ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

ဆယ်ကျော်သက်များအတွက် အကောင်းဆုံး သားဆက်ခြားနည်း

သင့် ဆယ်ကျော်သက်ကလေး နဲ့ အတူထိုင်ပြီး စိတ်ချရသော ဆက်ဆံရေးနှင့် သားဆက်ခြားနည်းလမ်းများအကြောင်းကို ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။ အရေးပေါ်တားဆေးနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုမှုကိုလည်း ပြောပြဖို့ မမေ့ပါနဲ့။ ထိုဆွေးနွေးမှုသည် လွယ်ကူမည်မဟုတ်မှာ အသေအချာပါပဲ။ သို့သော် ထိုကိစ္စသည် သူတို့ ဘ၀ အတွက် အလွန်အရေးကြီးပါသည်။ လိင်ဆက်ဆံမှုကို ရှောင်ခြင်း ။ ။မအောင်မြင်သောနှုန်း - သုည ရာခိုင်နှုန်း ဤနည်းသည် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (ဥပမာ ။ ။ Human papilloma ဗိုင်းရပ်စ်)ကို ရှောင်ရှားဖု့ိ အသေချာဆုံး နည်းလမ်းဖြစ်သည်။ Human papilloma ဗိုင်းရပ်စ် ပုံစံအချို့သည် သားအိမ်ခေါင်းကင်ဆာနှင့် ဆက်နွယ်နေသည်။ ကိုယ်ဝန်တားဆေး သောက်ဆေး ။ ။မအောင်မြင်သောနှုန်း- ၉ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းသည် လက်ရှိတစ်ကမ္ဘာလုံးဆိုင်ရာ အရှုပ်ထွေးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ သယ်ဆောင်လာပါသည်။ အချို့နိုင်ငံများတွင် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များသည် သဘောတူကြည်ဖြူလျှင် လိင်ဆက်ဆံခြင်းကို ဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သည့်အစိုးရမှ သူတို့ကို ထိုအသက်အရွယ်အတွင်း ကိုယ်ဝန်ဆောင်ဖို့ မထောက်ခံပါ။ သင်၏ တန်ဖိုးရှိလှသော သမီးရတနာကို ထိုသို့ နောင်တရဖွယ် အခြေအနေမှ ကာကွယ်လိုလျှင် သူတို့၏စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းများကို အရင်လေ့လာသင့်သည်။ သို့မှသာ သူတို့ကို ကာကွယ်ပေးဖို့ အသင့်တော်ဆုံးသော အစီအစဉ်ကို ဆွဲနိုင်မည် ဖြစ်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ လမ်းညွှန်သင်ကြားပေးမှုမရှိခြင်း ယဉ်ကျေးမှုအများစုတွင် လိင်ဆက်ဆံခြင်းကို မပြောအပ်၊ မဆိုအပ်သောအရာ […]


သားဆက်ခြားခြင်း

မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ

သင်သည် အမျိုးသမီးဆိုပါက အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်ဝန်တားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။ ကိုယ်ဝန်တားနည်းများသည် မှန်းခြေအားဖြင့် ၁၅ နည်းခန့်ရှိသည့်အနက် မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း နည်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ကိုယ်ဝန်တားခြင်း ဆိုတာဘာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်း ဆိုတာ မိန်းမကိုယ်ထဲသို့ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများပါဝင်သော ပလတ်စတစ်ကွင်းအကြည်ရောင်လေးကို ထည့်ထားခြင်းဖြင့် မျိုးဥကြွေခြင်းကို တားပေးခြင်းဖြစ်ပါသည်။ ထို့ပြင် သားအိမ်နံရံများ ပါးလာစေခြင်း၊ မိန်းမကိုယ်ချွဲမြှေးများ ထူပျစ်လာခြင်း အချက်များကြောင့် သုက်ကောင်သည် မျိုးဥနှင့် ထိတွေ့မှု နှောင့်နှေးစေခြင်းတို့ဖြစ်ပြီး ကိုယ်ဝန်ကို တားပေးခြင်းဖြစ်ပါသည်။ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းဖြင့် ၃ပတ်ကြာအထိ ဟော်မုန်းများအလုပ်လုပ်မည်ဖြစ်ပါသည်။ ထိုကွင်းကို မိန်းမကိုယ်ထဲသို့ ၃ ပတ်ကြာအောင် ထည့်ထားရမည်ဖြစ်ပါသည်။ ထိုအခါ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို မရပ်တန့်စေနိုင်ပါ

ဆယ်ကျော်သက်အရွယ်များတွင် လိင်ဆက်ဆံခြင်းသည် ထိန်းချုပ်ရခက်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့မှာ လိင်မှတဆင့် ကူးစက်သောရောဂါများဖြစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုကိမှုများဖြစ်လာခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ဆယ်ကျော်သက်များသည် ကိုယ်ဝန်မရအောင်ကာကွယ်နည်းများကို မသိရှိပါက ကိုယ်ဝန်ရလာမည်ဖြစ်သည်။ ထို့ကြောင့် အချို့သော နိုင်ငံများတွင် အရွယ်ရောက်သော မိန်းမပျိုများသည် အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထိရောက်မှုရှိပါသလား။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းဆိုတာဘာလဲ။ ဆယ်ကျော်သက် မှသည် အရွယ်ရောက်ပြီးသော သူများအနေဖြင့် အိမ်ထောင်ပြုချိန်မှသာလျှင် လိင်ဆက်ဆံခြင်းကို ပြုလုပ်ပါမည်ဟု ကတိပြုခြင်းဖြစ်ပါသည်။ ယင်းဓလေ့သည် အချို့သော မိန်းကလေးအုပ်စုများကြားနှင့် အချို့သော မျိုးနွယ်စုများကြားတွင် ရေပန်းစားသော အလေ့အထဖြစ်ပါသည်။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဘာကြောင့် ထင်ထားသလောက် ထိရောက်မှုမရှိရတာလဲ။ အမေရိကန်ပြည်ရှိလေ့လာသူများ၏ ပြောကြားချက်အရ အဆိုပါ ကတိကဝတ်များသည် ၁၈ လခန့်သာ […]


သားဆက်ခြားခြင်း

အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။ သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။ သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်အရွေးပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။ အမျိုးသားများတွင် သားကြောဖြတ်ခြင်း · သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။ အမျိုးသမီးများတွင် သားကြောဖြတ်ခြင်း အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်င်္ဆီသို့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကျန်းမာသန်စွမ်းသော သုတ်ပိုးများ ပိုင်ဆိုင်ရန်အတွက် စားသောက်မှုပုံစံ

ကိုယ်ဝန်ရဖို့ ခက်နေမယ်ဆိုရင် ပထမဆုံးစိတ်ထဲမှာ ပေါ်လာတာကတော့ မျိုးအောင်ခြင်းဆိုင်ရာဆေးခန်းတွေကို သွားဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုသမှုမယူခင်မှာ စားသောက်မှုပုံစံပြောင်းလဲခြင်းကဲ့သို့သော လူနေမှုဘဝပုံစံပြောင်းလဲခြင်းများ ပြုလုပ်ကြည့်ဖို့ အကြံပြုပါတယ်။ အံသြစရာကောင်းတာက စားသောက်ခြင်းပုံစံက သုတ်ပိုးကျန်းမာရေးအပေါ်မှာ ကြီးမားစွာ သက်ရောက်မှုရှိနေတာပါ။ ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးကို ပိုင်ဆိုင်နိုင်ဖို့ ဆောင်ရန်၊ရှောင်ရန် အစားအသောက်များကို အောက်တွင် ဖော်ပြထားပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးပိုင်ဆိုင်ဖို့ ဘာတွေ စားသင့်သလဲ။ ၁။ ကြက်ဥ ကြက်ဥက သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်မှုကို မြင့်တင်ပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဗီတာမင်အီးနဲ့ ပရိုတင်းဓါတ်တွေပြည့်ဝနေတဲ့ ကြက်ဥဟာ သုတ်ပိုးအရေအတွက် ကျစေသော ဓါတ်တိုးပစ္စည်းများ၏ အန္တရယ်မှ ကာကွယ်ပေးပါတယ်။ ၂။ ဟင်းနုနွယ် ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုးတွေ ထုတ်လုပ်ဖို့ ဖောလစ်အက်စစ် လိုအပ်ပါတယ်။ ခန္ဓါကိုယ်က ဖော်လစ်အက်စစ် အလုံအလောက် မရှိဘူးဆိုရင် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးတွေကို ထုတ်လုပ်လာနိုင်ပါတယ်။ ယင်းသုတ်ပိုးတွေဟာ မမျိုးဥထံသို့ရောက်ရှိဖို့၊ ထိုးဖောက်ဝင်ရောက်ဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ

လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆိုသည်မှာ လူတယောက်ကို ထိုသူ၏ ခွင်ပြုချက် သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများကို ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းတို့တွက် မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ခြင်း တို့ ပါဝင်ပါသည်။ လူတယောက်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် မဖြစ်နိုင်ဟုသင်ထင်နေပါလိမ့်မည်။ သို့သော် သင့်ကိုသင် လျှော့မတွက်ထားပါနှင့်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန် ဖြစ်နိုင်ပါသည်။ အဖြစ်အပျက်များကို ရှာဖွေစုံစမ်းပါ။ သင့်ကိုယ်သင်နှင့် သင်ချစ်ရသောသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန်အတွက် ပထမဦးဆုံးလုပ်ရမည်မှာ သင့်ကိုယ်သင် အသိပညာဗဟုသုတများ ကြွယ်ဝအောင် လေ့လာရန်ဖြစ်ပါသည်။ သင်သည် အပြင်လောကတွင် နာရီနှင့် အမျှဖြစ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဖတ်ရှုသင့်သည်။ ထိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ပြုလုပ်သူများသည် သူစိမ်းများသာ ဖြစ်သည်ဟု သင်မထင်မှတ်လိုက်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

ငယ်ရွယ်စဉ်အချိန်မှာတော့ ဆယ်ကျော်သက်တွေအတွက် အမှန်နဲ့ အမှားကို ခွဲခြားဖို့တွေ သူတို့အပြုအမူတွေရဲ့ ပြင်းထန်မှုတွေကို သတိပြုမိဖို့တွေဆိုတာ ခက်ခဲလှပါတယ်။ ဒါကပဲ ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု က ဘာကြောင့် ငြင်းဆန်ရခက်ခဲလဲဆိုတာရဲ့ အဖြေလည်းဖြစ်နိုင်သလို အန္တရာယ်အလွန်များတဲ့ ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့အရွယ်မှာ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိင်ဆက်ဆံနေကြပြီ။ ကျွန်တော်ရော လုပ်သင့်လား။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဂရုစိုက်မနေပါနဲ့။ သင့်ခန္ဓါကိုယ်ကို ဘာလုပ်လိုက်ပါတို့ ဘယ်အချိန်မှာလုပ်ပါတို့ စသဖြင့် ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာလည်း အခြားသူတွေနဲ့ ဝင်ဆံ့ဖို့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ မိုက်တယ်ဟ ဆိုတဲ့ ခံစားချက်မျိုးရစေမှာမဟုတ်သလို ချက်ချင်းကြီး ရင့်ကျက် အရွယ်ရောက်သွားစေမှာလည်း မဟုတ်တာ သေချာပါတယ။် လူတိုင်းကလုပ်နေတာပဲလို့ ယူဆပြီး သင့်ကိုယ်သင်လည်း ဖိအားတွေပေးမနေပါနဲပ။ သင့်သူငယ်ချင်းတွေကတော့ သူတို့လိင်ဆက်ဆံနေကြပြိဆိုတာ ကြွားကောင်းကြွားနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေ တန်ဖိုးထားသင့်တဲ့ အံ့သြဖွယ်အတွေ့အကြုံဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲများ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ကို ရှောင်ရှားဖို့ အကြောင်းရင်းဖြစ်လာသင့်ပါသလား? အချို့အချို့သောအခြေအနေများမှာ မိခင်နှင့်သူမ၏ကလေးနှစ်ဦးစလုံး၏လုံခြုံရေးအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများနှင့်လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုယ်ဟန်အနေအထားတွေကို ပြုပြင်ဖို့လိုသော်လည်း, ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်ကိစ္စကို လုံးဝ တားမြစ်ထားခြင်းမရှိပါဘူး လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား? အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း, သင့်ရဲ့သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ်ဆိုတာ မှန်ပါတယ်။ အထွတ်အထိပ် ရောက်ချိန်ကလည်း သိသိသာသာပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက ဤကျုံ့ညှစ်ခြင်းက သင့်ရဲ့ကလေးကို မထိခိုက်နိုင် ပါဘူး။ သင့်ကိုယ်ဝန်ရဲ့ နောက်ဆုံးသုံးလပတ်မှာမဟုတ်လျှင် orgasm က လမစေ့ပဲ ကလေးမွေးစေတာမျိုး မဖြစ်ပေါ်ပါဘူး။ ထို့ပြင်များစွာသောသိပ္ပံပညာရှင်တွေကအမေတွေအတွက် လမစေ့ဘဲမွေးဖွားမှု အန္တရာယ်များကို ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က လျှော့ချနိုင်ပေးတယ်ဆိုတာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သန္ဓေအောင်စေနိုင်တဲ့ လိင်ဆက်ဆံပုံ အနေအထားများ

အချို့သောလိင်ဆက်ဆံမှုပုံစံတွေက အခြားဟာတွေထက် ကလေးရနိုင်ချေပိုများတယ်လို့ သင်ကြားဖူးထားပါလိမ့်မယ်။ ဒါတွေဟာလည်း ယုံတမ်းစကားတွေသာဖြစ်ပြီး သိပ္ပံနည်းကျသက်သေအထောက်အထားလည်း မရှိသေးပါဘူး။ သို့သော် သုတေသနအတော်များများအရ အချို့လိင်မှုပုံစံတွေနဲ့ ဆက်ဆံတဲ့အခါ သင့်ခန္ဓါကိုယ်ထဲမှာ အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာတော့ ပြသထားပါတယ်။ ဒီလိုကြည့်မယ်ဆိုရင် အချို့ပုံစံ တွေက ကလေးရစေနိုင်ဖို့ အခွင့်ပိုများစေပါတယ်။ ဘာလို့ဆိုတော့ သူတို့က နက်ရှိုင်းစွာ ထိုးဖောက်နိုင်မှုကို ပိုဖြစ်စေနိုင်လို့ဖြစ်ပါတယ်။   သင်ကလေးလိုချင်တဲ့အခါ စွမ်းဆောင်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုပုံစံတွေက ဘာတွေလဲ? ရိုးရိုးအနေအထား (missionary position )နှင်လေးဘက်ကုန်းပုံစံ ( doggy style )တွေက သင့်အတွက်အဖြေဖြစ်နိုင်ပါတယ်။Scan တွေအရ ဒီလို ပုံစံ၂ခုက လိင်တံကို သားအိမ်ခေါင်း ရှေ့နေရာမှာ ရောက်ရှိစေနိုင်ပါတယ်။ ဒါဟာသုက်ပိုးကို သားအိမ်အတွင်း အများကြီးရောက်စေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ပါတယ်။ အခြား မတ်တပ်ရပ်အနေအထား ဆက်ဆံပုံတွေနဲ့ မိန်းကလေးကအပေါ်မှာထိုင်လျက်အနေအထား တွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း