ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ

Anal Sex (စအိုသို့ လိင်ဆက်ဆံခြင်း) အကြောင်းသိကောင်းစရာ Anal Sex ဟာ လိင်မတူဘဲ ကာမဆက်ဆံသူများ အသုံးပြုကြတဲ့ နည်းလမ်းဖြစ်တာကြောင့် ဘာသာရေး၊ ယဉ်ကျေးမှုတို့အရ ခွင့်မပြုတဲ့ ရှောင်ရန်အချက်အဖြစ် လူတော်တော်များများက ခံယူထားကြပါတယ်။ အမျိုးသမီးငယ်လေးများကလည်း ရောဂါကုထုံးလာရောက်ပြသတဲ့ အချိန်ကျရင် သူတို့ အဖော်ဖြစ်သူရဲ့ စအိုသို့လိင်ဆက်ဆံရန် အတင်းအကြပ်တောင်းဆိုခြင်း ခံရကြောင်း ဆိုခဲ့ကြပါတယ်။ သိပ်ပြီး အံ့ဩဖို့မကောင်းတာကတော့ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း Anal Sexလုပ်ဆောင်ရန် တောင်းဆိုခြင်း ခံကြရကြောင်း ဆိုကြပါတယ်။ ဒီလို တောင်းဆိုမှုများဟာ လိင်မတူဘဲ ကာမဆက်ဆံပြတဲ့ အပြာရုပ်ရှင်များမှာ Anal Sexအကြောင်း ရိုက်ကူးပြခဲ့ရာမှ များပြားလာတာဖြစ်ပြီး အမျိုးသားအများကတော့ Anal Sex ကနေ ပိုပြီး ခံစားမှုကောင်းတဲ့ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဖြစ်စဉ် (orgasm) ကို အမျိုးသမီး တွေရရှိနိုင်ကြောင်း ယုံကြည်ကြပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ

လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ ဘယ်အချိန် လိင်ခံစားမှုအထွတ်အထိပ် ရောက် ကြလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ်၊ အဖော်ဖြစ်သူနဲ့လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းရယ်က အရေးပါနေပါတယ်။ လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။ ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ် အပြာရုပ်ရှင်လောကတွေမှာ ဘယ်လိုပုံဖော်ကြလဲဆိုတာ […]


သားဆက်ခြားခြင်း

ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ

ဘယ်လိုအရေးပေါ်သန္ဓေတားနည်း (EC) ကို ကျွန်မ အသုံးပြုသင့်လဲ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီးမှာ သန္ဓေတားဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အရေးပေါ် သန္ဓေတားနည်း EC (Emergency contraception) ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးရှိပါတယ်။ တချို့သန္ဓေတားနည်းတွေက တချို့နည်းလမ်းတွေထက် ပိုပြီး စိတ်ချရပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးမှ သန္ဓေတားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ရွေးချယ်စရာ နည်းလမ်း (၂) နည်းရှိပါတယ်။ နည်းလမ်း (၁) အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ရက်) အတွင်း ParaGard IUD ကို အသုံးပြုခြင်း။ သားအိမ်အတွင်း ထည့်သွင်းရတဲ့ ပဋိသန္ဓေတားပစ္စည်း intrauterine devices (IUDs) တွေမှာဆိုရင် ၂ မျိုးထပ်ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဟော်မုန်းပါတဲ့ IUD […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) ကဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းဆိုတာဘာလဲ။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း ဆိုသည်မှာ အဖိုလိင်အင်္ဂါ၏ ထိပ်ကိုငုံထားသော အရေပြားနှင့် ထိပ်ဖျား တို့၏ ရောင်ရမ်းခြမ်း နှင့် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း ဖြစ်ပါသည်။ လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုဖြစ်ပွားပါသည်။ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း သည် နာကျင်သော်လည်း အရမ်းပြင်းထန်သော အခြေအနေတစ်ခု မဟုတ်ပါ။ အရေပြား ပေါ် တွင် ဆေးလိမ်းခြင်းဖြင့် သက်သာစေနိုင်ပါသည်။ Balanitis (လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းသည် လိင်အင်္ဂါအရေပြားကို ဖြတ်တောက်ခြင်းမပြုထားသော အမျိုးသားများတွင် ပိုမိုဖြစ်ပွားသော အဖြစ်များသော အခြေအနေတစ်ခု ဖြစ်ပါသည်။ သင်သည် အန္တရာယ် ဖြစ် စေ သော အချက်များကို လျော့ချခြင်း၊ တကိုယ်ရည် သန့်ရှင်းမှု ကိုထိန်းသိမ်းခြင်း တို့ဖြင့် လိင်အင်္ဂါထိပ်ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ ပိုမိုသော အချက်အလက် များအ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက်

လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက် လူတိုင်းနီးပါး လိင်ကိစ္စနဲ့ ပတ်သတ်တဲ့ အယူအဆပေါင်းစုံကို ကြားဖူးကြမှာပါ။ အထူးသဖြင့် မြီးကောက်ပေါက် အရွယ်တွေမှာ ဒီလို အယူအဆတွေကို ပိုတောင်ကြားရလေ့ ရှိပါတယ်။ ဒီလို အယူအဆတွေဟာ လူလားမြောက်တဲ့ အချိန်အထိ အမှန်လို့ ထင်မိနေတဲ့အခါမှာတော့ လူအများစုရဲ့ လိင်မှုဆက်ဆံရေး ကိစ္စကို ထိခိုက်နိုင်ပါတယ်။   “မင်းရဲ့ ကောင်မလေးက သွေးထွက်လား ” ဒီနေရာမှာ အမျိုးသမီးတွေ ပထမဆုံး လိင်ဆက်ဆံရင်၊ ဒါမှမဟုတ် မွေးလမ်းကြောင်းထဲကို အရာတစ်ခုခု ထည့်မိရင် ကညှာမြှေးကို ပေါက်ပြဲစေပြီး သွေးထွက်တဲ့ ဖြစ်စဉ်ကို အင်္ဂလိပ်လို ဆိုရင် pop your cherry လို့ခေါ်ကြပါတယ်။ ဒီနေရာမှာ cherry ကအနီရောင်ဖြစ်တဲ့ သွေးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ […]


သားဆက်ခြားခြင်း

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ ကွန်ဒုံးဆိုတဲ့ အဓိပ္ပာယ်ဟာ ပြွန်ပုံစံ၊ အတားအဆီးအဖြစ် လုပ်ဆောင်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ကွန်ဒုံးတွေကို လိင်ဆက်ဆံတဲ့ အချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ (STD - sexually transmitted infection ) ရနိုင်ခြေ နည်းပါးအောင် လျှော့ချပေးနိုင်ရန်အတွက် အသုံးပြုကြတာပါ။ ကွန်ဒုံးမှာ အမျိုးသမီးသုံးရော၊ အမျိုးသားသုံးရော ကွန်ဒုံး ၂ မျိုးရှိပါတယ်။ အမျိုးသားသုံးကွန်ဒုံးနဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ပုံစံကွဲပြားပေမဲ့ အလုပ်လုပ်တဲ့ ပုံစံကတော့ သုက်ရည်နဲ့ တခြားသော အရည်ကြည်တွေကို တားဆီးပေးတဲ့ ပုံစံအနေနဲ့ လုပ်ဆောင်ကြတာ ချည်းပါပဲ။ အမျိုးသမီး ကွန်ဒုံးတွေကိုကျတော့ အမျိုးသမီး သားအိမ်လမ်းကြောင်းပေါက်ထဲ အံ့ကျအောင်ထည့်ပြီး သန္ဓေနဲ့ လိင်မှ ကူးစက်တဲ့ ရောဂါတွေကို တားဆီးဖို့အတွက် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ရာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ရာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။ ၁။ အမျိုးသမီးဖြစ်သူရဲ့ စိတ်ဆန္ဒနည်းပါးနေခြင်းဟာ သူဆွဲဆောင်မှုမရှိလို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရခြင်းက ဆန္ဒမပါဘဲလိင်ဆက်ဆံဖို့ဖိအားပေးခြင်းခံရတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပါတယ်။ စော်ကားခံရသူရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်သွားနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရမယ်ဆိုရင် သင်သိထားရမှာက သင်မမှားပါဘူး။ စော်ကားခံရပြီး နောက်ပိုင်းမှာ သတ်သေလိုတဲ့အတွေးတွေ၊ လောကကြီးကိုမုန်းတီးတဲ့စိတ်တွေ၊လက်စားချေလိုတဲ့စိတ်တွေတောင် ပေါ်လာနိုင်ပါတယ်။ သင်အမျိုးမျိုးခံစားရနိုင်ပါတယ်။ စော်ကားခံရပြီး နောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ သင့်တုန့်ပြန်မှုတွေကိုနားလည်ထားခြင်းက သင့်ကိုသင်ကိုယ်တိုင်ကုစားနိုင်ပြီး ဒီအဖြစ်အပျက်ကနေ သက်သာရာရစေပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် သင်၏ စိတ်ခံစားချက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရပြီးနောက် အခုလိုတွေ ခံစားရနိုင်ပါတယ်။ ငြင်းကွယ်ခြင်း မိမိကိုယ်ကို အပြစ်တင်ခြင်း ယုံကြည်မှု ဆုံးရှုံးသွားခြင်း စိတ်ခံစားချက်တွေ ပြောင်းလဲခြင်း ငြင်းကွယ်ခြင်း အရှက်သိက္ခာကျခြင်းအတွက် အရှက်ရခြင်းနဲ့ကြောက်လန့်မှုတွေကြောင့် တိုင်တန်းတာမျိုးတွေနည်းပါတယ်။ သင့်ကိုယ်သင်ဒါမှမဟုတ် အခြားသူတွေကိုသင်ဖြစ်ပျက်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ငြင်းကွယ်ချင်နေပါလိမ့်မယ်။ သင့်ဘဝအရင်အတိုင်းတည်ငြိမ်အောင်ကြိုးစားဖို့ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားဖို့ကြိုးစားပါလိမ့်မယ်။ သင်အစော်ကားမခံခဲ့ရဘူးဆိုပြီးငြင်းကွယ်ခြင်းက သင့်ဘဝကိုဆက်လက်ရှင်သန်နေနိုင်ပြီး ဘာမှပြောင်းလဲခြင်းမရှိဘူးလို့ သင်တွေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မိမိကိုယ်ကိုအပြစ်တင်ခြင်း အဖြစ်အများဆုံးစိတ်ခံစားချက်တစ်ခုဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံပြီး နောက်မှာ သင်တွန်းအားပေးခံရခြင်းနဲ့ပတ်သက်ပြီး သိမ်ငယ်တဲ့အတွေးတွေ၊ အရှက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စော်ကားခံရနိုင်ဖို့ ဦးတည်စေတဲ့ဆုံးဖြတ်ချက်တွေချခဲ့ခြင်းအတွက် သင့်ကိုယ်သင်အပြစ်တင်နိုင်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးများတွင် ဘာကြောင့် မိန်းမကိုယ်ချောဆီများ သုံးရန် လိုအပ်ပါသလဲ

သင်သည် လိင်မှုဆိုင်ရာ စိတ်ပျော်ရွှင်များနှင့် ကာလအတော်ကြာ ကင်းကွာနေခဲ့သူဖြစ်ပါလျှင် ယခုချိန်တွင် လိင်စိတ်များ မနိုးကြွလာခြင်းကဲ့သို့သော ပြသနာများ ခံစားနေရနိုင်ပါသည်။ ယင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေဖြစ်ပြီး စိတ်ဓါတ်ကျဆင်းခြင်း၊ ပင်ပန်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်းနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြသနာများနှင့် အထူးသဖြင့် အမျုးသမီးများတွင် ချောဆီထဲ့ရန် လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အောက်ပါဆောင်းပါးသည် အမျိုးသမီးများသည် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် အရေးကြီးကြောင်းနှင့် အသာယာဆုံးသော အချိန်များကို ပိုင်ဆိုင်နိုင်ကြောင်းဖော်ပြထားပါသည်။   အမျိုးသမီးများသည် ဘာကြောင့် လိင်ဆက်ဆံစဉ် ချောဆီအသုံးပြုရန် လိုပါသလဲ။ လိင်မှုကိစ္စများ စတင်ချိန်တွင် အမျိုးသမီးများ၏ လိင်စိတ်နှင့် အီထရိုဂျင်ဟော်မုန်းများ မြင့်တက်မှုကြောင့် မိန်းမကိုယ်မှ အနံ့မဲ့သော အရည်ကြည်တမျိုး ထွက်လာပါသည်။ ထိုချောဆီသည် အမျိုးသမီးများ လိင်ဆက်ဆံစဉ်တွင် နာကျင်မှုများမဖြစ်စေရန်နှင့် အမျိုးသားလိင်အင်္ဂါနှင့် ထိတွေ့စဉ်တွင် အနာတရမဖြစ်စေရန် ကြားခံတစ်ခုအနေနှင့် ဆောင်ရွက်ပေးသည့်အတွက် အလွန် အရေးကြီးပါသည်။ သို့သော် အမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးတဲ့ ယောဂပုံစံများ

ယောဂလို့ပြောလိုက်တာနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတာ နဲ့ ခန္ဓါကိုယ်ကို သွယ်လျလှပစေတဲ့ အချက်တွေကိုပဲ သူ့ရဲ့ ကောင်းကျိုးတွေအဖြစ် ချက်ချင်းပြေးမြင်လေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ယောဂကျင့်ခြင်းဟာ ခန္ဓါကိုယ်ကျစ်လစ်လှပစေတာအပြင် အခြားသော အကျိုးကျေးဇူးများစွာကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ချပေးခြင်းအားဖြင့် ကိုယ်ဝန်ရှိဖို့အခွင့်အလမ်းကို ပိုများလာစေတယ်ဆိုတာ အတော်များများ မသိကြပါဘူး။ ယောဂဟာ ကိုယ်ဝန်ဆောင်ကာလအတွက် ပြင်ဆင်ဖို့ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတွေထဲက တခုလို့ယူဆထားကြပါတယ်။ ဒါကြောင့် မျိုးအောင်ခြင်းကို အထောက်အကူပြု အားပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။ Staff pose ပထမဆုံး စမ်းကြည့်သင့်တဲ့ ပုံစံကတော့ လွယ်ကူရိုးရှင်းတဲ့ ပုံစံဖြစ်တဲ့ Staff pose ပဲ ဖြစ်ပါတယ်။ ဒီပုံစံဟာ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးတဲ့ ပုံစံဖြစ်ပြီး သင့်ခန္ဓါကိုယ်ကို ပြေလျော့စေကာ သွေးလည်ပတ်သွားလာမှုကို တိုးတက်ကောင်းမွန်စေတဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း