အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာကြောင့်များ ရင်သားထိပ်ခေါင်းတွေ ယားယံနေတာလဲ

အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။ ဒီလို အရေးကြီးတဲ့ ရင်သားရဲ့ထိပ်ခေါင်း (နို့သီးခေါင်း) လေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိပဲ ယားယံနေတတ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် မကြာခဏဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုလား၊ ယားနာပဲလား၊ ရင်သားကင်ဆာလားဆိုပြီး စိုးရိမ်စရာဖြစ်လာကြပါလေရော။ ရင်သားထိပ်ခေါင်းယားယံတာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ လူရှေ့သူရှေ့များ ယားယံစိတ်ပေါ်လာရင် ကုတ်မရပြုမရ၊ နေရထိုင်ရခက်နဲ့ဆိုတော့လေ။ နေရထိုင်ရခက်ပြီး စိတ်ကသိကအောက်ဖြစ်စရာပါ။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ ယားယံရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ များသောအားဖြင်တော့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဖြစ်လေ့ဖြစ်ထရှိစေတဲ့တွေကတော့ Atopic Dermatitis - Atopic dermatitis ဆိုတာက ယားနာဝေဒနာတစ်မျိုးပါ။ Eczema လို့လည်း သိကြပါတယ်။ ဒီယားနာဝေဒနာက ရင်သားထိပ်ခေါင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ အကျိုးပြုဘက်တီးရီးယားလေးတွေကို ခေါ်တာပါ။ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကျန်းမာသန်စွမ်းစေတဲ့ ဘက်တီးရီးယားလေးတွေပေါ့။ သူတို့က ကိုယ်အလေးချိန်ကျစေဖို့၊ အစာခြေစနစ် ကောင်းမွန်စေဖို့၊ ဝမ်းမှန်စေဖို့၊ စိတ်ကျန်းမာစေဖို့ အကျိုးပြုပါတယ်။ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ ခုနောက်ပိုင်း သိပ္ပံနည်းကျလေ့လာချက်တွေအရ Probiotics က အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှိုစွဲတာကိုလည်း တိုက်ထုတ်ပေးနိုင်တယ်လို့ သိထားရပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း (Vaginal Infection) ဆိုတာဟာ အရွယ်ရောက်ပြီးအမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပုံမှန်ကျန်းမာတဲ့မိန်းမကိုယ်မှာ ဒီရောဂါရှိနေပြီဆိုရင်အောက်ပါ လက္ခဏာတွေ ပြသတတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း မိန်းမကိုယ် ယားယံခြင်း ဆီးသွားစဉ်နဲ့ လိင်ဆက်ဆံစဉ်ပူခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း မိန်းမကိုယ်တွင် နာကျင်ခြင်း၊ နီခြင်း၊ အနီကွက်များထွက်ခြင်း မိန်းမကိုယ်မှ ဒိန်ချဉ်ကဲ့သို့ဖြူညစ်ညစ်ရောင်အဖတ်များ ထွက်ခြင်း စတာတွေပါပဲ။ STI လိုမျိုး […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးများ အီစထရိုဂျင် နည်းလာလျှင်

အီစထရိုဂျင်ဟာ အမျိုးသမီးများအတွက် အဓိကကျတဲ့ ဟော်မုန်းဖြစ်ပါတယ်။ အမျိုးသမီးများ ငယ်စဉ်ဘဝကနေ အရွယ်ရောက်ပြီး အသက်ကြီးလာတဲ့အထိ အမျိုးသမီးဘဝကို ထိန်းကျောင်းမောင်းနှင်ပေးတဲ့ ဟော်မုန်းဆိုရင် မမှားပါဘူး။ အပျိုဖော်ဝင်ပြီး အမျိုးသမီးလက္ခဏာများ ဖွံ့ဖြိုးလာဖို့၊ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အရိုးများနဲ့ ကိုလက်စထရောရဲ့ ဇီဝဖြစ်ပျက်မှုကို ထိန်းသိမ်းပေးဖို့ စတဲ့ကိစ္စရပ်တွေမှာ အီစထရိုဂျင်ဟော်မုန်းဟာ အရေးပါပါတယ်။ အမျိုးသားများမှာလည်း အီစထရိုဂျင်ဟော်မုန်းထွက်ပါတယ်။ အမျိုးသမီးတွေလောက်တော့ မများပါဘူး။ အီစထရိုဂျင်ဟော်မုန်းလျော့နည်းခြင်းလက္ခဏာများ အီစထရိုဂျင်ထုတ်လုပ်မှုကျဆင်းလာတဲ့အခါ တွေ့နိုင်တဲ့ လက္ခဏာတွေကတော့ - မိန်းမကိုယ်ရဲ့သဘာဝချောမွေ့မှုနည်းသွားပြီး အတူနေစဉ် နာကျင်ခြင်း - ဆီးလမ်းကြောင်းပိုးဝင်မှု မကြာခဏဖြစ်ပွားခြင်း - ဓမ္မတာထိန်ခြင်း၊ ပုံမမှန်ခြင်း - စိတ်အပြောင်းအလဲမြန်ခြင်း - မျက်နှာများ နီရဲပူနွေးခြင်း (တစ်ခါတရံ လည်ပင်း၊ ရင်ဘတ်) - ရင်သားများနာကျင်ခြင်း - ခေါင်းကိုက်ခြင်း - စိတ်ဓာတ်ကျခြင်း - အာရုံစူးစိုက်ရန်ခက်ခဲခြင်း - မောပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အရိုးများရဲ့ သိပ်သည်းဆနည်းလာတာကြောင့် အရိုးပွခြင်း၊ ကျိုးပဲ့လွယ်ခြင်းတွေ ဖြစ်လာပါတယ်။ အီစထရိုဂျင်ဟာ ကယ်လ်ဆီယမ်၊ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။ မိန်းမကိုယ် ကျဉ်းဆေး၊ အပျိုပြန်ဖြစ်တဲ့ဆေးဆိုပြီး ရောင်းချနေကြတာတွေလေ။ မယုံပါနဲ့။ ထပ်ပြီး ပြောပါမယ်။ မယုံပါနဲ့။ ဒီဆေးတွေကို ဝယ်ရင်ကောင်းမလားလို့ တွေးနေရင် အဲဒီအတွေးတွေ ရပ်ပြီး ဒီဆောင်းပါးကို ဆက်ဖတ်ပါ။ တကယ်တော့ မိန်းမကိုယ်ဟာ အလိုလို ကျုံ့နိုင်၊ဆန့်နိုင်တဲ့ သဘာဝရှိပြီးသား ဖြစ်ပါတယ်။ ဘာဆေးမှ မလိုပါဘူး။ ဒါပေမဲ့ ကျဉ်းဆေးဆိုတာတွေက တကယ်ပဲ ကျဉ်းသွားတယ်၊ ပိုပြီး သာယာမှုရတယ်ဆိုပြီး ပြောလာကြတာတွေ ရှိတာမို့ ဒီဆေး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ ကျဉ်းဆေးတချို့မှာ မိန်းမကိုယ် နံရံ နဲ့ မိန်းမကိုယ် အဝကို ကျဉ်းစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ပစ္စည်းတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အများဆုံးကတော့ တကယ် မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ အဖြူဆင်းခြင်း ပြဿနာဟာ မိန်းကလေးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ အကြောင်းအရာတစ်ခုပါ။ အဖြူဆင်းခြင်းဟာ သာမန်အခြေအနေတစ်ခု ဖြစ်နိုင်သလို ရောဂါပိုးတစ်မျိုးမျိုး ကူးစက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုရောဂါနဲ့ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ မိန်းမကိုယ်အရည်ဆင်းခြင်းတွေဟာ ပုံမှန်အဖြူဆင်းတဲ့ ပုံစံမျိုးနဲ့ ကွဲပြားပါတယ်။ အကယ်လို့ သင်ဟာ ပုံမှန်မဟုတ်ဘဲ အနံ့နံတဲ့ အဖြူဆင်းခြင်းမျိုးရှိနေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါ ပြီ။ မိန်းမကိုယ်ကဆင်းတဲ့ အရည်အမျိုးအစားတွေကို ဖော်ပြပါမယ်။ အရောင်နဲ့ အပျစ်အကျဲပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ အချို့သော အဖြူဆင်းခြင်းတွေဟာတော့ ရောဂါပိုးကူးစက်ခြင်း ကြောင့်မဟုတ်ဘဲ အမျိုးသမီးသဘာဝပုံမှန်ဖြစ်စဉ်အနေနဲ့ ဆင်းခြင်းပါ။ အဖြူရောင်။  ။ လစဉ်ဓမ္မတာလာခါစနဲ့ သွေးဆုံးချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သို့သော်လည်း မိန်းမကိုယ်ကနေ ယားယံလာမယ်၊ မလိုင်ခဲလိုမျိုး အနှစ်တွေပါ ဆင်းလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါတော့။ မှိုရောဂါကူးစက်ခြင်းခံရတာကြောင့် ဖြစ်နိုင်ပါတယ်။ အရည်ကျဲကျဲနဲ့ အရည်ကြည်။          […]


ရာသီလာခြင်း

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။) လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။ အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။  ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး ပုံမှန် Tampon နဲ့ M-cup […]


ရာသီလာခြင်း

ဓမ္မတာမတိုင်မီ ထွက်တဲ့ ဝက်ခြံ

အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာကာလ နီးပြီဆိုရင် Mood Swing တွေ ဖြစ်တာ၊ အထီးကျန်တာ၊ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ စိတ်အားငယ်တာ စသဖြင့် အမျိုးမျိုးသော ခံစားချက်တွေ ဖြစ်ရပါတယ်။ အဲဒီမှာ လူသိထင်ရှား ပြဿနာတက်တာကတော့ ဝက်ခြံပါပဲ။ ရာသီလာမယ့် ရက်ကို ဝက်ခြံကြည့်ပြီး တွက်ရမလိုလို ဓမ္မတာ လာခါနီးဆိုရင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အပြိုင်ကို ထွက်လာကြတာများ မိုးဦးကျပေါ်တဲ့ မှိုတွေလိုပဲနော်။ ဒီတော့ ဒီဝက်ခြံတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်။ ဘာလို့ ဓမ္မတာနီးမှ ဝက်ခြံပေါက်ရတာလဲ။ ရှင်းပါတယ်။ ဟော်မုန်းတွေကြောင့်ပါပဲ။ ရာသီမလာခင်မှာ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း လယ်ဗယ်တွေ ကျသွားပါတယ်။ ဒီဟော်မုန်း ကျဆင်းမှုဟာ အဆီဂလင်းတွေကနေ အဆီကို ပိုထုတ်လွှတ်စေပြီး အဆီတွေများလာတော့ အားလုံးသိတဲ့အတိုင်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ကျန်းမာစွာ စားသောက်နည်းပုံစံ

နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာ၊ သောက်သုံးလိုက်သမျှဟာ လက်ရှိ ကျန်းမာရေးကိုရော သက်ကြီးပိုင်းမှာပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအစာတွေ ရွေးချယ်စားသုံးတာက ရောဂါတွေကို ကာကွယ်ရာ ရောက်သလို  ကျန်းမာရေးကို စောင့်ရှောက်ရာလည်း ကျပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေ ကျန်းမာအောင် စားသုံးတာက ကိုယ်တိုင်ရော တစ်မိသားစုလုံးပါ ကျန်းမာစေဖို့ အထောက်အပံ့ ပေးနိုင်တယ်ဆိုတာပါ။ ဒီတော့ ကိုယ်တိုင်ရော မိသားစုတွေပါ ကျန်းမာစေဖို့ လေဒီတွေအနေနဲ့ ဘယ်လို ကျန်းမာအောင် စားသောက်နေထိုင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကျန်းမာစွာ စားသောက်ခြင်းက ဘာတွေ အထောက်အကူပြုလို့လဲ........... ကျန်းမာစွာ စားသောက်တာက ခန္ဓာကိုယ်နဲ့ဦးနှောက်ကို အင်အားပြည့်စေတယ်။ တွေးတောဖို့ရော လှုပ်ရှားဖို့ပါ အင်အားပြည့်စေပါတယ်။ ကျန်းမာအသက်ရှည်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ရရှိစေတယ်။ ဥပမာ သံဓာတ်က ကြွက်သားနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

အသက်အရွယ်အလိုက် သိထားသင့်တဲ့ မိန်းမကိုယ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲများဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတွေ အားနည်းချို့ယွင်းလာနိုင်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲတတ်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲမှာ မိန်းမကိုယ် ယောနိ (Vagina) သည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီဆောင်းပါးမှာတော့ ဘယ်အသက်အရွယ်မှာ မိန်းမကိုယ် ဘယ်လိုပြောင်းလဲသွားတတ်သလဲ၊ ဘာတွေကို ဂရုစိုက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ဆိုတာ အလွန်နူးညံ့တဲ့ တစ်ရှူးများဖြင့် ဖွဲ့စည်းထားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်ရဲ့ထိပ်မှာ မမျိုးစေ့ (Clitoris)၊ မိန်းမကိုယ်နှုတ်ခမ်း (Labia) နဲ့ ဆီးခုံတို့ ပါဝင်ပါတယ်။ အတွင်းမှာရှိတဲ့ လမ်းကြောင်းသည် မိန်းမကိုယ်အပြင်ဘက်နဲ့ သားအိမ်ကို ဆက်စပ်ပေးထားပါတယ်။ အသက် ၂၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင် အမျိုးသမီးတစ်ယောက်ရဲ့ ပျိုမြစ်နုနယ်မှု၊ ကျန်းမာလန်းဆန်းမှု အရှိဆုံးကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။ အက်စထရိုဂျင်လို့ ခေါ်တဲ့ မဟော်မုန်းထုတ်လုပ်မှု များခြင်းကြောင့် မိန်းမကိုယ်က စိုလက်ကာ ကျန်းမာပြီး ရောဂါဘယ ဖြစ်နိုင်ခြေကို […]


ရာသီလာခြင်း

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။ ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။ ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံ ကွာကျလာတာပါ။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း