ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ကိုယ်ဝန်တည်ခြင်း မရှိပေမယ့် ရာသီသွေးမပေါ်နိုင်တဲ့ အကြောင်းရင်းများ

အမျိုးသမီးအချို့အတွက် ရာသီကာလဆိုတာ စိတ်မသက်မသာဖြစ်စရာပေမယ့် အချို့သောသူတွေကတော့ ပျော်ကောင်းပျော်ပါလိမ့်မယ်။ ကိုယ်ဝန်မရှီလို့ ရာသီလာတာကိုး။ အောက်ပါအချက်တွေကတော့ သင့်မှာကိုယ်ဝန်မရှိဘဲနဲ့ ဘာလို့ရာသီမပေါ်သလဲဆိုတာ ရှင်းပြပါလိမ့်မယ်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုဟာ ရာသီသွေးမပေါ်ခြင်းအတွက် အဖြစ်အများဆုံးအကြောင်း ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရလဒ်ဖြစ်နိုင်ပါတယ်။ လူတစ်ဦးစိတ်ဖိစီးမှု ဖြစ်နေစဉ်အတွင်းမှာ ခန္ဓာကိုယ်ကလည်း ကွဲပြားခြားနားတဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဝက်ခြံ သို့မဟုတ် အခြားအရေပြားဆိုင်ရာကိစ္စရပ်များကအစ သင့်ရာသီစက်ဝန်းကို ထိန်းချုပ်ထားသောဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ hypothalamus ကိုလည်းထိခိုက်နေပါတယ်။ အဆိုပါ hypothalamusကနေ ဟော်မုန်းမမှန်မကန် ထုတ်လုပ်မှုက သင့်ရဲ့ရာသီကာလကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါ့အပြင်အချိန်ကြာလာတာနဲ့အမျှ နာမကျန်းဖြစ်တာ ရာသီမလာဘဲ ရပ်တန့်တာတွေဖြစ်နိုင်ပါတယ်။ သင့်မှာ စိတ်ဖိစီးမှုအကြောင်းရင်းတစ်ခုဖြစ်တယ်ထင်လျှင် သင့် နဂိုအခြေအနေပြန်ရောက်ဖို့ အပန်းဖြေနည်းစနစ်သုံးပါ။ ကိုယ်အလေးချိန်ပြဿနာများ အလေးချိန်ပြဿနာတွေဆိုတာ အဝလွန်ခြင်းထက်ပိုပါတယ်။ အဝလွန်တာလည်းပြဿနာတစ်ခုဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သင့်အလေးချိန်အတက်အကျပြောင်းလဲနေတာက ရာသီမမှန်မှုဖြစ်နိုင်ပါတယ်။ ပမာဏမမှန်စားသုံးခြင်း သို့မဟုတ် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာတွေက တရားခံဖြစ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်နည်းတာဟာ ရာသီပေါ်ခြင်း […]


ရာသီလာခြင်း

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ အမျိုးသမီးထုဟာသဘာဝတရားအရ ဓမ္မတာလာပြီး သူတို့ရဲ့အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းအဖြစ် ( Tampon ) ကိုရွေးချယ်ကြပါတယ်။ ပြီးတော့ ဒီပစ္စည်းကြောင့်ပဲအသက်အန္တရာယ်ရှိနိုင်တဲ့ အဆိပ်သင့် ရှော့ရနိုင်နေပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) နဲ့ဆက်စပ်နေတဲ့ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ဆိုတာဘာလဲ? အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) တွေကို အပင်ကရတဲ့ fibre (rayon) နဲ့ ဝါချည်တွေသုံးပြီးလုပ်ပါတယ်။ ဒီပစ္စည်းတွေဟာ စုပ်ယူမှုကောင်းတာမှန်ပေမယ့် ဘက်တီးရီးယားတွေပေါက်ဖို့ ဖန်တီးပေးနိုင်တယ်။ ပြီးတော့လည်း မိန်းမကိုယ်( vagina) ဟာ ပိုးသတ်နိုင်စွမ်းရှိပေမယ့် ရာသီလာနေစဉ်ကာလမှာ ရာသီသွေးကြောင့် ကိုယ်ခံအားစနစ်ကိုလျော့ကျနေပါတယ်။ ဒါကြောင့် tampon ဟာ ရှားပေမယ့် သေနိုင်တဲ့ရောဂါ toxic shock syndrome နဲ့ဆက်စပ်နေခြင်းဖြစ်ပါတယ်။ ဒီအရာကရတဲ့ ရောဂါဖြစ်နှုန်းဟာ […]


ရာသီလာခြင်း

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ရာသီလာနေစဉ် သင်လုပ်တဲ့ အပြုအမူအချို့ဟာ အန္တရာယ် ရှိစေနိုင်တယ်ဆိုတာ သင်သိပါသလား။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရှောင်သင့်သော အချက် ၆ ချက်အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။   အငန်ဓါတ်များသော အစားအသောက်များ စားခြင်းကို ရှောင်ကြဉ်ပါ ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများဟာ ၎င်းတို့ရဲ့ ခန္ဓါကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးစေသည်။ ဤသည်ကို ခန္ဓါကိုယ်က ပြန်လည်အစားထိုးဖို့ ကြိုးစားသောအခါ အရည်ပမာဏ […]


ရာသီလာခြင်း

အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ

အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ -Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။ Tampon ၏အရွယ်အစားကိုရွေးချယ်နည်း -သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။ သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ -သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ […]


ရာသီလာခြင်း

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကဘာလဲ။ Dysmenorrhea ဆိုတာရာသီမလာခင်နဲ့ လာနေစဉ်မှာ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ ဆွဲညှစ်ထားသလို နာကျင်မှုဖြစ်ပေါ်ခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးအများစုဟာ ရာသီမပေါ်ခင်နှင့် ရာသီလာနေချိန် မှာနာကျင်ခြင်း ဝေဒနာကို ပိုပြီးခံစားရပါတယ်။ ဒီလို စိတ်ရှုပ်ထွေးစရာ နာကျင်မှုဟာ သက်သောင့်သက်သာ မဖြစ်စေပဲ သင့်ရဲ့နေစဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးများ ရာသီလာချိန်တစ်ဝိုက် မှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရာသီစက်ဝန်းအတွင်း နာကျင်ကိုက်ခဲတဲ့အခါ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- • ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း (တစ်ခါတစ်ရံတွင် အလွန်အမင်းနာကျင်ခြင်း)၊ • ဝမ်းဗိုက်ကို ဖိထားသကဲ့သို့ နာကျင်ခြင်း၊ • တင်ပါးဆုံပိုင်း၊ ခါးနှင့်ပေါင်အတွင်းပိုင်းများတွင် နာကျင်ခြင်း၊ […]


ရာသီလာခြင်း

Amenorrhea (ရာသီထိမ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amenorrhea (ရာသီထိမ်ခြင်း) ကဘာလဲ။ ရာသီထိမ်ခြင်းဆိုသည်မှာ ပုံမှန်လာရမယ့် ရာသီသွေးမဆင်းခြင်းဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်သည် တစ်လတစ်ကြိမ် ရာသီသွေးပုံမှန်ဆင်းပါတယ်။ ဟော်မုန်းထုတ်လုပ်မှု၊ မျိုးပွားအင်္ဂါဖွဲ့စည်းမှု ပေါ်မူတည်၍ တစ်ဦးနဲ့တစ်ဦး ရာသီလာပုံ ကွဲပြားချက်များရှိတတ်ပါတယ်။ ရာသီထိမ်ခြင်း နှစ်မျိုး ရှိပါတယ်။ မွေးကတည်းက ရာသီမလာဖူးခြင်း(Primary Amenorrhoea)။ ။ မိန်းကလေးတစ်ယောက်သည် အပျိုဖော်ဝင်ချိန်တွင် အခြားသော အင်္ဂါရပ်များ ဖွံ့ဖြိုးပြည့်စုံ သွားသော်လည်း အသက် ၁၅ နှစ်ကျော်သည့်တိုင် ရာသီတစ်ခါမှ မလာဖူးခြင်း။ ရာသီသွေး သုံးကြိမ် သို့မဟုတ် ၆ လ ဆင်းပြီးနောက် တစ်ခါမှ ထပ်၍ ရာသီသွေးမဆင်းတော့ခြင်း (Secondary Amenorrhoea) ဆရာဝန် နဲ့ သေချာ စမ်းသပ်စစ်ဆေးပြီးမှ ရောဂါ ကောက်ချက်ချနိုင်မည်။ Amenorrhea (ရာသီထိမ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရာသီထိမ်ခြင်းသည် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်တွင်း လုပ်ငန်း ဆောင်တာများ […]


ရာသီလာခြင်း

Menorrhagia (ရာသီသွေးဆင်းများခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menorrhagia (ရာသီသွေးဆင်းများခြင်း) ကဘာလဲ။ Menorrhagia ဆိုတာက ပုံမှန် ရသီလာတဲ့အချိန်ထက် ပိုများတဲ့ သွေးဆင်းခြင်းကို ခေါ်ပါတယ်။ သွေးဆင်းများခြင်းဟာ သွေးဆုံးမှုမတိုင်ခင်မှာ အမျိုးသမီးတွေမှာ ဖြစ်တတ်သော်လည်း အမျိုးသမီးအများစုမှာတော့ အန္တရာယ်ရှိလောက်တဲ့ သွေးဆင်းများခြင်း menorrhagia ကို မကြုံဖူးကြပါဘူး။ သွေးဆင်းများခြင်းအား မကုပဲထားပါက အသက်တိုနိုင်ပါတယ်။ Menorrhagia (ရာသီသွေးဆင်းများခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီး ၉% ကနေ ၁၄% လောက်မှာ ဒီရောဂါကို ခံစားနေရပါတယ်။ အထူးသဖြင့် ပျိုဖော်ဝင်စ အမျိုးသမီးလေးတွေနဲ့ အသက် ၄၀ကနေ ၅၀ကြား အမျိုးသမီးကြီးတွေ မှာ အဖြစ်များတတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများMenorrhagia (ရာသီသွေးဆင်းများခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ menorrhagia ရဲ့ ရောဂါလက္ခဏာတွေကတော့ နာရီပိုင်းတွင်း တစ်နာရီကို တန်ပွန် တစ်ခု သို့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း