ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

ရာသီပန်း ဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခု မဟုတ်သလို ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပေမယ့် စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ။ အနံ့ဆိုးတွေများ ထွက်နေမလား၊ ပေတာတွေ၊ စွန်းထင်းတာတွေများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က ရာသီလာချိန်မှာ တစ်ချိန်လုံးကို ကြီးစိုးနေရော။ အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့ လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာ နေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကို ကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ကြည့်လိုက်တော့နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက် ရာသီလာချိန်မှာ […]


ရာသီလာခြင်း

ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ

မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲ္ပ္ပလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါးမိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့မရတာကတစ်ကြောင်း၊ အသိပညာဗဟုသုတနည်းတာကြောင့် ရာသီပန်းပွင့်လန်းခြင်းအကြောင်းကို ရှင်းလင်းသေချာစွာ မသိတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေရှိခဲ့ပါတယ်။ မြန်မာအမျိုသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေတိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး […]


ရာသီလာခြင်း

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

မိန်းကလေးတွေရဲ့တစ်သက်တာမှာရှောင်လွှဲမရတာက အရွယ်ရောက်တာနဲ့ကြုံလာရတဲ့ ဓမ္မတာသွေးဆင်းခြင်းြဖစ်ပါတယ်။သွေးဆုံးချိန်အထိ လစဉ်ကြုံတွေ့နေရမယ့်ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံးပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းတောင် သုံးဖို့မလိုလောက်အောင် ရာသီသွေးဆင်းနည်းလွန်းတဲ့၊ ရာသီလာရက်တိုလွန်းတဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲနေ့စဉ်သုံးအပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။   ဒီလောက် နည်းတာ၊ ရက်တိုနေတာ ပုံမှန်ဟုတ်ပါ့မလား ပုံမှန်လာနေကျက ဒီလောက်ပဲဆိုရင်တော့ အိုကေပါတယ်တဲ့။ ရာသီလာတိုင်း ဒီလောက်က ဒီလောက်ပဲ၊ တစ်လတစ်ကြိမ်လာနေသရွေ့တော့ဟော်မုန်းထိန်းညှိမှုက ပုံမှန်လည်ပတ်နေပြီး မျိုးပွားစနစ်ကလည်း ကျန်းမာနေတယ်လို့ ယူဆနိုင်ပါတယ်။ ဆိုလိုတာက ပုံမှန်သွေးဆင်းများနေကျလူက ရုတ်တရက် နည်းသွားတာမျိုး၊ နည်းရာကနေ နောက်တစ်လမှာ အများကြီးသွေးဆင်းတာမျိုး၊ များလိုက်နည်းလိုက် မူမမှန်သွေးဆင်းတာတွေမဟုတ်ရင် အရမ်းမစိုးရိမ်ပါနဲ့။   ဒါဆို ဘာကြောင့် နည်းရတာလဲ အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု […]


ရာသီလာခြင်း

ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးရင် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

အမျိုးသမီးေတွအနေနဲ့ တစ်လတစ်ခါရှောင်လွှဲလို့မရဘဲ ကြုံတွေ့နေရတဲ့ပြဿနာက ရာသီသွေးဆင်းတာပါ။ အမျိုးသမီးတစ်ယောက်မှာ ကျန်းမာလှပဖို့အတွက်ဆိုရင် ပုံမှန်ရာသီသွေးဆင်းဖို့လည်းလိုအပ်ပါတယ်။ ဒီလိုရာသီသွေးဆင်းတဲ့အခါ နာကျင်ကိုက်ခဲတာကလည်း အတော်လေးကိုခံရခက်တဲ့ပြဿနာနော်။ အဲ့လိုအချိန်ဆိုနေ့စဉ်လုပ်နေကျအလုပ်တွေကို မလုပ်ချင်တာ၊ ခန္ဓါကိုယ်ထဲမှာ ကိုက်ခဲနေတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေကို ကင်းဝေးစေမယ့် နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာဆို အံ့သြသွားမလား။ ဒီနေရာမှာတော်တော်များများ အမှတ်မှားနေတဲ့အရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့ မိန်းကလေးတွေအနေနဲ့ ရာသီလာနေချိန်မှာလေ့ကျင့်ခန်းမလုပ်ရဘူး ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကမမှန်ပါဘူး။လေ့ကျင့်ခန်း အပြင်းစားတွေကို မလုပ်ရတာပါ။ အရမ်းမပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးမယ်ဆိုရင်တော့ ခန္ဓါကိုယ်ကျန်းမာပြီး နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေမှာပါ။လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်ကခံနိုင်ရည်ရှိတဲ့ အနေအထားလောက်ပဲ လုပ်ဆောင်ဖို့ မမေ့ပါနဲ့။   ရာသီလာစဉ်လေ့ကျင့်ခန်းလုပ်ပေးတာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးက ဒီနေရာမှာ အားလုံးအတွက် စိတ်ချရအောင်ပြောပြပေးချင်တာ တစ်ခုက ရာသီလာနေချိန်မှာလေ့ကျင့်ခန်းလုပ်တာက ခန္ဓါကိုယ်ကို ထိခိုက်စေတာမျိုး မရှိဘူး၊လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့် ရာသီလာချိန်မှာဖြစ်တဲ့ စိတ်ဓါတ်ကျတာနဲ့ စိတ်ဆိုးလွယ်တာမျိုး စိတ်အခြေအနေအပြောင်းအလဲဖြစ်တာကိုလျော့ပါးသက်သာစေနိုင် ပါတယ်။ ခန္ဓါကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းကြောင့်နောက်ထပ်ရရှိမယ့် […]


ရာသီလာခြင်း

မျိုးဥကြွေခြင်းအကြောင်း သိကောင်းစရာများ

ဓမ္မတာကို ပထမဆုံးကြုံဖူးပြီးချိန်မှာ မိန်းကလေးအများဟာ အမျိုးသမီးများ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အတော်လေး သိသွားကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကို မှန်ကန်စွာ တွက်ဆလိုသူများအဖို့ မျိုးဥကြွေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မေ့ထားလို့ မရပါဘူး။ ဒီဆောင်းပါးမှာ မျိုးဥကြေါခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို မိတ်ဆက်ပေးထားပါတယ်။ ၁။ ဓမ္မတာလာချိန်တိုင်းမှာ သားအိမ်ခေါင်းမှ အရည်များ ပြောင်းလဲမှုရှိတယ်။ ဓမ္မတာလာစဉ်မှာ သေချာစွာ သတိထားမိရင် သားအိမ်ခေါင်းမှ ထွက်တဲ့အရည်တွေ ပြောင်းလဲမှုရှိတာ သိနိုင်ပါတယ်။ အရည်များဟာ ပိုမို စေးကပ်လာပါတယ်။ ကြက်ဥအကာနဲ့ တူလာပါတယ်။ တစ်ခါတရံမှာ မတွေ့ရဘဲလည်း ရှိတတ်ပါတယ်။ သားအိမ်ခေါင်းအရည်ကြည်ကို မတွေ့ရရင် ဒါဟာ မျိုးအောင်နိုင်တဲ့အချိန် မဟုတ်နိုင်ပါဘူး။ သားအိမ်ခေါင်း အရည်ကြည်ဟာ ကြက်ဥအကာနဲ့ တူနေရင်တော့ ဒါဟာ ကလေးရနိုင်ခြေ အများဆုံးအချိန်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါသေးတယ်။ မျိုးဥကြွေချိန်ဟုတ်မဟုတ် […]


ရာသီလာခြင်း

ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းများ

ဓမ္မတာလာခြင်းက အမျိုးသမီးတိုင်းအတွက် လစဉ်ကြုံတွေ့ရတဲ့ စိတ်ရှုပ်စရာကိစ္စတစ်ရပ်ပါ။ အိမ်အလုပ်လိုမျိုး ကိစ္စတွေ၊ သင်ကြားရေးတွေမှာ အဆင်မပြေသလို၊ ဝမ်းဗိုက်နဲ့ ကျောတို့မှာ အလွန်နာနာကျင်ကျင် ခံစားရပါတယ်။ အဲ့လိုဖြစ်ရပ်တွေကြောင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာ အမျိုးသမီးတွေအတွက် အသုံးအဝင်ဆုံး နည်းလမ်းပါ။ ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း ဒီမှာ ဘေးကင်းဖို့ သတိရှိရပါမယ်။ အာမခံ၊ ထောက်ခံပေးတဲ့ ဆေးအမျိုးအစားတွေကတော့ Ibuprofen နဲ့ Naproxen တို့ ဖြစ်ပါတယ်။ သူတို့ဟာ Nonsteroidal Anti-inflammatory Medication (NSAID) ဖြစ်ပြီး အသင့်အတင့် အသုံးပြုခြင်းဖြင့် ဓမ္မတာလာစဉ် နာကျင်မှုကို ဘေးရန်ကင်းကင်းနဲ့ သက်သာစေမှာပါ။ ဓမ္မတာလာစဉ် ထွက်ပေါ်တဲ့ Prostaglandins ကြောင့် နာကျင်မှု ဖြစ်ပေါ်တာပါ။ NSAID က […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှု ဝေဒနာအကြောင်း သိကောင်းစရာ

အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင် (Prostagladins)အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသလဲ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့ အသက် ၃၀အောက် အမျိုးသမီးများ အပျိုဖော်ဝင်စောသူများ၊ အသက် ၁၁နှစ်ထက်စော၍ အပျိုဖော်ဝင်သူများ ရာသီသွေးဆင်းများသူ၊ ရာသီသွေးဆင်းမှု ပုံမမှန်သူများ မီးမဖွားဖူးသူများ မိသားစုတွင်း အလားတူပြဿနာ ရှိသူများ ဆေးလိပ်သောက်သူများ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ […]


ရာသီလာခြင်း

ဓမ္မတာလာချိန် မှန်ချင်တယ်ဆိုရင်

မိန်းကလေးတွေတိုင်း တစ်လတစ်ကြိမ် မဖြစ်မနေ ကြုံတွေ့ရတဲ့ ကိစ္စကတော့ ရာသီလာခြင်းပါပဲ။ တချို့ မိန်းကလေးတွေကတော့ ရာသီလာချိန်ဟာ ရက်အတိအကျဖြစ်ပေမယ့် တချို့မှာတော့နောက်ကျတာတွေစောတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် အနည်းနဲ့အများတော့ စိတ်ညစ်ရတာပါပဲ။ မမျိုးဥကြွေပြီးနောက်နေ့ဟာ ရာသီလာရက်ပါပဲ။ ရာသီလာချိန် မမှန်တဲ့အခါမှာ စိတ်အပြောင်းအလဲမြန်တာတွေ၊ ဗိုက်အောင့်တာတွေနဲ့ခြေလက်မသယ်ချင်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီပုံမှန်လာဖို့အတွက်ဆေးသောက်တာတွေ အပြင် အစားအစာတွေနဲ့လည်းပြုလုပ်လို့ ရပါတယ်။ ဘယ်လိုအစားအစာတွေက ကူညီပေးနိုင်မလဲဆိုတာ ဖတ်ကြည့်ပါဦး။ သားမျိုးဥအိမ်ထဲမှာ ရှိတဲ့သွေးကြောလေးတွေဟာ အရမ်းကိုသေးငယ်လွန်းပါတယ်။ သူတို့လေးတွေဟာ ပျက်စီးလွယ်ပါတယ်။ကောင်းမွန်တဲ့သွေးလည်ပတ်မှု မရှိခြင်း၊ အဝလွန်ခြင်းနဲ့ ကိုလက်စထရော ပမာဏ များခြင်းတွေဟာ သားဥအိမ်မှာ ရှိတဲ့သွေးကြောတွေကို ပိတ်ဆို့ထားခြင်းတွေဖြစ်နိုင်ပြီးသွေးစီးဆင်းမှုနဲ့ဟော်မုန်းတွေကိုပြောင်းလဲစေပါတယ်။ ဒီအခါမှာ ရာသီလာတာဟာ ပုံမှန်မဟုတ်တော့ပါဘူး။ ဒါတွေကိုပြေလည်အောင်ဖြေရှင်းပေးနိုင်မယ့် အစားအစာကတော့ အိုမီဂါ ၃ အက်ဆစ်ပါ။ သူက ရာသီသွေး ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေအပြင် တခြားငါးတွေကနေလည်း […]


ရာသီလာခြင်း

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကဘာလဲ။ သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း ဆိုတာဘာလဲ ဆိုလိုသည်မှာ ပုံမှန်လာနေကျရာသီသွေးမဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဆိုလိုသည်။ Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်းလိုလို၏ အသက်အရွယ်တခုခုတွင် တခါတရံ ဖြစ်ပွားတတ်သည်။ အမေရိကန်ရှိမျိုးဆက်ပွားကျန်းမာရေးကို လေ့လာသောအဖွဲ့တခု၏အဆိုအရ ထိုကဲ့သို့သွေးဆင်းခြင်းသည် အပျိုဖော်ဝင်စအသက်အရွယ်နှင့် သွေးဆုံးသည့် အရွယ်တို့တွင်အဖြစ်အများဆုံးဖြစ်ကြောင်း တွေ့ရှိရသော်လည်း ဟော်မုန်းများခန္ဓါကိုယ်တွင်းမညီမျှသည့် မည်သည့်အချိန်အခါမဆို ဖြစ်ပွားနိုင်ပါသည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ လက္ခဏာများDysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးမှာ ရာသီလာရက်မဟုတ်ပဲ ပုံမှန်မဟုတ်ပဲ သွေးဆင်းနေခြင်းဖြစ်သည်။ ရာသီလာနေချိန်အတွင်းလည်းဖြစ်ပွားနိုင်သည်။ အဖြစ်များသော လက္ခဏာရပ်များမှာ ရာသီသွေးသွန်ခြင်း ထိုသို့သွေးဆင်းရာတွင် သွေးခဲများ အဖက်များ များစွာပါလာခြင်း 7ရက်ထက်ကြာအောင် သွေးဆင်းနေခြင်း ပြီးခဲ့သည့် ရာသီရက်များမှ စ၍ 21 ရက်အတွင်း […]


ရာသီလာခြင်း

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်းဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာ ဝက်ခြံထွက်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်းက တစ်ရက်နဲ့တစ်ရက်မတူကြပါဘူး။ ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာestrogenဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုက ဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ရာသီလာနေချိန်မှာ testosteroneဟော်မုန်းပမာဏကလည်း ပုံမှန်ထက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း