ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သင့်ရဲ့ လိင်အဂါၤတောင့်တင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိသော အစားအသောက်များ

မှန်ကန်သင့်တင့်မှုမရှိသော အစားအသောက်များစားခြင်းဟာ အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအပေါ်မှာ မကောင်းသော အကျိုးသက်ရောက်မှု တွေကိုစေနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ အချို့သော အစားအသောက် အမျိုးအစားတွေဟာ အမျိုးသားများရဲ့ testosterone ဟော်မုန်းပမာဏကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး သက်ရောက်လျက်ရှိပါတယ်။ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ရရှိစေရန် သို့မဟုတ် လိင်အဂါၤကောင်းမွန်စွာ တောင့်တင်းစေရန်အတွက် လိင်အဂါၤတောင့်တင်းမှု ကိုထိခိုက်စေတဲ့ အစားအသောက်များ ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ သင်တို့အမျိုးသားတွေကို အဆိုးဝါးဆုံးဖြစ်စေမယ်လို့ ယူဆရပါတယ်။   အသားများ အမျိုးသားများရဲ့ နှလုံးပေါ်ကို ထိခိုက်စေတဲ့ အစားအသောက်တွေဟာ သူတို့ရဲ့ လိင်အဂါၤ တောင့်တင်းမှုပေါ်မှာလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုသေတနပြုချက် များအရ သက်သေပြလျက်ရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းဟာဆိုရင် လိင်အဂါၤကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကျန်းမာရေးကောင်းမွန်ရန် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပြောင်းပြန်သုက်လွှတ်ခြင်း၊ ဆီးအိမ်ထဲသို့ သုက်ဝင်သွားသည့်အခါ

ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်စိတ်အထွတ်အထိပ်ရောက်စဉ်မှာ သုက်ရည်တွေ လိင်တံကို ဖြတ်သန်းသွားရမယ့်အစား ဆီးအိမ်ထဲကို ဝင်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ကိုတော့ ရောက်ပေမယ့် သုက်ရည် အနည်းငယ်သာ (သို့) လုံးဝ ထုတ်လွှတ်ခြင်း မရှိပါဘူး။ ဒါကို Dry orgasm လို့ ခေါ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ် မရှိပေမယ့် အမျိုးသားတွေမှာ မြုံခြင်းကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ လိင်တံထောင်မတ်ခြင်း (သို့) လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို သက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် လိင်စိတ်အထွတ်အထိပ်ရောက်တဲ့အခါမှာတော့ သုက်ပိုးတွေဟာ လိင်တံကနေ ထွက်လာရမယ့်အစား ဆီးအိမ်ထဲကို ဝင်သွားတာဖြစ်ပါတယ်။ ပြီးသွားရင် ဆီးတွေမှာ သုက်ရည်ပါဝင်တာကြောင့် အရောင်နောက်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြောင်းပြန်သုက်လွှတ်ခြင်းဟာ အန္တရာယ်မရှိပေမယ့် ကလေးလိုချင်ရင်တော့ ကုသဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်မှာ ဒီအခြေအနေရှိနေခဲ့ရင် ကုသဖို့ လိုအပ်တဲ့ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ

လူအတော်များများမှာ အခြားသူတွေကို မပြောတဲ့အကြောင်းတွေ (ဥပမာ လိင်ဆက်ဆံမှုဆိုင်ရာ အကြောင်းအရာများ) ရှိပြီး အခြားသူတွေနဲ့ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မျှဝေလို့ မရပါဘူး။ ဒါကြောင့် အချစ်ဆုံးသူငယ်ချင်းကို မေးမယ့်အစား Google ကိုပဲ မေးသင့်ပါတယ်။ တကယ်လို့ သူ့လိင်တံဟာ အလွန်ကြီးမားနေတယ်ဆိုရင် (သို့) အလွန်သေးတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။ ဒီအကြောင်းကို ပြောပါ။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ မရှက်သင့်ပါဘူး။ အရမ်းသေးနေပြီး သင့်ကို သာယာမှု မရစေဘူးဆိုရင် သူသင့်ကို အခြားနည်းတွေနဲ့ သာယာအောင် လုပ်ပေးနိုင်ပါတယ်။ လက်နဲ့ (သို့) ပါးစပ်နဲ့ သာယာမှု ရအောင် လုပ်ရာမှာ ကျွမ်းကျင်သူ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြောင်းပြန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ချောဆီ အများကြီးအသုံးပြုနိုင်ပြီး ဖြည်းညင်းစွာ ပြုလုပ်နိုင်ပါတယ်။ အမျိုးသမီးဟာ အရှိန်ကို ထိန်းနိုင်ပြီး သာယာမှုရအောင်ညှိနိုင်တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ အချိန်မတန်ခင်သုက်လွှတ်ခြင်း ဟာ စိတ်ရှုပ်စရာကောင်းပါတယ်။ စိတ်လှုပ်ရှားနေခြင်းဟာ ဒီပြဿနာရဲ့ အဓိကအကြောင်းရင်း ဖြစ်တတ်ပါတယ်။ အချိန်မတန်ခင်သုက်လွှတ်ခြင်း ဟာ အမျိုးသားတွေမှာ လိင်ဆက်ဆံမှုရဲ့အစမှာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အနည်းငယ် ရရှိရုံနဲ့ သုက်လွှတ်ခြင်းကို ဆိုလိုပါတယ်။ အချိန်မတန်ခင် သုက်လွှတ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း တစ်မျိုးဖြစ်ပါတယ်။ ဆရာဝန်တွေက အမျိုးသားတွေရဲ့ ၂၀-၃၀% လောက်ကအချိန်မတန်ခင် သုက်လွှတ်ခြင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ အချိန်မတန်ခင် သုက်လွှတ်တတ်တဲ့ အမျိုးသားတွေဟာ ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ စိတ်ဖိစီးခြင်း၊ စိုးရိမ်စိတ်များ ခြင်း၊ စိတ်မထိန်းချုပ်နိုင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဖြစ်စေတဲ့အကြောင်းရင်းများ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှုနဲ့ ပတ်သက်နေတဲ့ လိင်ဆက်ဆံမှုတွေမှာ အဖြစ်များပြီး လူမြင်မှာ စိုးတာကြောင့် အမြန်ပြီးဖို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဆယ်ကျော်သက်အရွယ်လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သည့် ယုံတမ်းစကားများ

ဆယ်ကျော်သက်တွေကြားမှာ ပြန့်နှံ့နေတဲ့ ယုံတမ်းစကားတွေ များစွာ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးဟာ မှန်ကန်ခြင်း မရှိပါဘူး။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး မှားယွင်းစွာ နားလည်ထားခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။   လိင်အာသာဖြေခြင်းဟာ မြုံစေတယ်။ လိင်အာသာဖြေခြင်းဟာ လူတွေ နှစ်သက်စွာပြုလုပ်တတ်တဲ့ ပုံမှန်အပြုအမူ တစ်ခုဖြစ်ပြီး မြုံခြင်းနဲ့ လုံးဝဆက်စပ်မှု မရှိပါဘူး။ အခြားတစ်ဖက်မှာတော့ ဆယ်ကျော်သက်တွေကို လိင်အာသာဖြေခြင်းကနေ ပိတ်ပင်ခြင်းဟာ အခြားဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။   အပျိုတစ်ယောက်ဟာ သူမပထမဆုံး လိင်ဆက်ဆံစဉ် သွေးထွက်တတ်ပါတယ်။ Hymen ဟာ ထိခိုက်ဒဏ်ရာရနိုင်တဲ့ ပါးလွှာတဲ့ အရေပြား တစ်ခုဖြစ်ပါတယ်။ အားကစားလုပ်ရင်၊ စက်ဘီးစီးရင် (သို့) ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရင် hymenဧာ သွေးထွက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု တစ်ခုတည်းကပဲ သွေးထွက်စေတာ မဟုတ်ပါဘူး။   သုက်ပိုးတစ်စက်ဟာ သွေးအစက်လေးဆယ်နဲ့ ညီမျှတယ်။ ဒီယုံတမ်းစကားကိုတော့ လူတွေကို လိင်အာသာဖြေခြင်းကနေ တားမြစ်ဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လူအတော်များများက အပျိုစင်ဘဝ လူပျို၊ အပျိုဘဝကို ဆုံးရှုံးဖို့ မှန်ကန်တဲ့အချိန်ဟာ လက်ထပ်တဲ့ ညလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအချိန်အထိစောင့်ဖို့ဟာ မလွယ်ကူမှန်း သိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက သူ (သို့) သူမ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံဟာ ဘယ်လောက်ကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့ရင်ပဲ ဖြစ်ပါတယ်။ အဖြေကတော့ သင့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေနဲ့ ဘာသာတရား လက်ခံမှုအပေါ်မှာ မူတည်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့အချင်းချင်းဆက်ဆံမှုမှာ ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ရင့်ကျက်လာပြီး ချစ်သူနဲ့ စတင်ချိန်းတွေ့ချိန်တွေမှာ ဖြစ်ပါတယ်။ လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ လိင်ဆက်ဆံမှု အစပြုသင့်တဲ့ အသက်အရွယ်ရယ်လို့ အတိအကျ မရှိပါဘူး။ လူတချို့က သူတို့ချစ်တဲ့သူတွေ့တဲ့အထိ (သို့) လက်ထပ်ပြီးတဲ့အထိ (သို့) အခြေကျတဲ့အထိ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများ မငြင်းဆန်နိုင်သော အမျိုးသားများ

အမျိုးသားတစ်ယောက်မှာ အမျိုးသမီးတွေက အထင်ကြီးစေဖို့ ဘယ်အချက်အလက်တွေ လိုအပ်ပါသလဲ။ လေ့လာမှုတစ်ခုအရ အောက်ဖေါ်ပြပါ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်တဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသမီးတွေ ငြင်းဆန်နိုင်ဖို့ ခက်ခဲပါတယ်လို့ ဆိုပါတယ်။ ၁။ အမျိုးသမီးတွေဟာ ဉာဏ်ကောင်းတဲ့ အမျိုးသားတွေကို ကြိုက်နှစ်သက်ကြပါတယ်။ သူ့မှာ စိတ်ဝင်စားစရာကောင်းပြီး ဉာဏ်သုံးရတဲ့ စကားပြောဆိုမှုတွေ ရှိပြီး့ အမျိုးသမီးတွေရဲ့ တုန့်ပြန်မှုပေါ်ကို အာရုံစိုက်တတ်တဲ့ နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို ရယ်မောအောင်လုပ်နိုင်တဲ့ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး နိုင်ငံရေးတွေကို စိတ်ဝင်စားအောင် ပြောတတ်တဲ့ တမူထူးတဲ့ စွမ်းအင်ကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပျင်းစရာမကောင်းလောက်အောင် နာရီပေါင်းများစွာ စကားပြောနိုင်သူလည်း ဖြစ်ပါတယ်။ ဘာလို့ ဒီလိုအမျိုးသားမျိုးဟာ ဆွဲဆောင်မှု ရှိရတာလဲ။ အမျိုးသမီးတွေဟာ သူတို့နဲ့ ဆက်ဆံရေးမှာ အသိပညာကြွယ်ဝတဲ့ ဆက်စပ်မှုကို တည်ဆောက်နိုင်တဲ့ အမျိုးသားတွေကို စိတ်ဝင်စားကြလို့ဖြစ်နိုင်ပါတယ်။   ၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်ပိုးစွမ်းရည် မြင့်တက်စေသော အထူး အစားအစာများ

သင်နဲ့ သင့်ချစ်သူဟာ ဆက်ဆံမှုရဲ့ နောက်တစ်ဆင့်ကို တက်ပြီး ကလေးယူချင်လာနိုင်ပါတယ်။ သူမဟာ သင့်အတွက် ချစ်စရာကောင်းတဲ့ကလေးလေးကို ဗိုက်ထဲမှာ ကိုးလလွယ်ထားပါလိမ့်မယ်။ ဒါဆို အရိုးရှင်းဆုံး သင်လုပ်ရမှာကတော့ ဒီဖြစ်စဉ်ကို အစပြုဖို့အတွက် မျိုးစေ့ချ ရမှာပါပဲ။ သင့်အကြံအစည် အထမြောက်ဖို့အတွက် သုက်ပိုးအရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ဖို့လိုပါတယ်။ မှန်ကန်တဲ့ အစားအသောက်တွေဟာ သင့်ရဲ့ ဖခင် ဖြစ်ပွားနိုင်ခြေကို မြှင့်တင်ပေးပါလိမ့်မယ်။ ကြက်ဥ ကြက်ဥတွေဟာ ဗီတာမင် အီးနဲ့ ပရိုတင်းဓါတ်တွေ ပါဝင်တာမို့ ကျန်းမာပြီး သန်စွမ်းတဲ့ သုက်ပိုးတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင် သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီအာဟာရတွေဟာ သုက်ပိုးတွေကို ဓါတ်တိုးပစ္စည်း တွေကနေ ကာကွယ်ပေးပြီး သုက်ပိုး အရေအတွက်ကို တိုးမြှင့်ပေးပါလိမ့်မယ်။ ဟင်းနုနွယ် ဟင်းနုနွယ်နဲ့ အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ ဖောလစ်အက်စစ် ဟာ သုက်ပိုးတွေရဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အသက်အရွယ်အရ လိင်တံ ဘယ်လိုပြောင်းလဲလာသလဲ

အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါမှာ သူတို့ရဲ့ လိင်တံပြောင်းလဲမှုတွေ ကြုံရတယ်ဆိုတာ သဘာဝပဲဖြစ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါထဲမှာ ယောက်ျားဟော်မုန်း ကျဆင်းလာတဲ့အတွက် အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတို့ဟာ ပြောင်းလဲလာတာ ဖြစ်ပါတယ်။   အရွယ်အစား အကြီးအကျယ်မဟုတ်ပေမယ့် လင်တံဟာ အသက်ကြီးလာတဲ့အခါမှာ အရှည်ရော အထူပါ ပြောင်းလဲလာတယ်ဆိုတာကို အမျိုးသားတွေ သတိထားမိမှာပါ။ ဒီလို ကျုံ့လာရခြင်းရဲ့ အဓိက အချက်တွေကတော့ - လိင်တံရဲ့ သွေးလွှတ်ကြောအတွင်းမှာ အဆီပိတ်ခြင်း လိင်တံထောင်မတ်ခြင်းကို ဖြစ်စေတဲ့ အခန်းက အမျှင်လွှာအောက်မှာ ဆွဲဆန့်နိုင်ခြင်းမရှိတဲ့ collagen တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာမှု တု့ိဖြစ်ပါတယ်။ လိင်တံအရွယ်အစားပြောင်းလဲလာစေတဲ့ နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်တက်လာလို့ပဲဖြစ်ပါတယ်။ ဗိုက်အောက်ပိုင်းမှာ အဆီစုဝေးလာတာဟာလည်း လိင်တံကို တိုတယ်လို့ ထင်ရစေပါတယ်။ လိင်တံတင်မကပဲ၊ ဝှေးစေ့တွေနဲ့ ကပ်ပယ်အိပ်ကပါ အသက်ကြီးလာတာနဲ့အမျှ အရွယ်အစားသေးလာမှာပါ။ ယောက်ျားဟော်မုန်း ပမာဏ နည်းလာတာကြောင့် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဖြစ်စေဖို့ လျို့ဝှက်ချက် လေးချက်

သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုတစ်ခုရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေလဲဆိုတာ သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။ အပြင်မှာ အများကြီး ပြောနေကြပေမယ့် ချစ်ခြင်းမေတ္တာကို ကြာရှည်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် အရမ်းအရေးကြီးတဲ့ အချက်လေးချက် ရှိပါတယ်။   ၁။ အမြဲ ထိတွေ့ဆက်သွယ်နေမှုဟာ အရာရာပါပဲ။ ဆက်ဆံမှုတစ်ခုမှာ သင်နဲ့ သင့်ချစ်သူနဲ့ရဲ့ တစ်ဦးနဲ့ တစ်ဦီး လိုချင်တာတွေ၊ လိုအပ်ချက်တွေကို နားလည်မှုဟာလည်း အရမ်းအရေးပါ ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် သိကျွမ်းအောင် လုပ်ရုံတင်သာမက ပြဿနာတွေ၊ အခက်အခဲတွေကို အတူဖြေရှင်းဖို့အတွက် အမြဲ ဆက်သွယ်နေဖို့က အရေးကြီးပါတယ်။ ဒီနည်းထက်ပိုကောင်းတာ ဘာရှိအုံးမှာလဲ။ တကယ်တော့ လေ့လာမှုအတော်များများက စကားပြောဖြစ်တဲ့ စုံတွဲတွေဟာ နောက်ဆုံးမှာ ကွာရှင်းဖြစ်တာ (သို့) ကွဲသွားတာ ဖြစ်စေတဲ့ ရန်ဖြစ်မှုတွေကို ဖြစ်ပွားမှုနှုန်းနည်းတယ်လို့ ပြောပါတယ်။   ၂။ သင်လက်ထပ်မယ့်သူ ဘယ်သူလဲဆိုတာ သေချာစွာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း