အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန် လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်နေချိန် လိင်ဆက်ဆံသင့်လား။ ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း ပိုများသွားပါတယ်။ ၂။ ရောဂါရှိနေသူက အမျိုးသမီးဆိုရင် မိန်းမကိုယ်အတွင်းသို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

လူရယ်လို့ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝမှာ လိင်မှုကိစ္စဆိုတာ မပါမဖြစ်ပဲမလား။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ၁။ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ အမြန်သန့်စင်ပေးပါ။ ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။ ၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။ ဒါကတော့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။ အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ လိင်အပျော်အပါး လိုက်စားသူတွေ လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။ ဘယ်အချိန်မှာ သွေးစစ်မလဲ။ HIV နဲ့ ကာလသားရောဂါတွေအတွက် အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၆လအကြာမှာ သွေးစစ်သင့်ပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား

လူတော်တော်များများက လိင်ဆက်ဆံပြီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ တကယ်တော့ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ အလျင်လိုစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာ သုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။ ဒါဆိုရင် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား တာက ဘာအကျိုးမှမရှိတော့ဘူးလား။ ထိုးသွင်းဆက်ဆံနေချိန်မှာ အကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။ လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်ပြီး ရောင်တာတွေ၊ မဖြစ်စေတော့ပါဘူး။ ဒီအချက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အကျိုးရှိပါတယ်။ ထိုးသွင်းဆက်ဆံမှုမရှိရင်ရော ဆီးသွားဖို့လိုအပ်လား။ တစ်ယောက်ကို တစ်ယောက် လက်နဲ့ပဲ အာသာဖြေတာဆိုရင်တော့ ဆက်ဆံခြင်းပြီးတာနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

ဒီလိုအဖြစ်အပျက်တွေဟာ အမြဲတမ်းဖြစ်နေကျ ကိစ္စတွေမို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက တစ်ခုခု ထိတ်လန့်စရာပေါ်လာရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တာ သဘာဝပဲလေ။ ဒါကြောင့် မတော်တဆဆိုသလို လိင်ဆက်ဆံနေတုန်း ကွန်ဒုံးပြဲသွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ အရင်ဆုံး အခြေအနေကို သေချာလေ့လာကြည့်ပါ။ ကွန်ဒုံးပေါက်ပြဲသွားတာ သိတာနဲ့ ချက်ချင်းထုတ်ပြီး အသစ်တစ်ခုလဲပါ။ ကွန်ဒုံးက လိင်တံပေါ်မှာ မကျန်နေဘဲ မိန်းမကိုယ်အတွင်းမှာ ညှပ်ကျန်နေခဲ့ရင် ဂရုစိုက်ပြီး ဆွဲထုတ်ပေးပါ။ သုက်မလွှတ်ခင် ပေါက်ပြဲသွားရင် လဲလိုက်ရုံနဲ့ အဆင်ပြေပေမယ့် သုက်လွှတ်ပြီးမှ သိတာဆိုရင်တော့ နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်။ မိန်းကလေးအနေနဲ့ အမြန်ဆုံးလုပ်သင့်တာကတော့ အိမ်သာထဲကို အမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ။ အထဲမှာရှိနေတဲ့ သုက်ရည်တွေ အပြင်ပြန်ထွက်လာအောင် မိန်းမကိုယ်ကြွက်သားကို ဖြည်းဖြည်းချင်းညှစ်ကြည့်ပါ။ ပြီးသွားရင် အိမ်သာမှာထိုင်နေရင်းနဲ့ပဲ ဆီးအမြန်သွားလိုက်ပါ။ အနည်းဆုံးတဲ့ မိန်းမကိုယ်မှာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။ တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြားသံယောဇဉ်ပိုတိုးစေနိုင်တယ်နော်။ ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။ ဥပမာ အမျိုးသားက အထဲမှာ သုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို အလျင်အမြန်သွားပြီး ဆေးကြောတတ်ကြပါတယ်။ တကယ်တော့ အထဲမှာသုက်လွှတ်ပြီးသွားဆိုရင် အမြန်ပြေးပြီး သန့်ရှင်းရေးလုပ်လို့လည်း ဘာမှမထူးတော့ပါဘူး။ စိတ်ကလောကြီးနေတာနဲ့ အထဲထိ လက်နဲ့နှိုက်ချွတ်ဆေးကြောနေရင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ Piquerism ဆိုတာဘာလဲ။ လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။ ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ ကပ်ကြေး၊ ဘောပင်၊ ခဲတံစတာတွေကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ အသားကို ဖြည်းဖြည်းချင်းလှီးရတာ၊ သွေးထွက်အောင် လုပ်တာ၊ နာကျင်အောင် ထိုးဆွနေရင် လိင်စိတ်ထကြွလာပါတယ်။ ဘယ်နေရာတွေကို အများဆုံးထိခိုက်ကြလဲ။ လိင်စိတ်ဖြေဖျောက်တဲ့ အမူအကျင့်ဖြစ်တာကြောင့် အမျိုးသား လိင်အင်္ဂါ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်း စုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံးကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့ သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ေတွ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ အရင်ဆုံး ပြဿနာကို ဖြေရှင်းမယ်။ ၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီး ကွန်ဒုံးကျန်နေလားဆိုတာကို စမ်းပါ။ ၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။ ၃။ ဆွဲထုတ်လိုက်တဲ့အခါ ကွန်ဒုံးက ပေါက်ပြဲနေတာမျိုး ရှိ၊ မရှိ အရင်စစ်ကြည့်ပါ။ ၄။ ကွန်ဒုံးကို လုံးဝထုတ်ပြီးသွားတဲ့အခါမှသာ ရေပန်းနဲ့ မိန်းမကိုယ်တွင်းကို သေချာဆေးကြောပါ။ ၅။ ကိုယ်က လက်နဲ့ ဆွဲထုတ်လို့မရဘူး၊ ဒါမှမဟုတ် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ သွေးထွက်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာကြောင့် မဟုတ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ စအိုအတွင်းသားနံရံမှာ ရှိတဲ့ တစ်ရှူးတွေဟာ နူးညံ့လွန်းတာကြောင့်၊ ထိုးသွင်းဆက်ဆံသူ အမျိုးသားရဲ့ လိင်အင်္ဂါက ကြီးလွန်းတာ သို့မဟုတ် ပြင်းပြင်းထန်ထန် လိင်ဆက်ဆံတာကြောင့် သွေးကတော့ ထွက်တတ်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ သွေးထွက်တာ အရမ်းများလွန်းတာ၊ ပန်းနုရောင် သွေးစလေးတွေ ထွက်လာတာ၊ ၂ရက်နဲ့အထက် ကြာတဲ့အထိ နေလို့ထိုင်လို့ အဆင်မပြေတာ၊ သွေးမတိတ်တော့တာ၊ ဝမ်းသွားရခက်ခဲတဲ့ အခြေအနေတွေ၊ အပြင်းအထန်ဖျားလာတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး ပြဿနာအရင်းအမြစ်ကို အဖြေရှာတာပါပဲ။ အဖြစ်များတဲ့ သွေးထွက်ရခြင်း အကြောင်းရင်းတွေ ၁။ စအိုအတွင်းသားနံရံ ပွန်းပဲ့ခြင်း (Anal Fissures) ထိုးသွင်းဆက်ဆံနေစဉ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း