ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါများ ကိုဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ ရောဂါလက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ကျောက်ကပ်ရောဂါများ ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pyelonephritis (ကျောက်ကပ် ပိုးဝင်သောရောဂါ) ကဘာလဲ။ Pyelonephritis ခေါ် ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါတွေ (UTI) ထဲက ထူးခြားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဆီးအိမ် (သို)့ ဆီးပြွန်တွင်းမှ စဖြစ်နိုင်ပါတယ်။ pyelonephritis ဟာ ဆီးလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ရာမှ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးကို ခန္ဓါထဲမှ မစွန့်ထုတ်ခင် ဆီးအိမ်ထဲမှာ အရင် သိုလှောင်ထားပါတယ်။ ဘက်တီးရီးယားပိုးဟာ ဆီးပြွန်(ဆီးအိမ်မှ ခန္ဓါကိုယ်အပြင်ဘက်သို့ဆီးစွန့်ထုတ်ပေးသောပြွန်) မှတစ်ဆင့် ဆီးအိမ်အတွင်းသို့ ဝင်ပြီး ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို ရောဂါပိုးကူးစေပါတယ်။ အဲ့ဒီနောက် ကျောက်ကပ်ကို ကူးကာ ကျောက်ကပ်ပိုးဝင်သောရောဂါ pyelonephritis ကို ဖြစ်စေပါတယ်။ ကျောက်ကပ်ပိုးဝင်တဲ့ ရောဂါဟာ တခြား ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေထက် ဖြစ်တာနည်းပေမဲ့ စိုးရိမ်ရပါတယ်။ နောက်တစ်ဖန်ပြန်ဖြစ်တဲ့ ရောဂါတွေဆိုလျှင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ အဲဒီလို […]


ကျောက်ကပ်ရောဂါများ

Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Renal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကဘာလဲ။ Renovascular hypertension ဆိုတာ ကျောက်ကပ်ကိုသွားတဲ့ သွေးစီးကြောင်းပုံမှန်မဟုတ်ပဲ ပြောင်းလဲမှုဖြစ်ရာမှတစ်ဆင့်ဖြစ်တဲ့ သွေးတိုးခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီသွေးတိုးရောဂါမျိုးကို ကျောက်ကပ်ရောဂါရှိတဲ့လူနာတွေမှာ တန်းတွေ့နိုင်သော်လည်း အချိန်အတိုင်းတာတစ်ခုထိ စောင့်ကြည့် စစ်ဆေးခြင်းဖြင့်သာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ ကျောက်ကပ်အလုပ်လုပ်ပုံကြောင့် ဒီသွေးတိုးရောဂါက မကုပဲထားလျှင် ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းရင်းများRenal Artery Stenosis (ကျောက်ကပ်သွေးကြောကျဉ်းခြင်းကြောင့် သွေးတိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ အလယ်အလတ်အရွယ်အစားရှိတဲ့ ကျောက်ကပ်သွေးကြောတွေက ကျောက်ကပ်ကို သွေးပုံမှန်စီးဆင်းစေပြီး စစ်ထုတ်ပေးခြင်းဖြင့် ခန္ဒါကိုယ်တွင်းသို့ ပြန်လည်ပတ်စေပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်ပေးခြင်းအလုပ်ကို သွေးပေါင်ချိန်က စွမ်းအင်ပေးတာကြောင့် ကျောက်ကပ်ဟာ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို ကောင်းစွာ သိရှိပါတယ်။ အကယ်၍ ကျောက်ကပ်က သွေးပေါင်ချိန်ကျနေတယ်လို့ သတိထားမိတာနဲ့ သွေးပေါင်ပြန်တက်အောင် ဟော်မုန်းတွေထုတ်ပေးပါတယ်။ ကျောက်ကပ်သွေးကြောတွေထဲက သွေးဆင်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းတာ နည်းသွားလျှင် ကျောက်ကပ်က သွေးပေါင်ကျတယ်လို့ အထင်မှားသွားနိုင်ပါတယ်။ ဥပမာ- […]


ကျောက်ကပ်ရောဂါများ

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကဘာလဲ။ ကျောက်ကပ်သည် အညစ်အကြေး ပစ္စည်းများကို စွန့် ထုတ်ပြီး ခန္ဓါကိုယ်အရည်ကို မျှခြေတွင် ထိန်းပေးပါသည်။ ကျောက်ကပ်တစ်ခုစီတွင် nephron ဟုခေါ်သော သေးငယ် သော စစ်သည့်အရာပေါင်း ၁သန်းရှိပါသည်။ Nephron သည် အစွန်းတွင် အဖုတစ်ခုရှိသော အကွေးခွေတစ်ခု ဖြစ်ပါ သည်။ Nephron သည် ဆီးကို ကျောက်ကပ်နှင့် ဆီးအိတ် အားသွယ်ဆက်ထားသော ဆီးပြွန်ဆီသို့ ပို့ပေးပါသည်။ Nephritis သည် nephrons ရောင်ခြင်း ဖြစ်ပါသည်။ Interstitial nephritis သည် nephron များကြားရှိ နေရာ များကို ထိခိုက်စေသော ရောဂါတစ်ခုဖြစ်ပါသည်။ ရုတ်တ ရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း သို့မဟုတ် နာတာရှည်ဖြစ်ပွား ခြင်း ဟူ၍ ရှိနိုင်ပါသည်။ Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) […]


ကျောက်ကပ်ရောဂါများ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကဘာလဲ။ နာတာရှည် ကျောက်ကပ်ရောဂါဟုလည်း ခေါ်သော နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးလာသော အခြေအနေ ကို ခေါ်ပါသည်။ ကျောက်ကပ်၏ လုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ပြီး ဆီးထဲမှ စွန့်ထုတ်ခြင်း ဖြစ်သည်။ နာတာရှည်ကျောက်ကပ် ရောဂါသည် တန်းမြင့်အဆင့်သို့ ရောက်ရှိလာသောအခါ ခန္ဓါကိုယ် ထဲတွင် အရည်များ လျှပ်လိုက်ပျော်ရည်များ နှင့် အညစ်အကြေးများ အန္တရာယ်ရှိသော ပမာဏ အထိ စုပုံလာပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ အစောပိုင်းတွင် ရောဂါလက္ခဏာ အနည်း ငယ်သာ ရှိပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ သည် ကျောက်ကပ်လုပ်ငန်း သိသာစွာ မထိခိုက်မခြင်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း