ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး

အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့ သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ (၆ ) မျိုး လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့ အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ ရာသီလာချိန်မှာ မစားသင့်တဲ့ အစားအစာ တွေက (၁) ပြုပြင်စီမံထားတဲ့အစားအစာများ ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့ စားစရာတွေဟာ […]


ရာသီလာခြင်း

Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမလာမီခံစားရတတ်သော နေရထိုင်ရအဆင်မပြေတဲ့လက္ခဏာတွေဖြစ်တယ်၊ နွမ်းနယ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်တတ်ပြီး ဓမ္မတာစတဲ့အခါ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် တခြားပိုပြင်းထန်တဲ့လက္ခဏာတွေလည်း တွေ့ရ ခံစားရနိုင်ပါတယ်။ ဓမ္မတာလာတာများတာဖြစ်စေ၊ နည်းတာဖြစ်စေ၊ ဒါမှမဟုတ် စက်ဝန်းတစ်ခုလုံးပျောက်သွားတာဖြစ်စေ တခြားအကြောင်းအရင်းပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ရာသီစက်ဝန်း ဆိုတာလည်း အမျိုးသမီးတစ်ယောက်ချင်းဆီမှာ မတူနိုင်တာကိုလည်း သိထားဖို့လိုပါတယ်။ သင့်အတွက်ပုံမှန်ဖြစ်နေပါတယ်ဆိုတဲ့ စက်ဝန်းကသူများအတွက် ပုံမှန်မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓါကိုယ်ပုံစံကိုသေချာသိရှိထားပြီး တစ်ခုခုပုံမှန်မဟုတ် အပြောင်းအလဲတွေ့ပါက ဆရာဝန်နဲ့ချက်ခြင်းတိုင်ပင်ဆွေးနွေးဖို့ကအရေးကြီးပါတယ်။ Menstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပါတယ်။ အသက်မရွေးဖြစ်နိုင်ပြီး ထိုလက္ခဏာတွေခံစားရစေတဲ့ အခြေအနေတွေ၊ အချက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်သိလိုပါက ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးကြည့်နိုင်တယ်။ လက္ခဏာများMenstrual Disorder (ဓမ္မတာလာစဉ်ဝေဒနာခံစားရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့နိုင်ချေများတဲ့လက္ခဏာတွေကတော့ – PSM – PSM လို့ခေါ်တဲ့ ဓမ္မတာမလာမီ တစ်ပတ်နှစ်ပတ်လောက်မှာခံစားရတတ်တဲ့ လက္ခဏာတွေဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပြီး […]


ရာသီလာခြင်း

Late Period (ရာသီမမှန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Late Period (ရာသီမမှန်ခြင်း) ကဘာလဲ။ လစဉ်ဓမ္မတာမမှန်ခြင်းကိုခေါ်တတ်ပြီး တစ်ချိန်တည်းမှာ သုံးကြိမ်ရာသီမလာပါက ရာသီပျောက်တယ်လို့ ဆိုကြပါတယ်။ ရာသီပျောက်ရခြင်းအကြောင်းအများစုကတော့ ကိုယ်ဝန်ရှိတာဖြစ်ပြီး တခြားအကြောင်းတွေကတော့ မျိုးပွားအင်္ဂါတွင်ပြဿနာဖြစ်ခြင်း၊ ဟော်မုန်းတွေကိုထိန်းညှိနေသော ဂလင်းများတွင်ပြဿနာဖြစ်ခြင်းတို့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် ထိုအကြောင်းအရင်းကို ကုသလိုက်ပါက ရာသီပြန်မှန်စေနိုင်ပါတယ်။ Late Period (ရာသီမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ဖြစ်နိုင်ချေကွဲပြားတယ်ဆိုတဲ့ သက်သေမရှိပါဘူး။ ဒါပေမယ့် စားသောက်မှုပုံစံ၊ နာတာရှည်ရောဂါတွေစတဲ့အချက်တွေကတော့ တွေးနေစရာမလိုအောင် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေတက်စေတဲ့အခြေအနေတွေကိုလျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများLate Period (ရာသီမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ရာသီမပေါ်ခြင်းဖြစ်ပြီး အကြောင်းအရင်းတွေပေါ်မူတည်ကာ တခြားလက္ခဏာတွေခံစားရတတ်ပါတယ်။ ဥပမာ- ရင်သားမှနို့ရည်များကျဆင်းခြင်း ဆံပင်ကျွတ်ခြင်း ခေါင်းကိုက်ခြင်း အမြင်အာရုံပြောင်းလဲခြင်း မျက်နှာတွင်အမွှေးအမျှင်ထူလာခြင်း ဆီးခုံနာကျင်ခြင်း ဝက်ခြံများထွက်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါလက္ခဏာတွေတွေ့ရမယ်၊ သိလိုသည်များရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများLate Period (ရာသီမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ရှင်သန်နေရင်းနဲ့ သာမန်အကြောင်းတွေတွေကြောင့် ရာသီမမှန်တာ၊ ပျောက်တာမျိုးတွေကြုံရတတ်ပါတယ်- ကိုယ်ဝန်ရှိခြင်း နို့တိုက်ခြင်းနဲ့ သွေးဆုံးခြင်းတွေပေါ့။ အမျိုးသမီးအများစုက ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

တစ်လကိုတစ်ကြိမ် အမျိုးသမီးတွေတိုင်းမကြုံချင်ဘဲ ကြုံနေရတဲ့ ပြဿနာလေးတစ်ခုရှိနေမယ်ထင်ပါတယ်။ လေဒီတော်တော်များများကတော့ ဒါကို စိတ်ရှုပ်ကြလောက်မယ်ထင်ပါတယ်။ အလုပ်အကိုင်ပျက်ပြီး အိပ်ရာထဲလှဲနေရတဲ့အထိ ဆိုးရွားတတ်တဲ့ ပြဿနာကို သက်သာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကိုပြောပြပေးမယ်နော်။ ဘာကြောင့် ရာသီလာစဉ်နာကျင်ကိုက်ခဲရတာလဲ ရာသီလာတဲ့အခါ ဝမ်းဗိုက်ပိုင်းတဝိုက်၊ ခါးနဲ့တင်ပါးဆုံပိုင်း၊ ပေါင်တို့မှာ ကိုက်ခဲတာ၊ တောင့်တင်းနာကျင်တာမျိုးကို အမျိုးသမီးတာ်တော် များများခံစားကြရပါတယ်။ ရာသီလာစဉ်မှာ သားအိမ်အတွင်းနံရံတွေပြန်လည်ဖြစ်ပေါ်လာအောင် အထောက်အပံ့ပေးတဲ့အနေနဲ့ သားအိမ်ကြွက်သားတွေက ကျုံ့ဆန့်မှုကို လုပ်ဆောင်နေတာကြောင့် ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာဖြစ်ပါတယ်။ အချို့တွေမှာဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းကိုက်တာ နဲ့ ဝမ်းသွားတာမျိုးတွေအထိခံစားကြရတာမျိုးတောင်ရှိပါတယ်။ ဒီလိုမျိုလစဉ်လတိုင်းကြုံတွေ့နေရတဲ့ ကိုက်ခဲနာကျင်မှုကိုလျော့ပါးသက်သာအောင် ဆေးပညာအကူအညီနဲ့လုပ်ဆောင်နိုင်သလို နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးလို့လည်းရပါတယ်။ ဒီအချက်တွေကြောင့်လည်း ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲနိုင်ပါတယ်။ ရာသီသွေးအများကြီးဆင်းတာ အသက် ၂၀အောက်အရွယ်ဖြစ်နေတာ ပထမဆုံးရာသီသွေးဆင်းတာ prostaglandinဟော်မုန်းပမာဏများနေတာတွေကြောင့်လည်း နာကျင်ကိုက်ခဲနိုင် ပါတယ်။ သားအိမ်ထဲမှာ ပုံမှန်မဟုတ်ဘဲ တစ်ရှူးကြီးထွားနေတာနဲ့ သန္ဓေတားဆေးတွေကြောင့်လည်း ရာသီလာစဉ်မှာနာကျင်ကိုက်ခဲတာဖြစ်နိုင်ပါတယ်။ ရာသီလာစဉ်နာကျင်ကိုက်ခဲတာကို သက်သာအောင်ဘယ်လိုနေထိုင်စားသောက်မလဲ ဘယ်လိုစားသောက်မလဲ ရေများများသောက်ပေးပါ - ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်တဲ့ […]


ရာသီလာခြင်း

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား ဆိုတဲ့ အဖြေလေးကို ဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ သွေးအားနည်းရောဂါ ဆိုတာ သွေးထဲမှာ ဟေမိုဂလိုဘင်လျော့နည်းခြင်း ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေမှာအရေးပါတဲ့ ဟီမိုဂလိုဘင်ပရိုတင်းရဲ့လုပ်ဆောင်ချက်အတွက် သံဓာတ်ကအရေးပါပါတယ်။ သွေးအားနည်းခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေက သွေးဆုံးရှုံးမှုများခြင်း၊ သန်ကောင်ဝင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အာဟာရစုပ်ယူနိုင်စွမ်းပြဿနာနဲ့ နာတာရှည်ရောဂါတို့ ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေက အောက်ဆီဂျင်ချို့တဲ့လာပါတယ်။ သွေးအားနည်းခြင်းက ဓမ္မတာလာနေစဉ်အတွင်း သွေးဆင်းများခြင်းအပါအဝင် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား အမျိုးသမီးတွေက လတိုင်းဓမ္မတာ သွေးဆင်းတဲ့အခါ သွေးနီဥဆဲလ်မှာ ပါသွားတဲ့ သံဓာတ်လည်း ဆုံးရှုံးရပါတယ်။ စားသောက်လိုက်တဲ့ သံဓာတ် ပမာဏက ဆုံးရှုံးသွားတဲ့ပမာဏကို လစဉ် ပြန်မဖြည့်တင်းပေးနိုင်တဲ့အခါ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သွေးဆင်းများတဲ့ အမျိုးသမီးတွေမှာသွေးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ သွေးအားနည်းစေတာက ရာသီသွေးဆင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်ဝန်ရှိချိန်နဲ့ နို့တိုက်ကျွေးချိန်အတွင်း […]


ရာသီလာခြင်း

Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Menstrual Cycle (ရာသီစက်ဝန်း ဆိုသည်မှာ အဘယ်နည်း) ရာသီသွေးပေါ်ခြင်းသည် အမျိုးသမီးများ လစဉ်ကြုံတွေ့ရသော သွေးဆင်းခြင်းဖြစ်သည်။ ရာသီစက်ဝန်း သို့မဟုတ် ရာသီသွေးပေါ်သည့် အချိန်သည် လတိုင်းကြုံတွေ့ရခြင်းဖြစ်ပြီး၊ အမျိုးသမီး၏ သားဥအိမ်မှ သားဥကြွေသည့်အခါ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် အမျိုးသမီး၏ မိန်းမကိုယ်မှ သွေးဆင်းခြင်းဖြစ်ပေါ်သည်။ ၎င်းသည် ပုံမှန်အားဖြင့် သုံးရက်မှ ငါးရက်အတွင်းကြာတတ်ပြီး၊ တစ်ဦးနှင့် တစ်ဦး ကွဲပြားနိုင်ပါသည်။ ရာသီစက်ဝန်းသည် သင့်ကို ကျန်းမာနေစေရန် အရေးပါသော ဟော်မုန်းများကို ထုတ်သည်။ သင့်ခန္ဓါကိုယ်ကို ကိုယ်ဝန်ဆောင်နိုင်စေရန်လည်း လစဉ် ပြင်ဆင်ပေးသည်။ တစ်လအတွင်း ဟော်မုန်းများပြောင်းလဲခြင်းသည် ရာသီစက်ဝန်းကို ထိန်းချုပ်သည်။ ရာသီစပေါ်သည့် ရက်မှ နောက်တစ်ကြိမ် ပေါ်သည့်အချိန်၏ ပထမရက်အထိ ကို ရာသီစက်ဝန်းတစ်ကြိမ် သတ်မှတ်သောကြောင့် လတိုင်းတွင် အချိန်ထပ်တူ မကျနိုင်ပေ။ များသောအားဖြင့် ၂၈ ရက်ကြာတတ်ပြီး၊ […]


ရာသီလာခြင်း

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကဘာလဲ။ PMS ခေါ် Pre-menstrual Syndrome ဟာ အရွယ်ရောက်ပြီး မိန်းမများ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ။ PMSသည် ရာသီမလာခင် ခံစားရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ပြန်ဖြစ်နိုင်တဲ့ လက္ခဏာတွေများကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲလည်း PMS ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကတော့ သတိပြုမိရုံလောက်ကနေ ပြင်းပြင်းထန်ထန်တွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုဝေဒနာများက သင့်ဘဝအတွက် အခက်အခဲ ဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PMS ရဲ့ ဝေဒနာများကို ကုသမှုတွေ၊ လူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) က ဘယ်လောက်အဖြစ်များသလဲ ၉၀% သော မိန်းမများသည် PMS […]


ရာသီလာခြင်း

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများ အကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊ သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း ကလေးယူဖို့ ကြိုးစားနေသူတွေ […]


ရာသီလာခြင်း

Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကဘာလ လစဉ်ရာသီလာချိန်မှာ ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းဖြစ်တယ်။ အမျိုးသမီးအများစုခံစားရလေ့ရှိပါတယ်။ Period Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အင်မတန်ကိုအဖြစ်များပြီး အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာဖြစ်နိုင်ပါတယ်။ ပိုဆိုးစေသော အချက်တွေကိုလျှော့ချရှောင်ကျဉ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ လက္ခဏာများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များလေ့ရှိသော လက္ခဏာတွေကတော့- ဝမ်းဗိုက်အောက်ပိုင်းတဝိုက်တွင် နာကျင်ခြင်း၊ (တချို့မှာပြင်းထန်နိုင်ပါတယ်) ဆက်တိုက်နာကျင်ကိုက်ခဲနေခြင်း ကျော၊ ပေါင်တို့တွင်ပါနာကျင်ခြင်း ဝမ်းဗိုက်တွင်ဖိအားခံစားရခြင်း ဒါတွေအပြင် နာကျင်မှုပြင်းထန်ပါက- ဗိုက်ထဲမအီမသာဖြစ်ခြင်း၊ တခါတရံပျို့ခြင်း ဝမ်းပျက်ခြင်း ခေါင်းကိုက်ခြင်း၊ မူးခြင်း တို့ပါရတတ်ပါတယ်။ ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားအချက်တွေလည်းရှိနိုင်တာကြောင့် ပိုမိုသိရှိလိုပါက ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ။် ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့လတိုင်းမှာ နေ့စဉ်လှုပ်၇ှားမှုထိခိုက်သည်ထိ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ သို့မဟုတ် တဖြေးဖြေးပိုဆိုးလာလျှင်၊ အသက် ၂၅ ကျော်မှ လက္ခဏာတွေဆိုးရွားလာလျှင်လည်း ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဒါပေမယ့် လွန်ခဲ့သော နှစ်ကတည်းငယ်ကမှဓမ္မတာစလာကာ ထိုလက္ခဏာများခံစားနေရရင်တော့ သိပ်စိတ်ပူစရာတော့မဟုတ်ပါဘူး။ အကြောင်းရင်းများPeriod Cramp (ရာသီလာစဉ်ဗိုက်အောင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဓမ္မတာလာစဉ်မှာ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေသာ ပရိုစတာဂလမ်ဒင် […]


ရာသီလာခြင်း

Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ကဘာလဲ။ အမျိုးသမီးတွေက တနှစ်မှာ ၁၁-၁၃ခါ ရာသီလာလေ့ ရှိပါတယ်။ တယောက်နဲ့ တယောက်မတူတဲ့အတွက် ပိုပြီးနည်းတာ များတာဖြစ်နိုင်ပါတယ်။ ဒါကို ရာသီမမှန်ခြင်း၊ ရာသီပျောက်ခြင်းလို့ ခေါ်ပါတယ်။ Missed Period (ရာသီသွေးမပေါ်တဲ့ ကာလ) က ဘယ်လောက်အဖြစ်များသလဲ ရာသီသွေးမပေါ်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချပြီး ရာသီသွေးမပေါ်တာကနေ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ လက္ခဏာများMissed Period (ရာသီသွေးမပေါ်တဲ့ ကာလ) ရဲ့လက္ခဏာတွေကဘာတွေလဲ အမျိုးသမီးအများစုက ၂၈ရက်တခါရာသီသွေးဆင်းတယ်။ ဒါပေမယ့် ရာသီစက်ဝန်းတိုတာ၊ ရှည်တာမျိုးရှိနေနိုင်ပြီး ၂၄-၃၅ရက်တွင်းရာသီလာတတ်ကြတယ်။ တချို့အမျိုးသမီးတွေက ရာသီပုံမှန်မလာတတ်ကြပါဘူး။ သူတို့က ရာသီစောလာတတ်သလို နောက်ကျပြီးလည်းလာတတ်တယ်။ ရာသီပေါ်တဲ့ရက်လည်းအပြောင်းအလဲရှိသလို သွေးဆင်းတာအနည်းအများလည်း ရှိနိုင်ပါတယ်။ ဒီထဲမှာ မပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ ဘယ်အချိန်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း