန်းနဲ့ မမျိုးဥထုတ်ပေးခြင်း သားဥအိမ်မှာ အဓိကလုပ်ငန်းဆောင်တာ(၂)ခု ရှိပါတယ်။ ပရိုဂျက်စတင်နဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်ပေးဖို့နဲ့ မမျိုးဥတွေ ထုတ်ပေးဖို့ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် သူ့ဆီမှာ မမျိုးဥတွေမြောက်များစွာ ပါလာပါတယ်။ သူ အပျိုဖြစ်ပြီဆိုတာနဲ့ အဲဒီ မမျိုးဥတွေ တစ်လကိုတစ်ခု စပြီး ထွက်လာပါတယ်။ ဦးနှောက်ကထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးပြီး မမျိုးဥများ ပုံမှန်ထုတ်အောင် လုပ်ပေးပါတယ်။ လတိုင်း မမျိုးဥတစ်လုံး သို့မဟုတ် နှစ်လုံးဟာ သားဥအိမ်ကနေ ထွက်လာပြီး သားဥပြွန်ထဲကို ရောက်သွားပါတယ်။ သားဥပြွန် - မျိုးအောင်သည့်နေရာ သားဥပြွန်ဟာ အမျိုးသားဆီက ဝင်လာတဲ့ သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းပြီး မျိုးအောင်သွားတဲ့နေရာ ဖြစ်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း