အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက် နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။ ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးမယ့် အစားအစာတွေ

အဆုတ်ထဲမှာ ရှိနေတဲ့ချွဲသလိပ်တွေကြောင့် နေရထိုင်ရခက်နေတာမျိုးရှိလား။ ဆေးတွေသောက်ပေမယ့်လည်း သိပ်မသက်သာသလိုပဲ တစ်ခုခုစားခါနီးတိုင်းလည်း ချွဲကျပ်စေမလားဆိုပြီး စိတ်ပူနေမိတယ်ဆိုရင်တော့ ဒီချွဲသလိပ်တွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်မယ့် အစားအစာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်မယ့် အစားအစာတွေကဘာတွေများလဲ………. အဆုတ်ထဲကချွဲတွေကို ဖယ်ရှားဖို့အတွက် ဆေးမသောက်ချင်ဘူး။ ဆေးသောက်ရတာတွေများလွန်း လို့ ဆေးမသောက်ချင်ဘူး ဆိုရင် အခုပြောပြမယ့် စားစရာလေးတွေကို စားပေးကြည့်စေချင်ပါတယ်။ ဖရုံစေ့ ဖရုံစေ့က ကိုယ်တွင်းက ချွဲတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး ချွဲကျပ်တာကို အထိရောက် ဆုံးသက်သာစေနိုင်မှာပါ။ ဖရုံစေ့က ချွဲတွေကိုတင်ပျော်စေတာမဟုတ်ပါဘူး။ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များပါတယ်။ နေ့စဉ် ဖရုံစေ့လက်တစ်ဆုပ်စာလောက်စားပေးပါ။ ကြက်သွန်နီ ကြက်သွန်နီမှာပါတဲ့ quercetin ဒြပ်ပေါင်းက ရောင်ရမ်းမှုကို လျော့ကျစေနိုင်သလို အသက်ရှုလမ်းကြောင်းကို သန့်စင်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲကချွဲတွေပျော်ပြီး အသက်ရှုလမ်းကြောင်းကျန်းမာစေဖို့အတွက် ကြက်သွန်နီကို ဟင်းချက်ပြီးပဲဖြစ်ဖြစ် အသုပ်တွေထဲမှာထည့်ပြီးပဲဖြစ်ဖြစ်စားပေးပါ။ ချင်း (ဂျင်း) ချင်း (ဂျင်း) က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ

ခုလို ပူနွေးစိုစွတ်တဲ့ မိုးတွင်းကာလဆိုတာ အအေးမိတုပ်ကွေး ရောဂါပိုးတွေ အသောင်းကျန်းဆုံးကာလတစ်ခုပါပဲ။ ဘယ်နေရာပဲသွားကြည့်ကြည့် လူတွေ ဖျားနေကြတယ်၊ ချောင်းဆိုးနှာစေးနေကြတယ်၊ အအေးမိတာရော၊ အခုဆိုရော ဆင်တုပ်ကွေးလက်ချက်နဲ့ အဖျားပျောက်သွားတာတောင် အဆစ်အမြစ်ကိုက်တဲ့ဝေဒနာ ကျန်ခဲ့လို လူတွေကို ကြည့်လိုက်ရင် အားမရှိဘဲ ပိန်နေပြီး ကြည့်ရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တချို့တွေကျတော့လည်း ဖျားတဲ့အချိန် ဝေဒနာရဲ့ ဒဏ်ကို လှိမ့်ပိမ့်ခံလိုက်ရတယ်၊ အဖျားပျောက်သွားလို့ စိတ်ချမ်းသာရမလား ကြံတုန်းပဲရှိသေးတယ်၊ ချောင်းက တဟွတ်ဟွတ်နဲ့ ဆိုးနေသေးတော့ အဖျားကပဲ ကျန်သေးတာလား၊ နောက်တစ်ခါ ထပ်ပြီးဖျားတာလား၊ ဆေးခန်းပဲ ပြရမလား အရမ်းတွေ လမ်းပျောက်ကြတယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ဒီဆောင်းပါးမှာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပုံမှန်အဖျားက ဘယ်လောက်ကြာမှ ပျောက်တာလဲ။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဆေးတွေသောက်ပြီး၊ အိမ်မှာကောင်းကောင်းအနားယူပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။

အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ လြေ့ပွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။ အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့ Asthama (ပန်းနာရင်ကြပ် )- ဓါတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူ့ကြပ်တဲ့ ပြဿနာတစ်ခုပါ။ Chronic obstructive […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

မိုးလေးမအေးလိုက်နဲ့ ချောင်းဆိုးတော့တာပဲ။ နေ့ခင်းဘက်တွေတော့ အကောင်းကြီး ညရောက်မှ ချောင်းတွေဆိုးနေတယ်။ TB ဖြစ်မှာဆိုးလို့ သလိပ်စစ်ကြည့်တော့လည်း ဘာပိုးမှ မတွေ့ဘူး။ ဒီတော့ TB လည်း မရှိဘဲ နာတာရှည်ချောင်းဆိုးတာက ဘာေ့ကြာင့် ဖြစ်ရတာလဲ။ TB တီဘီ ရောဂါ ကြောင့် မဟုတ်ဘဲ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။ လူတိုင်းတော့ ချောင်းဆိုးဖူးကြပါတယ်။ တစ်ခါဆိုးရင် လပိုင်းလောက်က အကြာဆုံးပေါ့။ ၁ ပတ် ၂ ပတ်လောက်နဲ့ ပျောက်သွားတာက များပါတယ်။ ဒါပေမယ့် တစ်ချို့ နှစ်နဲ့ချီကြာတဲ့ နာတာရှည် ချောင်းဆိုးခြင်းတွေရှိပါတယ်။ ခုပြောပြမယ့် အချက်တွေ တစ်ချက်တည်းကဖြစ်စေ၊ အချက်တွေ ပေါင်းပြီးဖြစ်စေ သူတို့ကတွေက နာတာရှည ်ချောင်းဆိုးခြင်း ပြဿနာကိုဖြစ်စေတတ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့ Postnasal drip - နှာခေါင်းကနေ နှပ်ရည်တွေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

ချောင်းဆိုး တယ် ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။ ဒီနေ့ဆောင်းပါးမှာ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။ ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။ ၂။ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်တစ်လုံး ထားထားပါ။ ခုလိုရာသီဆိုရင် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လေထုညစ်ညမ်းခြင်းနဲ့ ကျန်းမာရေး ။ ။

ခုတစ်လော သတင်းတွေထဲ မကြာခဏ ပါနေတဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှု ြဖစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။ လေထုသန့်စင်မှုတိုင်းတာချက်အရ ချင်းုမိင်မြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းက ညစ်ညမ်းမှု အမြင့်ဆုံးဖြစ်တဲ့ အမှတ်ထက်တောင် အများကြီးကျော်လွန်နေပြီး လေထုညစ်ညမ်းမှု အများဆုံး ပထမနေရာအဖြစ်ရပ်တည်နေပါတယ်။. သူ့နောက်မှာရှိတာက တရုတ်နိုင်ငံပါ။ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် လေထုညစ်ညမ်းမှုဟာ ကိုယ့်နိုင်ငံဆီ ရောက်မလာဘူးလို့ မပြောနိုင်ဘူးလေ။ ဒီတော့ လေထုညစ်ညမ်းရင် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်လဲဆိုတာ သိထားဖို့ လိုနေတာပေါ့။ လေထုညစ်ညမ်းတယ်ဆိုတာဘာလဲ ။ ။ လေထုထဲမှာ သက်ရှိလူသားတိရိစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် လောကကို ဒုက္ခဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေ၊ ဓါတ်ငွေ့တွေ ပါတာကို ပြောတာပါ။ ဒါတွေကို ေလထုညစ်ညမ်းပစ္စည်း air pollutants လို့ခေါ်ပါတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု

အသက်ရှင်နေသမျှကာလပတ်လုံးနေ့စဉ်နဲ့အမျှလေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့ လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်းနေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကိုလေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကိုဖြေရှင်းဖို့ မတတ်နိုင်ပေမယ့် ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက်တော့ အိမ်တွင်းေလထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် အခန်းတွင်းလေထုကိုညစ်ညမ်းစေနိုင်ပါတယ် အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကိုသေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်းသေချာလေးသုတ်သင်မယ်။ အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တွေကိုလည်းခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေတော်တော်လေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစား ဓါတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓါတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။ လေထုမသန့်စင်ရင် ဘာဖြစ်လာမလဲ လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့ အသက်ရှုကြပ်တာ အသက်ရှုလမ်းကြောင်းမှာ မအီမသာဖြစ်တာ မျက်လုံးတွေကျိန်းစပ်တာ အသားအရေတွခြောက်သွေ့တာ မျိုးခံစားရနိုင်ပါတယ်။ လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီးအဆုတ်၊နှလုံး နဲ့ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ လေထုညစ်ညမ်းမှုကြောင့် – နှလုံးသွေးကြောဆိုင်ရာရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ […]


ရောဂါလက္ခဏာများ

ချွဲကြပ် ခြင်း

ခုရက်ပိုင်း ရာသီဥတုလေးအေးလာတော့ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်နေတယ်ဟုတ်။ အေးမြတဲ့ရာသီဥတုက စိတ်ကြည်နူးစရာကောင်းပေမယ့် ရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက်တော့ စိတ်ပျက်စရာပါ။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးအောင် အားဖြည့်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။ ချွဲကြပ်တာက အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရတာခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။ ချွဲကြပ် ခြင်း ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့ အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း