အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် ပုရိသတို့ရဲ့ အလွဲများ

အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ လိင်မှုကိစ္စနဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းဆိုတာ အမြဲတမ်း ပါနေပါတယ်။ ဒါဟာ မှားယွင်းမှုမဟုတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ့်လူတို့ကလည်း စိတ်ပူတတ်ကြတာ အများသား။ အာသာဖြေတာ များလွန်းရင် ဆံပင်ကျွတ်နိုင်လား၊ ဝက်ခြံတွေ အရမ်းပေါက်လာတာ အာသာဖြေမိလို့လား၊ ပန်းသေပန်းညှိုးဖြစ်နိုင်လား အစရှိသဖြင့်ပေါ့။ အဲ့လိုမေးခွန်းတွေအပေါ်မှာ လူတွေသိထားကြတဲ့ အလွဲတွေကလည်း တဖြည်းဖြည်း များလာပါတယ်။ ဒီနေ့မှာတော့ ပုရိသတွေ သိထားကြတဲ့ တစ်ကိုယ်ရေအာသာဖြေခြင်းနှင့် အလွဲလေးတွေအကြောင်း ဖြေရှင်းပေးမှာပါ။ ၁။ အာသာဖြေရင် ဆံပင်ကျွတ်နိုင်တယ်။ (အမှား) ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် အပင် ၅၀ မှ ၁၀၀ ထိ ကျွတ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆံသားအသစ်တွေ ပြန်ထွက်လာဖို့ ဆံသားအဟောင်းတွေ ကျွတ်သွားမှဖြစ်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်လာတာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကနေ နေ့စဉ် သုက်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာပြီး လျင်မြန်စွာသွားလာနိုင်မှ ကိုယ်ဝန်ရနိုင်ခြေနဲ့ မွေးလာတဲ့ ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်တွေဟာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် (Spermatogenesis) သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်သွားပြီး မျိုးပွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ နေ့စဉ် သုက်ပိုးတွေ ထုတ်လုပ်ပေးပြီး လုံးဝပြည့်သွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ ဒီလို သုက်ပိုးတွေ ပြည့်ဝနေတဲ့အခါ ထိုးသွင်းဆက်ဆံမှုအပြီး မိန်းမကိုယ်ကနေ မျိုးဥအတွင်းသို့ လျင်မြန်စွာ သွားလာနိုင်ပြီး မျိုးအောင်နိုင်ခြေ မြင့်မားစေပါတယ်။ ကိုယ်ခန္ဓာက နေ့စဉ် သုက်ပိုးအကောင်ရေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။ တစ်စက္ကန့်မှာ သုက်ပိုးအကောင်ရေ ၁၅၀၀ ခန့် ထုတ်ပြီး တစ်နေ့မှာ အကောင် သန်းပေါင်းများစွာ ဝှေးစေ့ကနေ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါ ကြီးကြီးမားမား မရှိဘဲ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ ပွန်းပဲ့ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်လောက်နဲ့ ပျောက်ကင်းသွားပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနီစက်တွေ၊ အနီဖုတွေ ထနေတာ ရက်တွေ အရမ်းကြာနေပြီ၊ နေရာအနှံ့ကို ပျံ့လာတယ်ဆိုရင်တော့ တခြား ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အနီစက်တွေသာမက တခြားသော လက္ခဏာအမျိုးမျိုးလည်း ပြနိုင်ပါတယ်။ အနီစက်တွေ၊ အနီဖုတွေက ဘယ်လိုပုံစံရှိလဲ။ ကူးစက်ခံထားရတဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ယားယံတာ၊ ပျော့အိအိဖြစ်နေတာ၊ အနီကွက် အကြီးကြီးဖြစ်နေတာ၊ အဖုအပိမ့်တွေ အစုအပြုံပေါက်နေတာ၊ အဖုတွေထဲမှာ အရည်၊ ပြည်တွေ ပြည့်ဖောင်းနေတာ၊ အဖုက တဖြည်းဖြည်း ရောင်ပြီး ကြီးလာတာ၊ အချိုင့်ပုံစံ ဖြစ်နေတာ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ သုံးလည်းသုံးကြပါတယ်။ ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုနေရင်း ကွန်ဒုံး ပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပုရိသတို့နှင့် လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်း

လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်ခြင်းဆိုတာ ဘာလဲ။ လိင်ဆက်ဆံနေစဉ်နဲ့ လိင်စိတ်ပြီးမြောက်တဲ့အချိန်မှာ သုက်ထွက်ဖို့၊ လိင်စိတ်ဆန္ဒပြည့်ဝဖို့ အဟန့်အတားဖြစ်ခြင်းကို ဆိုလိုတာပါ။ လေ့လာချက်အရ အမျိုးသမီးတွေမှာ ပိုအတွေ့များပြီး အမျိုးသားအများစုမှာ လိင်စိတ်ပြီးမြောက်မှု အဟန့်အတားဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ များသောအားဖြင့် ဒီလိုမျိုး လက္ခဏာတွေက ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခု ချွတ်ယွင်းချက် ရှိနေတာကြောင့်ပါပဲ။ ဖွင့်ဟဝန်ခံရမှာ ရှက်ရွံ့တာကြောင့် အမျိုးသားတော်တော်များများက မြိုသိပ်ထားလိုက်တဲ့အခါ အလွယ်တကူ ပျောက်နိုင်တဲ့ ဝေဒနာက နှစ်ရှည်လများ စွဲသွားပြီး လိင်မှုဘဝနဲ့ ကျန်းမာရေးကို ပိုပြီး ထိခိုက်လာတော့တာပေါ့။ လိင်စိတ်ပြီးမြောက်မှုကို ဟန့်တားနေတဲ့ အရာတွေက ဘာတွေလဲ။ ၁။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ - ဆီးချို၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်မိတာ၊ ဟော်မုန်းမျှခြေ ကမောက်ကမ ဖြစ်တာ (အမျိုးသားတွေမှာ ကျားဟော်မုန်း Testosterone […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs) တွေကိုလည်းတားဆီးချင်တယ်၊ ဆေးလည်းမသောက်ချင်ဘူးဆိုရင် ကွန်ဒုံးတွေက သင့်အတွက် ရွေးချယ်စရာတစ်ခုပါပဲ။ ကွန်ဒုံးတွေဟာ ဈေးလည်းသိပ်မကြီးတဲ့ အပြင် လူလုပ်ဟော်မုန်းတစ်ခုမှ မပါဘဲ လိင်အင်္ဂါနှစ်ခုကြား အကာတစ်ခုအနေနဲ့ လုပ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါအပြင် ကွန်ဒုံးတွေကို သင့်ရဲ့ နီးစပ်ရာ ဆေးဆိုင်တွေနဲ့ တစ်ခြားစတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ရလို့ရနိုင်ပါသေးတယ်။ ကွန်ဒုံးတွေက ဘယ်လိုသန္ဓေတားပေးသလဲ။ ကွန်ဒုံးတွေဟာ လိင်ဆက်ဆံချိန်မှာ သင်နဲ့ သင့်အဖော်အကြား အတားအဆီးတစ်ခု အဖြစ်လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာ သင် ခန္တာကိုယ်ထွက် အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ကို အဖော်ဖြစ်သူရဲ့ ခန္တာကိုယ်ထွက်အရည်နဲ့ အစိတ်အပိုင်းတစ်ချို့ တို့တိုက်ရိုက် မထိတွေ့အောင် လုပ်ဆောင်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ကွန်ဒုံးတွေဟာ သန္ဓေရခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံး ဆိုတာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက်တော့ မရှိမဖြစ်ပါ။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သူတို့ဟာ သုက်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကို သိမ်းထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။ အမျိုးသားရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ နှစ်ခုလုံးကို တစ်ကြိမ်တည်းမှာရောမသုံးဖို့ သတိရပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာတစ်ခုနဲ့တစ်ခုကပ်ပြီးပေါက်တတ်လို့ဖြစ်ပါတယ်။ ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ကွန်ဒုံးကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ဆိုတာကို ဆောင်းပါးထဲမှာ ဆက်ကြည့်လိုက်ပါ။ အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲ။ အမျိုးသားသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာ ဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ ပလပ်စတစ် ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ရေယုန်၊ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်အစော်ကားခံရပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ

မှုခင်းသတင်းတွေထဲမှာ ထိပ်ဆုံးကနေ အမြဲတက်လာပြီဆိုရင် စိတ်မချမ်းမြေ့ဖွယ်ရာ လိင်အကြမ်းဖက်အစော်ကားခံရတဲ့ သတင်းတွေချည်းပါပဲ။ ဒီလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ တစ်နေ့ထက် တစ်နေ့ များလာတယ်ဆိုတာ ပြည်သူလူထုအားလုံးအတွက် စိတ်မအေးစရာ အခြေအနေပါ။ ဒါ့အပြင် အစော်ကားခံရတဲ့ သူတွေမှာလည်း တစ်သက်စာ စိတ်ဒဏ်ရာအမာရွတ်တွေအပြင် နောက်ဆက်တွဲ လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သူတို့တွေရဲ့ ဘဝက အမြဲထိတ်လန့်ပူလောင်ကြောက်ရွံ့နေရမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အလိုမတူဘဲ လိင်အစော်ကားခံရသူတွေရဲ့ ဘဝမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေနဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းပဲဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ဘယ်နှစ်မျိုးရှိလဲ။ ၁။ အလိုမတူဘဲ သားမယားပြုကျင့်တာ ၂။ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ထိကပါး ရိကပါး လုပ်တာ ၃။ အထက်လူကြီးက လက်အောက်ငယ်သား ဝန်ထမ်းဖြစ်သူကို ခြိမ်းခြောက်ပြီး အကြပ်ကိုင်ပြီး လိင်မှုကိစ္စပြုကျင့်ဖို့ ကြံစည်ခြင်း ၄။ ကျား၊ မ အခြေပြု လိင်အကြမ်းဖက်စော်ကားခြင်း ၅။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ

မိန်းကလေးတွေအတွက်တော့ လိင်မှုကိစ္စဆောင်ရွက်ရဖို့ အမြဲစိုးရိမ်နေရတာ၊ စဉ်းစားတွေးတောစရာတွေ များတာ သဘာဝပါပဲ။ ချစ်သူ၊ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ရှက်နေလို့တော့ ဘယ်ဖြစ်မလဲ။ သိထားဖို့ လိုအပ်တာကတော့ လိင်မှုကိစ္စဆိုတာ လူသားတိုင်းရဲ့ ဘဝမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဆိုတာပါပဲ။ ဒါပေမဲ့လည်း ကိုယ်က ဒီလို ကိစ္စတွေ ဆောင်ရွက်ဖို့ကို အဆင်သင့်ဖြစ်နေမှ၊ စိတ်ပါနေမှ အဆင်ပြေမှာပါ။ အထူးသဖြင့် ပုံမှန်လိင်ဆက်ဆံမှုမျိုးမှာတောင် တွေဝေနေတတ်တဲ့ မိန်းမသားတွေအတွက် အနောက်တံခါးထဲ (စအိုဖြင့်) လိင်ဆက်ဆံရမှာကို ပိုပြီးတောင် စိုးရိမ်ပူပန်နေမှာပါ။ ဒီဆောင်းပါးလေးမှာတော့ စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဘာတွေသိထားသင့်လဲ၊ ဘာတွေကို ကြိုပြီး ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အနောက်တံခါးထဲ ချစ်သူကိုပေးမဝင်ခင် ဘာတွေပြင်ဆင်ထားမလဲ ၁။ အရင်ဆုံး ကိုယ့်ချစ်သူနဲ့ သေချာတိုင်ပင်ကြည့်ပါ။ ဘယ်သူ့ရဲ့ ဆန္ဒကြောင့်ပဲဖြစ်ပါစေ ဒီလိုအပြုအမူအတွက် ၂ဦး၂ဖက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)

ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ထံမှ မျက်ရည်၊ ငိုသံ ကြားတဲ့အခါ လိင်စိတ်ထကြွပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေ ငိုနေတဲ့အခါမှာ လိင်စိတ်ဖြစ်ပေါ်တတ်ပြီး တချို့သူတွေမှာလည်း ကိုယ်တိုင်ငိုနေတဲ့အချိန်မှာ ရုတ်တရက် လိင်စိတ်ထကြွမှု အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု (Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ်အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။ ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို သဘောကျတတ်တယ်။ မိမိကြောင့် တခြားသူ ငိုနေတဲ့အခါ၊ ငိုသံကို ကြားရတဲ့အခါ၊ မျက်ရည်တွေကို မြင်တွေ့၊ ထိမိတဲ့အခါ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း