လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း

၁။ အိမ်မှာရှိတဲ့အိပ်ရာအပြင် အခြားနေရာအနှံ့အပြား အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။ သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။   ၂။ သင့်ကိုယ်ခန္ဓါ အကြောင်း ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍အမျိုးသားများသိထားသင့်သော အချက်(၇)ချက်

လိင်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးသားများသိထားသင့်သော အချက် (၇)ချက် မိခင်မှပေးထားသော သဘာဝတရားမှလွဲ၍ လိင်မှုကိစ္စသည် သင်ထင်သည်ထက် ကျန်းမာရေးနှင့်ပျော်ရွှင်မှုရလဒ်များ ပိုမိုရရှိစေသည်။ အသက်အရွယ်ကြီးမှ လိင်ဆက်ဆံခြင်းသည် သင့်ကျန်းမာရေးအတွက် အမှန်တကယ်ကောင်းမကောင်းသိပါသလား။ သို့မဟုတ်အမျိုးသမီးများသည် အမျိုးသားများထက် ဆန္ဒပိုပြင်းပြပါသလား။ လိင်ကိစ္စနှင့်ပတ်သက်၍ တစ်ခုတည်းသောပြဿနာမှာ ဤအကြောင်းအရာနှင့်ပတ်သက်၍ သိပ်မပြောချင်ကြခြင်းဖြစ်သည်။ မပြောအပ်မလုပ်အပ်သောခေါင်းစဉ်သည် ကျွန်ုပ်တို့ဤစကားလုံးကို ဖွင့်ဟပြောရုံမျှဖြင့် ရှက်ကြောက်အောင်ပြုလုပ်ထားပါသည်။ အောက်ပါအံသြဖွယ်အချက်များက သင့်ကိုလိင်မှုကိစ္စတွင် အဆင်ပြေအောင်လုပ်ပေးပါမည်။ ထို့ကြောင့်ကျွန်ုပ်တု့ိ လိင်ပိုင်းဆိုင်ရာပညာပေးခြင်းနှင့် လိင်ကိစ္စနှင့်ပတ်သက်၍ လူတိုင်းသိထားသင့်သောအချက်(၇)ချက်ကို သိပ္ပံနည်းအရ အရေးပေးဖော်ပြပါမည်။ ဖော်ပြပါလူမှုရေးဆိုင်ရာ အမူအကျင့်များ မြင့်တင်ပေးခြင်းဖြင့် သင်သည်ကျွန်ုပ်တို့အားလုံးရင်းနှီးသော ဤအပြုအမူနှင့်ဆိုင်သော အသစ်အဆန်းကို သင်ယူမိပါလိမ့်မည်။   (၁) အမျိုးသမီးများသည်အမျိုးသားများကဲ့သို့ လိင်မှုကိစ္စကိုအလိုရှိပါသည်။ ၎င်းသည်ကျွန်ုပ်တို့အတွက်အံ့သြစရာမဟုတ်ပါ။ အမျိုးသမီးမျာသည်လည်း ဆန္ဒရှိကြပါသည်။ အမှန်တွင်ကြာရှည်စွာ တွဲလာသော အမျိုးသားများသည် သူတု့ိအမျိုးသမီးအဖော်၏ ကာမဆန္ဒအတိုင်းအတာပေါ်တွင် အလွန်အထင်သေးကြသည်။ ယူဆချက်တစ်ခုမှာ ကာမဆန္ဒနည်းသော အမျိုးသမီးအဖော်ကို စွန့်လွှတ်နိုင်ချေရှိသည်ဟု ပြောခြင်းကို ၁၀၀ရာခိုင်နှုန်းသဘောတူညီကြောင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။

အကယ်၍သင်သည် အိပ်ပျော်နေစဉ်လိင်ဆက်ဆံနေလျှင် သင့်တွင်အိပ်ပျော်စဉ်လိင်ဆက်ဆံခြင်းပြဿနာ (sexsomnia) ရှိနိုင်သည်။ ဤဆောင်းပါးမှ ဤရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကိုဖော်ပြပါမည်။ လူအတော်များများသည် အိပ်နေရင်းလမ်းလျှောက်ခြင်းကို ရင်းနှီးကြပါသည်။ သို့သော်အိပ်ပျော်နေစဉ်လိင်ဆက်ဆံခြင်း (sexsomnia) ဖြစ်လျှင် အများစုသည်အံ့သြသွားကြသည်။ အိပ်နေရင်း လမ်းလျှောက်ခြင်းလိုပင် sexsomnia သည် အိပ်နေစဉ်တွင် လိင်ဆက်ဆံသည်ကိုတွေ့ရပါသည်။ ဤအကြောင်းသဘာ၀ sexsomnia ကို တွေ့ကြုံရသူများက မှားယွင်းစွာ နားလည် ကုသမိကြပါသည်။   အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia)ဆိုသည်မှာဘာလဲ။ အိပ်နေရင်းလိင်ဆက်ဆံခြင်းဖြစ်သည်။ ၎င်းသည်NREM (အိပ်တဝက်နိုးတဝက်အခြေအနေ) ပုံစံမျိုးဖြစ်ကာ လူများကိုလိင်ဆက်ဆံသည့်အပြုအမူဖြစ်သည့် ပွတ်သပ်ခြင်း၊ လိင်အင်္ဂါကိုလက်နှင့်နှိုးဆွကာ ကာမဂုဏ်ခံစားခြင်း၊ လိင်ဆက်ဆံခြင်းနှင့် တစ်ခါတစ်ရံမုဒိမ်းကျင့်ခြင်း စသည်တို့ကိုအိပ်ပျော်နေစဉ် ပြုလုပ်မိစေပါသည်။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းရှိသည့် လူတစ်ယောက်သည် လုံးဝနှစ်ခြိုက်စွာအိပ်ပျော်နေလျှင် ရှေ့ရက်ကဘာတွေဖြစ်ခဲ့သည်ကို မှတ်မိနိုင်မည်မဟုတ်ပေ။ အများဆုံးတွေ့ရသည်မှာ လူတစ်ဦးသည်တွေ့ကြုံခဲ့သော အဖြစ်အပျက်ကို သတိမရနိုင်(သို့) ငြင်းဆိုနေမည်ဖြစ်သည်။ ဘာတွေကအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ကိုဖြစ်စေသလဲ။ အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း အပါအဝင်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများအပြားသည် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင်မသိရှိနိုင်တဲ့ ယောက်ျားလေးတွေရဲ့ လိင်စိတ်ဖြေဖျောက်ခြင်း နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးခု

လိင်စိတ်ဖြေဖျောက်ခြင်း ဆိုတာ ယောက်ျားလေးတိုင်း ကျွမ်းကျင်ကြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်၊၊ အောက်ဖော်ပြပါ လျှို့ဝှက်ချက်တွေကို သိရဲ့လားလို့ ကြည့်လိုက်ကြရအောင်။ အမျိုးသားတွေက ကိုယ့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်ဟုတ်ရဲ့လားဆိုတာ တွေးတောတတ်ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတောင် ပုံမှန်ဟုတ်ခြင်းနဲ့ ပုံမှန်မဟုတ်ခြင်းကို တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ပါဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ အမျိုးသားတွေကြားမှာ လိင်စိတ်ဖြေဖျောက်တဲ့ အကြိမ်အရေအတွက်နဲ့ ပြုလုပ်ပုံကွာခြားလို့ပဲ ဖြစ်ပါတယ်။ နောက်တစ်နည်းပြောရရင် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တဲ့အတွက် ပုံသေသတ်မှတ်ထားလို့မရပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကြိုက်တဲ့နေရာမှာ၊ ကြိုက်တဲ့အရာနဲ့ သူ့ဟာသူလိင်စိတ်ဖြေဖျောက်နိုင်ပါတယ်။ (၁) လိင်စိတ်ဖြေဖျောက်ခြင်း မှာ လိင်ဆက်ဆံခြင်းလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေ မရှိပါဘူး။ ဟုတ်ပါတယ်။ လိင်ဆက်ဆံခြင်းကတော့ သွေးဖိအား၊ နှလုံးနဲ့ ဆီးကျိတ်စတာတွေအပေါ် ပုံစံအမျိုးမျိုးနဲ့ အကျိုးပြုပါတယ်။ ဒါပေမယ့် လိင်အထွတ်အထိပ်ရောက်ခြင်းပုံစံအားလုံးကတော့ အကျိုးရရှိပုံခြင်းမတူပါဘူး။ တကယ်တော့ လိင်စိတ်ဖြေဖျောက်ခြင်း ဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ

အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဘာတွေကြောင့် ဖြစ်တာလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် ဆိုတာ အမြဲများနေတတ်တာပါ။ မဟုတ်ဘူးလား။ မဟုတ်ပါဘူး။ အမျိုးသားငါးယောက်မှာတစ်ယောက်ဟာလိင်စိတ်ကျဆင်းခြင်းကိုခံစားနေရပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အတော်လျော့နည်းနေသောအခါ ဆရာဝန်တွေကတောင်မှ အမျိုးသားတွေကိုအမြဲလိင်ဆက်ဆံချင်နေတဲ့ လိင်စက်ရုပ်တွေလို မြင်ကြပါတယ်လို့Pioneering sex researcher, Irwin Goldstein က ပြောပါတယ်။ ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်ပါဘူးလို့ သူကဆက်ပြောပါတယ်။ ၂၀%သောအမျိုးသားတွေဟာ လိင်စိတ်လျော့နည်းလွန်းလို့ လိင်ဆက်ဆံတာကလွဲပြီးအကုန်လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်ပါတယ်လို့သူဟာ WebMD မဂ္ဂဇင်းကိုပြောပါတယ်။ အမျိုးသားငါးယောက်မှာတစ်ယောက်ကလိင်စိတ်လျော့နည်းတယ်၊ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါဆိုဘာလို့များမကြားဖူးရတာလဲ။ တကယ်တော့ အမျိုးသမီးတော်တော်များများဟာယောက်ျားတွေရဲ့ ဒီညတော့ အဆင်မပြေဘူးဆိုတာမျိုးကို ကြားဖူးပေမယ့် သူတို့ကဒါဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေလို့ ထင်ကြတာပါ။ တကယ်တော့ ၃၀% သောအမျိုးသမီးတွေဟာသူတို့ဟာသူတို့ အမျိုးသားတွေထက် လိင်စိတ်ပိုမိုများပြားတယ်လို့ ဝန်ခံခဲ့ ကြပါတယ်။ လိင်စိတ်လျော့နည်းခြင်း အကြောင်းရင်း ဒါဆိုဘာလို့ လိင်စိတ်လျော့နည်းတာပါလဲ။ များပြားသောအသက်ကြီးသူတွေဟာလိင်ကိစ္စကိုအလွန်စိတ်ဝင်စားတတ်ပေမယ့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံဖို့ သူမကို ဆွဲဆောင်နိုင်မယ့် နည်းလမ်း ၄ သွယ်

လိင်ဆက်ဆံဖို့ ဆိုတာဟာ အတင်းအကျပ် မဖြစ်သင့်သလို လုပ်ကိုလုပ်ရမယ့် အရာတစ်ခုလို့လည်း မသတ်မှတ်သင့်ဘဲ သာယာပျော်ရွှင်ဖွယ် ကောင်းသင့်ပါတယ်။ ဒါ့ကြောင့် သင်ချစ်တဲ့သူတစ်ယောက်ကို သင့်ကို ဘယ်လိုစိတ်ပါလက်ပါ အဖြေပေးအောင်လုပ်မလဲ။ ဒီဆောင်းပါးမှာအလွယ်ကူဆုံးပြုလုပ်နည်းလေးမျိုးကိုဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ စိတ်ကူးယဉ်ဆန်တဲ့ အပြုအမူတွေ ပြုလုပ်ပါ။ အမျိုးသားတွေနဲ့ မတူတဲ့အချက်ကတော့ အမျိုးသားတွေဟာသူတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အစာအိမ်ကိုအခြေခံစဉ်းစားပေမယ့် အမျိုးသမီးတွေကတော့ အချစ်နဲ့ ပတ်သက်သည်ဖြစ်စေ၊ လိင်ဆက်ဆံဖို့စဉ်းစားရာမှာဖြစ်စေ သူတို့ရဲ့ နှလုံးသားရောဦးနှောက်ပါ အခြေခံပြီးစဉ်းစားကြပါတယ်။ အမျိုးသမီးတွေဟာဝိုင်၊ ပန်းစည်းနဲ့ သူတို့ကိုစိတ်လှုပ်ရှားစေတဲ့ အရာတွေနဲ့ စိတ်ကူးယဉ်ဆန်အောင် ပြုလုပ်ခြင်းကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် အထူးတလည်လုပ်ဖို့ မလိုတဲ့ အခြေအနေမျိုးမှာတောင် သူမကြိုက်နှစ်သက်တဲ့အရာတွေနဲ့ အံ့သြသွားအောင် ပြုလုပ်ပါ။ ပြီးတော့ သူမဘယ်လောက်လှကြောင်းပြောပြပေးပါ။ သူမကိုမကြာခဏနမ်းရှုပ်ပြီးသူမရဲ့ ဆံပင်ပုံစံအသစ် (သို့) အဝတ်အစားအသစ်ကိုချီးကျူးပြောဆိုပါ။ ဒီလိုလုပ်ခြင်းဟာသင်တို့နှစ်ယောက်လုံးအတွက် လိင်ဆက်ဆံခြင်းမှာသာယာမှု ရရှိစေနိုင်ပါတယ်။ ၂။ သူမနဲ့ စကားပြောဆိုပါ။ အမျိုးသမီးတွေဟာသူတို့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကိုအသုံးပြုပြီးတွေးတောကြတဲ့အတွက် သူတို့ဟာတွေးရတာ၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မဆက်ဆံခင် မေးမြန်းသင့်တဲ့ မေးခွန်းလေးခု

လိင်ဆက်ဆံခြင်းဟာပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပေမယ့်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကိုပါ ပေးစွမ်းနိုင်တာကြောင့် အလေးအမြတ်ထားကြပါတယ်။ သင်လိင်မဆက်ဆံခင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အောက်ဖော်ပြပါ မေးခွန်းလေးခုကိုသေချာဖတ်ကြည့်ပါ။   ဒီလူဟာသင့်အတွက် သင့်လျော်ပါသလား။ လူတစ်ယောက်ဟာသင့်အတွက် လျော်ကန်မှု ရှိမရှိဆိုတာအစကတည်းကသိနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူနဲ့ အချိန်အနည်းငယ် ပိုမိုဖြုန်းကြည့်ခြင်းအားဖြင့် လူတစ်ယောက်ဟာအပေါ်ယံထင်ရသလိုအမြဲမဟုတ်ဘူးဆိုတာတွေ့လာပါလိမ့်မယ်။ လိင်မဆက်ဆံခင် သင့်ချစ်သူဟာမိန်းမရှုပ်သူလား၊ အရက်သောက်သူလား၊ လောင်းကစားသမားလား၊ အခြားပြဿနာဘာတွေရှိလဲဆိုတာသေချာ ပြန်စဉ်းစားဖို့လိုပါတယ်။ ဒီသူနဲ့ အတူနေဖို့ိကိုရွေးချယ်လိုက်ရင် ဒီပြဿနာတွေဟာတစ်ချိန်ချိန်မှာသင့်ဘဝကိုဒုက္ခပေးနိုင်ပါတယ်။   ဒါဟာအချိန်ကောင်းဟုတ်ရဲ့လား။ တခါတလေမှာဘဝဟာသင့်အတွက် မှန်ကန်တဲ့သူကိုမှားယွင်းတဲ့အချိန်မှာပေးတတ်ပါတယ်။ ဥပမာအချိန်အကြာကြီးတွဲခဲ့တဲ့ ဆက်ဆံရေးတစ်ခု ပြတ်ပြီးစမှာသင့်အရင်ရည်းစားကိုချစ်ဆဲဖြစ်ပြီးသူ့အကြောင်းလဲတွေးတောဆဲဖြစ်ပါတယ်။ ဒီအချိန်မှာလူကောင်းတစ်ယောက်နဲ့ တွေ့ဆုံပြီးလိင်ဆက်ဆံခြင်းဟာသင့်အတွက် စိတ်ပိုင်းဆိုင်ရာဒုက္ခတွေ ပိုမိုရရှိစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာသင်ကိုယ်တိုင်ရောသူ့ကိုပါ မနာကျင်ရအောင်သင့်ခံစားချက်တွေ ပုံမှန်ပြန်မဖြစ်မချင်းနောက်တစ်ယောက်နဲ့ မတွဲသင့်ပါဘူး။   ဒီလူကိုယုံလို့ရရဲ့လား။ သင့်ကိုစိတ်ပိုင်းဆိုင်ရာဖြစ်စေရုပ်ပိုင်းဆိုင်ရာဖြစ်စေဖိအားပေးဖူးသူ၊ အရှက်ရစေသူ၊ စော်ကားသူ၊ ထိခိုက်စေသူနဲ့ အကောင်းဆုံးကိုမျှော်လင့်ပြီးလိင်ဆက်ဆံတာမျိုးမပြုလုပ်ပါနဲ့။ သင်သူနဲ့ လိင်ဆက်ဆံလို့လဲဒီလူဟာသူ့အကျင့်တွေကိုပြောင်းလဲမှာမဟုတ်ပါဘူး။ ဒီလူတွေနဲ့ လိင်ဆက်ဆံမှုပြုလုပ်တာဟာသေချာပေါက် အကျိုးဆက်တွေ ရှိလာမှာပါ။ သင်ဟာသင့်ကိုလုံခြုံစိတ်ချမှုခံစားရစေပြီးသင်လုပ်တဲ့အလုပ်တွေမှာယုံကြည်မှု ရှိစေတဲ့ လူမျိုးနဲ့သာလိင်ဆက်ဆံသင့်ပါတယ်။ တကယ်လို့ လိင်ဆက်ဆံခြင်းဟာမှားယွင်းတယ်လို့ ခံစားရပြီးသင့်ကိုအရှက်ရစေတယ်ဆိုရင် ဒါဟာလိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ပြဿနာဟုတ်ချင်မှ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီး သင့်လိင်မှုဘဝကို ပြန်လည်ရရှိအောင်လုပ်ပါ။

သင့်ကလေးကိုမွေးပြီးတဲ့အခါ လိင်မှုဘဝကို ပြန်လည်ရယူဖို့ဟာမိဘအသစ်တွေ အနေနဲ့ နောက်ဆုံးမှ စဉ်းစားတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့ လိင်မှုဘဝဟာသင့်ဆက်ဆံရေးအတွက် အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ဘယ်လိုလိင်မှုဘဝကို ပြန်လည်ရယူရမလဲဆိုတာဖော်ပြပေးမှာ ဖြစ်ပါတယ်။ သင့်ခန္ဓါကိုယ် အနာကျက်သွားပြီဆိုတာသေချာပါစေ။ အမျိုးသမီးအများစုဟာကလေးမွေးဖွားပြီးလေးပတ်ကနေခြောက်ပတ်အကြာမှာဆရာဝန်ဆီကကိုယ်ဝန်တားခြင်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရရှိတတ်ကြပါတယ်။ ဒါတွေကိုမစခင် သင့်မှာ lochia လို့ ခေါ်တဲ့ ကလေးမွေးဖွားပြီးရင် မိန်းမကိုယ်ကဆင်းတဲ့ အရည်တစ်မျိုးဆင်းတာမရှိဖို့ လိုပါတယ်။ ဘယ်လိုပဲမွေးမွေးအမျိုးသမီးတွေ အားလုံးဟာကလေးမွေးပြီးရက်သတ္တပတ်အနည်းငယ်ကိုတော့ ဖြတ်သန်းကြရပါတယ်။ ထိုအရည်ဆင်းတာမရပ်ခင် လိင်ဆက်ဆံခြင်းဟာသင့်ကိုရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ သင်ကလေးမွေးစဉ်မှာ ချုပ်ရိုးအများကြီးရှိခဲ့ရင် ကိုယ်ဝန်တားဖို့ ပိုတောင် အချိန်ယူရပါလိမ့်မယ်။ သေချာမကျက်နိုင်သေးတဲ့ ချုပ်ရိုးတွေဆိုပွင့်ထွက်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင့်ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့လိုပါတယ်။ ကလေးမွေးပြီးလိင်ဆက်ဆံဖို့ အကောင်းဆုံးနည်းကတော့ ကလေးအိပ်ချိန်ကိုအသုံးပြုဖို့ပါ။ ကလေးအိပ်နေမယ်ဆိုရင် အလုပ်လုပ်လို့ရပါပြီ။ သင့်အိမ်အလုပ်တွေကနောက်မှလုပ်နိုင်ပါတယ်။ သင့်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ ကလေးမွေးထားတဲ့ အမေတွေအတွက် ပင်ပန်းနွမ်းနယ်ခြင်းဟာလိင်ဆက်ဆံဖို့အတွက် အဓိကတားမြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် စစချင်းမှာကလေးငယ်ဟာအမြဲ နှစ်နာရီသုံးနာရီခြားတစ်ခါ အစာစားဖို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အမျိုးသားတွေအတွက် နည်းလမ်းကောင်းများ

ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ ဆိုတာ အချိန်ရောအားအင်ပါ လိုအပ်ပါတယ်။ ဒါဟာ အမြဲမလွယ်ကူနိုင်ပါဘူး။ အလုပ်များပြားလှတဲ့ဘဝတွေက ဝန်ပိကာ ပင်ပန်းစေပြီးအမီလိုက်ဖို့ လိုအပ်တဲ့ စိတ်အားထက်သန်မှုတွေနဲ့ စိတ်ကူးတွေကိုပျောက်ကွယ်စေပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဆိုတာ နာရီပေါင်းများစွာ စိတ်လွတ်ကိုယ်လွတ်ဆော့ကစားပြီး လိင်စိတ်ဖြေဖျောက်တဲ့ ပစ္စည်းတွေ အသုံးပြုခြင်းကိုဆိုလိုတာ မဟုတ်ပါဘူး။ ဒါဟာပုံမှန်လုပ်နေတာထက် နည်းနည်းလေးပဲထူးခြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဆန္ဒပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရရှိစေဖို့အတွက် နည်းလမ်းဆယ်ခု ဖြစ်ပါတယ်။ စကားပြောပါ။ ဆက်ဆံရေးတစ်ခုမှာအချိန်ကြာလာတဲ့အမျှ ပျင်းရိဖွယ်ဖြစ်လာပြီးအိပ်ရာထဲမှာသင်ဘာလိုချင်တယ်ဆိုတာဖော်ပြမယ့်အစားပုံမှန်ပြုနေကျ အပြုအမူတွေကိုသာ ပြုမူတတ်ကြပါတယ်။ Williams Lucena ကတော့ ဒီစက်ဝိုင်းကြီးကိုပွင့်လင်းတဲ့ စကားပြောဆိုမှုနဲ့ ဖြတ်တောက်သင့်ပါတယ်လို့ ပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာလိုချင်လဲဆိုတာကိုမေးမြန်းကြပါလို့ သူကအကြံပြုပါတယ်။ သင်တို့မှာအရင်ကရှိခဲ့တဲ့ ဆက်သွယ်မှုတွေကို ပြန်လည် ရရှိဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်ပါ။ ဒါဟာလိင်ဆက်ဆံမှုနဲ့ မဆိုင်ဘူးလို့ထင်ရပေမယ့် သင့်ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့အာဟာရရအောင် ကျွေးမွေးခြင်းဟာသင့်ကိုယ်ခန္ဓာကိုရောလိင်စိတ်ကိုပါ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

သင့်ချစ်သူနဲ့ ပြန်လည်ရင်းနှီးဖို့ ကြိုးစားနေပါသလား။ ရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်မှုတစ်ခုကို စမ်းသပ်ကြည့်ပါလား။ တစ်ခါတလေမှာ စုံတွဲတွေက လိင်ဆက်ဆံဖို့ အရေးကြီးတဲ့အချက်အချို့ကို ကျော်သွားတတ်ကြပါတယ်။ ဆိုလိုချင်တာက သူတို့က လိင်ဆက်ဆံဖက်ရဲ့ခန္ဓာကိုယ်ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာ စုံတွဲတွေမှာ အရင်က လိင်စိတ်မနိုးကြားစေခဲ့ဖူးတဲ့ လိင်ဆက်ဆံဖက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအသစ်တွေကို ရှာဖွေတွေ့ရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကို တစ်ဆင့်ချင်းစီ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီတော့ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်တွေက ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့် ကတော့ ၁။ သင့်တော်တဲ့ နေရာကို ရွေးချယ်ပါ။ လိင်ဆက်ဆံဖို့အတွက် ပျော့ပျောင်းတဲ့ ခုတင်ဟာ အကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက် နေရာကတော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း