လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ ပြုလုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာ အမှားခြောက်ခု

အချို့သုတေသီတွေဟာအမျိုးသမီးတွေဟာသူတို့ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာအမှားများစွာကိုပြုလုပ်ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ အောက်ပါအချက်တွေကတော့ အမျိုးသမီးတွေ လိင်ဆက်ဆံစဉ် ပြုမူတတ်တဲ့ အမှားခြောက်ခုနဲ့ သင်နဲ့ ထိုက်တန်တဲ့ သာယာမှုကိုဘယ်လိုရယူရမလဲဆိုတာတွေဖြစ်ပါတယ်။   လိင်ဆက်ဆံရာတွင်အရင်စတင်ခြင်းမပြုကြခြင်း ကျွန်မတို့ အတော်များများဟာမိန်းမဆန်တဲ့အပြုအမူတွေ အပေါ် စိတ်ပူပန်မှု ရှိတတ်ကြပါတယ်။ အတင်းအကျပ်လုပ်တဲ့ ခံစားချက်တွေ ပြည့်နှက်နေတဲ့ စိတ်တိုလွယ်တဲ့ မိန်းကလေးတစ်ယောက်ပုံစံနဲ့ မတူညီချင်ကြပါဘူး။ ဒါကြောင့် လိင်ကိစ္စကိုအရင်စတင်ခြင်းမပြုလုပ်မှုဟာအမျိုးသမီးတွေ ပြုလုပ်လေ့ရှိတဲ့ လေးနက်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေဟာသူတို့ကပဲအမြင်အရင်စနေရတဲ့သူတွေလို့ ခံစားရပြီးဒါကပဲသင်တို့ရဲ့ ဆက်ဆံရေးကြားမှာစိတ်ထက်သန်မှု ပမာဏမညီမျှမှုကို ဖြစ်စေပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာအမျိုးသမီးတွေနည်းတူသူတို့ရဲ့ လိင်ဆက်ဆံဖက်နဲ့ ပတ်သက်ပြီးပူပန်မှုတွေ ရှိတတ်ကြပါတယ်။ တဖြည်းဖြည်းတိုးတက်လာမှုနဲ့ သင့်ရဲ့ စိတ်ထက်သန်မှုကို ပြသပါ။ သင့်အိမ်ထောင်ဘက်ဟာဒါကိုအသိအမှတ်ပြုမှာဖြစ်ပြီးသင့်ရဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံမှာသာယာမှုနောက်တစ်ဆင့် တက်သွားတာကိုတွေ့ရှိရပါလိမ့်မယ်။   သင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာစိုးရိမ်ပူပန်နေခြင်း လိင်ဆက်ဆံစဉ်မှာသင်ဘယ်လိုရုပ်ဖြစ်နေလဲဆိုတာတွေးတောနေခြင်းဟာသင့်ရဲ့သာယာမှုတွေကိုတားမြစ်ပြီးတော့ လိင်စိတ်အထွတ်အထိပ်ရောက်စေတဲ့ အခွင့်အလမ်းတွေကိုဖျက်ဆီးပစ်ပါလိမ့်မယ်။ သင့်ဝမ်းဗိုက်အဆီ (သို့) မျက်နှာပေါ်ကမိတ်ကပ်အကြောင်းကိုမတွေးပါနဲ့။ အပြုအမူပေါ်မှာသာယာကြည်နူးမှုကိုသာအာရုံစိုက်ပါ။ သင့်ကိုယ်သင် လိင်စိတ်အထွတ်အထိပ်ရောက်စေဖို့ ခွင့်ပြုမှုတွေ ပေးရမှာဖြစ်ပါတယ်။ Why Him, Why Her စာအုပ်ရေးသားသူနဲ့ Rutgers University […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာပုံမှန်ဖြစ်ပြီးလိင်စိတ်စွမ်းအားဟာလည်းဘဝတစ်လျှောက်မှာကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်းအချိန်အကြာကြီးလိင်စိတ်လျော့နည်းတာဟာအချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ်လျော့နည်းခြင်းဟာမမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ လိင်စိတ်လျော့နည်းခြင်းကို ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ၁။ ယောက်ျားဟော်မုန်းနည်းခြင်း။ ယောက်ျားဟော်မုန်းဟာအမျိုးသားတွေအတွက် မရှိဖြစ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကိုဝှေးစေ့အတွင်းမှာထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီးသုက်ပိုးထွက်ရှိမှုကိုအားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်းလိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl အောက်ကျပြီဆိုရင်တော့ သင့်မှာကျားဟော်မုန်းကျဆင်းနေပါပြီ။ သင့်ယောက်ျားဟော်မုန်းပမာဏကျဆင်းရင် သင့်လိင်စိတ်လည်းကျဆင်းတတ်ပါတယ်။ အသက်ကြီးလာရင် ယောကျာ်းဟော်မုန်းပမာဏလည်းအလိုလိုကျဆင်းတတ်ပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျားကျတယ် ဆိုရင်တော့ လိင်စိတ်လျော့နည်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာဘာဖြစ်နေတယ်ဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ သင့်ဟော်မုန်းပမာဏ မြင့်မားစေဖို့ အားဖြည့်ဆေးတွေ (သို့) ဂျယ်တွေ သောက်သုံးနိုင်ပါတယ်။ ၂။ ဆေးသောက်ခြင်း အချို့ဆေးတွေ သောက်သုံးခြင်းကလည်းယောက်ျားဟော်မုန်းပမာဏကိုကျဆင်းစေခြင်းကြောင့်လိင်စိတ်ကျဆင်းရပါတယ်။ ဥပမာသွေးတိုးကျဆေးဖြစ်တဲ့ ACEI နဲ့ beta […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

သင့်လိင်စိတ် ဘာလို့ကျဆင်းတာလဲ

ဆေးပညာအရလိင်ဆက်ဆံရင် ဆန္ဒနည်းပါးမှုရောဂါကိုလိင်စိတ်ကျဆင်းမှု (low libido) လို့ သိရှိကြပါတယ်။ ဒါဟာအသက်အရွယ်မရွေးအမျိုးသားရော၊ အမျိုူးသမီးမှာပါ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာမစွမ်းဆောင်နိုင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ မကြာသေးမီကလေ့လာမှုတစ်ခုက၁၀ ယောက်မှာ ၄ယောက်သော အသက်၄၅နှစ်အထက် အမျိုးသားတွေဟာလိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ အသက် ၁၈နှစ်ကနေ ၅၉နှစ်ကြားအမျိုးသမီးတွေမှာတော့ သုံးပုံမှာတစ်ပုံဟာလိင်စိတ်လျော့နည်းခြင်းကိုခံစားနေကြရပါတယ်။ တကယ်လို့ လိင်စိတ်ကျဆင်းခြင်းဟာအချိန်အကြာကြီး ကြာမြင့်မယ်ဆိုရင် (သို့) ခဏခဏပြန်ဖြစ်နေမယ်ဆိုရင် လိင်ဆက်ဆံဖက် နှစ်ဦးလုံးအတွက် သူတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ ခက်ခဲပါတယ်။ ဘာလို့ လိင်စိတ်လျော့နည်းတာလဲ။ လိင်စိတ်ပျောက်ဆုံးခြင်းဟာအကြောင်းအရာများစွာကြောင့် ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားဟော်မုန်းနည်းပါးခြင်း - ဒီဟော်မုန်းဟာသင့်ရဲ့ လိင်စိတ်ကို ဖြစ်ပေါ်စေတဲ့ အဓိကဟော်မုန်းဖြစ်ပါတယ်။ တကယ်လို့ ကျဆင်းနေပြီဆိုရင်တော့ သင့်လိင်စိတ်လဲကျလာတာပါပဲ။ အသက်ကြီးလာတာနဲ့ အမျှ ယောက်ျားဟော်မုန်းပမာဏဟာလည်းကျဆင်းလာပါတယ်။ ဒါ့ကြောင့် သင့်လိင်စိတ်ကျဆင်းခြင်းဟာအသက်ကြီးလာမှုနဲ့လည်းသက်ဆိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားသောဆေးများ - အချို့ဆေးတွေဟာဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သင့်ရဲ့ ယောက်ျားဟော်မုန်းပမာဏကိုကျဆင်းစေပါတယ်။ ရုတ်တရက် ကျဆင်းမှုကြောင့် သင့်လိင်စိတ်ကိုမထင်မှတ်ပဲကျဆင်းမှုကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်အထွတ်အထိပ် ရောက်တဲ့အခါ သင့်ခန္ဓါကိုယ်မှာ ဘာတွေဖြစ်လာတာလဲ။

လိင်ဆက်ဆံရခြင်းရဲ့ အကြောင်းရင်းရာတွေဟာအင်မတန်များပြားပြီးရှုပ်ထွေးသော်လည်းလိင်စိတ်အထွတ်အထိပ်ရောက်မှုဟာယေဘုယျအားဖြင့် အဓိကပန်းတိုင်ဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီဟာကွဲပြားခြားနားစွာဖြစ်တည်နေတဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်မှုကိုစာတစ်ကြောင်းတည်းနဲ့ ဖေါ်ပြဖို့ မဖြစ်နိုင်ပါဘူး။ လူအတော်များများသဘောတူတဲ့ အချက်ကတော့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာ ပြင်းထန်သော်လည်းသာယာဖွယ်ဖြစ်တဲ့ အတွေ့အကြုံဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဆိုတာဘာလဲ။ သံသယရှိခဲ့ရင် အဘိဓ္ဓါန်ကိုဖွင့်ကြည့်လိုက်ပါ။ Oxford အဘိဓါန်ကတော့ လိင်စိတ်အထွတ်အထိပ်ခြင်းကိုရုတ်တရက် တုန်ခါ၊ ကျုံ့၊ တက်တဲ့ လှုပ်ရှားမှု၊ ရုတ်တရက်တက်လာတဲ့ ရာဂနှိုးဆွမှု တစ်ခုဖြစ်ပါတယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။Merriam-Websterအဘိဓ္ဓါန်ကတော့ ဒီလိင်အတွေ့အကြုံကိုပိုအသေးစိတ်ဖေါ်ပြထားပါတယ်။ အမျိုးသားတွေမှာသုတ်ပိုးလွှတ်ခြင်းနဲ့ အမျိုးသမီးတွေမှာမိန်းမကိုယ်ကျုံ့ခြင်းတို့နဲ့အတူ ဖြစ်ပေါ်လာတဲ့ လိင်စိတ်အထွတ်အထိပ် အရောက်မှာအာရုံကြောနဲ့ကြွက်သားဆိုင်ရာအရည်များပေါက်ထွက်ထားခြင်းလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လူအတော်များများကတော့ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာသိကြပါတယ်။ ဒါပေမယ့် အချိ့သူတွေမှာလိင်စိတ်အထွတ်အထိပ်မရောက်နိုင်တာ၊ ဒီလိုတုံ့ပြန်မှုကိုဘာကြောင့်ဖြစ်တယ်ဆိုတာ၊ နဲ့ ဒီအတွေ့အကြုံဖြတ်သန်းရရင် ခန္ဒါကိုယ်မှာဘာတွေဖြစ်တယ်ဆိုတာကိုတော့ မသိကြပါဘူး။ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုအဆင့် သုံးခု ၎င်းလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်တဲ့အခါ (ထိုးသွင်းတဲ့ လိင်ဆက်ဆံမှု၊ တစ်ကိုယ်ရည် ဆန္ဒဖြေဖျောက်ခြင်းနဲ့ လိင်မဆက်ဆံခင် လှုံ့ဆော်မှု)ဖြစ်ပေါ်လာတဲ့ အစီအစဉ်ကျတဲ့ အဖြစ်အပျက်တွေ” လို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝအတွက် အမူအကျင့်များ

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူချင်းဆက်ဆံမှုတွေမှာတောင် ချစ်သူတွေဟာ “scripted sex” လို့ ခေါ်တဲ့ ပုံမှန်လိင် ဆက်ဆံနေကျ ပျင်းစရာကောင်းတဲ့ လုပ်ရိုးလုပ်စဉ်ကိုအဖန်တလဲလဲ ပြုလုပ်နေကြပါတယ်။ ဒီလိုပျင်းစရာကောင်းတဲ့ လိင်ဆက်ဆံမှုတွေဟာလက်ထပ်ပြီး နှစ်နှစ်ကနေသုံးနှစ်ကျော် ကြာရင်ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ လက်ထပ်ပြီးလပိုင်းလောက်ကြာတာနဲ့ စတင်ဖြစ်တတ်ပါတယ်။ ဒီလိုသင့်ရဲ့လိင်မှုဘဝဟာပျင်းစရာကောင်းပြီးခန့်မှန်းနိုင်နေပြီဆိုရင်တော့ ပင်ကိုသဘာဝကျတဲ့ အသစ်အဆန်းတစ်မျိုးမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ရောသင့်ချစ်သူကိုပါ အသစ်အသစ်သောခံစားမှုတွေကိုခံစားရစေမှာပါ။ ပျင်းရိငြီးငွေ့ဖွယ် လိင်ဆက်ဆံမှုကစပြီးလိင်ဆက်ဆံမှုနည်းပါးသွားမယ့်အစားအောက်ဖေါ်ပြပါ ကျန်းမာပျော်ရွှင်စေတဲ့ အလေ့အကျင့်တို့ကိုလုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းများများပြုလုပ်ပါ တကယ်လို့သင်ဟာသွေးပူချင်တယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုကို မြှင့်တင်သင့်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာအမျိုးသားရောအမျိုးသမီးတွေကိုပါ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံရင် သာယာမှုပိုမိုရရှိစေပြီးလိင်စိတ်နိုးကြွစေပါတယ်။ လိင်အင်္ဂါတွေကိုသွားတဲ့ သွေးလည်ပတ်မှုကို မြှင့်တင် ပေးခြင်းအားဖြင့် လိင်စိတ်မြင့်မားစေတာဖြစ်ပါတယ်။ အားကစားကြောင့် လိင်နဲ့ ပတ်သတ်တဲ့ ဟော်မုန်းတွေ သင့်ခန္ဓါကိုယ်အတွင်းများပြားလာခြင်းဟာလည်းသင့်ကိုစိတ်ကြည်လင်စေပြီးအားအင်ပိုမိုရရှိစေပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင်ခန္ဓါကိုယ်ကိုပိုမို ကြည့်ကောင်းလာစေပြီးဆွဲဆောင်မှုလည်းရှိစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အသီးအရွက်တွေကိုစားသုံးခြင်းဟာလည်းသင့်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အပြာကား အကြည့်များရင် အမျိုးသမီးတွေ ကွာရှင်းနိုင်ခြေပိုများတယ်ဆိုတာ

အပြာကား တွေ သို့မဟုတ် ညစ်ညမ်းရုပ်ရှင်တွေဟာ ယနေ့လို အင်တာနက်ကို လူတိုင်းလက်လှမ်းမီတဲ့ အချိန်အခါမှာတော့ ကျား/မ မရွေး ကြည့်ရှုဖို့ ခက်ခဲတဲ့ အရာတစ်ခုမဟုတ်တော့ပါဘူး။ လေ့လာချက်တစ်ခုက ညစ်ညမ်းခွေ အပြာကား ကြည့်ခြင်းဟာအိမ်ထောင်ကွာရှင်းလိုသူအရေအတွက်ကို နှစ်ဆတိုးစေတယ်လို့ ဖေါ်ပြထားပါတယ်။ ညစ်ညမ်းရုပ်ရှင်ဟာ ရုပ်ရှင်လောကမှာ အငြင်းပွားအလွယ်ဆုံးကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို ထောက်ခံတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလေ့လာမှုအသစ်တစ်ခုက အပြာကားတွေဟာ လူတွေကို အထူးသဖြင့် အိမ်ထောင်ရှင်တွေကို ဝေးကွာစေပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အိမ်ထောင်ရှင်တွေအနက် အပြာကားကြည့်သူတွေဟာ မကြည့်သူတွေထက် အိမ်ထောင်ကွာရှင်းမှု နှစ်ဆပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ American Sociological Association မှာ ပြသခဲ့တဲ့ လေ့လာချက်တစ်ခုအရ ဒီလိုပဲအပြာကားကြည့်တဲ့ အမျိုးသမီးတွေဟာ ကွာရှင်းဖို့ သုံးဆပိုမိုဖြစ်နိုင်ပါတယ်။ သို့သော်လည်း အမျိုးသားရောအမျိုးသမီးပါ အတူကြည့်မယ်ဆိုရင်တော့ အိမ်ထောင်ရေးအပေါ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လုံလောက်သော အိပ်စက်မှုကို ရရှိတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

သင့်ဘဝတစ်လျှောက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အိပ်စက်ခြင်းဟာအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ လုံလောက်တဲ့ နားနေချိန်တွေဟာမိမိကိုစိတ်ချမ်းသာစေရုံသာမကသင့်ချစ်သူပေါ်မှာလည်းအကောင်းမြင်စိတ်တွေ ပိုမိုဖြစ်ထွန်းစေနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုဟာသင့်ကိုလန်းဆန်းတက်ကြွ အားအင်ပြည့်စေတယ်ဆိုတာတော့ အားလုံးသိပြီးကြမှာပါ။ ဒီလိုပဲဒါဟာသင့်ရဲ့ တုံ့ပြန်မှုနဲ့ သင်တို့နှစ်ယောက် ပတ်သက် ဆက်နွယ်မှုတွေအပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်။ သူတို့အိပ်နေကျထက် ပိုမိုအိပ်စက်တဲ့ အိမ်ထောင်ရှင်တွေဟာနောက်တစ်နေ့မှာသူတို့ရဲ့ ပတ်သက်ဆက်နွယ်မှုကိုပိုမိုကျေနပ်ကြပါတယ်လို့ သုတေသီတွေကရှာဖွေတွေ့ရှိထားပါတယ်။   အိပ်စက်ခြင်းကသင့်ခန္ဓါကိုယ်ကိုဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲ။ တစ်ချို့လေ့လာချက်တွေမှာအိပ်စက်ခြင်းဟာသာမန်လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာတင်ပြထားကြပါတယ်။ ညဘက်မှာလုံလောက်တဲ့အိပ်ချိန်ဟာမိမိကိုယ်ကိုယ်ထိန်းချုပ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ပေါင်းမြောက်များစွာကိုအကျိုးသက်ရောက်မှု ရှိပါတယ်။ မိမိကိုယ်ကိုထိန်းချုပ်ရန်အတွက် လိုအပ်တဲ့ အားအင်ကိုအိပ်စက်စဉ်မှာရရှိပါတယ်။ ဒါ့ကြောင့် သာမန်အိပ်ရေးပျက်မှုလေးတွေတောင် ပုံမှန်စိတ် ထိန်းချုပ်မှုလိုအပ်တဲ့ ကိစ္စလေးတွေမှာဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အတူတူနေသူ (သို့) လက်ထပ်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံဟာအိပ်စက်မှုပြဿနာတွေကြောင့် သူတို့အချင်းချင်းဆက်ဆံရေးမှာမလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်ဆိုပြီးဖြေကြားထားကြပါတယ်။ ဒါ့ကြောင့် သုတေသီတွေကအိမ်ထောင်ရေးမှာအိပ်စက်ခြင်းရဲ့အရေးပါပုံကိုထောက်ပြထားကြတာပါ။ သင် လက်ထပ်ပြီးသင့်ချစ်သူနဲ့အတူနေနေတယ်ဆိုရင် တစ်ညတာရဲ့ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာအိပ်စက်တဲ့ အခြေအနေ (သို့) အိပ်စက်မှု ကြာချိန်သာမကသင့်ချစ်သူနဲ့ အပေးအယူမျှမှုကလည်းအဓိကကျပါတယ်။ အိပ်စက်မှုနဲ့ သဘောထားကွဲလွဲမှုတွေကြားကဆက်စပ်မှုတွေဟာပါဝင်ပတ်သက်နေတဲ့လူတွေရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ပတ်လျှင် တစ်ကြိမ်မျှသာ လိင်မှုကိစ္စပြုသူများသည် အပျော်ရွှင်ဆုံးစုံတွဲများဖြစ်ကြသည်

လူအများစုအတွက် လိင်ကိစ္စသည်နှစ်ဦးသားဆက်ဆံရေး၏ သော့ချက်ဖြစ်သဖြင့်လိင်ကိစ္စမကြာခဏပြုသူများသည် ပျော်ရွှင်သောစုံတွဲများဖြစ်လာကြသည်ဟု ထင်ကြသည်။ သို့သော်လည်း ထိုအချင်းအရာသည် အလုံးစုံ မှန်နေသည်မဟုတ်ပါ။ ချစ်ခြင်းမေတ္တာကလည်းအရေးကြီးပါသေးသည်။ ထို့ကြောင့်လိင်မှုကိစ္စသည် များတိုင်းကောင်းသည် ဟုတော့မဆိုနိုင်ပါ။ (၁)လိင်မှုကိစ္စနှင့်ပတ်သက်သောအတွေးအမြင်သစ် လေ့လာမှုအသစ်တစ်ခုကအပျော်ရွှင်ဆုံးစုံတွဲများသည်တစ်ပတ်လျှင် တစ်ကြိမ်သာလိင်ဆက်ဆံသည်ဟုဆိုသည်။ ထိုလေ့လာမှုတွင်အမေရိကန်လူမျိုးသုံးသောင်းကျော်ကိုနှစ် ၃၀ ကျော်ကြာမျှမေးခွန်းများပြုလုပ်ခဲ့သည်။ မကြာခဏလိင်ဆက်ဆံခြင်းကပျော်ရွှင်မှုကိုဖြစ်စေသည် ဆိုခြင်းမှာ တစ်ပတ်လျှင်တစ်ကြိမ်ခန့်အထိသာဖြစ်ပါတယ်။ ထို့ထက်စိပ်သော လိင်ဆက်ဆံမှုသည်နေထိုင်ကောင်းမှုနှင့်စိတ်ကျေနပ်မှုကိုမပေးစွမ်းနိုင်ပါ။ ထို့ကြောင့်စုံတွဲများအနေဖြင့်လိင်ဆက်ဆံမှုပြုနိုင်သမျှပြုရန်မလိုအပ်ပါ။ လိင်မှုကိစ္စသည်အရေးပါသည်မှန်သော်လည်းလက်တွေ့တွေ့ရှိချက်များ နှင့်လည်းချိန်ထိုးစဉ်းစားရန်လိုအပ်ပါသည်။   (၂)မှားယွင်းနေသော လိင်နောက်ခံဒဏ္ဍာရီပုံပြင်များ အမျိုးသားများသည် လိင်နှင့်ပတ်သက်လျှင်ဆန္ဒပြင်းပြပြီး ငယ်ရွယ်သူများက အသက်ကြီးသူများထက် ပို၍စိတ်ဆန္ဒရှိကြသည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း လေ့လာမှုအရ မတူညီသော အသက်အရွယ်၊ ကျား/မ၊ လက်တွဲခဲ့သောကြာချိန်တို့ပေါ် မူတည်၍ လိင်ကိစ္စသည်ကွဲပြားမှုမရှိပါဟုဆိုသည်။ အမျိုးသား/အမျိုးသမီး ဖြစ်စေ လူငယ်/လူကြီးဖြစ်စေ ၊ဘယ်အချိန်က လက်ထပ်ထားသောသောစုံတွဲဖြစ်စေ အားလုံး အတူတူပင်ဖြစ်သည်ဟုဆိုသည်။   (၃)လိင်ဆက်ဆံမှုများလေ ပိုမိုပျော်ရွှင်လေဟုမဆိုနိုင်ပါ လေ့လာမှုကစုံတွဲများကို တစ်ဦးနှင့်တစ်ဦးကြည်ဖြူငြိမ်းချမ်းရေးအတွက် ကူညီပေးခဲ့သည်။ ကျွန်ုပ်တို့သိပြီးဖြစ်သည့်အတိုင်း လိင်ဆက်ဆံခြင်းသည် တစ်ဦးနှင့်တစ်ဦးပိုမိုနီးကပ်စေခြင်း၊ တွယ်တာစေခြင်း အပြင်မိမိ၏လက်တွဲဖော်က မိမိအပေါ် အလိုရှိကြောင်း ပြသခြင်းတစ်မျိုးလည်းဖြစ်သည်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ လိင်ဆက်ဆံမှု ပြုရခြင်းကို လူအများ နှစ်သက်ကြပါတယ်။ လူအများစုအတွက်ရည်ရွယ်ပြောဆိုထားပေမယ့် လိင်မှုရေးရာ စိတ်ခံစားမှုက လွန်စွာ ရှုပ်ထွေးပါတယ်။ လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ် လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဘယ်လို မြှင့်တင်ပေးသလဲဆိုတာကို ဆက်ကြည့်လိုက်နော်။ အအေးမိတုပ်ကွေးကို သက်သာစေအောင် ကူညီပေးပါတယ် တက္ကသိုလ်ကျောင်းသားများတွင် ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ လိင်ဆက်ဆံမှု ပိုမိုများပြားသူများတွင် ပဋိဇီဝပစ္စည်း အေ (Immunoglobulin A) ပမာဏ မြင့်မားတာကို တွေ့ရပါတယ်။ ဒီပဋိဇီဝပစ္စည်းကို တံတွေးမှာ တွေ့ရပြီး ရောဂါပိုးများနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပါတယ်။ စုံတွဲများကို လေ့လာရာတမှာလည်း လိင်ဆက်ဆံမှု မကြာခဏ ပြုသူများက လိင်ဆက်ဆံခြင်း နည်းသူများထက် ဒီပဋိဇီဝပစ္စည်း ပမာဏပို များပြားသည်ကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Decreased Libido (လိင်စိတ်နည်းလာခြင်း)

Decreased Libido (လိင်စိတ်နည်းလာခြင်း) ကဘာလဲ။ ကာမစိတ်လျော့နည်းခြင်းဆိုသည်မှာ အမျိုးသား ၅ယောက်တွင် ၁ယောက်နှင့် အမျိုးသမီးများအထိပါ သက်ရောက်နိုင်ပြီး အဖြစ်များသော ပြဿနာတစ်ခု ဖြစ်ပါသည်။ ကာမစိတ်လျော့နည်းခြင်းသည် အလုပ်အကိုင်နှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ စိတ်ဖိစီးမှုများ သို့မဟုတ် ကိုယ်ဝန်ရခြင်း၊ ကလေးမွေးခြင်း၊ နို့တိုက်ခြင်းကဲ့သို့သောဘဝ၏ အပြောင်းအလဲကိစ္စများနှင့် ဆက်နွယ်တတ်ပါသည်။ ကာမစိတ်လျော့နည်းခြင်းသည် ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ ဆေးပညာဆိုင်ရာနဲ့ နေထိုင်မှုဘဝဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက်လုံးကို စိတ်မသက်မသာ ဖြစ်စေပါသည်။ အထူးသဖြင့် ကာမစိတ်လျော့နည်းခြင်းသည် သင်နှင့် သင်၏ အိမ်ထောင်ရေးအား ထိခိုက်စေပါက ဆရာဝန်နှင့် သွားရောက်တွေ့ဆုံပြီး ဖြစ်ပွားစေသောအကြောင်းရင်းနှင့် သင့်တော်သော ဆေးပညာဆိုင်ရာ ကုသမှုများ၊ စိတ်ပညာဆိုင်ရာကုသမှုများအကြောင်းကို ဆွေးနွေးသင့်ပါသည်။ Decreased Libido (လိင်စိတ်နည်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၆၀ ကျော်သောအရွယ်တွင် အဖြစ်များပြီး အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်တတ်ပါသည်။ သို့သော်လည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း