ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

AIDS ရောဂါဘယ်လိုကူးစက်နိုင်သလဲ

AIDS ဆိုတာ ခုခံအားကျဆင်းမှုကူးစက်ရောဂါရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဒီရောဂါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိတော့တာဖြစ်ပါတယ်။ AIDS ဟာ HIV ဗိုင်းရပ်စ်ကူးစက်ရပြီးနောက်ဆုံးအဆင့် ဖြစ်ပါတယ်။ HIV/AIDS ကို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမှုတို့ကတဆင့် အများဆုံး ကူးစက်ပါတယ်။ တကယ်တော့ HIV ဟာ ပျံ့နှံ့လွယ်တဲ့ရောဂါပိုး မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ သွေး၊သုက်ရည်၊ ကနဦး သုက်ရည်၊စအိုမှအရည်၊မိန်းမကိုယ်အရည်နဲ့မိခင်နို့ တို့လို ခန္ဓါကိုယ်ကထွက်ရှိတဲ့အရည်တွေမှာ ပါဝင်နေနိုင်တာ ဖြစ်ပါတယ်။ အဲဒီအရည်တွေက အရေပြားပေါက်ပြဲအနာတစ်ခုခုကို တိုက်ရိုက်ထိတွေ့ မှသာ ဒါမှမဟုတ် သွေးကြောထဲကို ထိုးသွင်းခံရမှသာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ အများအားဖြင့်တော့ HIV ပိုးရှိသူတစ်ဦးနဲ့ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူတွေမှာ HIV ကူးစက်ခံရတတ်ပါတယ်။ စအိုမှလိင်ဆက်ဆံခြင်းနဲ့ လိင်အင်္ဂါမှလိင်ဆက်ဆံခြင်းတို့ ဟာ အန္တရာယ်အများဆုံးလိင်မှုရေးရာလှုပ်ရှားဆက်ဆံမှု တွေလို့ယူဆရပါတယ်။ HIV ပိုးရှိသူနဲ့အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ ရေအတူဆေးကြောခြင်း၊ နဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒတပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေမွေးဖွားပြီး အချိန်ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာတချို့လောက် အရေးမပါတော့သလို ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ကလေးတွေရှိလာတာ၊ တခြားရည်မှန်းချက်တွေရှိနေသေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်နဲ့ပြောဆိုကြည့်ပြီး အချစ်မလျော့အောင် ဆက်လက်ထိန်းသိမ်းနိုင်ပါ တယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက်တစ်ခုပါပဲ။ ကိုယ်ခံစားနေရတာတွေ ကို အိမ်ထောင်ဘက်ဆီပြောပြပြီး သူ့ခံစားချက်တွေကို လည်းနားထောင်ပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူးဆိုရင်လည်း အချိန်ပေးလိုက်ပါ။ အတင်းအကျပ်မတိုက်တွန်းပါနဲ့။ အဲဒါက သင်တို့ကြားက ဆက်ဆံရေးကို ပိုအလှမ်းဝေးသွားစေတာပဲရှိပါလိမ့်မယ်။ သင့်အိမ်ထောင်ဘက်က ဒီကိစ္စကို သေချာစဉ်းစားဖို့ အချိန်ပေးနိုင်တဲ့အခါမှ ဒီခေါင်းစဉ်ကို နောက်မှပြောလို့ရပါတယ်။ အတူနေလာတာကြာပြီဖြစ်တဲ့အတွက်လည်း “ချစ်တယ်”ဆိုတဲ့စကား ပြောထွက်ဖို့ မေ့လျော့နေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အခုချက်ချင်း ပြန်အကျင့်လုပ်သင့်တဲ့အချက်ပါပဲ။ […]


သားဆက်ခြားခြင်း

ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ထိုက်သင့်တဲ့ကုသစောင့်ရှောက်မှုခံယူခြင်း

ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချပြီးနောက် မိသားစု အထူးသဖြင့် ကာယကံရှင်မိခင်လောင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားရစမြဲဖြစ်ပါတယ်။ မိခင်လောင်းဟာ ဒီလိုဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက်ပိုင်းမှာ အထူးစောင့်ရှောက် ကုသမှုခံယူဖို့လိုအပ်တယ်လို့ ပြောကြပါတယ်။ (မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် မရှိပါ။)   ကိုယ်ဝန်ဖျက်ချပြီးနောက် ဘယ်လိုခံစားချက်မျိုး ရှိလာနိုင်မလဲ လူတိုင်းဟာ တခြားသူနဲ့မတူတဲ့သီးခြားဖြစ်တည်မှုဖြစ်တာကြောင့် ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထားတွေလည်း မတူကြတဲ့အတွက် ဆေးပညာအရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချမှုခံယူပြီး နောက် ခံစားနေရတတ် သူ၊ မခံစားရသူ ဆိုပြီးရှိပါတယ်။ သင့်မှာ ခံစားချက် ပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင် ကအရာဝတ္ထုတွေကို ထိတွေ့ခံစား မသိနိုင်တော့တာ၊ အာရုံ မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အရာအားလုံးကိုခံစားလွယ်ပြီး ဟာတာတာလည်း ခံစားနေရနိုင်ပါတယ်။ ဒေါသစိတ်၊ ဆုံးရှုံးရတဲ့စိတ်၊ အပြစ်ရှိစိတ်၊ စိတ်သက်သာမှု၊ဝမ်းနည်းစိတ် စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။   စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလိုအပ်လာရင် ဘာလုပ်ရမလဲ တချို့လူတွေက နောက်ဆက်တွဲခံစားချက်တွေဘာမှ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံမွေးမှာရှိသောသန်း

ဆီးခုံမွှေးမှာရှိတတ်တဲ့သန်းဆိုတာ လူရဲ့ဆီးစပ်အမွှေးအမှင်ထဲမှာရှင်သန်နေထိုင်တဲ့ အင်းဆက်ငယ်တွေဖြစ်ပြီး အဲဒီလူဆီက သွေးစုပ်ပြီး အသက်ရှင်ကြပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံမှုတွေတွေအတွင်း တစ်ဦးဆီကနေ တစ်ဦးကို ကူးစက်ရွှေ့ပြောင်းနိုင်ပါတယ်။ သန်းတွေရှိတဲ့ အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေ ဟာလည်း သန်းတွေရဲ့အသိုက်အမြုံဖြစ်ပါတယ်။   ဆီးခုံမွေးသန်း ရှိတယ်ဆိုတဲ့ အထင်ရှားဆုံးလက္ခဏာ ကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံမှုခံစားရတာပါပဲ။ ဆီးခုံမွေးသန်း တွေ က ဦးရေပြားမှာ ရှင်သန်နေထိုင်လေ့မရှိကြပေမယ့် ခြေသလုံးမွေး၊ ချိုင်းမွေး၊ ရင်ဘတ်မွေး၊ နှုတ်ခမ်းမွေးတို့လို အမွေးအမှင်ထူတဲ့နေရာတွေအပြင် မျက်ခုံးမွေးတွေမှာ ပါ ပြန့်ပွားနေထိုင်ပြီး နေပျော်ကြပါတယ်။ အများအားဖြင့်တော့ ဆီးခုံမွေးသန်း အတွက် ထုတ်ထားတဲ့ဆေးဝါးတွေကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ယားယံမှုကမပျောက်ဘဲ ကုတ်ခြစ်မှုကြောင့် ပိုးဝင်လာရင် ဒါမှမဟုတ် သင်က ကိုယ်ဝန်ဆောင် ဖြစ်နေခဲ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ဆီးခုံမွေးသန်း က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ တွေ မဖြစ်စေနိုင်ပေမယ့် ယားယံမှုတစ်ခုတည်းကတင်ပဲ အရမ်းကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။     လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အကူအညီတောင်းခံရန် တရားခံလက်က ထွက်ပြေးပြီး ရဲစခန်း အရေးပေါ်ဖုန်းကိုခေါ်ဆိုအကူအညီတောင်းပါ။ သင့်ခန္ဓါကိုယ်ပေါ်မှာ တရားခံဆီကကျန်ရစ်ခဲ့ တဲ့ သက်သေအထောက်အထားတွေကို ကာကွယ်ပါ။ ဒါမှ ရဲစခန်းမှာအမှုဖွင့်တဲ့အခါ တရားမျှတမှုတောင်းဆိုရာမှာပိုလွယ်ကူစေမှာပါ။ အတိအကျပြောရရင် စစ်ဆေးမှုမခံယူ ရခင် ခေါင်းမဖြီးပါနဲ့၊သင့်ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းကိုမှ သန့်ရှင်းရေးမလုပ်ပါ နဲ့၊ အဝတ်တွေမလဲပစ်ပါနဲ့။ အခင်းဖြစ်ရာ နေရာကို မထိပါနဲ့၊ လက်ရာခြေရာမပျက် ပါစေနဲ့ဦး။ တော်တော်လေးနေရခက်မယ်ဆိုရင်တောင်မှ အနီးဆုံးအရေးပေါ်ခန်းကို တန်းသွားပါ။ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းနိုင်ဖို့ သုက်ရည်၊တံထွေး၊ဆံပင်၊နဲ့ အဝတ်အစားချည်စ၊ စတဲ့ သင့်ခန္ဓါကိုယ်ပေါ် တရားခံဆီကနေ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထား တွေကို ဆရာဝန်တွေက စုဆောင်း စစ်ဆေး ပေးပါလိမ့်မယ်။ သင်ကိုယ်တိုင်တောင်မသိတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုတို့ဟာ တားဆီးကာကွယ်ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှုတွေက ဘာလဲ အနိုင်ကျင့်မှုတခြားအမျိုးအစားတွေမှာလိုပဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ တခြားသူတစ်ဦး တစ်ယောက်ကို ရန်စ၊စော်ကား၊ ထိခိုက်စေဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့ အာရုံစိုက်မှု၊ မှတ်ချက်ပြောဆိုမှု၊ အမူအရာနဲ့ လုပ်ရပ်တွေ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ လိင်အမျိုးအစား တစ်ခုတည်းကိုပဲ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ ယောကျာ်းလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း၊ ယောကျာ်းလေးတွေက မိန်းကလေးတွေကို၊ မိန်းကလေး တွေက ယောက်ျားလေးတွေကို ကာယိန္ဒြေပျက် အောင် ကျူးလွန်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အကန့်အသတ်မရှိ ပါဘူး။ ဆိုရရင် အရွယ်ရောက်ပြီးသူတွေက ငယ်သူတွေကို နှောင့်ယှက်လာနိုင်ပြီး ငယ်သူတွေက လည်း အသက်ပိုကြီးသူကိုနှောင့်ယှက်လာနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့က မလိုလားတဲ့ အာရုံစိုက်ခံရမှု၊ မှတ်ချက်စကားတွေ၊ လုပ်ရပ်တွေ၊ ခြေလက်အမူအရာတွေနဲ့ အသားချင်းထိတွေ့မှုတွေ ပါဝင်တာချင်းတူတာကြောင့် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်

အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။ ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ […]


သားဆက်ခြားခြင်း

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောက်ျားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။   ၁။ မိန်းမများ အသုံးပြုနိုင်သော ကွန်ဒုံး မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောက်ျားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။ မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောက်ျား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ […]


Chalamydia ပိုးဝင်ခြင်း

Chlamydia (ကလက်မိုင်ဒီးယား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chlamydia (ကလက်မိုင်ဒီးယား) ကဘာလဲ။ Chlamydia ဆိုတာလိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်နိုင်သောဘက်တီးရီးယားရောဂါပိုးဖြစ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုနှင့် လိင်ဆက်ဆံခြင်းတွေမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ မိခင်မှ တစ်ဆင့် ကလေးဆီကိုလည်း ကူးစက်နိုင်ပါတယ်။ ကူးစက်ခံရပြီဆိုရင် လူတော်တော်များများမှာ အစောပိုင်းဘာရောဂါ လက္ခဏာမှ မတွေ့ရတတ်ပါဘူး။ Chlamydia ရောဂါပိုးဝင်တာကို ကုသဖို့ မခက်ခဲပါဘူး။ ဒါပေမယ့် မကုဘဲထားရင်တော့ ပိုပြီးဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေဖြစ်စေနိုင်ပါတယ်။ Chlamydia (ကလက်မိုင်ဒီးယား) က ဘယ်လောက်အဖြစ်များသလဲ Chlamydia ရောဂါပိုးဝင်တာက အလွန်အဖြစ်များပါတယ်။ လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်တတ်တဲ့ တဲ့ရောဂါတွေထဲမှာ Chlamydia ရောဂါပိုးဝင်တာက အဖြစ်အများဆုံးလို့တောင် သိရပါတယ်။ ယောက်ျားလေးတွေထက်စာရင် မိန်းကလေးတွေမှာပိုဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ Chlamydia ရောဂါပိုးဝင်တာကို အားပေးတဲ့ အချက်တွေကိုလျော့ချခြင်း ခြင်းအားဖြင့် ဒီရောဂါကိုထိန်းချုပ်လို့ရပါတယ်။ နောက်ထပ်အချက်အလက်များနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ ဆက်လက်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများChlamydia (ကလက်မိုင်ဒီးယား) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါစစဝင်ချင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သွေးသားရင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ကိုယ်ဝန်ဖျက်ချမှု ပြဿနာ

မုဒိမ်းကျင့်ခံရတာကြောင့်ရတဲ့ ဒါမှမဟုတ် သွေးသားချင်းရတဲ့ ကိုယ်ဝန်မျိုးကို ဖျက်ချတာ အကောင်းဆုံးလို့ လူအများအပြားက ယူဆကြပါတယ်(လိင်အကြမ်းဖက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေတောင်အပါအဝင်ပေါ့)။ ဒါပေမယ့် သုတေသနပြု လေ့လာချက်တွေအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ကို မဖျက်ချချင်ဖူးလို့ ဆိုပါတယ်။ ဒီလို ကိုယ်ဝန်ကို ဖျက်ချတာဟာ သူတို့ရဲ့ စိတ်ဒါဏ်ရာကို ပိုလို့တောင်ဆိုးလာစေတယ်လို့ ပြောကြပါတယ်။   ငြင်းကြခုန်ကြတဲ့ ဘက်နှစ်ဘက်လုံးက သဘောတူကြတာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ လိုကောင်းလိုမှာဖြစ်ပြီး ဒီလို ဖျက်ချလိုက်တာဟာ သူတို့ကို အိပ်မက်ဆိုးကြီးထဲက(ဝါ) အရိပ်မည်းကြီးထဲက ရုန်းထွက်နိုင်အောင် အထောက်အကူပေးတယ်ဆိုတဲ့ ယေဘုယျ ကောက်ချက်ကိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မိခင်နဲ့ကလေးကို လုံလောက်တဲ့ ကျန်းမာရေး၊လူမှုရေး စောင့်ရှောက်မှုပေးနိုင်ဖို့ဆိုတာ တကယ်ကိုပဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း