အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။ မိန်းမကိုယ်ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။ ဒါဆိုရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ ဒါကြောင့် နုနယ်တဲ့ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည် တွေ သုံးပေးရမှာပါ။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးခြင်းအားဖြင့် အနံ့ဆိုး ေတွလည်း ပျောက်စေမယ် ပြင်ပက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲ မဝင်အောင်လည်း တားဆီးပေးနိုင်မယ်။ ရာသီလာချိန် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်းတစ်ခုက ဘယ်လောက်နက်သလဲဆိုတာ သိပါသလား

အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဆိုတာ လိင်အင်္ဂါတစ်ခုအဖြစ်လုပ်ဆောင်တဲ့အပြင် ကလေးမွေးဖွားရာ လမ်းကြောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား၊ လက်နဲ့ ခြေထောက်တွေ မတူကြသလိုပဲ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ပျှမ်းမျှမွေးလမ်းကြောင်း အရှည်ဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ) ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ခြားသော လေ့လာချက်တွေအရတော့ ပျှမ်းမျှ မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၃ လက်မနေ ၇ လက်မ (၇.၆ စင်တီမီတာ ကနေ ၁၇.၇ စင်တီမီတာ ) အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် လိင်ဆက်ဆံဖော်တွေတောင် သေချာမသိနိုင်ကြပါဘူး။ မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစား။ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဆိုတာ မွေးလမ်းကြောင်းအဝကနေ သားအိမ်ခေါင်းထိ […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာမှန်သမျှ စုစည်းမှု

သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတစ်ယောက် ၁၂ လ ဆက်တိုက် ဓမ္မတာ မလာတော့ဘဲ သဘာဝတရားအရ ပဋိသန္ဓေ မရနိုင်တဲ့ သဘာဝ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း ဖြစ်ပွားလေ့ရှိပြီး တစ်ယောက်ချင်းစီအလိုက် ဒီ အသက်အရွယ် မတိုင်ခင်ဖြစ်နိုင်သလို ဒီ အသက်အရွယ်ကို ကျော်လွန်သွားမှလည်း ဖြစ်နိုင်ပါတယ်။ သွေးဆုံးချိန်ရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ ပူလောင်ခြင်းနဲ့ ကိုယ်အလေးချိန် တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီး အများစု အနေနဲ့ သွေးဆုံးချိန်ရောက်ရင် ဘာဆေးဝါး ကုသမှုမှ ခံယူစရာမလိုအပ်ပါဘူး။ ဒီဆောင်းပါးလေးထဲမှတော့ သွေးဆုံးခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များကို Hello ဆရာဝန်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးသွားမှာပါ။ သွေးဆုံးချိန်က ဘယ်အချိန်မှာ စပြီး အချိန်ဘယ်လောက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ်

ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ် အသက်ကြီးလာတာနဲ့ ကိုယ်ရောစိတ်ရော ကျန်းမာရေးရော ပြောင်းလာပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝရဲ့နောက်ပိုင်းရက်တွေမှာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံးမြှင့်တင်ပြီး ပျော်ရွှင်စေဖို့ အောက်ပါနည်း ၇ သွယ်ကို မွေးမြူကြည့်ပါ။ အိုမင်းခြင်းကို အပျက်သဘောလို့မြင်တဲ့သူအများစုထဲမှာ သင်ပါနိုင်ပါတယ်။ မျက်နှာအရေးအကြောင်းတွေ ထလာတာ၊ အင်္ကျီတွေမတော်တော့တာ၊ ခဏခဏ ကိုက်လိုက်နာလိုက်နဲ့ ကျန်းမာရေးမကောင်းတာ စတာတွေကို သင်ကြုံရတော့မယ်လို့ ထင်နေတာမျိုးပေါ့။ ဒါပေမယ့် အိုမင်းလာတယ်ဆိုတာ အဲ့တာတင်တော့မဟုတ်ပါဘူး။ အတွေ့အကြုံများလာမယ်၊ ရင့်ကျက်သွားမယ်၊ ဉာဏ်ပညာပြည့်စုံပြီး ရှု့ထောင့်မျိုးစုံကမြင်တတ်လာမယ်။ သင်ဟာ အသက်ကြီးလာတဲ့အမျှ ဘဝကိုပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်။ ၁။ ပြောင်းလဲမှုတွေကိုကြိုဆိုနိုင်ဖို့လေ့လာပါ။ အသက်ကြီးလာတာနဲ့ ပြောင်းလဲမှုတွေကို သင်သတိထာမိပါလိမ့်မယ်။ သင်ရှု့မြင်တတ်ရင် အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒီလိုဖြစ်လဲ Ok ပါပဲ။ တစ်ချို့က ကိုယ်ဘယ်သူဆိုတာ ပြသဖို့ မလုပ်ပြနိုင်တော့ဘူးဆိုပြီး ယုံကြည်နေတတ်ကြတာမို့ စိတ်ထဲကသိကအောက် ဖြစ်တတ်ကြပါတယ်။ အဲ့တော့ ကိုယ်အသက်ကြီးလာရင် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginal yeast infection(မိန်းမကိုယ်ကူးစက် မှိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်မိန်းမကိုယ်ကူးစက်မှိုရောဂါ ဆိုတာ ဘာလဲ။ (ကန်ဒီဒီရေးစစ်)လို့ခေါ်တဲ့မိန်းမကိုယ်ကူးစက်မှို ရောဂါဟာအဖြစ်များတဲ့အမျိုးသမီးရောဂါ တစ်မျိုးပါ။ ပုံမှန်ကျန်းမာတဲ့ မိန်းမကိုယ်မှာ ဘက်တီးရီးယား နဲ့မှိုအချို့ရှိပါတယ်။ ဒါပေမယ့် မှိုတွေ ပုံမှန်ထက် ပိုပွားများလာမယ်ဆိုရင်တော့ မိန်းမကိုယ်မှာ ရောင်ရမ်းတာ၊ ကသိကအောင့် ဖြစ်တာ၊ အလွန်အမင်းယားယံတာတွေ ဖြစ်စေပါတယ်။ ဒီကူးစက်မှိုရောဂါကို လိင်မှတဆင့်ကူးစက်သော ရောဂါများ(STI) စာရင်းမှာမထည့်သွင်းထားပါဘူး။ လိင်ကတဆင့်ကူးစက်နိုင်ပေမယ့်လိင်အတွေ.အကြုံမရှိတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီမှိုရောဂါ ဖြစ်ပြီဆိုရင် တခြားကူးစက်ရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ မိန်းမကိုယ်ကူးစက်မှိုရောဂါ ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ မိန်းမကိုယ်ကူးစက်မှိုရောဂါ ဟာ အဖြစ်များပါတယ်။ ရောဂါ ဖြစ်စေနိုင်မယ့် အချက်တွေကိုတော့ လျှော့ချ နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များ အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ရောဂါလက္ခဏာများမိန်းမကိုယ်ကူးစက်မှိုရောဂါရဲ့လက္ခဏာတွေက ဘာတွေလဲ။ မိန်းမကိုယ်ကူးစက်မှိုရောဂါရဲ့လက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။   မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားစဉ်နဲ့လိင်ဆက်ဆံစဉ် ပူခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း မိန်းမကိုယ်တွင် နာကျင်ခြင်း၊ နီခြင်း၊ အနီကွက်များထွက်ခြင်း။ သိသာတဲ့ နောက်ထပ်အချက်ကတော့ မိန်းမကိုယ်မှအဖြူညစ်ရောင်အဖတ်များ ထွက်ခြင်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ ရင်သားလေး လှပပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေမှာပါ။ ရင်သား ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ အစားအစာတွေက ခန္ဓါကိုယ် အားအင်ရှိဖို့ အထောက်အကူပြုသလို ရင်သားက ကြွက်သားတွေ သန်မာဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဘာတွေ စားရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ အဆီပါတဲ့ငါး အဆီပါဝင်တဲ့ ငါးတွေမှာ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ (၃) နဲ့ ဗီတာမင် ဒီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်တာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း လျှော့ကျစေပါတယ်။ မာကျူရီ အများကြီး ပါတဲ့ ပင်လယ်စာတွေကိုတော့ ရှောင်စားရမှာပါနော်။   မုန်လာဥ မုန်လာဥကတော့ ရင်သားပတ်လည်မှာ ရှိတဲ့ တစ်ရှူးတွေဆီ သွေးစီးဆင်းမှု အားကောင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းတာကြောင့် မုန်လာဥကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကဘာလဲ။ တချို့အရာတွေက မိန်းမကိုယ်တွင်းထားရှိဖို့ ရည်ရွယ်ထုတ်လုပ်ထားတာတွေဖြစ်ပါတယ်။ တမ်ပွန်တွေ၊မိန်းမကိုယ်ဆေးတောင့်တွေ၊တခြားသောဆေးဝါးတွေက မိန်းမကိုယ်တွင်းထည့်ရတဲ့အရာတွေဖြစ်ပါတယ်။ တခြားအရာတွေကတော့ ထည့်ဖို့မရည်ရွယ်ထားသလို မတော်တဆ သို့မဟုတ် တမင်ထည့်မိတာတွေရှိနိုင်ပါတယ်။ ဒီအရာတွေကို ဆရာဝန်တွေက “ပြင်ပပစ္စည်း” တွေလို့ သတ်မှတ်ထားကြပါတယ်။ ဒီအရာတွေက ရောဂါလက္ခဏာတွေပြလာနိုင်သလို မပြပဲလဲ အချိန်အကြာကြီးရှိနေနိုင်ပါတယ်။ Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်ရောက် အမျိုးသမီးတွေထက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်အရည်ဆင်းခြင်း ပုံမှန်အားဖြင့် အနံ့ဆိုးတတ်ပြီး အဝါ၊ ပန်းရောင် သို့ အညိုရောင်ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်သွေးထွက်ခြင်း အထူးသဖြင့် နည်းနည်းပါးပါး ထွက်တတ်ပါတယ်။ မိန်းမကိုယ်ယားခြင်း သို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကဘာလဲ။ မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများဟာ တင်ပါးဆုံ အစိတ်အပိုင်းများကို ထောက်ပံ့ပေးပါတယ်။ ထိုထဲတွင် fascia အပေါ်ယံလွှာ လည်းပါဝင်ပါတယ်။ ထိုထောက်ပံ့ပေးနေသော မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများ အားနည်းလာပါက မိန်းမကိုယ် ကျွံခြင်း vaginal prolapse ကိုဖြစ်စေပါတယ်။ Vaginal prolapse ဆိုသည်မှာ သားအိမ်၊ ဝမ်းအိမ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူသိမ်၊ သို့မဟုတ် မိန်းမကိုယ် ကိုယ်တိုင်ဟာ ကျွံထွက်လာခြင်းဖြစ်ပါတယ်။ ကုသမှုမလုပ်ပါက တဖြည်းဖြည်း ပိုကျွံလာနိုင်ပါတယ်။ Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Uterine Prolapse (သားအိမ်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Prolapse (သားအိမ်ကျခြင်း) ကဘာလဲ။ သားအိမ်ဟာ မိန်းမကိုယ်အတွင်း ပြူထွက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ မိန်းမကိုယ်အထက်မှာ ကြွက်သားများ၊ အရွတ်များရဲ့ ထိန်းအားနဲ့ တည်ရှိပါတယ်။ ကြွက်သားနဲ့ အရွတ်တွေ အားနည်းပြီး ဆန့်ထွက်လာတဲ့ အခြေအနေမှာတော့ သားအိမ်ဟာ သူ့နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲ ဆင်းလာပါတယ်။ ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ သားအိမ်နဲ့အတူ ကျလာတတ်ပါတယ်။ ကုသစမှုဟာ အခြေအနေပေါ် မူတည်ပါတယ်။ သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ Uterine Prolapse (သားအိမ်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးရိုးရိုးမွေးဖူးသူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများUterine Prolapse (သားအိမ်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တင်းကြပ်ခြင်း၊ အောက်ပိုင်းမှာ ပြည့်နေခြင်း၊ ဗိုက်နဲ့ဆီးစပ်က […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကဘာလဲ။ Bartholin cyst ဆိုသည်မှာ မိန်းမကိုယ်၏ ဘေးတစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ဖေါင်းကြွ အလုံးဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ Bartholin gland ဟုခေါ်သော ချွေးထုတ်ပေးသော ဂလင်းတစ်ခု ၏ပြွန်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ပိုးမဝင်သော အလုံးများမှာ ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၂၀ နှင့် ၂၉ ကြားတွင် ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ဝေဒနာရှင်ရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အဓိက လက္ခဏာမှာ မိန်းမကိုယ် အနီးတွင် အလုံးဖြစ်လာပြီး ထိုအလုံးသည် ပိုးဝင်ပါက နာကျင်ပြီး ပိုးမဝင်ပါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း