အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိုးရာသီမှာ တွေ့ကြုံရနိုင်တဲ့အဖြူဆင်းခြင်းပြဿနာကိုဘယ်လိုကာကွယ်မလဲ

မိုးရာသီက အပူဒဏ်ကိုသက်သာစေတယ်ဆိုပေမယ့် မိုးရာသီရောက်လာတဲ့အခါ ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်ခံစားကြရပါတယ်။ အအေးမိတာ၊ချောင်းဆိုးတာတွေနဲ့ရေကနေတဆင့် ကူးစက်တဲ့ရောဂါတွေနဲ့ လေကနေတဆင့်ကူးစက်တဲ့ရောဂါတွေအဖြစ်များပါတယ်။ မိုးရာသီမှာဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွားရှင်သန်စေဖို့ အတော်လေးကိုပြည့်စုံလှပါတယ်။ လေထုကစိုထိုင်းနေတာကြောင့် ရောဂါပိုးမွှားတွေ ပေါက်ပွားလာကြပါတယ်။ မိုးရာသီမှာမှိုပိုးကူးစက်တာကြောင့် အရေပြားဓါတ်မတည့်တာ၊ဖျားနာတာတွေဖြစ်ပေါ်ခံစားရသလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကိုခံစားရနိုင်ခြေတော်တော်လေးများပါတယ်။ အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလိုမှိုပိုးအနည်းငယ်ရှိနေတတ်ပေမယ့် မှိုပိုးပေါက်ပွားမှုပမာဏတအားများ လာတဲ့အခါမှသာ ရောဂါလက္ခဏာတွေပေါ်လာတာဖြစ်ပါတယ်။   တွေ့ရများတဲ့ရောဂါလက္ခဏာများ တွေ့ရများတဲ့ မိန်းမကိုယ်မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက ယားယံတာ ပူစပ်ပူလောင်ဖြစ်တာ အမျိုးသမီးအင်္ဂါမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေဖြစ်ပါတယ်။ မကြာခဏ အဖြူဆင်းနေမယ်ဆိုရင်တော့မိမိရဲ့ အဖော်မှာ မှိုပိုးကူးစက်ခံထားရတာဖြစ်နိုင်ပါတယ်။   မှိုပိုးကူးစက်ခံရတဲ့အကြောင်းအရင်းများ Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါတစ်ဝိုက်မှာ တွေ့ရလေ့ရှိတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထိုဘက်တီးရီးယားတွေက ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ဘဲ ဖြစ်သွားပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါပိုးဝင်မှုကိုဖြစ်ပေါ်စေပါတယ်။ မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုခြင်း ကိုယ်ဝန်ဆောင်ခြင်း ဆီးချိုကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်း ကိုယ်ခံအားစနစ်အားနည်းခြင်း အချိုဓါတ်လွန်ကဲတဲ့အစားအစာတွေကိုစားသုံးခြင်း ရာသီစက်ဝန်းနီးလာတာကြောင့် ဟော်မုန်းမညီမျှခြင်း စိတ်ဖိစီးမှု အိပ်ရေးပျက်ခြင်း   ဘယ်လိုကာကွယ်မလဲ အဖြူဆင်းတာကိုဖြစ်စေတဲ့ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

သွေးဆုံးတယ်ဆိုတာက ကျွန်မတို့အမျိုးသမ်းတိုင်းမလွဲမသွေတွေ့ကြုံခံစားကြရမယ့် အတွေ့အကြုံတစ်ခုပါ။ သွေးဆုံးတယ်ဆိုတာက ဘယ်ချိန်မှာသွေးဆုံးမလဲ ကြိုတင်တွက်ချက်ပြင်ဆင်ထားလို့မရပါဘူး။ ဒါပေမယ့်သွေးဆုံးတာကနေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲလပိုင်း ဒါမှမဟုတ် နှစ်ပိုင်း အလိုလောက်ကတည်းကလက္ခဏာတွေကြိုတင်ပြသတတ်ပါတယ်။ လက္ခဏာတွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက်သွေးဆုံးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။   သွေးဆုံးတယ်ဆိုတာ ကိုယ်ဝန်ရှိတာလည်းမဟုတ်၊ ဖျားနာတာလည်းမဟုတ်ဘဲနဲ့ ၁၂ လဆက်တိုက် ရာသီသွေးမဆင်းဘူးဆိုရင်တော့သွေးဆုံးပြီလို့ဆို လို့ရပါတယ်။ အမျိုးသမီးတော်တော်များများက အသက် ၄၀ ကနေ ၅၀အရွယ်လောက်မှာသွေးဆုံးတတ်ကြပါတယ်။ သားအိမ်ထုတ်တဲ့ ခွဲစိတ်မှု တစ်ရပ်ခံယူဖူးရင်ပဲဖြစ်ဖြစ် ကင်ဆာလိုမျိုးရောဂါတစ်ရပ်ရပ်ကြောင့် သားအိမ် (သို့) မျိုးဥအိမ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူဖူးရင်ပဲဖြစ်ဖြစ်သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့်သွေးဆုံးတဲ့ အသက်က ၅၁ နှစ်ဆိုပေမယ့် အချို့မှာ အသက် ၃၀ အရွယ်လောက်မှာဖြစ်တတ်ပြီး အချို့မှာတော့ အသက် ၆၀နောက်ပိုင်းလောက်မှာဖြစ်တာမျိုးတွေလည်းရှိပါတယ်။ အမျိုးသမီးတစ်ဦးဘယ်အရွယ်မှာသွေးဆုံးမလဲဆိုတာကို ခန့်မှန်းတွက်ချက်ပေးနိုင်တဲ့ စမ်းသပ်မှုတွေတော့ အခုချိန်ထိမရှိသေးပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ အပျိုဖော်ဝင်ချိန်က ဘယ်အချိန်မှာသွေးဆုံးမလဲဆိုတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ ရာသီသွေးဆုံးတဲ့လက္ခဏာတွေအနေနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသမီးတွေ ပိုကျန်းမာပါတယ်

လူတော်တော်များများဟာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို အကြောင်းအရင်း အမျိုးမျိုးနဲ့ လုပ်ကြပါတယ်။ သက်လုံကောင်းချင်လို့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေဖို့၊ ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ပေါ့။ အချို့ကျတော့လည်း ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ချင်လို့ပေါ့။ လေဒီလေးတွေ အများစုကတော့ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်လှပစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ကြတာ များပါတယ်။ လေ့ကျင့်ခန်း လုပ်တာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ ကောင်းကျိုးများပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ လေ့ကျင့်ခန်း လုပ်တာကြောင့် အမျိုးသားတွေထက် ပိုပြီး ကောင်းကျိုးများတာတွေ ရှိနေပါသေးတယ်။ ဒါတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာလိုက်စို့နော်။ လေဒီလေးတွေနဲ့ လေ့ကျင့်ခန်း လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ တော်တော်လေး အရေးပါပါတယ်။ ကျန်းမာရေး ကောင်းစေသလို ခန္ဓာကိုယ် […]


အမျိုးသမီးရောဂါများအတွက် စစ်ဆေးခြင်း

မိမိရင်သားကို မိမိကိုယ်တိုင်စစ်ဆေးခြင်း

တကယ်လို့ သင်ဟာ ရင်သားကို ဆရာဝန်ကို စစ်ဆေးစေဖို့ ရှက်တယ်ဆိုရင် အိမ်မှာ အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ အောက်ဖေါ်ပြပါနည်းလမ်းနဲ့ ရင်သားအကျိတ်တွေကို စမ်းသပ်နိုင်ပါတယ်။ ပုံမှန်ရင်သား စစ်ဆေးခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာတွေ့ရှိဖို့ အရေးကြီးပါတယ်။   အခြားနည်းလမ်းတွေဖြစ်တဲ့ ပုံမှန် mammogram လုပ်ခြင်းနဲ့ ယှဉ်ရင် ကိုယ်တိုင် စမ်းသပ်ခြင်းဟာ အကျိုးရှိမှု ပိုနည်းပါတယ်။ ဒါပေမယ့် သင့်ရင်သားမှာ ပုံမှန်မဟုတ်မှုတွေကို တွေ့ရခြင်းဟာ အသုံးမဝင်ဘူးဆိုတာ မရှိပါဘူး။ ရင်သားကို စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရာသီလာပြီး ရက်ပေါင်းများစွာ အကြာပဲဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေဟာ ရင်သားရဲ့ အရွယ်အစားနဲ့ ခံစားမှုတွေကို ပြောင်းလဲနိုင်တာကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံးအဖြေကို သိရဖို့အတွက် ရင်သားပုံမှန်ဖြစ်တဲ့ အခြေအနေမှာ စမ်းခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်လတစ်ခါ ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်။ ဒါဟာ ရင်သားမှာ ထူးဆန်းမှုတွေကို အချိန်မီ သတိထားမိနိုင်ပါတယ်။   ရင်သားစစ်ဆေးမှုကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

အမျိုးသမီးအများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည်ရရှိဖို့၊ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ်ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုခွဲစိတ်လိုက်ခြင်းအားဖြင့် မိန်းမကိုယ်ကို ပြန်လည်တင်းကြပ်သွားစေပြီး တွဲကျတာ၊ပုံပျက်တာမျိုးတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့အတွက် ခွဲစိတ်မှုမခံယူမီ ဒီအချက်ကို သေချာစွာ ထည့်သွင်းစဉ်းစားရပါမယ်။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှုခံယူပြီး ရက်အနည်းငယ်အတွင်းမှာ နာကျင်တာမျိုး၊အဖြူဆင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ မကြာခင်မှာပဲ ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။ မိန်းမကိုယ်ခွဲစိတ်ပြုပြင်ပြီးရင် တွေ့ကြုံရမယ့် နောက်ထပ်ပြဿနာတခု ရှိပါသေးတယ်။ ဒါကတော့ သင့်မိန်းမကိုယ်ရဲ့ အာရုံခံစားနိုင်စွမ်း ကာလကြာရှည် ဆုံးရှုံးတာ ဒါမှမဟုတ် အမြဲတမ်း ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ် (မိန်းမကိုယ်မှာရှိတဲ့ တစ်ရှူးတွေရဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

သင့်မွေးလမ်းကြောင်းပုံစံဘယ်လိုဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ အမျိုးသမီးတော်တော်များများဟာ - အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ - မိမိတို့မွေးလမ်းကြောင်းပုံစံဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်းနည်းကအမျိုးသမီးတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ မွေးလမ်းကြောင်းပြင်ခြင်းဆိုတာဘာလဲ ရေဒီယိုလှိုင်းသို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကိုသုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကိုပြန်လည်ဆောင်ကြဉ်းပေးခြင်းဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကိုအာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက်နှစ်ခုရှိပြီး - မွေးလမ်းကြောင်းကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါအရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။ အမျိုးသမီးတွေအသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေနည်းလာပြီး မွေးလမ်းကြောင်းဆန့်ကျုံ့သတ္တိလျော့လာပါတော့တယ်။ ကလေးမွေးခြင်းနဲ့ သိသိသာသာအလေးချိန်ကျဆင်းသွားခြင်းတို့ဟာလည်း မွေးလမ်းကြောင်းကျယ်သွားစေပြီး ကာမဘဝကို ကျေနပ်နှစ်သက်စရာမကောင်းအောင် ဖြစ်သွားစေတတ်ပါတယ်။ ထိုပြဿနာတွေအတွက် မွေးလမ်းကြောင်းပြင်သည့်နည်းကိုသုံးနိုင်ပါတယ်။ မွေးလမ်းကြောင်းပြင်ခြင်းဟာအောက်ပါပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်- အသက်ကြီးခြင်း၊ ကလေးမွေးခြင်းတို့ကြောင့် မွေးလမ်းကြောင်းကျယ်သွားခြင်း စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကြောင့် နာကျင်ရောင်ရမ်းခြင်း လိင်လမ်းကြောင်းခွဲစိတ်မှုတစ်ခုခုကြောင့် အမာရွတ်ကျန်နေခြင်း ဆီးမထိန်းနိုင်ခြင်းနှင့် နည်းမှန်မှန်နဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်လိုသူများအတွက်   ဘယ်လိုအလုပ်လုပ်သလဲ မိန်းမကိုယ်ပြင်ခြင်းဆိုတာ အိုမင်းခြင်းကိုဆန့်ကျင်ပြီး ဆဲလ်များကြီးထွားဖြစ်ပေါ်ခြင်းကိုအားပေးပါတယ်။ နည်းအများစုက လိုအပ်တဲ့ဧရိယာမှာ ရေဒီယိုလှိုင်းသုံးပြီးပြုပြင်ကြပါတယ်။ ထိုကြိမ်နှုန်းလှိုင်းတွေက မွေးလမ်းကြောင်းအပူချိန်ကိုမြှင့်ပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်မလဲ

အသည်းကင်ဆာကုသမှုများ မစခင် လူနာအများစုသည် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြပြီး ဘေးထွက်ဆိုးကျိုးများက ဘယ်လိုပုံလဲဆိုတာကို သိချင်ကြ သည်။ လူနာအများစုတွင် ဘေးထွက်ဆိုးကျိုး အနည်းငယ် သာ ရပြီး အချို့တွင် အနည်းအကျဉ်းနှင့် အခြားလူနာများတွင် လုံးဝမရခြင်းတို့ ရှိသည်။ ထို့အပြင် ထိုဘေးထွက်ဆိုးကျိုး များသည် အချို့လူများတွင် ပြင်းထန်ပြီး အချို့တွင် မပြင်းထန် ပါ။   ထိုဘေးထွက်ဆိုးကျိုးတွေက ဘာလဲ။ ကင်ဆာကုထုံးသည် လျင်မြန်စွာ ကြီးထွားနေသော ဆဲလ် များကို သတ်ရန် စီစဉ်ထားသော အလွန်အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်သည်။ ထိုဆေးများသည် ခန္ဓါကိုယ်အနှံ့ ရောက်ရှိသွားသောကြောင့် ၎င်းတို့သည် ပုံမှန် ကျန်းမာသော ဆဲလ်များကို ထိခိုက်စေနိုင်သည်။ ဘေးထွက်ဆိုးကျိုးအများစု သည် မှန်းထားသလောက် မဆိုးရွားသော်လည်း မတိကျသော ကောလဟာလများကြောင့် လူနာများသည် ဓါတုကုထုံးခံယူ ရန် စိတ်ပူကြသည်။ ဓါတုကုထုံးကြောင့် ထိခိုက်နိုင်သော […]


ရာသီလာခြင်း

Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) ကဘာလဲ။ PMS ခေါ် Pre-menstrual Syndrome ဟာ အရွယ်ရောက်ပြီး မိန်းမများ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ။ PMSသည် ရာသီမလာခင် ခံစားရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ပြန်ဖြစ်နိုင်တဲ့ လက္ခဏာတွေများကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲလည်း PMS ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကတော့ သတိပြုမိရုံလောက်ကနေ ပြင်းပြင်းထန်ထန်တွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ထိုဝေဒနာများက သင့်ဘဝအတွက် အခက်အခဲ ဖြစ်စေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PMS ရဲ့ ဝေဒနာများကို ကုသမှုတွေ၊ လူနေမှုဘဝပုံစံပြောင်းလဲခြင်းတွေနဲ့ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ Pre-Menstrual Syndrome (PMS) (ရာသီမလာခင် ခံစားရသော ဝေဒနာများ) က ဘယ်လောက်အဖြစ်များသလဲ ၉၀% သော မိန်းမများသည် PMS […]


ရာသီလာခြင်း

ကိုယ်ဝန်ဆောင်နဲ့ အမျိုးသမီးတွေရာသီသွေးဆင်းမှုအပေါ် သင်္ဘောသီးက ဘယ်လိုသက်ရောက်နေသလဲ

သင်္ဘောသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများ အကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊ သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့papain enzyme တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘော်သီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ဖြည့်စွက်ဆေးတွေကိုရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက်papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။ Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း ကလေးယူဖို့ ကြိုးစားနေသူတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Ovaritis (သားဥအိမ်ရောင်ရောဂါ)

Ovaritis (သားဥအိမ်ရောင်ရောဂါ) ဆိုတာဘာလဲ။ Ovaritis ဟာ သားဥအိမ်ရောင်ခြင်းဖြစ်ပြီး သားဥအိမ်မှာ ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ခြင်းတွေကိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ သားဥအိမ် တစ်ခုတည်းရောင်ခြင်းဟာ အဖြစ်နည်းပါတယ်။ အခြားရောင်ရမ်းခြင်းတွေလိုပဲ သားဥအိမ်ရောင်ခြင်းဟာ ရုတ်တရက် (သို့) နာတာရှည်ဖြစ်နိုင်ပါတယ်။ subacute ရောင်ခြင်းရဲ့ လက္ခဏာတွေဟာ သားဥအိမ် နာတာရှည်ရောင်ခြင်းမှာ တွေ့ရတတ်ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ရောင်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်ပါတယ်။ Ovaritis(သားဥအိမ်ရောင်ရောဂါ)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Ovaritis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Ovaritis (သားဥအိမ်ရောင်ရောဂါ)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပုံမှန်အခြေအနေမှာ တကယ်လို့ လူနာဟာ ရုတ်တရက်သားဥအိမ်ရောင်ခြင်း ဖြစ်မယ်ဆိုရင် ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ အခြားလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ နာတာရှည် အခြေအနေတွေမှာတော့ ယေဘုယျအားနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း