အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

နွေရာသီမှာ ထွက်လာမယ့် မိတ်တွေ သက်သာစေဖို့

မကြာခင်မှာ ပူပြင်းမှုတွေကို ယူဆောင်လာမယ့် နွေကို ရောက်လာတော့မှာပါ။ ဒီလို နွေရောက်လာတဲ့အခါ အရေပြားပြဿနာ အမျိုးစုံကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့ အရေပြား ပြဿနာတွေထဲကမှ အဖြစ်များတဲ့ အရေပြား ပြဿနာ တစ်ခုကတော့ မိတ်ထွက်တာပါ။ ဒီလို နွေရာသီမှာ မိတ်တွေ ထွက်လာတဲ့အခါ သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။ မိတ်ဆိုတာ မိတ်ဆိုတာ အရေပြားပေါ်မှာ ထွက်တတ်တဲ့ ယားစပ်စပ် အဖုအပိမ့်လေးတွေပါ။ ကုတ်မိရင် တော်တော်လေး စပ်ဖျဉ်းဖျဉ်းနဲ့ ခံရခက်ပါတယ်။ မိတ်က ပြင်းထန်တဲ့ အရေပြား ပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရတာတော့ အတော်လေး မသက်မသာ ဖြစ်စေနိုင်ပါတယ်။ မိတ်တွေ ဘယ်နားမှာ ပေါက်တတ်လဲ မိတ်တွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ပေါက်နိုင်ပါတယ်။ အထူးသဖြင့် ကျောကုန်း […]


ဝက်ခြံ

ဝက်ခြံကပ်ခွာ တွေကို ဘယ်လိုအသုံးပြုကြမလဲ။

ခုနောက်ပိုင်းမှာ မျက်နှာမှာ ဝက်ခြံထွက်လာပြီဆိုရင် အဝိုင်းလေးတွေ ကပ်ထားကြတာကို တွေ့ဖူးကြမှာပါ။ တချို့ဆို အသားရောင်နဲ့ တစ်ထပ်တည်းမို့လို့ သိပ်တောင် မသိသာပါဘူး။ ဒါလေးတွေကို ဝက်ခြံကပ်ခွာ လို့ ခေါ်ပါတယ်။ ဝက်ခြံကပ်ခွာက တကယ်ပဲ ဝက်ခြံသက်သာစေတာလား။ ဘယ်လိုမျိုး အသုံးပြုရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံကပ်ခွာ ဆိုတာ ဝက်ခြံကပ်ခွာဆိုတာ တကယ်တော့ ပလာစတာတစ်မျိုးပါပဲ။ သူ့ထဲမှာ Hydrocolloid လို့ခေါ်တဲ့ Gelatinလို ပစ္စည်းပါဝင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ကပ်ခွာမှာ ဝက်ခြံအတွက် ပိုထိရောက်အောင်ဆိုပြီး salicylic acid လိုမျိုးတွေပါ ထည့်သွင်းလာတာကို တွေ့ရပါတယ်။ ဝက်ခြံကပ်ခွာက ဝက်ခြံကို ဘယ်လိုမျိုး သက်သာစေတာလဲ။ ဝက်ခြံထဲက အဆံတွေကို ထွက်သွားစေတယ်။ ဝက်ခြံကပ်ခွာက ဝက်ခြံပတ်လည်မှာ ရှိနေတဲ့ အရည်တွေ၊ အညစ်အကြေးတွေနဲ့ အဆီတွေကို စုပ်ယူနိုင်ပါတယ်။ စုပ်ယူထားတဲ့ အညစ်အကြေးတွေက ကပ်ခွာမှာ ရှိနေတဲ့ Gelatin […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

သတိ! ဒါတွေမစားပါနဲ့။ ဆံပင်ကျွတ် တတ်သည်။

ခေါင်းလည်း ပုံမှန်လျှော်တယ်။ ဆံပင်ကိုလည်း ဆီလိမ်းတယ်။ Hair coat ထည့်ပါတယ်။ ဆံပင်တွေကို သေချာလည်း ဖြီးသင်ပါရက်နဲ့ ဆံပင်က အမြဲလိုလို ကျွတ်နေတာပဲ ဆိုတဲ့ သူတွေ ရှိလား ....... ဒါဆိုရင်တော့ ဆံပင်ကျွတ် နေရတဲ့ အဖြေကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ဆံပင်ကျွတ်နေရတာ ခေါင်းသေချာ မလျှော်လို့လား ...... ဆံပင်က ပုံမှန်လည်း ကျွတ်တတ်ပေမယ့် တစ်နေ့ကို သတိထားမိလောက်အောင် အများကြီး ကျွတ်နေတယ်ဆိုရင်တော့ ဆံပင်က အရမ်းကျွတ်နေပြီလို့ ပြောရပါမယ်။ ဆံပင်ကျွတ်ရခြင်းက ရောဂါကြောင့်အပြင် ခေါင်းမလျှော်တာ၊ ခေါင်းလျှော်ရည် မကောင်းတာကြောင့် ကျွတ်နိုင်တယ်ဆိုပေမယ့် စားသောက်မှုပုံစံကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆံပင်ကို သေချာ ဂရုစိုက်နေရက်နဲ့ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းလေးနဲ့ ဆံပင်မကျွတ်ရအောင် ဘာတွေကို သတိထား ရှောင်ကြဉ်စားသောက်ဖို့ လိုမလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ သတိ! […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်တွေ အကွက်လိုက် ကျွတ်စေတဲ့ Alopecia areata

ဆံပင်ကျွတ်တာက နေ့တိုင်းကြုံရတဲ့ ကိစ္စပါ။ နေ့စဉ်လူတစ်ယောက်က ဆံပင် အပင်၁၀၀လောက် ကျွတ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဒီလိုမဟုတ်ဘဲ ဆံပင်တွေ ပါးလောက်တဲ့ထိ အများကြီး ကျွတ်နေရင် ပြဿနာပါ။ ပိုဆိုးတာက ဆံပင်အကွက်လိုက် ကျွတ်တာပါ။ ဒါဆို Alopecia areata လို့ ခေါ်ပါတယ်။ ဒီလိုအကွက်လိုက် ကျွတ်တာက ပိုဆိုးပါတယ်။ ပိုပြီးသိသာနေတဲ့အတွက် လူနာက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ ခံစားရပါတယ်။ Alopecia areata ဆိုတာ ပြောရမယ်ဆိုရင်တော့ အမွေးကျွတ်တာပါ။ ဆံပင်အပြင်၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေပါ ကျွတ်တတ်ပါတယ်။ ဒါပေမယ့် ဆံပင်ကျွတ်တာကပဲ အဖြစ်များပါတယ်။ သာမန်ကျွတ်တာနဲ့ မတူဘဲ အကွက်လိုက် ကျွတ်တာပါ။ ဦးရေပြားမှာ ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်နဲ့ အကွက်လိုက် ဖြစ်နေတတ်ပါတယ်။ Alopecia areata က ဘာကြောင့် ဖြစ်ရတာလဲ။ ဒီလိုမျိုး အကွက်လိုက် ကျွတ်ရတာက […]


ဝက်ခြံ

ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

ဝက်ခြံမညှစ်မိအောင် ထိန်းရတာက တော်တော်ခက်ပါတယ်။ ကိုယ့်မျက်နှာမှာ သိသာနေတဲ့ အဖုလေးတွေက ညှစ်ပစ်ချင်စရာပါ။ ဒါပေမယ့်လည်း ညှစ်လိုက်လို့ မတော်တဆ ပိုးဝင်သွားရင် ဝက်ခြံပိုဆိုးလာမှာ၊ အမာရွတ်တွေ ကျန်ခဲ့မှာကလည်း ကြောက်ရပါသေးတယ်။ ညှစ်ချင်ပေမယ့် မညှစ်မိအောင် အတင်းထိန်းချုပ်ထားရတာက ဝက်ခြံသမားတွေ မကြာခဏ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပါပဲ။ ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ ဒီတော့ ဝက်ခြံမညှစ်မိအောင်  ကိုယ့်စိတ်ကိုယ်ကို လှည့်စားဖို့ လိုလာပါပြီ။ ဝက်ခြံက စညှစ်မိရင် နောက်အလုံးတွေပါ ညှစ်မိနိုင်တာကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းပြီး ဝက်ခြံပျောက်တဲ့အထိ ငြိမ်ငြိမ်နေသင့်ပါတယ်။ ဝက်ခြံမညှစ်မိအောင် ထိန်းဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ရအောင်။ ရက်သတ်မှတ်ထားပါ။ ဥပမာ ဒီရက်ကစလို့ ၃ရက်အတွင်း ငါဝက်ခြံမညှစ်ဘူးဆိုတဲ့ ဆုံးဖြတ်ထားလိုက်ပါ။ တစ်ခုရှိတာက ရက်ကို ဝေးဝေးမှာ ထားလေလေ၊ စိတ်မရှည်ဘဲ ညှစ်မိဖို့ များလေလေပါ။ ကိုယ်သတ်မှတ်ထားတဲ့ ရက်ရောက်လို့ ဝက်ခြံမသက်သာသေးဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဝက်ခြံသေးသွားတာပဲ။ ရောင်တာလျော့သွားတာပဲဆိုပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

ကံ့ကော်ပန်းလေးက ပေးတဲ့ အသားအရေ လှပမှု

ကံ့ကော်ပန်း လို့ဆိုလိုက်ရင် ထွေထွေထူးထူး ရှင်းပြစရာ မလိုဘဲ လူတိုင်းရဲ့ မျက်လုံးထဲမှာ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံ ဝါဝါလေးနဲ့ ရနံ့ မွှေးမွှေး ပန်းလေးကို ပြေးမြင်မယ် ထင်ပါတယ်။ ငယ်ငယ်က သနပ်ခါးလူးတဲ့အခါ ဖွားဖွားက ကံ့ကော်ဝတ်ဆံခြောက်လေးတွေကို ထည့်သွေးပေးပြီး လူးပေးတာကိုလည်း လိမ်းဖူးကြမယ် ထင်ပါတယ်။ ဒီလို လိမ်းပေးတဲ့အခါ အဖွားဘာလို့ အဲ့လို ထည့်လိမ်းပေးတာလဲလို့ မေးလိုက်တိုင်း အသားလှအောင်လို့လေဆိုတာကို ကြားဖူးမယ် ထင်ပါတယ်နော်။ ဒီလိုမျိုး ဖွားဖွားက အသားလှအောင်ဆိုပြီး ထည့်ထည့်လိမ်းပေးတဲ့ ကံ့ကော်ပန်းလေးက အသားအရေကို ဖွားဖွားပြောသလို တကယ်လှစေလား။ အခြားရော အသားအရေကို ဘယ်လိုတွေ ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပင်ရဲ့ ပန်းပွင့်ပါ။ ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ […]


ဝက်ခြံ

အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း

ဝက်ခြံဆိုတာ အမျိုးသားမှာရော အမျိုးသမီးမှာရော ကြုံရတဲ့ ပြဿနာပါ။ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကုသမှု ခံယူတဲ့သူ များတာကြောင့် အမျိုဝက်ခြံက အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့ ထင်ရတာပါ။ တကယ်က အမျိုးသားတွေလည်း ဝက်ခြံပေါက် တတ်ပါတယ်။ လူပျိုပေါက်အရွယ်ကစပြီး ၂၀ကျော်၊ ၃၀ကျော်အထိ ပေါက်တတ်ပါတယ်။ အမျိုးသားတွေမှာ ဝက်ခြံပေါက် ရတဲ့ အကြောင်းရင်း ဟော်မုန်းအပြောင်းအလဲ အမျိုးသားမှာရော အမျိုးသမီးမှာပါ ဝက်ခြံပေါက်ရတဲ့ အဓိက အကြောင်းရင်းက ဟော်မုန်းအတက်အကျကြောင့်ပါ။ အထူးသဖြင့် အမျိုးသားတွေမှာ ထွက်တဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ receptorတွေက အဆီဂလင်းတွေမှာ အများကြီး ရှိပါတယ်။ ဆိုလိုတာက တက်စတိုစတီရုန်းများလေလေ အဆီပိုထွက်လေပါ။ အမျိုးသားမှာရော အမျိုးသမီးမှာရော တက်စတိုစတီရုန်း ဟော်မုန်း ရှိပေမယ့် အမျိုးသားတွေမှာ သိသိသာသာများတာကြောင့် အဆီလည်း ပိုထွက်ပါတယ်။ အဆီတွေထွက်တာနဲ့အတူ ချွေးပေါက်တွေပါ ပိတ်လာတဲ့အခါ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဟင်းချက်လို့ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုယ်တွယ် ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဝါနေတဲ့ လက်သည်းတွေ ဖြူလာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ လက်သည်းတွေဘာကြောင့် ဝါ လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့ ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့်နဲ့နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ) အသား၊ ငါးတွေကို ဆား၊ နနွင်းနယ်တာ အသား၊ ငါး၊ ပုစွန်စတာတွေကို ဆေးကြောတာ လက်သည်းဆိုးဆေးတွေ အရောင်ပါတဲ့ အရာတွေကို ကိုယ်တွယ်ထိတွေ့ရတာတွေကြောင့် လက်သည်း ဝါတာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဝါနေတဲ့ လက်သည်းတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ရဲ့ အားသာချက်

မျက်နှာကို ဟိုးအရင်တုန်းက မျက်နှာသစ်ဆေး ရယ်၊ မျက်နှာသစ် ဆပ်ပြာရယ်လို့ သေချာ မရှိခင်က ကိုယ်တိုက်ဆပ်ပြာတွေနဲ့ပဲ သစ်လိုက်ကြတာများပါတယ်။ ရေနဲ့ပဲ သစ်ရင် မျက်နှာပေါ်က ဖုန်မှုန့်တွေ၊ အဆီတွေက မပြောင်ဘူး။ ဆပ်ပြာနဲ့ သစ်လိုက်မှ မျက်နှာလေးက လက်နဲ့ တွန်းကြည့်လိုက်ရင် ကျလိကျလိနဲ့ ပြောင်သွားတာဆိုပြီး ကြားခဲ့ဖူးမှာပါ။ ကိုယ်တိုင်တောင် သစ်ရင် သစ်ခဲ့ဖူးမှာပါ။ ဒီအယူအဆက မျက်နှာသစ်ဆေးတွေ ဝယ်တဲ့အထိ ဆက်လက် အသက်ဝင်နေဆဲပါ။ မျက်နှာသစ်ဆေး ရွေးတဲ့အခါ အမြှုပ်များများ ထွက်တာ ဆပ်ပြာပါဝင်မှု များတာကမှ မျက်နှာပေါ်က ဖုန်မှုန့်တွေ အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မယ်လို့ ထင်နေကြဆဲပါပဲ။ တကယ်ရော ဒီအယူအဆက မှန်ရဲ့လား။ ဒါဆို အခုနောက်ပိုင်း ခေတ်စားလာတဲ့ Skin care ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ (Soap free […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက်ကင်းစေဖို့ ဒါတွေစားပါ။

ခေါင်းတွေ ယားလိုက်တာဆိုပြီး ကုတ်လိုက်မိတိုင်း ဗောက်တွေပဲ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား..... ဗောက်ပျောက်စေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေနဲ့ လျှော်ပေမယ့် ဗောက်က သက်သာမသွားလို့ ဗောက်သက်သာစေဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေပြီလား ..... ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အဖြစ်အများဆုံး ဆံသားနဲ့ ဦးရေပြား ပြဿနာ အဖြစ်များတဲ့ ဆံသားနဲ့ ဦးရေပြား ပြဿနာက ဗောက်ထတာပါ။ ဗောက်မထဘူးသူဆိုတာ ခပ်ရှားရှားပါ။ ဗောက် နည်းနည်း ထတာနဲ့ များများ ထတာပဲ ကွာပေမယ့် လူတိုင်းလိုလို ဗောက်ဖြစ်ဖူးပါတယ်။ အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာဆိုရင် ဗောက်တွေက ပိုဖြစ်ပါတယ်။ ဒီတော့ ဗောက်ကြောင့် အလှပျက်တာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကနေတဆင့်  ပြောပြပေးသွားပါမယ်။ ဗောက်ကင်းစေဖို့ ဒါတွေစားပါ။ ဗောက်ကင်းစေဖို့ ဒါတွေစားပါ။ ဘာတွေ စားရမှာလဲဆိုတော့ ကုလားပဲ ကုလားပဲက စားရတာ အရသာရှိသလို ဗောက်တွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း