ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ပြီး အချိန်ဘယ်လောက်အကြာတွင် နောက်တစ်ကြိမ် ပြန်စနိုင်သလဲ

အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားသူများကတော့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။ လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။   အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မှ ၄၀ ကြား လိုအပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သို့သော် လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်။ ကျွန်ုပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မဆက်ဆံခင် ရှောင်ရှားသင့်သော အချက်၅ချက်

လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် လိုအပ်တယ်လို့ သိပ္ပံပညာရှင်များက သက်သေပြခဲ့ကြပါတယ်။ ကျွန်ုပ်တို့ လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်အနေနဲ့ လိင်မှုကိစ္စ လိုအပ်ပါတယ်။ လိင်မှုကိစ္စမပြုလုပ်ခင် အမှန်တကယ်ကို ရှောင်ရှားသင့်တဲ့ အရာများစွာရှိပါတယ်။ ၎င်းတို့အနက်မှ ၅ခုအကြောင်းကို ယခု ဆောင်းပါးတွင် ကျွန်ုပ်တို့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစားအများကြီး မစားပါနဲ့ သင့်ဗိုက်ထဲမှာ အစာတွေအများကြီး (အထူးသဖြင့် ကစီဓါတ်နဲ့ အမျှင်ဓါတ်များတဲ့ အစာ) ရှိခြင်းဟာ သင့်ကို အိပ်ငိုက်စေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အသီးအရွက်တွေနဲ့ သက်သတ်လွတ် အစာတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေသော်လည်း လိင်မှုကိစ္စမပြုလုပ်မီ ၂နာရီ ၃နာရီအလိုမှာ ကစီဓါတ်နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မရည်ရွယ်ဘဲ ဗိုက်ထဲမှာ လေပွပြီး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဗီတာမင်ဓါတ်များနှင့် လိင်ကျန်းမာရေး

ငယ်ရွယ်တဲ့ အမျိုးသားအားလုံးနီးပါးဟာ ချစ်တင်းနှော လိုစိတ် ဆန္ဒခွန်အားပြင်းထန်မှုနှင့် လိင်မှုကိစ္စတွင် ယောက်ျားပီသစွာ စွမ်းဆောင်နိုင်စွမ်း စတာတွေကို အမှန်တကယ် အလိုရှိနေကြပါတယ်။ သို့သော် အမျိုးသားများဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ရာ ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးမျိုးသော အချက်တွေဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ၊ အသက်အရွယ် ဆိုင်ရာ သို့မဟုတ် ဖျားနာခြင်း စတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အမြဲတမ်းလွှမ်းမိုးနေပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် လွှမ်းမိုးနေတဲ့ အသက်အရွယ်နှင့် မျိုးရိုးဗီဇကဲ့သို့ ရှောင်လွှဲလို့ မရသော အချက်တွေ မှလွဲ၍ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်တက်စေတဲ့ နည်းလမ်းကတော့ လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေကို လုံလောက်စွာ စားပေးခြင်းပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ဗီတာမင်ဓါတ်တွေဟာ သင့်ရဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် […]


သားဆက်ခြားခြင်း

အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး

သန္ဓေတားခြင်း ဆိုတာ အစီအစဉ်မချဘဲ ကိုယ်ဝန်ရသွားမည်ကို ကာကွယ်ချင်သောကြောင့် ကိုယ်ဝန်တားခြင်းကို ဆိုလိုပါတယ်။ ကိုယ်ဝန်တားနည်း များစွာရှိပါတယ်။ ဆေးသောက်ခြင်း၊ ကိုယ်ဝန်တားသည့် ပစ္စည်းများကို ထည့်၍ ကိုယ်ဝန်တားခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု များပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ သင့်ရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ နောက်ပိုင်းလိုချင်သော ကလေးအရေအတွက်၊ သင့်ရဲ့ ကျန်းမာရေး အခြေအနေနှင့် အခြားသောအချက်များအပေါ် မူတည်ပြီး သင့်ရဲ့လိင်မှု ကိစ္စဆိုင်ရာ အတွက်ထောက်ပံ့ပေးနိုင်မယ့် ကိုယ်ဝန်တား နည်းလမ်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပေါင်းပြီး ရွေးချယ်နိုင်ပါတယ်။ အောက်ပါတို့ဟာ အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုးအကြောင်းကို ဖော်ပြပေးထားပါတယ်။ အသုံးများသော ကိုယ်ဝန်တားနည်း ၅မျိုး အသုံးများသော ကိုယ်ဝန်တားနည်း တွေကတော့ ကိုယ်ဝန်တားဆေးများ သင့်ရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ဒီဆေးတွေ မသောက်ခင်မှာ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်တဲ့ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ပိုးကူးစက်ခြင်းများ

လတ်တလော လေ့လာတွေ့ရှိချက်များ အရလိင်ပိုင်းဆိုင်ရာ တက်ကြွမှု ရှိတဲ့ လူအများဟာ သူတို့ရဲ့ လိင်မှု ဆိုင်ရာ ဘဝမှာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို အကြိမ်ပေါင်းများစွာ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုလိင်ဆက်ဆံခြင်း အမျိုးအစားဟာဆိုရင် စုံတွဲတွေရဲ့ ကြားကရင်းနှီးဆက်သွယ်မှုကို ပိုပြီး ကောင်းမွန်လာစေနိုင်ပါတယ်။ သို့သော် အကာအကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာဆိုရင် ရောဂါပိုးကူးစက်ခြင်း အမျိုးအစား အချို့ကို ရရှိနိုင်တယ်ဆိုတာကို သိရပါမယ်။ ယခုဖော်ပြပါ စာစောင်မှာဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ရောဂါပိုးကူးစက်ခြင်း အန္တရာယ်တွေအကြောင်းကို ပြောပြမှာ ဖြစ်ပါတယ်။   ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းနှင့် ၎င်း၏ အမျိုးအစားများ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ပါးစပ်၊ နှုတ်ခမ်းနှင့် လျှာ စတာတွေကို သုံးပြီး လိင်ဆက်ဆံဘက်ရဲ့ မျိုးပွားအဂါၤနဲ့ ၎င်းအဂါၤတစ်ဝိုက်ကို လှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ်။ ၎င်းနည်းအားဖြင့် လိင်ဆက်ဆံခြင်းကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ

စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်ဆက်ဆံမှုပုံစံများ လိင်မှုဘဝကို အမြဲစိတ်လှုပ်ရှားစရာ ဖြစ်အောင် လုပ်ထားနိုင်ခြင်းကကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ထားဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ကိုယ်တွေရဲ့ ချစ်ခရီးကိုသမားရိုးကျ ဘောင်တွေထဲကနေဆွဲထုတ်ပြီးပျော်ရွှင်နိုင်ဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ခုပြောမယ့် လိင်ဆက်ဆံမှု ပုံစံတွေကတော့ ကိုယ့်ရဲ့ လိင်မှုဘဝကို ပိုပြီးရင်ခုန်စိတ်လှုပ်ရှားစေပါလိမ့်မယ်။ ၁။ မြန်ဆန်စွာဆက်ဆံခြင်း မြန်ဆန်တဲ့ လိင်ဆက်ဆံမှုဟာသွေးထဲမှာAdrenalieဟော်မုန်းကိုရုတ်တရက် အများကြီးတက်စေပါတယ်။ အဲဒါကကိုယ်ရောကိုယ့်အဖော်ကိုပါ ငလျင်တစ်ခုလိုလှုပ်ခတ်သွားစေနိုင်ပြီးဆက်ဆံမှုအပြီးမှာဒူးတွေ အားနည်းပြီး ဖြစ်ကျန်နေခဲ့တတ်ပါတယ်။ ခပ်သွက်သွက် ဆက်ဆံခြင်းကကိုယ့်အဖော်ကိုကိုယ်ကဘယ်လောက်ထိတပ်မက်တယ်ဆိုတာကို ပြသလိုက်တာ ဖြစ်လို့ နှစ်ဦးသားဆက်ဆံရေးကိုလည်းအဆင်ပြေချောမွေ့စေတယ်။ တစ်နေကုန် စိတ်ဖိစီးမှုအပြည့်နဲ့ အလုပ်လုပ်ပြီးတဲ့နောက်မှာအချိန်လည်းသိပ်မယူ၊ အဝတ်အစားတွေတောင် ချွတ်မနေတော့ဘဲ မြန်ဆန်တဲ့ ချစ်တင်းနှောမှုတစ်ခုလုပ်လိုက်ခြင်းကဆေးတစ်ခွက်သောက်ရသလိုကိုယ့်ကိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာအရလန်းဆန်းစေပါလိမ့်မယ်။ ဒီလိုပုံစံမျိုး မြန်မြန်ဆန်ဆန် ဆက်ဆံမယ်ဆိုရင် ချောဆီတခုခုဆောင်ထားဖို့တော့ မဖြစ်မနေလိုမှာဖြစ်ပါတယ်။   ၂။ သရုပ်ဆောင်ပြီးဆက်ဆံခြင်း ကိုယ်မဟုတ်တဲ့ ခြားနားတဲ့ စရိုက်ပုံစံမျိုးသရုပ်ဆောင်ပြီးဆက်ဆံခြင်းကလည်းကိုယ့်ရဲ့ လိင်မှုဘဝပျော်ရွှင်မှုကို နောက်တစ်ဆင့် တက်စေနိုင်ပါတယ်။ ဒီပုံစံကကိုယ့်ကိုထူးခြားမှုတခုခုလုပ်ဖြစ်စေရုံတင်မကဘဲကိုယ့်နေ့စဉ်ဘဝမှာ ပြုလုပ်နေရတဲ့ ချုပ်တည်းမှုတွေကိုလည်းလျော့ပါးစေပါတယ်။ ဥပမာအားဖြင့် တစ်ယောက်ကဘာအတွေ့အကြုံမှ မရှိသေးတဲ့ပုံစံသရုပ်ဆောင်ပြီးနောက်တစ်ယောက်ကဦးဆောင်သွားတာမျိုး၊ […]


HIV နှင့် AIDS ရောဂါ

သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ

ထူးဆန်းတယ်လို့ထင်ရပေမယ့် သွေးအမျိုးအစားများနှင့် လိင်ပိုင်းဆိုင်ရာ မျိုးပွားမှု ကျန်းမာရေးဟာ ဆက်နွယ်မှုရှိပါတယ်။ သွေးအမျိုးအစားပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို အောက်ဖော်ပြပါအချက်အလက်များဖြင့် သိရှိနိုင်ပါတယ်။ နောက်ခံသမိုင်း ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Tehran-Iron ရှိ သွေးဌာနတွင် လှူဒါန်း ထားသောသွေးများတွင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြား ဆက်နွယ်မှုရှိမရှိ လေ့လာမှု (၁)ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်ကတော့ သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့်ကူးစက်သောရောဂါများကြား ဆက်နွယ်မှုရှိ/မရှိကို လေ့လာခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကူးစက်ရောဂါတွေကတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) နှင့် ကာလသား ရောဂါတို့ ဖြစ်ပါတယ်။ လေ့လာမှုနည်းလမ်းများ လေ့လာမှုကို Tehran Blood transfusion Centre (TBTC) မှာနောက်ပြန်ခြေရာကောက်စစ်ဆေးမှုပုံစံနှင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်စောခြင်း ဖြစ်နေပါသလား။ ဒါကို ဘယ်လို ကုသမလဲ။

အိပ်ခန်းထဲမှာ သုက်အလွှတ်မြန်လို့ ရှက်ရွံ့မှုကို ခံစားနေရပါသလား။ ဒါကို အချိန်မတိုင်မီ သုက်လွှတ်ခြင်း သို့မဟုတ် သုက်လွှတ်စောခြင်း လို့ ခေါ်ပါတယ်။ သုက်လွှတ်စောခြင်း ဘာကြောင့်ဖြစ်တာလဲ။ လှုံ့ဆော်မှု လွန်ကဲတဲ့အခါ အချိန်မတိုင်မီ သုက်လွှတ်ခြင်း အဖြစ်များပါတယ်။ ဒါပေမယ့် အချိန်မတိုင်မီ သုက်လွှတ်တတ်တဲ့ လူတွေဟာ လှုံ့ဆော်မှု အနည်းငယ်နဲ့တောင်မှ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါဟာ စိတ်ကျေနပ်ဖွယ်မကောင်းတဲ့ လိင်ဆက်ဆံမှုကို ဖြစ်ပေါ်စေပြီး နှစ်ဖက်လုံး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေကို စိတ်ခံစားမှုတွေက ပိုမိုဆိုးဝါးစေပါတယ်။ စိတ်ပူပန်မှု၊ အပြစ်တင်မှု၊ စိတ်ကျမှုတွေဟာ ဒါကို ပိုဆိုးစေပါတယ်။ သုက်လွှတ်စောခြင်းက အမျိုးသားတွေအတွက် အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါက အမျိုးသားတွေရဲ့ ဘဝတလျှောက်မှာ တစ်ချိန်ချိန်မှာ ကြံရနိုင်ပေမယ့် အမျိုးသားတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ လိင်ဆက်ဆံစဉ်မှာ သုက်လွှတ်စောခြင်း ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုဘ၀ စိတ်လှုပ်ရှားစရာပိုကောင်းစေလာမယ့် နည်းသုံးနည်း

၁။ အိမ်မှာရှိတဲ့အိပ်ရာအပြင် အခြားနေရာအနှံ့အပြား အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်ပြီး ဇိမ်ကျတာကြောင့် အိပ်ရာပေါ်မှာ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခြား စကားနဲ့ ပြောရရင် လူတိုင်းကတော့ မီးဖို၊ ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာ လိင်ဆက်ဆံခြင်းကို မကြိုက်နှစ်သက်ကြပါဘူး။ ဒါဟာ အိပ်ရာထဲမှာ လိင်ဆက်ဆံခြင်းဟာ ပျင်းစရာကောင်းတယ်လို့ မဆိုလိုပါဘူး။ လိင်ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီဝတ်ပြီး သော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ အရုပ်တွေ အသုံးပြုခြင်းနဲ့သော်လည်းကောင်း အရာရာကို အရှိန်မြှင့်တင်နိုင်ပါတယ်။ သင်ဟာ စွန့်စားမှုတွေကို ကြိုက်နှစ်သက်တဲ့ အမျိုးသား (သို့) အမျိုးသမီးတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် (သို့) အသစ်အဆန်းတစ်ခုကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အိပ်ရာမဟုတ်တဲ့ အခြားနေရာတွေမှာ လိင်ဆက်ဆံကြည့်ဖို့ မရှက်ပါနဲ့။ လှေကားထစ်တွေပေါ်မှာ (သို့) မီးဖိုကြမ်းပြင်ပေါ်မှာ လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့ လိင်မှုဘဝကို ပိုမိုလေးနက်စေပါတယ်။   ၂။ သင့်ကိုယ်ခန္ဓါ အကြောင်း ကလေးမွေးပြီးရင် စုံတွဲတွေဟာ လိင်ဆက်ဆံဖို့ကို တွန့်သွားတတ်ကြပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း