တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

မိန်းမကိုယ် သန့်ရှင်းဖို့ ဆိုတာ အမျိုးသမီး တစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အလေးထား ဂရုစိုက်ရမယ့် အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိန်းမကိုယ်လေးဟာ အမျိုးသမီး တစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ယူပေးနေရတာကြောင့်ဖြစ်တယ်။ အရွယ်ရောက်လာတာနဲ့ မိန်းမကိုယ်ကနေပဲ ရာသီသွေးဆင်းတယ်၊ ကလေးမွေးတော့လည်း သူကနေပဲဖြတ်ရတယ်၊ အိမ်ထောင်ရေး သုခ ခံစားရဖို့လည်း သူပါရတာပဲ။ ဒီလို မိန်းကလေးတစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ထမ်းဆောင်နေရတဲ့ မိန်းမကိုယ်လေးကို သန့်ရှင်းအောင်ထားဖို့ဆိုတာ အရေးကြီးလွန်းပါတယ်။ ဒါကြောင့် ဘယ်လို သန့်ရှင်းပေးသင့်လဲဆိုတာ ကြည့်ရအောင်နော်။ မိန်းမကိုယ်တာဝန်မှာ သန့်ရှင်းရေး အပိုင်းပါပါတယ်။ ။ မိန်းမကိုယ်ဆိုတာ သူ့ဘာသာ သန့်ရှင်းအောင် နေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ pH ပြင်းအားပျော့တဲ့ အက်ဆစ်တစ်မျိုးပါပါတယ်။ အဲ့ဒီ အက်ဆစ်ကပဲ အပြင်က ပိုးတွေ မဝင်နိုင်အောင် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်

မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုရင် လှအောင်ပြင်တတ်ရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုသလို စမတ်ကျကျဝတ်စားတတ်ပြီး အနံ့အသက်ဆိုးတွေ ကင်းစင်ဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်တော့ မိန်းမကိုယ်က ရောဂါကင်းစင်ပြီး ကျန်းမာဖို့ လိုပါတယ်၊၊ ကျန်းမာတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင် အခုပြောပြမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ် လေးက အသုံးဝင်မှာပါ။ အကျိုးပြုဘက်တီးရီးယား ဘက်တီးရီးယားဆိုတာနဲ့ ခန္ဓာကိုယ်အတွက် မကောင်းတာဘဲ ဖြစ်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ အကျိုးပြုစေနိုင်တဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးပါတယ်။ Vaginal Prebiotics (မိန်းမကိုယ် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်) ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် Vaginal Prebiotic ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးပါ။ မိန်းမကိုယ်ကို အနံအသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကိုပေါက်ဖွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက် အထောက်အကူပြုပေးပါတယ်။ မိန်းမကိုယ်ရဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းရေး လုပ်တဲ့အခါ ဘာကြောင့် ကိုယ်တိုက်ဆပ်ပြာကို မသုံးသင့်တာလဲ

မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ် ဆိုတာ အရမ်းကို နူးညံ့ပြီး အထိခိုက်မခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ တည်ဆောက်ပေးတဲ့နေရာဆိုလည်း မမှားပါဘူး။ မိတ်ကပ်တွေတော့ လိမ်းထားပါရဲ့။ မိန်းမကိုယ်က အဖြူဆင်းများပြီး ယားနေတာ၊ ပိုးဝင်မှိုစွဲပြီး ရောင်ရမ်းနေတာဆို လူကြားထဲ ဘယ်လိုလုပ် ယုံကြည်မှု အပြည့်နဲ့ သွားရဲတော့မလဲနော်။ ဒီတော့ အခြားကိုယ်ပေါ်က အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါသေးတယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်နိုင်မှာလေ။ ကဲ သန့်ရှင်းရေးလုပ်ဖို့ ဘယ်လို အရေးကြီးလဲဆိုတဲ့ အပိုင်းကို ပြောပြီးသွားပြီဆိုတော့ သန့်ရှင်းရေး ဘယ်လိုလုပ်ရမှာလဲ။ မိန်းမကိုယ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမှာလဲ အမျိုးသမီးတော်တော်များများ အမှတ်မှားနေတာက မိန်းမကိုယ်လည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပဲ။ ဆပ်ပြာနဲ့ ရေနဲ့ သုံးလိုက်ရင် ဘက်တီးရီးယားတွေ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်လေးနဲ့ပတ်သက်လို့ သိထားသင့်တာလေးအချို့

မိန်းကလေးတစ်ယောက်ကိုယ့်ကိုကိုယ် ကျန်းမာတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်စောင့်ရှောက်ဖို့ဆိုရင် သိထားဖို့လိုမယ့်အချက်တစ်ခုရှိပါတယ်နော်။ ဒါက ခန္ဓါကိုယ်ကိုတင် ကျန်းမာအောင်စောင့်ရှောက်ရမှာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်လေးကိုလည်းဂရုစိုက်ဖို့လိုပါမယ်နော်။ မိန်းမကိုယ်ရဲ့ အခန်းကဏ္ဍ မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့ မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာ စိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။ ဘာတွေက မိန်းမကိုယ်လေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လဲ မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ - အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။ အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ ချည်သားမဟုတ်တဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။ အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။ စက်ဘီးစီးတာ–စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင်းခန်း ၃ မျိုး

တောင့်တင်းပြီး ကျစ်လစ်တဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ရခြင်းက အမျိုးသမီးတွေကို သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ခန္ဓါကိုယ်လို့ဆိုတဲ့အထဲမှာ ယောနိလဲ အပါအဝင်ပါ။ ခုအောက်မှာဖော်ပြမယ့် ဆောင်းပါးက သင့်ယောနိကို ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ခွဲစိတ်မှုတွေမလိုပဲ သဘာဝအတိုင်း တင်းကျပ်စေမယ့် အချက်အလက်ကို ပေးပါလိမ့်မယ်။ ယောနိလျော့ရဲသွားတာ ဘာကြောင့်လဲ။ လူတွေတွေးနေတာနဲ့ ကောလဟာလတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ယောနိလျော့ရဲတာဟာ ချစ်တင်းနှောတာနဲ့ ပတ်သက်မှု မရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက အကြိမ်ရေများစွာ ချစ်တင်းနှောတာက သင့်ယောနိရဲ့ ပုံစံနဲ့ အကျယ်ကို မပြောင်းလဲသွားစေပါဘူး။ အဲ့တော့ ဘယ်လောက်ပဲ ချစ်တင်းနှောပါစေ၊ ဒါမှမဟုတ် သင့်အဖော်ရဲ့ ကိုယ်ပိုင်ပစ္စည်းက ဘယ်လောက်ပဲ ကြီးပါစေ၊ ဒါက ကျယ်စေတဲ့ အကြောင်းအရင်းမဟုတ်ပါဘူး။ ယောနိလျော့ရဲတာက (ကျုံ့နိုင်ဆန့်နိုင်မှု ဆုံးရှုံးတာ) အကြောင်းရင်းတော်တော်များများကြောင့် ဖြစ်တတ်ပါတယ်။ ဥပမာ ကလေးမီးဖွားခြင်း၊ သွေးဆုံးခြင်း၊ သို့မဟုတ် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ

ဒီနေ့ခေတ်မှာ ခေတ်သစ်ဆေးပညာတွေအရ ချစ်မှုရေးရာကိစ္စတွေမှာ တိုးတက်ဖို့ နည်းလမ်းအမျိုးမျိုး ရှိလာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျဉ်းစေတဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု လို့ခေါ်တဲ့ မိန်းမကိုယ်ပြုပြင်သော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။   မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ဘာတွေလဲ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှုဆိုတာ တဖြည်းဖြည်း ခံစားမှုလျော့ကျနေတဲ့ ဒါမှမဟုတ် အသက်ကြီးခြင်းနဲ့ ကလေးမွေးခြင်းကြောင့် လျော့ရဲလာတဲ့ မိန်းမကိုယ်ကို ပြန်လည်တင်းရင်းကျဉ်းမြောင်းစေသည့် မိန်းမကိုယ်ခွဲစိတ်ကုသမှု ပလတ်စတစ်ဆာဂျရီဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အဲဒီ နည်းလမ်းနဲ့ ချစ်သူ၂ယောက်ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ခံစားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ မိန်းမကိုယ်ဆိုတာ ကျုံ့ဆန့်နိုင်တယ်ဆိုပေမယ့် ခွဲစိတ်ပြုပြင်ပြီး ကျဉ်းအောင်ပြုလုပ်ခြင်းဟာ လိင်စိတ်တုန့်ပြန်မှုမှာ တိုးတက်စေနိုင်ဆိုတာ မသေချာသေးပါဘူး။ လိင်စိတ်ပေါ်အောင် နှိုးဆွခြင်း၊ လိင်စိတ်ပြည့်ဝခြင်းဆိုတာတွေက အတော်ရှုပ်ထွေးပါတယ်၊ ရင်းနှီးမှု၊ စိတ်ခံစားချက်၊ ပင်ကိုယ်စိတ်သဘောထားတွေမှ တယောက်ချင်းဆီက မြင့်မားတဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း

အမျိုးသမီးတွေဟာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဓမ္မတာလာပြီး ရာသီသွေးအကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ကိုယ်ဝန်မရအောင် တားဆီးဖို့ မိန်းမကိုယ်သန့်စင်ဆေးရည် အမျိုးမျိုးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်တွေရဲ့ အဆိုအရ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ စောစောကပြောခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ ထိရောက်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ရောဂါပိုးကူးစက်နိုင်ချေ၊ ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို မြင့်စေတယ်လို့ သိရှိရပါတယ်။   မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း (Vaginal Douching) ဆိုတာ ဘာလဲ Douche ဆိုတဲ့ ဝေါဟာရဟာ ပြင်သစ်စကားလုံးဖြစ်ပြီး “ဆေးကြောသည်” သို့မဟုတ် “စိုစွတ်စေသည်” လို့ အဓိပ္ပါယ်ရပါတယ်။ Douching ဆိုတာကတော့ ရေ ဒါမှမဟုတ် အခြားအရည်တစ်မျိုးမျိုးကို အသုံးပြုပြီး မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောသန့်စင်ခြင်းကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးနဲ့ မွှေးရနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

ဆီးခုံမွေးတွေကို ဘယ်လိုပုံစံမျိုးထားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သက်ဆိုင်ရာ လိင်အင်္ဂါ နားတစ်ဝိုက်မှာ အမွေးအမျှင်တွေ စပေါက်လာတာနဲ့ ဒီအမွေးတွေဟာ ရိတ်ဖို့ အတွက်ပဲ၊ နှုတ်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဒီလို တွေးတာတွေကလည်း သဘာဝတော့ကျပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကြော်ငြာအများစုကလည်း ဆီးခုံမွေးတွေကို ရိတ်ဖို့၊ ညှပ်ဖို့ ကြော်ငြာနေကြတာမို့ပါ။ ဒါပေမဲ့ ဒီဆောင်းပါးလေးထဲမှာ ဘာကြောင့် အမျိုးသမီးတွေ အတွက်ပဲ ဖော်ပြရတာလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးခုံမွေးများကို ပိုပြီး ဂရုစိုက်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ အမျိုးသမီး ၈၄ ရာခိုင်နှုန်းခန့်ဟာ ဆီးခုံမွေးသန့်ရှင်းရေးကို လုပ်ဆောင်တတ်ကြပြီး အမျိုးသားတွေကတော့ ၆၄ ရာခိုင်နှုန်းခန့်သာ သန့်ရှင်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဆီးခုံမွေးတွေကို ဘယ်လို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။ မိန်းမကိုယ်ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။ ဒါဆိုရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ ဒါကြောင့် နုနယ်တဲ့ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည် တွေ သုံးပေးရမှာပါ။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးခြင်းအားဖြင့် အနံ့ဆိုး ေတွလည်း ပျောက်စေမယ် ပြင်ပက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲ မဝင်အောင်လည်း တားဆီးပေးနိုင်မယ်။ ရာသီလာချိန် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်းတစ်ခုက ဘယ်လောက်နက်သလဲဆိုတာ သိပါသလား

အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဆိုတာ လိင်အင်္ဂါတစ်ခုအဖြစ်လုပ်ဆောင်တဲ့အပြင် ကလေးမွေးဖွားရာ လမ်းကြောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား၊ လက်နဲ့ ခြေထောက်တွေ မတူကြသလိုပဲ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ပျှမ်းမျှမွေးလမ်းကြောင်း အရှည်ဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ) ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ခြားသော လေ့လာချက်တွေအရတော့ ပျှမ်းမျှ မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၃ လက်မနေ ၇ လက်မ (၇.၆ စင်တီမီတာ ကနေ ၁၇.၇ စင်တီမီတာ ) အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် လိင်ဆက်ဆံဖော်တွေတောင် သေချာမသိနိုင်ကြပါဘူး။ မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစား။ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဆိုတာ မွေးလမ်းကြောင်းအဝကနေ သားအိမ်ခေါင်းထိ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း