အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတစ်လျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ သူတို့ကို အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

ရာသီပန်း ဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခု မဟုတ်သလို ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပေမယ့် စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ။ အနံ့ဆိုးတွေများ ထွက်နေမလား၊ ပေတာတွေ၊ စွန်းထင်းတာတွေများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က ရာသီလာချိန်မှာ တစ်ချိန်လုံးကို ကြီးစိုးနေရော။ အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့ လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာ နေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကို ကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ကြည့်လိုက်တော့နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက် ရာသီလာချိန်မှာ […]


ရာသီလာခြင်း

ဓမ္မတာလာခြင်းနဲ့ ပတ်သက်တဲ့ မှားယွင်းသော အယူအဆများ

မိန်းကလေးတွေ အရွယ်ရောက်လာတာနဲ့ ဓမ္မတာရာသီပန်း ပွင့်လန်းတတ်ကြတာဟာ ကမ္ဘာဦးအစကတည်းက ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲ္ပ္ပလို့ မရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ဆေးပညာတွေ မထွန်းကားခင်တုန်းက မိန်းကလေးတွေ ရာသီပန်းပွင့်လန်းတာကို ညစ်ပတ်တဲ့ ကိစ္စတစ်ခု အဖြစ်ရှုတ်ချထားကြတာတဲ့။ တင်းကြပ်တဲ့ ဒေသတွေမှာ ရာသီလာတဲ့ မိန်းကလေးတွေကို မကောင်းဆိုးဝါးမိန်းမတွေ အဖြစ် ဖယ်ကျဉ်ထားကြတဲ့ အတွက်ကြောင့် မိန်းကလေးများ အနေဖြင့် ရာသီလာတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့မရတာကတစ်ကြောင်း၊ အသိပညာဗဟုသုတနည်းတာကြောင့် ရာသီပန်းပွင့်လန်းခြင်းအကြောင်းကို ရှင်းလင်းသေချာစွာ မသိတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ဓမ္မတာလာခြင်း ကိစ္စမှာ မှားယွင်းနေသော တစ်ချို့ အယူအဆတွေရှိခဲ့ပါတယ်။ မြန်မာအမျိုသမီးတွေဆိုတာ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့သူတွေ မဟုတ်လား။ ခုခေတ် ဗဟုသုတတွေတိုးတက်လာပေမယ့်လည်း မိရိုးဖလာမှ ဆင်းသက်လာတဲ့ ရာသီနဲ့ ပက်သက်တဲ့ မှားယွင်းတဲ့ အယူအဆတွေ ရှိနေဆဲပါ။ အဲ့ဒီထဲက ထိပ်ဆုံး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစားဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲတစ်ခုပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်ကမလုံခြုံ ပတ်ဝန်းကျင်အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ်ဝတ်ရတာဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကားကလည်းရှိနေပြန်တော့ အရှက်အကြောက်ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာဆိုတာ ကျပ်ကျပ်ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ်တယ်လေ။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။ မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာအကြောင်း သိရအောင် ကြည့်လိုက်ကြစို့လား။ ၁။ သင်၏ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာ ကျပ်ကျပ် သည်မကောင်းပေ။ အမျိုးသမီးတော်တော်များများက ဘရာစီယာရဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်း တယ်လို့ခေါ်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်းမကောင်းတာမဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ရောပါဖယ်ရှားစေတာဖြစ်ပါတယ်။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီးရောဂါပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါ။အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့အချိန်၊ ကလေးနို့တိုက်တဲ့ကာလတို့ဆိုရင် အဖြူပိုဆင်းတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့အဖြူဆင်းခြင်းဖြစ်နိုင်တယ်။ အဖြူဆင်းတာရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ အရောင်ညစ်တာ၊အနံ့ဆိုးတာ၊ ပိုစေးကပ်တာတွေအပြင် မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာ၊လောင်တာတွေပါဖြစ်စေနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်း ခြင်းက ဘာကြောင့်ဖြစ်ရတာလဲ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပမာဏထိန်းညှိမှုမှာ တစ်ခုခုပြောင်းလဲမှုရှိလာတာနဲ့ အဖြူဆင်းခြင်းရဲ့ အနံ့၊အရေင်နဲ့ အနေအထား(ဥပမာ - ပျစ်ချွဲမှုအတိုင်းအတာ)တို့ကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေကတော့ - ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ် စတီးရွိုက်ဆေးသုံးစွဲခြင်း ဘက်တီးရီးယားကြောင့်မိန်းမကိုယ်ရောင်ရမ်းခြင်း(Bacterial vaginosis) မိန်းမကိုယ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။

ဒီကိစ္စက အမျိုးသားတွေ တော်တော်များများ ဖွင့်ပြောဖို့ လက်ရှောင်တတ်ကြတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စဖြစ်တာကြောင့်ရော၊ ကိုယ်က သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူမှာ စိတ်မလုံခြုံတာ၊ စိတ်ထိခိုက်သွားတာ၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုနည်းပြီး ရှက်သွားနိုင်တာပေါ့။ ဒါဆိုရင် ကိုယ့်ချစ်သူရဲ့ မိန်းမကိုယ်က နံနေတာ ဘယ်လိုဖွင့်ပြောလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်မှာ အနံ့အသက်ရှိတာ သဘာဝပါ။ လူတော်တော်များများ ထင်ထားသလို မိန်းမကိုယ်က နှင်းဆီရနံ့လေး သင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပြီး ထိခိုက်လွယ်တဲ့၊ အလွန်နူးညံ့ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာဖြစ်လို့ သူ့အနံ့နဲ့သူတော့ ရှိနိုင်ပါတယ်။ တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်လာပြီဆိုရင်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်ကို အရင်ဆုံး သေချာစစ်ဆေးကြည့်ပါ။ ဒီလိုကိစ္စမျိုးကို တိုက်ရိုက်ဖွင့်မပြောခင် ဘယ်နေရာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတို့ကျန်းမာရေးအတွက် ပုံမှန်ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများ

ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။ အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကြပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကြပ်ကောင်းကြပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး ကျယ်လာပါတယ်။ဒါ့အပြင် လိင်စိတ်များပြားနေတဲ့ အချိန်မှာ မွေးလမ်းကြောင်းကနေ သဘာဝ ချောဆီတွေလည်း ထွက်လာတဲ့ အတွက် မွေးလမ်းကြောင်း ကြပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်တော့ မွေးလမ်းကြောင်း ကြပ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်နေတယ်ဆိုတာ သင်ဟာ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ပိုးဝင်ခြင်းပြဿနာကို ရင်ဆိုင်နေတဲ့ ချစ်သူကို ဘယ်လိုအားပေးကူညီမလဲ

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့မိန်းမကိုယ် ပိုးဝင်တာပါပဲ။ ဒီလိုကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ လူက နေလို့ထိုင်လို့ မကောင်းတာ၊ယားယံေနတာ၊ မကောင်းတဲ့အနံ့အသက်ေတွ ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမိန်းမကိုယ်ပိုးဝင်စေနိုင်တဲ့ အကြောင်းရင်းတွေ၊ ပြဿနာတွေကလည်း အများကြီးပါပဲ။ အရေပြားမှိုစွဲကပ်တာ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးကြောင့်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာကြောင့်လည်း ဖြစ်နိုင်သလို ဆပ်ပြာတွေမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေ၊ မိန်းမကိုယ်နဲ့ အမြဲထိတွေ့နေတဲ့ အဝတ်အစားတွေကြောင့်လည်း မိန်းမကိုယ် ယားယံတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပြီး ကုသပုံနည်းလမ်းတွေလည်း မတူညီကြပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ်ချစ်ရတဲ့သူက ဒီလို ဝေဒနာခံစားနေရချိန်မှာ အိမ်ထောင်ရှင်ကောင်း၊ ချစ်သူကောင်းတစ်ယောက်ဖြစ်စေဖို့ အမျိုးသားတွေအနေနဲ့ တစ်ဖက်တစ်လမ်းကနေ အားပေးကူညီလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ၁။ ပြင်းလွန်းတဲ့ ဆပ်ပြာတွေ၊ အဝတ်လျှော်ဆပ်ပြာမှာ ပါဝင်တဲ့ ဓါတုဗေဒပစ္စည်းတွေကြောင့် မိန်းမကိုယ်အရေပြားနဲ့ ဓါတ်မတည့်ဖြစ်ပြီး ယားယံတဲ့ဝေဒနာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားထိပ်ခေါင်းတွေနာကျင်မာကျောရသည့် အကြောင်းရင်းများ

အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ မာကျောပြီး နာကျင်လာတယ်ဆိုရင် ဒါဟာ ရောဂါ ဆိုးဆိုးရွားရွားတစ်ခု ဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းကောင်းတစ်ခုကတော့ ဆိုးဆိုးရွားရွား ရောဂါတွေ ကြောင့် ရင်သားထိပ်ခေါင်းတွေနာကျင်တာက ရှားပါတယ်။ ရင်သားထိပ်ခေါင်းတွေဟာ အားကစားတစ်ခုခု လုပ်တဲ့အခါမျိုး၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေပြောင်းလဲလာတဲ့အခါမျိုး၊ ဟော်မုန်းတွေ ပြောင်းလဲတဲ့အခါမျိုးမှာ ရောင်ရမ်း နာကျင်လာနိုင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ နာကျင်လာတတ်တာ သဘာဝတစ်ရပ်ပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ Hello Sayarwon ပရိတ်သတ်ကြီး အတွက် ရင်သားထိပ်ခေါင်းတွေ နာကျင်ရတဲ့ အကြောင်းရင်း၊ လက္ခဏာများနဲ့ ဘယ်လို ကုသရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ၁။ အားကစားလုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အဝတ်နဲ့ ရင်သားထိပ်ခေါင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး နာကျင်မှု ဖြစ်လာနိုင်ပါတယ်။ ဒီလို ရင်သားထိပ်ခေါင်းနာကျင်ခြင်းဟာ အားကစားဝတ် ဘရာစီယာ မပါဘဲ အားကစားလုပ်တတ်တဲ့ အမျိုးသမီးများ၊ အရွယ်အစား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း