အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

လိင်ပညာပေး ကို သင်မယ်ဆိုရင် သင့်စိတ်ထဲမှာ ဘာကို အရင်တွေးမိကြလဲ။ ဟင် ကလေးတွေကို လိင်ဆက်ဆံနည်း သင်ပေးတော့မလို့လား။ သားဆက်ခြားနည်းတွေ သင်ပေးတော့မှာလား။ ကလေးတွေတော့ အတတ်ကောင်းတွေ တတ်တော့မှာပဲလို့ တွေးနေမိတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေမှာ sex education အကြောင်းပြောရင် ဒီလိုပဲ စတွေးကြပါတယ်။ ဒါကြောင့်ပဲ လိင်ပညာပေးကို သင်ကြားတဲ့နေရာမှာ အခက်တွေ့နေကြတာပါ။ ဒီဆောင်းပါးမှာ လိင်ပညာပေးနဲ့ ပတ်သတ်ပြီး လူတွေ အထင်မှားတတ်တာကို ပညာရှင်တွေက ဘယ်လို ဖြေရှင်းထားလဲဆိုတာ ကြည့်ကြည့်ရအောင်။ လိင်ပညာပေးသင်လို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတတ်ကုန်မယ်။ ဘာကြောင့်လည်း မသိ။ လိင်ပညာပေးလို့ ပြောရင် ဒါကိုပဲ ပြေးပြေးမြင်ကြတယ်။ တကယ် လက်တွေ့ကျကျ လေ့လာကြည့်လိုက်တဲ့အခါ ပြီးပြည့်စုံတဲ့ လိင်ပညာပေးကို သင်ကြားခံထားရတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း

ကွန်ဒုံးကို ဘာလို့ အသုံးပြုသင့်လဲ။ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့ အသုံးပြုရခြင်း ဖြစ်ပါတယ်။ တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံး တစ်ခုသာ အသုံးပြုရပြီး သုက်လွှတ်ပြီးတာနဲ့ ဂရုတစိုက် လွှတ်ပစ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲသွားခဲ့ရင် အသစ်တစ်ခုကို အမြန်ဖြုတ်လဲဖို့ အရေးကြီးပါတယ်။ ကွန်ဒုံး ဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးနေခြင်း ရှိမရှိကို သေချာစစ်ဆေးပါ။ သက်တမ်းကုန်ဆုံးတဲ့ ကွန်ဒုံးကို ဘာလို့ အသုံးမပြုသင့်တာလဲ။ ကွန်ဒုံးတစ်ခု သက်တမ်းကုန်ဆုံးသွားတဲ့အခါ ထည့်သွင်းထားတဲ့ ချောဆီတွေဟာလည်း ခမ်းခြောက်သွားပြီး ပါးသွားတတ်ပါတယ်။ ဒီအခါ လိင်ဆက်ဆံနေရင်း ပေါက်ပြဲသွားနိုင်ခြေ ပိုများပါတယ်။ အဲဒီအခါ ကိုယ်ဝန်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။ ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးခြင်းအကြောင်း များသောအားဖြင့် ကွန်ဒုံးတွေသည် စတင်ထုတ်လုပ်ပြီးတဲ့အချိန်မှ စတင်၍ ၃ နှစ်မှ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ

ကွန်ဒုံးကို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့အတွက် လိင်ဆက်ဆံတဲ့အခါ အသုံးပြုရပါတယ်။ များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာတော့ ကွန်ဒုံးဆိုရင် ဝယ်ရမှာ သိပ်ရှက်ကြတယ်။ ဝယ်ပြီဆိုရင်လည်း စတိုးဆိုင်မှာ တွေ့တဲ့ တံဆိပ်လှမ်းဆွဲပြီး ဝယ်လိုက်တာပဲလေ။ ဒါက သိပ်ပြဿနာမရှိပေမဲ့ အသစ်အဆန်းလေးတွေ ကြိုက်တတ်တဲ့ ကိုယ့်လူတွေအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ သိထားသင့်တဲ့ ကွန်ဒုံး ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေကို ပြောပြပေးချင်ပါတယ်။ ၁။ မီးရောင်လက်တဲ့ ကွန်ဒုံး (Glow-In-The-Dark Condoms) အမှောင်ထဲမှာ ကြိုက်တယ်ဆိုပေမယ့် လုံးဝမှောင်နေတာမျိုး မကြိုက်တဲ့သူတွေအတွက် ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကွန်ဒုံးကတော့ သာမန်ကွန်ဒုံးတွေလို ပုံစံပါပဲ။ ဘာကွာသွားလဲဆိုတော့ နေရောင် သို့မဟုတ် မီးရောင်အလင်းထဲမှာ စက္ကန့် ၃၀ လောက် ထားပြီးမှ စွပ်ပြီး အမှောင်ထဲ ဝင်လိုက်ရင် ကွန်ဒုံးက နီယွန်မီးရောင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

ဓမ္မတာလာချိန် မှာ လိင်ဆက်ဆံခြင်း မပြုလုပ်သင့်ဘူး ဆိုတဲ့ သက်သေအထောက်အထား ယနေ့အချိန်ထိ မရှိသေးပါဘူး။ တချို့စုံတွဲတွေက ကြောက်တတ်ကြသလို တချို့ကတော့ ဓမ္မတာလာချိန် ကာမဆက်ဆံခြင်းဟာ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့  ထင်ကြပါတယ်။ လစဉ်ဓမ္မတာလာချိန်မှာ ချစ်တင်းနှောတာဟာ ကလေးမရနိုင်ဘူးလို့တော့ ယောင်လို့တောင် မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ရနိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်မှုနှုန်းဟာလည်း တခြားအချိန်တွေနဲ့ အတူတူပါပဲနော်။ ဓမ္မတာလာချိန် မှာ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးများ ရာသီလာချိန်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်ပျက်မှုတွေများတာကြောင့် ဖိုမ ဆက်ဆံတဲ့အခါမှာ ကောင်းတာတွေရှိပါတယ်။ ကိုက်ခဲမှုသက်သာခြင်း ဓမ္မတာလာတယ်ဆိုတာ သားဥအိမ်က ဥကြွေပြီး သားအိမ်နံရံတွေကွာကျတာပါ။ သားအိမ်နံရံ ကွာကျဖို့ရန်အတွက် သားအိမ်ကြွက်သားဟာ ညှစ်ရပါတယ်။ ဒါကြောင့် နာကျင်ရတာပါ။ လိင်ဆက်ဆံ လိုက်လို့ ဆန္ဒပြီးမြောက်ခြင်း (Orgasm)ဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ အမျိုးသမီးအများစုက ဖြေထားကြပါတယ်။ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကြွက်သားက ညှစ်ပြီးဖြေလျော့လိုက်တဲ့အတွက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ Bပိုး၊ Cပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့မရပါဘူး။ ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်‌ဆေးချင်ရင်‌တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို စိတ်ဝင်စားခြင်း (Bisexuality)

၂၁ ရာစုမှာ ကျွန်တော်တို့ ဘိုးဘေးဘီဘင် လက်ထက်တုန်းကလို ယောက်ျားဆိုရင် မိန်းမပဲ ကြိုက်ရမယ်၊ မိန်းမဆိုရင်လည်း ယောက်ျားကိုပဲ ကြိုက်ရမယ့် ဆိုတဲ့ ရှေးခေတ် အယူဝါဒတွေ မရှိသလောက် နည်းလာပါပြီ။ ဒါပေမယ့်လည်း တချို့လူတွေအတွက် ဒါကို မှားယွင်းတဲ့ သဘာဝလွန် အပြုအမူ၊ အတွေးအခေါ်တွေလို့ ထင်မြင်နေကြဆဲပါပဲ။ ဒါကတော့ ကိုယ် ယုံကြည်ထားတာနဲ့ ဆန့်ကျင်နေတဲ့ အရာဆိုရင် လက်မခံချင်တတ်တဲ့ လူ့သဘာဝဖြစ်တာကြောင့် သိပ်ပြီးတော့ မပြောလိုပါဘူး။ ဒီဆောင်းပါးမှာ လိင်စိတ်တိမ်းညွှတ်မှုထဲက လိင်တူကိုရော လိင်ကွဲကိုပါ စိတ်ဝင်စားတတ်တဲ့ သူတွေအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဝေခွဲမရဖြစ်နေတဲ့သူတွေရယ်၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မသိနားမလည်တဲ့သူတွေအတွက် ဗဟုသုတဖြစ်စေလိုတဲ့ စိတ်နဲ့ ရေးရခြင်းဖြစ်ပါတယ်။ အကယ်လို့ ကိုယ့်ကိုယ်ကိုယ် ဒါမျိုး ကိစ္စတွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား၊ မွေးဖွားလာမယ့် ကလေးကိုရော ထိခိုက်နိုင်လား

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံ ခြင်းဟာ အန္တရာယ်ကင်းရဲ့လား စုံတွဲတော်တော်များများဟာ ကိုယ်ဝန်ဆောင်ထားစဉ်မှာ လိင်ဆက်ဆံမှု ပြုကြဖို့ကို အနည်းငယ် ထိတ်လန့်နေတတ်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့ဆန္ဒတွေကိုလည်း ထိန်းချုပ်ထားဖို့ မတတ်နိုင်ကြပါဘူး။ တစ်ဆက်တည်းမှာလည်း မွေးဖွားလာမယ့် ရင်သွေးလေးအတွက်လည်း စိုးရိမ်နေတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံသယကင်းကင်းနဲ့ လိင်ဆက်ဆံမှုပြုလုပ်ကြစေဖို့အတွက် လူအများစိတ်ဝင်တစားမေးမြန်းထားကြတဲ့ မေးခွန်းလေးတွေရဲ့ အဖြေတွေကတော့ ….. (၁) ကိုယ်ဝန်ဆောင်စဉ် အမျိုးသားလိင်အင်္ဂါနဲ့ ထိုးသွင်းဆက်ဆံခြင်းဟာ အန္တရာယ်ကင်းပါ့မလား အဖြေကတော့ ကင်းပါတယ်။ ထိုးသွင်းနေစဉ်မှာ သားအိမ်ဟာ လှုပ်ရှားမှု အနည်းငယ်ဖြစ်သွားတာကို ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ကလေးကို သွားထိခိုက်ပြီလားလို့ စိုးရိမ်တတ်ကြပါတယ်။ သားအိမ်ဟာ ကိုယ်ဝန် ဆောင်နေစဉ်မှာ ယခင်သာမန်အချိန်တွေထက် ရွေ့လျားနိုင်မှု မြင့်ပါတယ်။ ဒါ့အပြင် သန္ဓေသားဟာလည်း အထပ်ထပ်ကာရံမှုတွေနဲ့ ကောင်းမွန်စွာကြီးထွားနေမှာပါ။ ဒီတော့ဆရာဝန်က လိင်ဆက်ဆံဖို့ တားမြစ်ထားတဲ့ အခြေအနေတွေကလွဲလို့ ကျန်ပုံမှန်အခြေအနေတွေမှာ ကိုယ်ဝန်ဆောင်လိင်ဆက်ဆံခြင်းဟာ အဆင်ပြေပါတယ်။ အားနည်းနေတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ခြင်း

လိင်မှတဆင့်ကူးစက်တတ်သောရောဂါဆိုတာဟာ လူအချင်းချင်းလိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ ထိတွေ့ကိုင်တွယ်ခြင်းလည်း အကျုံးဝင်ပါတယ်။ အရေပြားပေါ် ထိတွေ့ခြင်းကနေလည်း ကူးစက်နိုင်လို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေဟာ ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ် သန်းနဲ့ချီပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မိမိတို့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုပြုကြရင် ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးက ရောဂါပိုးရှိမယ်ထင်ရသူနဲ့ လိင်ဆက်ဆံထိတွေ့ခြင်းကနေ ရှောင်ရှားနိုင်ဖို့ပါပဲ။ ဒါဟာလည်း ပြောရခက်ပါတယ်။ လက်တွေ့မှာ ရောဂါပိုး ရှိမရှိ အပ်ကျမတ်ကျမပြောနိုင်တဲ့ အခြေအနေမှာ တခြားကာကွယ်စရာ နည်းလမ်းတွေ ထပ်မံကျင့်သုံးရပါမယ်။ လိင်ဆက်ဆံမှုမတိုင်မီ ကာကွယ်ခြင်း ထိရောက်မှုရှိတဲ့ ကာကွယ်ခြင်းဟာ လိင်ဆက်ဆံမှုမတိုင်ခင်ကတည်းက စတင်ပါတယ်။ လိင်ဆက်ဆံခြင်းမတိုင်ခင် အောက်ပါအချက်တွေလုပ်ဆောင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ - တတ်နိုင်သလောက် လိင်ဆက်ဆံသည့် အဖော်အရေအတွက် လျှော့ချခြင်း - မိမိဆက်ဆံမည့်အဖော်ကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား

လိင်ကျန်းမာရေးနဲ့ မျိုးဆက်ပွားကျန်းမာရေးအကြောင်း မစတင်ခင်မှာ အမျိုးသားတွေရဲ့ လိင်အင်္ဂါနဲ့ ဆက်စပ်နေတဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ပုံအကြောင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ ဝှေးစေ့သည် အမျိုးသားအတွက် မရှိမဖြစ်လိုအပ်တဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း (Testosterone) အပြင် သုက်ပိုးကောင်တွေကိုပါ သိုလှောင်သိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့်လည်း တချို့သောအမျိုးသားတွေအနေနဲ့ ဝှေးစေ့အရွယ်အစားသေးငယ်နေတဲ့အခါ ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်လားဆိုပြီး မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ဝှေးစေ့အနေအထား အမျိုးသားလိင်အင်္ဂါရဲ့ အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်ဘက်တစ်လုံး၊ ညာဘက်တစ်လုံး အနေနဲ့ တည်ရှိပါတယ်။ ပုံမှန်အားဖြင့် ဘယ်ဘက်ဝှေးစေ့သည် အောက်ကို ပိုတွဲကျနေတတ်ပြီး ညာဘက်ဝှေးစေ့က အပေါ်နားနည်းနည်းရောက်ပြီး ပိုကြီးနေတတ်ပါတယ်။ တချို့အမျိုးသားတွေမှာတော့ ဒီအနေအထားနဲ့ ဆန့်ကျင်ဘက်ဖြစ်တတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ အရွယ်အစားဟာ အရေးကြီးလား။ ဝှေးစေ့သည် သုက်ပိုးတွေကို သိုလှောင်သိမ်းဆည်းထားတယ်ဆိုတာ မှန်ပေမဲ့ ဝှေးစေ့ပိုကြီးခြင်းကြောင့် မျိုးအောင်နိုင်စွမ်း ပိုကောင်းတယ်ဆိုတာတော့ မဟုတ်ပါဘူး။ မျိုးရိုးဗီဇ၊ လူတစ်ယောက်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သတို့သားလောင်း၊သတို့သမီးလောင်းတို့ ရွှေလက်မတွဲခင် ဘာတွေပြင်ဆင်ကြမလဲ။

ဝါကျွတ်ပြီဖြစ်တဲ့အတွက် လက်ထပ်ကြတော့မယ့် ကိုကိုမမတို့အားလုံးရင်ခုန်နေကြပြီထင်ပါတယ်။ မင်္ဂလာဆောင်အတွက် နှစ်ယောက်လုံး လုံးပန်းပြင်ဆင်နေရင်း တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးတာတွေ၊ သွေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးရမှာတွေကို မေ့လျော့နေကြပြီလား။ ဒါဆိုရင် မင်္ဂလာဆောင်ခင် အနည်းဆုံး ကျန်းမာရေးအတွက် လုပ်သင့်၊ စစ်သင့်တာလေးတွေကိုဖော်ပြလိုက်ပါတယ်။ ၁။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် စစ်ဆေးမယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ အိပ်ဂျ်အိုင်ဗီပိုး၊ ကာလသားရောဂါ စသဖြင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများအတွက် နှစ်ယောက်လုံး စစ်ဆေးဖို့လိုပါတယ်။ ကိုယ့်ချစ်သူကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုရင်တောင် ဒီလိုရောဂါတွေဟာ လိပ်ဆက်ဆံခြင်းကနေသာ ကူးစက်နိုင်တာ မဟုတ်ဘဲ မသန့်တဲ့သွေးသွင်းမိတာတွေ၊ အလှပြင်ဆိုင်က မသန့်တဲ့ခြေသည်းညှပ်၊ ဆံပင်ညှပ်ဆိုင်က ဘရိတ်ဓား၊ တက်တူးထိုးတာတွေကနေ ကူးစက်နေနိုင်တာကြောင့် လက်မထပ်သေးခင် စစ်ဆေးထားပြီး လိုအပ်တဲ့ကုသမှုတွေခံယူထားတာအကောင်းဆုံးပါ။ ၂။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားမယ်။ (က)အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးဟာ ကလေးဘဝထဲက အပြည့်ထိုးရပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတဲ့ချိန်မှာလည်း ဘီပိုးကာကွယ်ဆေး ပြန်ထိုးဖို့လိုပါတယ်။ မထိုးခင်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း