လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လှူတယ် ဆိုတာဘယ်လိုလဲ။

သုက်ရည်လှူဒါန်းတယ်ဆိုတာ လွယ်ကူသလိုထင်ရပါတယ်။ ဆေးခန်းကိုသွား၊ စာရင်းပေး၊ ပြီးရင်ခွက်လေးထဲထည့်မယ်။ ဒါပေမယ့် ဒီလောက်မရိုးရှင်းပါဘူး။ လှူဒါန်းတဲ့ ကိစ္စတစ်ခုလုံးဟာ သင်ထင်တာထက်ပိုပြီး ရှုပ်ထွေးသလို အချိန်လည်းကုန်ပါတယ်။ သုက်လှူမယ်ဆိုရင် သင်အင်တာဗျူးအောင်ရပါမယ် သုက်ပိုးလှူတယ်ဆိုတာ အလုပ်လျှောက်တာနဲ့တောင် တူပါတယ်။ ပထမဆုံးသင့်ကို စစ်ဆေးပါမယ်။ ဆရာဝန်က သင့်ကိုယ်အလေးချိန် အရပ်ကိုတိုင်းမယ်။ နောက် သင်ကဆေးလိပ် ဒါမှမဟုတ် အရက်သောက်သူလား၊ သင့်ရောဂါရာဇဝင်နဲ့ မိသားစုမျိုးရိုးလိုက်တဲ့ ရောဂါတွေရှိမရှိမေးခွန်းတွေ မေးပါမယ်။ သွေးစစ်တာနဲ့ ဗီဇ DNA စစ်ဆေးပြီး သုက်ပိုးအလှူရှင်ဖြစ်ဖို့ ကျန်းမာရေးစံမီ၊ မမီကိုကြည့်ပါမယ်။ ဒါ့အပြင် သုက်ရည်အနည်းငယ်ကိုလည်း နမူနာစမ်းသပ်ဖို့ ပေးရပါဦးမယ်။ ဆေးခန်းပေါ်မူတည်ပြီးတော့ သင့်သုက်ပိုးမှာ ရောဂါရှိမရှိ သေချာအောင်လုပ်တဲ့အတွက် နမူနာများများယူရတာတွေ ရှိပါတယ်။ ဒါကြောင့်ဆေးခန်းကို တစ်ခေါက်ထက် ပိုသွားရချေရှိပါတယ်။ ဒီအဆင့်ပြီးရင် သင့်ဘာကြောင့် သုက်ပိုးလှူဒါန်းချင်ရသလဲဆိုတာ မေးမြန်းပါလိမ့်မယ်။ သင်သုက်လှူတာနဲ့ ပတ်သက်ပြီး သိချင်တဲ့မေးခွန်းတွေကိုလည်း ဒီအဆင့်မှာမေးနိုင်ပါတယ်။ ဓာတ်ခွဲခန်းပညာရှင်တွေက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွစေမယ့် အလေ့အကျင့် ၁၅ ခု

လိင်စိတ်ဆန္ဒနည်းတယ်ဆိုတာ ချစ်သူ လင်မယားတွေကြားမှာတော့ ပုံမှန်လို့ပဲ ပြောနိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းသော မိန်းမတွေနဲ့ ၁၅ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ အဲဒီအခြေအနေကို ကြုံတွေ့နေကြပါတယ်။ နဂိုလိင်စိတ်ကို ပြန်ရနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အချက် ၁၅ချက်ကို ဖော်ပြပါ့မယ်။ များများ ချိန်းတွေ့ပေးပါ။ ပိတ်ရက်တွေမှာ အိမ်မှာမနေပါနဲ့။ အဲဒါက သင့်လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အိမ်မှာနေမယ့် အစား စားသောက်ဆိုင် တစ်ဆိုင်မှာ ချိန်းတွေ့ပြီး ရိုမန်တစ်ဆန်တဲ့ ညတစ်ညကို ဖန်တီးလိုက်ပါ။ အချစ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုက သင့်လိင်စိတ်ကို ပြန်လည် မြင့်မားစေပါလိမ့်မယ်။ တားဆေး ပြောင်းသုံးပေးပါ။ တားဆေးတွေကြောင့် ဟော်မုန်းပြောင်းလဲခြင်းက တက်စတိုစတီရုန်းဟော်မုန်းကို နည်းစေခြင်းအားဖြင့် လိင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အခြားဆေးတွေကြောင့်လား ဆန်းစစ်ကြည့်ပါ။ သင်လိင်စိတ်နည်းနေပြီဆိုရင်တော့ သွေးတိုး၊ စားချဉ့်ပြန်ရောဂါ ၊ စိတ်လှုပ်ရှားခြင်းနှင့် စိတ်ဓာတ်ကျခြင်း တို့အတွက် ပေးထားသော ဆေးများကြောင့် ဖြစ်နိုင်ပါတယ်။ ထိုအတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။ ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရမလဲ။ သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။ သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ

အမျိုးသမီးများတွင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် လိင်စိတ်ဆန္ဒဟာ အချိန် ကြာလာတာနှင့်အမျှ ပြောင်းလဲလာတတ်ပါတယ်။ အကယ်၍ သင်ဟာ လိင်စိတ်ဆန္ဒ လျော့နည်းလာတာကို သတိထားမိရင် အဲဒီ အခြေအနေကိုပြောင်းလဲရန် လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ သင့်မှာ သာယာကျေနပ်ဖွယ် လိင်မှုကိစ္စ ရှိလျှင် ပိုပြီး နေပျော်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လိင်စိတ်ဆန္ဒ ပျောက်ဆုံးနေတဲ့ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ လိင်ကိစ္စဟာ သင့်ရဲ့ကယ်လိုရီတွေလောင်ကျွမ်းဖို့ကူညီရုံသာမက စိတ်ဖိစိမှုများပြီး စိတ်ဓါတ်ကျခြင်းနှင့် ကျန်းမာရေးအခြေအနေ ယိုယွင်းခြင်းတွေမှလည်း ကူညီပေးနိုင်ပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေက ပိုပြီးကျန်းမာတယ်လို့ ဆိုကြတယ်။ အမျိုးသမီးများတွင် လိင်စိတ်ဆန္ဒ ပြန်ရအောင် ဘယ်လိုလုပ်မလဲ လိင်ဆက်ဆံလိုစိတ်ရှိခြင်းဟာ လူတစ်ယောက်ကျန်းမာခြင်း မကျန်းမာခြင်းကို ပြနိုင်တယ်။ အဖြစ်အများဆုံး လိင်နှင့်ဆိုင်တဲ့ပြဿနာကတော့ အမျိုးသမီးများတွင် လိင်စိတ်ကျဆင်းခြင်း (သို့) […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖြည့်စွက်စာတွေက သင့်ကို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေသလား

အံ့ဩသွားလား။ ဟုတ်ပါတယ် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းနေသူတွေ၊စိတ်မပါလက်မပါ ဖြစ်နေသူတွေ မပူပါနဲ့တော့။ ဘာလို့လဲဆိုတော့ သင့်လက်တကမ်းအကွာမှာ ရှာဖွေရလွယ်ကူပြီး အရသာရှိလှတဲ့ အစားအစာတွေက သင့်ကို ကယ်တင်ဖို့ စောင့်ဆိုင်းနေလို့ပါပဲ။ ဒီဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို အဆုံးစွန်ထိ မြှင့်တင်ပေးမယ့် အစားအစာငါး၅မျိုးအကြောင်း လေ့လာလိုက်ပါ။   ၁။ ချောကလက် အမည်း ချောကလက်စားတာဟာ ခံတွင်းလိုက်စေရုံသာမက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ချောကလက် အမည်းတွေရဲ့ ၇၀ရာခိုင်နှုန်းမှာ ကိုကာ ပါဝင်ပါတယ်။ ကိုကာဟာ ဒိုပါမင်းဓါတ် အလျှံပယ်ပါဝင်တာကြောင့် ချောကလက်အမည်းကို လုံလောက်စွာ စားပေးမယ်ဆိုရင် သင့်ဦးနှောက်ထဲမှာ ဒိုပါမင်းပမာဏ မြင့်မားနေပါလိမ့်မယ်။ ဒိုပါမင်းရဲ့ နောက်နာမည်တမျိုးက "သာယာမှုကို ပေးနိုင်တဲ့ ဓါတုပစ္စည်း" ဖြစ်ပါတယ်။ ဒီနာမည်အတိုင်းပဲ ဒိုပါမင်းဟာ သင့်ကို စိတ်တက်ကြွစေ၊စိတ်လက်သက်တောင့်သက်သာရှိစေပြီး သင့်ခန္ဓါကိုယ်ရဲ့ တုန့်ပြန်မှုကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ ကျန်းမာသော သုက်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

သင့်ရဲ့ လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီးတော့ အောက်ဖေါ်ပြပါ အချက်အလက်တွေကတော့ သင့်ကို ခန်းမှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ၁။ သူဟာ ငါးကြိုက်ပါတယ်။ ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ရာခိုင်နှုန်းများပြီး ဒါကို အထောက်အကူ ဖြစ်စေမယ့် လေ့လာမှုတစ်ခု ရှိပါတယ်။ လေ့လာမှုတစ်ခုအရ ဟားဗတ်တက္ကသိုလ် က လေ့လာမှုတစ်ခုအရ ငါးအလွန်စားတဲ့ အမျိုးသားတွေဟာ အစားသူတွေထက်စာရင် သုက်ပိုးပါဝင်နှုန်း ၆၅ ရာခိုင်နှုန်း ပိုများကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ငါးကြိုက်တယ်ဆိုရင်တော့ သူ့သုက်ရည်ဟာ အရည်အသွေးမြင့်မားနိုင်ပါတယ်။ ၂။ သူဟာ အသင့်စားသုံးနိုင်ရန်စီမံထားတဲ့ အသားတွေကို အစားနည်းပါတယ်။ သူဟာ အသင့်စားသုံးနိုင်ရန် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး အံ့သြဖွယ် အချက် ၅ ချက်

မိန်းမကိုယ်ဟာ ဂရုစိုက်ဖို့လိုအပ်တဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ လိင်ဆက်ဆံစဉ် (သို့) ကလေးမွေးချိန်တို့မှာ ၂၀၀ ရာခိုင်နှုန်း လောက်အထိ ဆွဲဆန့်နိုင်တာကို သိပြီး ဖြစ်ကြပါတယ်။ မိန်းမကိုယ်ဆိုတာ အရာအားလုံးကိုဆွဲသွားနိုင်တဲ့ အာကာသတွင်းရှိ တွင်းနက်ကြီး (black hole) မဟုတ်သလို သူ့ထဲမှာ ဘယ်အရာမှ ပျောက်မသွားနိုင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ဒီလိုလျှို့ဝှက်တဲ့ နေရာတစ်ခုရဲ့ အံ့သြဖွယ် အချက်ငါးချက်ကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ (၁) လေ့ကျင့်ခန်းဟာ မိန်းမကိုယ်အတွက် ကောင်းမွန်ပါတယ်။ တစ်ကိုယ်လုံးပါဝင်တဲ့ လေ့ကျင့်ခန်းတွေဟာ ယေဘုယျကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် pubococcygeus ကြွက်သား လေ့ကျင့်ခန်းကတော့ မိန်းမကိုယ်ကို ကျစ်လျစ်စေပါတယ်။ မိန်းမကိုယ်ကို တတ်နိုင်သမျှ ညှစ်ပြီး ဒီလိုပုံစံမျိုးနဲ့ ၁၀ စက္ကန့် လောက်နေသင့်ပါတယ်။ ဆီးသွားချင်တာကို ထိန်းထားရတဲ့ ပုံစံမျိုးကို မှန်းဆကြည့်နိုင်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အေးစက်နေတဲ့ ဆက်ဆံရေးကို ဘယ်လို ပြန်လည် ကြည်နူးလာအောင် လုပ်မလဲ

ဆက်ဆံမှုတစ်ခုမှာ သင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှု လျော့နည်းသွားပြီးနောက် အသည်းအသန် ပြန်လည် ချစ်ခင်ချင်ကြတာမျိုး ရှိနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် စစချစ်တုံးကလို ခံစားမှုမျိုး ပြန်လည် ရရှိချင်ကြပါတယ်။ ဒါကို ဘယ်လိုလုပ်ယူမလဲ။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စပေါ်မှာ အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်။   သေချာ နားထောင်ပါ။ သင့်ရဲ့ ပျောက်ဆုံးနေတဲ့ အချစ်ကို ပြန်လည်တွေ့ရှိဖို့ အဓိက အချက်ကတော့ နားလည်မှု ရှိဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှု ရှိဖို့ပဲဖြစ်ပါတယ်။ စစချင်း ချိန်းတွေ့စဉ်က သင်ဟာ မျက်နှာကို ဖုန်း (သို့) အိုင်ပတ်ကိုပဲ ငုံ့ကြည့်နေမှာ မဟုတ်ပါဘူး။ သင့်ချစ်သူရဲ့ မျက်နှာကို ကြည့်ပြီး သူဘာစားချင်လဲ၊ ဘာသီချင်းနားထောင်ချင်လဲဆိုတာကို ဂရုစိုက်နေမိမှာပါ။ ဒါပေမယ့် ဒါတွေအကုန် သိပြီးသား ဖြစ်သွားပြီဆိုရင်တော့ သူမကို လျစ်လျူရှုဖို့ ဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ

ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်စိတ်အထွတ်အထိပ်ရောက်စဉ်မှာ သုက်ရည်တွေ လိင်တံကို ဖြတ်သန်းသွားရမယ့်အစား ဆီးအိမ်ထဲကို ဝင်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ကိုတော့ ရောက်ပေမယ့် သုက်ရည် အနည်းငယ်သာ (သို့) လုံးဝ ထုတ်လွှတ်ခြင်း မရှိပါဘူး။ ဒါကို Dry orgasm လို့ ခေါ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အမျိုးသားတွေမှာ မြုံခြင်းကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်တံထောင်မတ်ခြင်း (သို့) လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို သက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အခါမှာတော့ သုက်ပိုးတွေဟာ လိင်တံကနေ ထွက်လာရမယ့်အစား ဆီးအိမ်ထဲကို ဝင်သွားတာဖြစ်ပါတယ်။ ပြီးသွားရင် ဆီးတွေမှာ သုက်ရည်ပါဝင်တာကြောင့် အရောင်နောက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ်မရှိပေမယ့် ကလေးလိုချင်ရင်တော့ ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအခြေအနေရှိနေခဲ့ရင် ကုသဖို့ လိုအပ်တဲ့ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ

လူအတော်များများမှာ အခြားသူတွေကို မပြောတဲ့အကြောင်းတွေ (ဥပမာ လိင်ဆက်ဆံမှုဆိုင်ရာ အကြောင်းအရာများ) ရှိပြီး အခြားသူတွေနဲ့ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မျှဝေလို့ မရပါဘူး။ ဒါကြောင့် အချစ်ဆုံးသူငယ်ချင်းကို မေးမယ့်အစား Google ကိုပဲ မေးသင့်ပါတယ်။ တကယ်လို့ သူ့လိင်တံဟာ အလွန်ကြီးမားနေတယ်ဆိုရင် (သို့) အလွန်သေးတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။ ဒီအကြောင်းကို ပြောပါ။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မရှက်သင့်ပါဘူး။ အရမ်းသေးနေပြီး သင့်ကို သာယာမှု မရစေဘူးဆိုရင် သူသင့်ကို အခြားနည်းတွေနဲ့ သာယာအောင် လုပ်ပေးနိုင်ပါတယ်။ လက်နဲ့ (သို့) ပါးစပ်နဲ့ သာယာမှု ရအောင် လုပ်ရာမှာ ကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြောင်းပြန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ချောဆီ အများကြီးအသုံးပြုနိုင်ပြီး ဖြည်းညင်းစွာ ပြုလုပ်နိုင်ပါတယ်။ အမျိုးသမီးဟာ အရှိန်ကို ထိန်းနိုင်ပြီး သာယာမှုရအောင်ညှိနိုင်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း