တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို

တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင်  မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Uterine Prolapse (သားအိမ်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Prolapse (သားအိမ်ကျခြင်း) ကဘာလဲ။ သားအိမ်ဟာ မိန်းမကိုယ်အတွင်း ပြူထွက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ မိန်းမကိုယ်အထက်မှာ ကြွက်သားများ၊ အရွတ်များရဲ့ ထိန်းအားနဲ့ တည်ရှိပါတယ်။ ကြွက်သားနဲ့ အရွတ်တွေ အားနည်းပြီး ဆန့်ထွက်လာတဲ့ အခြေအနေမှာတော့ သားအိမ်ဟာ သူ့နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲ ဆင်းလာပါတယ်။ ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ သားအိမ်နဲ့အတူ ကျလာတတ်ပါတယ်။ ကုသစမှုဟာ အခြေအနေပေါ် မူတည်ပါတယ်။ သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ Uterine Prolapse (သားအိမ်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးရိုးရိုးမွေးဖူးသူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများUterine Prolapse (သားအိမ်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တင်းကြပ်ခြင်း၊ အောက်ပိုင်းမှာ ပြည့်နေခြင်း၊ ဗိုက်နဲ့ဆီးစပ်က […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ကဘာလဲ။ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်း ကို ပီအိုင်ဒီဟုလဲခေါ်သည်။ အမျိုးသမီးမျိုးပွားအဂါၤများတွင် ရောဂါပိုးဝင်ခြင်းတမျိုးဖြစ်သည်။ ပီအိုင်ဒီသည် လိင်မှတစ်ဆင့်ကူးသော ရောဂါများ၏ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်သည် ။ ထိုကြောင့် သားအိမ် သားအိမ်ပြွန် သားဥအိမ်နှင့်အခြားသော မျိုးပွားအဂါီများအား ထာဝရပျက်စီးစေတတ်သည်။ ကလေးမရခြင်းကိုဖြစ်စေသော်လည်း ကာကွယ်လို့ရပါသည်။ Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဆိုင်ရာအဖွဲ့အစည်းမှ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်းသည် အမေရိကန်တစ်နှစ်လျင် အမျိုးသမီးတစ်သန်းခန့်ဖြစ်နေသည်ဟုဆိုသည်။ ဆယ်ကျော်သက်အရွယ်တွင်ပို၍အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းရဲ့ အချို့သောရောဂါလက္ခဏာတွေကတော့ ဗိုက်အောက်ပိုင်းနှင့် တင်ပါးစုံအတွင်းပိုင်းမှနာခြင်း မအဂါ်မှ အနံမကောင်းသောအရည်များဆင်းခြင်း။ ပုံမှန်မဟုတ်သောရာသီသွေးများလာခြင်း။ လိင်ဆက်ဆံချိန် နာခြင်း ဖျားခြင်း ဆီးသွားလျင်နာခြင်းသို့မဟုတ် ဆီးသွားရခက်ခြင်း ပီအိုင်ဒီသည် ရောဂါလက္ခဏာမပြင်းထန်သည် သို့မဟုတ် လုံးဝမပြသည်ထိဖြစ်တတ်သည်။ ကလက်မိုင်းဒီးယားကြောင့်ဖြစ်ပါက ရောဂါလက္ခဏာမပြင်းထန်ခြင်း သို့မဟုတ် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကဘာလဲ။ အမ်ဒိုမက်ထရီယမ်ဆိုသည်မှာ သားအိမ်၏နံရံအလွှာတစ်ခုဖြစ်ပြီး မတန်တဆ ဆဲလ်ကြီးထွားခြင်းကြောင့် ထူလာတတ်ပါသည်။ ထိုအခြေအနေအား အမ်ဒိုမက်ထရီယမ်ထူခြင်းဟု ခေါ်၏။ ၎င်းသည် ကင်ဆာမဟုတ်သော်လည်း တစ်ချို့ဖြစ်ရပ်များတွင် ကင်ဆာဖက်သို့ ကူးသွားနိုင်ပါသည်။ အမ်ဒိုမက်ထရီယမ်မှာ ရာသီစက်ဝန်တလျှောက် ဟော်မုန်းများအား တုန့်ပြန့်ခြင်းအားဖြင့် ပြောင်းလဲနိုင်စွမ်းရှိပါသည်။ စက်ဝန်း၏ ပထမအပိုင်းတွင်း မဟော်မုန်းကို သားဥအိမ်များမှ ထုတ်၏။ မဟော်မုန်းသည် နံရံအလွှာအား ကြီးထွားလာစေပြီး သန္ဓေတည်ရန်အတွက် သားအိမ်ကို အရံသင့်ပြင်ပေးလိုက်သည်။ နောက်တစ်ပိုင်း စက်ဝန်းအလယ်ပိုင်းတွင် သားဥအိမ်တစ်ခုမှ သားဥကြွေလာပါသည်။ သားဥကြွေပြီးနောက် ပရိုဂျက်စတီရုမ်းခေါ်သော နောက်ဟော်မုန်းတစ်မျိုး စထွက်လာ၏။ ထိုဟော်မုန်းသည် သားဥအား အာဟာရပြုရန် လက်ခံရန် အမ်ဒိုမက်ထရီယမ်ကို ပြုပြင်ပေးပြန်သည်။ သန္ဒေမတည်ဖြစ်ပါက မဟော်မုန်းနှင့် ပရိုဂျက်စတီရုမ်း လယ်ဗယ်များ တဖြည်းဖြည်းလျော့ကျသွား၏။ ပရိုဂျက်စတီရုမ်းကျသွားသည့်အခါ ရာသီစလာစေပါတော့သည့်။ တနည်း နံရံအလွှာ ကွာကျလာပါသည်။ နံရံလုံးဝကွာချပြီးသည့်အခါ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ ကျုံ့ဆန့်နိုင်အားကို လျော့နည်းစေတာက ကလေးမီးဖွားခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်၊ သားဖွားလမ်းကြောင်း မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေအတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာကြပါတယ်။ ဒီလိုနဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အစွမ်းကို အားကိုးလာပါတယ်။ ဒါပေမယ့် သဘာဝတရားအရ ဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့ မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင် အဆင်မပြေမှာစိုးပြီး ပြန်လည် နုပျိုတင်းရင်းမှုကို ပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ် ပြန်လည် တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေ အများကြီး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Pelvic Pain (ဆီးခုံနာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကဘာလဲ။ ဆီးခုံနာကျင်ခြင်းဆိုသည်မှာ သင့်ဝမ်းဗိုက်ရဲ့အောက်ဆုံးအပိုင်း ၊ ချက်အောက်ပိုင်း ဆီးခုံနေရာတွင်အတွင်းဘက်မှနာကျင်မှုမျိုးဖြစ်ပါတယ် ။ ဆီးခုံနာကျင်ခြင်းတွင်ရေတိုနှင့် ရေရှည်နာကျင်ခြင်းနှစ်မျိုးရှိပါတယ် ။ Pelvic Pain (ဆီးခုံနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးခုံနာ.ကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ်။ အမျိုးသမီးများဟာအမျိုးသားများထက်အဖြစ်များပြီး ဆယ်ကျော်သက်မှသက်ကြီးပိုင်းအထိအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများPelvic Pain (ဆီးခုံနာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်မှုဟာ အသေးစားနာကျင်မှုကနေ အပြင်းအထန်နာကျင်မှုအထိလူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါဘူး။ စူးစူးရှရှနာကျင်နိုင်သလို နေရာတစ်ခုလုံးလည်းနာကျင်နိုင်ပါတယ် ။ ဆက်တိုက်နာကျင်နေနိုင်သလို ခဏခဏနာကျင်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ဆီးခုံနာကျင်ခြင်းဟာ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ဆီးမထိန်းနိုင်ခြင်း ၊ ဖျားခြင်း ၊ ခါးနာခြင်း နှင့် နှလုံးခုန်မြန်ခြင်းတို့နှင့် တွဲလာတတ်ပါတယ် ။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ် ။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။ – သင့်ရဲ့တစ်နေ့တာလုံးအလုပ်ချိန်တစ်ခုလုံးနာကျင်နေခြင်း – လိင်ဆက်ဆံရာတွင်အခက်အခဲရှိခြင်း၊လိင်စိတ်ပြီးမြောက်ရန်ခက်ခဲခြင်း၊ လိင်အင်္ဂါထောင်မတ်မှူနှင့် သုတ်လွှတ်မှုများအားနည်းခြင်း […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

အမျိုးသမီးအများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည်ရရှိဖို့၊ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ်ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုခွဲစိတ်လိုက်ခြင်းအားဖြင့် မိန်းမကိုယ်ကို ပြန်လည်တင်းကြပ်သွားစေပြီး တွဲကျတာ၊ပုံပျက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့အတွက် ခွဲစိတ်မှုမခံယူမီ ဒီအချက်ကို သေချာစွာ ထည့်သွင်းစဉ်းစားရပါမယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှုခံယူပြီး ရက်အနည်းငယ်အတွင်းမှာ နာကျင်တာမျိုး၊အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့် နောက်ထပ်ပြဿနာတခု ရှိပါသေးတယ်။ ဒါကတော့ သင့်မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ကာလကြာရှည် ဆုံးရှုံးတာ ဒါမှမဟုတ် အမြဲတမ်း ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ် (မိန်းမကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

သင့်မွေးလမ်းကြောင်းပုံစံဘယ်လိုဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများဟာ - အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ - မိမိတို့မွေးလမ်းကြောင်းပုံစံဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်းနည်းကအမျိုးသမီးတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ မွေးလမ်းကြောင်းပြင်ခြင်းဆိုတာဘာလဲ ရေဒီယိုလှိုင်းသို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကိုသုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကိုပြန်လည်ဆောင်ကြဉ်းပေးခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကိုအာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ခုရှိပြီး - မွေးလမ်းကြောင်းကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါအရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။ အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေနည်းလာပြီး မွေးလမ်းကြောင်းဆန့်ကျုံ့သတ္တိလျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာအလေးချိန်ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်းကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာမကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။ ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့်နည်းကိုသုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာအောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်- အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်းကျယ်သွားခြင်း စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း လိင်လမ်းကြောင်းခွဲစိတ်မှုတစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း ဆီးမထိန်းနိုင်ခြင်းနှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်လိုသူများအတွက်   ဘယ်လိုအလုပ်လုပ်သလဲ မိန်းမကိုယ်ပြင်ခြင်းဆိုတာ အိုမင်းခြင်းကိုဆန့်ကျင်ပြီး ဆဲလ်များကြီးထွားဖြစ်ပေါ်ခြင်းကိုအားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီးပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်းလှိုင်းတွေက မွေးလမ်းကြောင်းအပူချိန်ကိုမြှင့်ပြီး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို သတိမပြုမိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးကင်းလုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိရေး ကိစ္စရပ်တွေမှာ အနုတ်လက္ခဏာ ဆောင်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန် အချက်တွေပဲ ဖြစ်ပါတယ်။ သဘာထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော၊ တင်းကြပ်သော အတွင်းခံများ မဝတ်ပါနှင့် ဓါတုဗေတုချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ပူလောင်စိုစွတ်စေပြီး လေဝင်လေထွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် အဝတ်များ တင်းကြပ်ရင် အရေပြားတွေကို ပွတ်တိုက်ပြီး သေးငယ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။ သင့်ကို အကြံပြုချင်တာကတော့ သဘာဝပစ္စည်းတွေ ချည်ထည်တွေကိုပဲ ဝတ်ဆင်ပြီး တင်းကြပ်တဲ့ အဝတ်တွေကို အချိန်ကြာကြာဝတ်ခြင်းမှ ရှောင်ကြဉ်ဖို့ပါပဲ။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ စစ်ဆေးခြင်း သင့်အနေနဲ့ အကာအကွယ်သုံးမယ်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမယ်ဆိုရင်တောင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ၊ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ တားဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းခြင်းကလည်း မိန်းမကိုယ်မှာ ပြဿနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ် ပတ်လည် နာကျင်ခြင်း ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက်မှာ နာကျင်ခြင်းကို နာတာရှည်ခံစားလာရခြင်းကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus )ဆိုတာ ယောနိလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေက သင်မလိုချင်ပဲနဲ့ ဆွဲညှစ်နေတာကိုခေါ်ပါတယ်။ ဒါဟာ သင့်လိင်ကိစ္စကို ထိခိုက်စေနိုင်တယ်။ ကံမကောင်းတာက ဒါကိုသင့်ဘဝမှာကြုံရနိုင်တာပါပဲ။ ဒါကြောင့် ဖြေရှင်းဖို့နည်းတွေလည်းသိထားသင့်တယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) နဲ့ပတ်သက်ပြီးသင်သိစရာအချက်တွေကို လေ့လာကြည့်ရအောင်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဆိုတာ ဘာလဲ။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဖြစ်ရတဲ့အကြောင်းကိုမသိပေမယ့် ဒါကိုဖြစ်ဖို့အလားအလာတက်စေတဲ့ အချက်တွေတော့ရှိပါတယ်။ ဒါတွေကတော့ : သင်ယောနိက သေးလွန်းတာ လိင်ကိစ္စကနာကျင်ပြီး သာယာမှုမရှိတာ ကလေးမီးဖွားပြီးလို့ ယောနိလမ်းကြောင်းပျက်စီးနေတာ လိင်အနိုင်ကျင့်ခံရတာတွေ ဖြစ်ဖူးတာ ယောနိမှာပိုးကြောင့် ထိခိုက်တာ သင်ကကိုယ်ဝန်ရမှာကို ကြောက်နေတာ သင့်ပထမဆုံး လိင်ဆက်ဆံမှုက နာကျင်စေတာ သင့်ဆက်ဆံရေးမှာမအောင်မြင်တာ စတာတွေဖြစ်ပါတယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ခြင်းဟာ ရုပ်ပိုင်း စိတ်ပိုင်း ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း