ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါများ ကိုဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ ရောဂါလက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ

ကျောက်ကပ်ရောဂါကို အရင်က အဖြစ်မများဘူးလို့ ထင်စရာ ရှိပေမယ့် မသိကြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ စစ်တမ်းတွေအရကတော့ အရွယ်ရောက်ပြီးသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး သူတို့ကိုယ်တိုင် ကျောက်ကပ်ရောဂါ ခံစားနေရတယ်ဆိုတာကို မသိကြပါဘူး။ လူတွေ သတိမထားမိကြပေမယ့် ကျောက်ကပ်ထိခိုက်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါပေမယ့် လူတော်တော်များများက ဒီလက္ခဏာတွေကို ကျောက်ကပ် ထိခိုက်နေတယ်လို့ မထင်ကြပါဘူး။ ဒီလိုနဲ့ ကျောက်ကပ် ထိခိုက်တာက နောက်ဆုံးအခြေအနေရောက်မှ ကျောက်ကပ်ထိခိုက်နေပြီ။ ကျောက်ကပ်ရောဂါ ခံစားနေရပြီဆိုတာကို သိကြပါတယ်။ ကျောက်ကပ်ထိခိုက်နေသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကပဲ သူတို့မှာ ကျောက်ကပ်ထိခိုက်နေတယ်ဆိုတာကို သိကြပါတယ်။ ဒီတော့ ကိုယ်တိုင်လည်း ကျောက်ကပ် ကျန်းမာရဲ့လား ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေပြီလားဆိုတာကို ဆောင်းပါးလေး ဖတ်ကြည့်ရင်း ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ကျောက်ကပ် ထိခိုက်နေပြီလားဆိုတာကို […]

ကျောက်ကပ်ရောဂါများ ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) ကဘာလဲ။ ဆီးတွင် ပရိုတိန်းပါခြင်းဆိုသည်မှာ ဆီးထဲတွင် ပရိုတိန်း ပမာဏ ပုံမှန်မဟုတ်စွာ ပါဝင်နေခြင်း ဖြစ်သည်။ ကျောက်ကပ် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်သည်။ ကျန်းမာသော ကျောက်ကပ်သည် သိသာသော ပရိုတိန်း ပမာဏ စစ်ထုတ်ခြင်း မလုပ်ပါ။ သို့သော်လည်း ကျောက်ကပ် ရောဂါကြောင့် စစ်ထုတ်သည့် အရာများ ပျက်စီးသွားပါက သွေးမှ albumin ကဲ့သို့ ပရိုတိန်းများ ဆီးထဲသို့ ရောက်ရှိသွား သည်။ Proteinuria (ဆီးတွင် ပရိုတိန်းပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးတွင်ပရိုတိန်းပါခြင်းသည် အသက်အရွယ်မရွေး ဖြစ်နိုင် သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ဆီးတွင် ပရိုတိန်းပါခြင်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ လက္ခဏာများProteinuria (ဆီးတွင် […]


ကျောက်ကပ်ရောဂါများ

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကဘာလဲ။ သွေးထဲရှိ စွန့်ပြစ်ပစ္စည်းများ ကျောက်ကပ်ကရုတ်တရက် မစွန့်ပြစ်နိုင်တော့တဲ့ အခြေအနေကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်မှုစွမ်းရည် ဆုံးရှုံးသွားတဲ့အခါမှာ အန္တရယ်ရှိတဲ့ စွန့်ပြစ်ပစ္စည်းတွေ စုပုံလာပြီး သွေးရဲ့ဓါတုမျှခြေပျက်စီးသွားပါမယ်။ ယင်းအခြေအနေဟာ နာရီအနည်းငယ်၊ရက်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် ဆိုးရွားလာပါလိမ့်မယ်။ ဆေးရုံတင်ပြီးသားလူများ အထူးသဖြင့် အတွင်းလူနာများမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ အသက်အန္တရယ်လည်းရှိသလို၊ အထူးကြပ်မတ်ကုသဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကုသနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ လူတစ်ယောက်ဆိုရင်တော့ ပုံမှန် ဒါမှမဟုတ် ပုံမှန်နီးပါးကျောက်ကပ်စွမ်းရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။ Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများAcute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ဆီးသွားတာက […]


ကျောက်ကပ်ရောဂါများ

Kidney Cyst (ကျောက်ကပ်အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Cyst (ကျောက်ကပ်အကျိတ်) ကဘာလဲ။ ဘဲဥပုံ၊ အဝိုင်းပုံ ၁စင်တီအောက်ကနေ၁၀စင်တီအထက် ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အမျိုးမျိုးရှိနိုင်ပါတယ်။ အတွေ့များတတ်ပြီး တစ်လုံးတည်း၊မြောက်များစွာနဲ့ ကျေက်ကပ်နှစ်လုံးလုံးမှာဖြစ်နိုင်ပါတယ်။ Kidney Cyst (ကျောက်ကပ်အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ကျိတ်ရိုးရိုးက အတွေ့ရများဆုံးဖြစ်ပြီး ဖြစ်ရပ်တွေရဲ့ အကြမ်းဖျင်း၆၅-၇၀%ဖြစ်ပါတယ်။ ကျောက်ကပ်နှစ်ဘက်လုံးအကျိတ်ဖြစ်ခြင်းက အဖြစ်နည်းပြီး အသက်၅၀အောက်တွေမှာရှားပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKidney Cyst (ကျောက်ကပ်အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်အကျိတ်တွေက လက္ခဏာတွေပြလေ့မရှိပါဘူး။ လက္ခဏာတွေနဲ့ပတ်သက်ပြီး ကွဲကွဲပြားပြားမသိသေးပါဘူး။ အကျိတ်က ကျောက်ကပ်ကိုပိတ်ဆို့မနေဘူးဆိုရင် ကျောက်ကပ်အလုပ်ကို မထိခိုက်စေနိုင်ပါဘူး။ ငယ်ရွယ်သူတွေမှာတေတာ့ ကျောက်ကပ်အကျိတ်က ကျေက်က်အလုပ်ကိုထိခိုက်နိုင်စေပါတယ်။ လူနာတော်တော်များများဖြစ်တတ်တဲ့လက္ခဏာတွေကတော့ သာမန်ထက်ကျေက်ကပ်လုပ်ဆောင်နိုင်စွမ်းကျသွားခြင်းဖြ်စစစပါတယ်။ အကျိတ်ပေါက်သွားခြင်းကနေ သွေးဆီးသွားခြင်းသို့ ပြင်းပြင်းထန်ထန်နာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်အကျိတ်ကူးစက်ပိုးဝင်ခြင်းကနေ ကူးစက်ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်ုနငိပါတယ်။ အနီးနားတစ်ဝိုက်ကို ဖိခြင်ေးကြာင့် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


ကျောက်ကပ်ရောဂါများ

Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ကဘာလဲ။ ကျောက်အောက်ပိုင်းမှာတည်ရှိနေတဲ့ အင်္ဂါအစုံဖြစ်ပါတယ်။ ကျောက်ကပ်တစ်လုံးက ကျောရိုးရဲ့တစ်ဘက်တစ်ချက်စီမှာ ရှိပါတယ်။ သွေးတွေကိုစစ်ပေးပြီး ကိုယ်အတွင်းအဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်တွေဟာ အဆိပ်တွေကို ဆီးအိတ်ဆီပို့ပေးပါတယ်။ ခန္ဓါကိုယ်က ဆီးသွားစဉ်မှာ အဆိပ်တွေကိုဖယ်ထုတ်လိုက်ပါတယ်။ ကျောက်ကပ်တွေက ခန္ဓါကိုယ်အတွင်းအညစ်အကြေးတွေကို လုံလုံလောက်လောက်မစစ်ပေးနိုင်တော့တဲ့အခါကျာက်ကပ်ပျက်စီးခြင်း ဖြစ်ပါတယ်။ Kidney Injury (ကျောက်ကပ်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ပျက်စီးခြင်းက အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများKidney Injury (ကျောက်ကပ်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆီးပမာဏနည်းခြင်း ကျောက်ကပ်က အညစ်အကြေးတွေကို မဖယ်ထုတ်ပေးနိုင်တော့တာေကြောင့် အရည်တွေစုမိပြီး ခြေထောက်၊ ခြေချင်းဝတ်ရောင်ခြင်းဖောခြင်း၊ခြေဖဝါးရောင်ခြင်း အသက်ရှူတိမ်ခြင်း အလွန်အမင်းအိပ်ချင်ငိုက်မျည်းခြင်း မောပန်းခြင်း နာတာရှည်မူးဝေခြင်း မရေမရာဖြစ်ခြင်း ရင်ဘတ်အောင့်ခြင်းကျပ်ခြင်း တက်ခြင်း သတိလစ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ကျောက်ကပ်ရောဂါများ

Kidney Dialysis ( ကျောက်ကပ်ဆေးခြင်း)

ကျောက်ကပ်ဆေးခြင်းဆိုသည်မှာ အဘယ်နည်း။ ကျောက်ကပ်သည် တစ်စုံရှိသော အင်္ဂါဖြစ်သည်။ တစ်ခုသည် လက်သ်ီးဆုပ်တစ်ခုအရွယ်ရှိပြီး၊ ခါးရိုး၏ ဘေးတစ်ဘက်စီတွင်ရှိသည်။၎င်းတို့သည် ခန္ဓါကိုယ်ထဲမှ အညစ်အကြေးနှင့် ရေအပိုများကို စွန့်ထုတ်ပေးခြင်းဖြင့် သွေးကို သန့်စင်အောင် ဆောင်ရွက်ပေးသော အဓိက အင်္ဂါဖြစ်သည်။ ကျောက်ကပ်မှ အလုပ်မလုပ်လျှင်ကျောက်ကပ်ဆေးခြင်းကို ပြုလုပ်ပေခြင်းဖြင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ပြုလုပ်စေသည်။ ၎င်းကို ကျောက်ကပ်ဆေးခြင်းဟုခေါ်သည်။ ကျောက်ကပ်ဆေးခြင်း အမျိုးမျိုးရှိသည်။ သွေးမှတဆင့် ဆေးခြင်း။ ဆေးသည့်စက်နှင့်တပ်၍ သွေးမှအညစ်အကြေးများကို စစ်ထုတ်ပေးသည်။ ဝမ်းဗိုက်မှတဆင့် ဆေးကြောခြင်း။ ဝမ်းဗိုက်ထဲသို့ ဆေးရည်တစ်မျိုးထည့်ပြီး သွေးထဲရှိအညစ်အကြေးများကို စစ်ယူသည်။ ယခုခေတ်တွင် လူပေါင်းများစွာသည် ကျောက်ကပ်ဆေးရန်လိုအပ်သော ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျက်ရှိသည်။ ကျောက်ကပ်ဆေးခြင်းကို ဘာကြောင့်လုပ်ဆောင် ရပါသလဲ။ ကျောက်ကပ်သည်ကောင်းစွာ အလုပ်မလုပ်လျှင် သွေးထဲရှိ စွန့်ထုတ်ရန်လိုအပ်သည့် အညစ်အကြေးများကို မထုတ်နိုင်ပေ။ ထို့အပြင် ခန္ဓါကိုယ်သည်လည်း အရည်များမထုတ်နိုင်သည့်အတွက် အန္တရာယ်ရှိလာသည်။ မကုသပဲထားလျင် သေလောက်သည်အထိ ပြင်းထန်သောရောဂါလက္ခဏာများဖြစ်လာနိုင်ပါသည်။ ကျောက်ကပ်ဆေးခြင်းအားဖြင့် ခန္ဓါကိုယ်မှ မလိုအပ်သော […]


ကျောက်ကပ်ရောဂါများ

Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) ကဘာလဲ။ ကျောက်ကပ်ပြည်တည်ခြင်းသည် ကျောက်ကပ်တွင် ပြည်များစုဝေးလာပြီး ရောဂါပိုးများဝင်ရောက်လာသော နေရာတဝိုက်တွင် ပြည်များစုဝေးလာခြင်း ဖြစ်သည်။ ကျောက်ကပ်ပြည်တည်ခြင်းသည် အဖြစ်များသော ရောဂါတော့မဟုတ်ပါ။ ထိခိုက်ဒဏ်ရာရခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းတို့မှ ရောဂါပိုးဝင်ရာမှတဆင့် ဖြစ်လာခြင်းဖြစ်သည်။ ကျောက်ကပ်တွင် ပြည်တည်နာ အသေး နှင့် အကြီးဟူ၍ ၂ မျိုးရှိပါသည်။ ပြည်တည်နာ အသေးသည် ကျောက်ကပ်အသားထဲတွင်ဖြစ်ပြီး ယင်းသည် ရှားပါးသော်လည်း ဖြစ်လာပါက ကျောက်ကပ်၏လုပ်ဆောင်မှုများကို ပျက်စီးသွားစေသည်။ ပြည်တည်နာ အကြီးသည် ကျောက်ကပ်အသားပတ်လည်တွင်ဖြစ်ခြင်းဖြစ်သည်။ ကျောက်ကပ်ရောင်ခြင်းကြောင့် သွေးကြောများကျဉ်းခြင်း ဖြစ်ကာ နောက်ဆက်တွဲအနေနှင့် ကျောက်ကပ်ပြည်တည်ခြင်းများဖြစ်လာရသည်။ Kidney Abscess (ကျောက်ကပ်ပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ပြည်တည်ခြင်းသည်လူ ၁၀၀၀၀ တွင် ၁ယောက်မှ ၁၀ယောက်အထိဖြစ်နိုင်ပါသည်။ အမျိုးသားနှင့် အမျိုးသမီးများဖြစ်နိုင်ချေတူညီပါသည်။ ကျောက်ကပ်ပြည်တည်သူများ၏ ၃ပုံ ၁ပုံသည် ဆီးချိုရောဂါရှိသူများ ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော […]


ကျောက်ကပ်ရောဂါများ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။ နာတာရှည် ကျောက်ကပ်ရောင်ရောဂါဆိုသည်မှ ကျောက်ကပ်ရောဂါများကို စုခေါ်သော ရောဂါဖြစ်ပြီး ၎င်းတွင် အညစ်အကြားများအား ဆီးအဖြစ် ဖယ်ရှားပေးသော ဂလိုမာရူလိုင်များ – ကျောက်ကပ်၏ ကောတက်အပိုင်းတွင် တွေ့ရသော ဆံချည်သွေးကြော အစုအဝေးများ- အချိန်နှင့်အမျှ တဖြည်းဖြည်း ပျက်စီးလာခြင်းဖြစ်သည်။ နာမည်ကဲ့သို့ပင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အချိန်အကြာကြီးဖြစ်နေသော အခြေအနေဖြစ်သည်။ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း ဖြစ်ရသည့် ထိပ်ဆုံးအကြောင်းရင်း တစ်ချက်ဖြစ်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါများဖြစ်ရသည့် အကြောင်းရင်းလဲဖြစ်သည်။ နာတာရှည် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါအတွက် ကုသရန်နည်းမရှိပါ။ ၎င်းသည် အသက်ဆုံးရှုံးနိုင်သည့်ရောဂါ ဖြစ်ပါသည်။ သို့သော် စောလျင်စွာ သိရှိကုသခြင်းဖြင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကြောင့် အသက်ဆုံးနိုင်ချေ နည်းသွားနိုင်ပါသည်။ Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


ကျောက်ကပ်ရောဂါများ

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။ ခန္ဓါကိုယ်တွင် ကျောက်ကပ်သည် သွေးထဲမှ မလိုအပ်သော ရေနှင့် အညစ်အကြေးများကို ဆီးမှ တဆင့် စွန့်ထုတ်ပေးရန် စစ်ပေးသော တာဝန်ကို ထမ်းဆောင်သည်။ ကျောက်ကပ်ပျက်စီးခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဟု ခေါ်သည်။ ၎င်းသည် သင့်ကျောက်ကပ်မှ နေ့စဉ်ဘဝတွင် လိုအပ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်တော့သည်ကို ဆိုလိုခြင်းဖြစ်သည်။ သင့်တွင် ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့် ဖြစ်နေပါက သင့်ကျောက်ကပ်သည် ပုံမှန်လုပ်ဆောင်ချက်၏ ၁၀ ရာခိုင်နှုန်းသာ အလုပ်လုပ်တော့သည်။ ထိုအခြေအနေတွင် သင့်ကျောက်ကပ်သည် လုံးဝအလုပ်မလုပ်တော့သည့် အခြေအနေလည်း ဖြစ်နိုင်သည်။ ကျောက်ကပ်ရောဂါသည် တဖြည့်ဖြည်းနှင့် ပိုဆိုးလာတတ်သည်။ နာတာရှည်ကျောက်ကပ်ရောဂါသည် ရောဂါကို သိပြီးနောက် နှစ်ပေါင်း ၁၀-၂၀ အထိ နောက်ဆုံးအဆင့်မရောက်နိုင်သေးပေ။ ရောဂါသည် တဖြည်းဖြည်းနှင့် ကြီးထွားလာနိုင်သည်။ သင့်တွင် သွေးပေါင်တက်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးအားနည်းခြင်း၊ အာဟာရမကောင်းခြင်း၊ အာရုံကြောပျက်စီးခြင်းတို့ […]


ကျောက်ကပ်ရောဂါများ

Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)

Polycystic Kidney (ကျောက်ကပ်ရေအိတ်တည်ခြင်း)ဆိုတာဘာလဲ။ Polycystic Kidney ဟာ ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်အိတ်ဟာ အရည်တွေနဲ့ ပြည့်နေတဲ့ ပုံမှန်မဟုတ်တဲ့ အိတ်တစ်မျိုးဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ ကျောက်ကပ်တွေရဲ့ ပုံမှန် တည်ဆောက်ပုံကို အစားထိုးပြီး ကျောက်ကပ်တွေ ကြီးလာကာ နာတာရှည်ကျောက်ကပ်ရောဂါကိုဖြစ်စေပြီး အချိန်ကြာလာတာနဲ့ အမျှ ကျောက်ကပ် လုပ်ငန်းဆောင်တာကို လျော့ကျစေပါတယ်။ Polycystic kidney disease ရဲ့ အဓိက အမျိုးအစား နှစ်မျိုးကတော့ autosomal dominant Polycystic kidney disease နဲ့ autosomal recessive Polycystic kidney disease တို့ပဲ ဖြစ်ပါတယ်။ Polycystic kidney disease cysts တွေဟာ […]


ကျောက်ကပ်ရောဂါများ

Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။ ဒီရောဂါဟာ ကျောက်ကပ်ထဲမှာရှိတဲ့ ပြွန်တွေရောင်ခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ သင့်ကျောက်ကပ်ထဲမှာ သွေးကြောသေးသေးလေးတွေနဲ့ လုပ်ထားတဲ့ ဇကာစစ်လေးတွေအများကြီးရှိပြီး သင့်သွေးအတွင်းက ပိုလျှံနေတဲ့ အရည်တွေ၊ သတ္တုဓါတ်တွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ပြွန်တွေ ပျက်ဆီးတဲ့အခါ သင့်ကျောက်ကပ်က ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ကျောက်ကပ်ပျက်ဆီးနိုင်ပါတယ်။ Glomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်ရောင်ခြင်းဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများGlomerulonephritis (ကျောက်ကပ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ကပ်ရောင်ခြင်းရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေမှာ သွေးနီဥတွေ ဆီးထဲပါတဲ့အတွက် ပန်းရောင် သို့မဟုတ် ကိုလာအရောင် ဆီးတွေသွားခြင်း ပရိုတင်းတွေများတဲ့အတွက် ဆီးအရောင်နောက်ခြင်း သွေးပေါင်တက်ခြင်း၊ ကိုလက်စရောများခြင်း ရေစုပုံခြင်းကြောင့် မျက်နှာ၊ လက်၊ ခြေထောက် နှင့် ဝမ်းဗိုက်ဖောခြင်း ကျောက်ကပ်ပျက်ဆီးခြင်း သို့မဟုတ် သွေးအားနည်းခြင်းကြောင့် မောပန်းခြင်း အဝလွန်ခြင်း မွေးရာပါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း