အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

မိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေးတွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုပါတယ်။ ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ ပျားရည် ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ အရည်ပူပူလေးတွေ သောက်ပေးပါ။ ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် ရေနွေးအဖြူကို ပူပူလေး သောက်ပေးပါ။ တစ်နေကုန် တစိမ့်စိမ့်သောက်နေတာက လည်ချောင်းထဲက ချွဲတွေပျော်စေသလို ချောင်းဆိုးရလွန်းလို့ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

ဒီလို COVID-19 ရောဂါအန္တရာယ်ကို လူတိုင်း စိုးရိမ်နေရတဲ့ကာလမျိုးမှာ ချောင်းလေး တစ်ဟွတ်ဟွတ်များဆိုးလာရင် ဘာလို့ပါလိမ့်မယ်ဆိုပြီး တွေးရတောရပူကြရပါတယ်။ တကယ်တော့ ချောင်းဆိုးတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ။ ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကိုသိထားရင် တချို့ကိစ္စတွေအတွက် အလွန်အကျွံစိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာက အမျိုးအစားအမျိုးမျိုးရှိပြီးတော့ ခုလိုချောင်းဆိုးစေရတဲ့ နောက်ကွယ်ကအကြောင်းတရားကလည်း အမျိုးမျိုးပါပဲ။ တချို့ချောင်းဆိုးဝေဒနာတွေဟာ မစိုးရိမ်ရပေမယ့် တချို့နောက်ကွယ်က အကြောင်းတရားတွေကတော့ စိုးရိမ်စရာတွေလို့ ဆိုရမှာပါ။ ဒါကြောင့် မိမိချောင်းဆိုးလာပြီဆိုရင် ဘယ်လိုဆိုးတာလဲဆိုတာကို အရင်လေ့လာပြီး ဘာကြောင့်ဆိုးတာဖြစ်နိုင်လဲဆိုတာကို သိနားလည်အောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှ ကာကွယ်ကုသရာမှာလည်း တိတိကျကျကုသနိုင်မှာပေါ့။ ကဲ ကိုယ်ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးတာက အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လဲ တုပ်ကွေး၊ အအေးမိတာတွေကြောင့်ပေါ့။ ချောင်းခြောက်ဆိုးတဲ့အခါမှာ ချွဲလုံးဝမပါတာ ဒါမှမဟုတ် အနည်းငယ်သာပါတာမျိုးတွေဖြစ်တတ်ပါတယ်။ ချောင်းခြောက်ဆိုးတာဟာ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်ချို့နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေကတော့ ရင်ကြပ်ဝေဒနာ၊ အစာအိမ်အက်ဆစ် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

ဆေးရုံတွေ သွားရင် ဘေးနံရိုးမှာ ပိုက်တန်းလန်းနဲ့ အောက်က ဘူးလေးနဲ့ ကိုင်ထားတဲ့သူတွေကို မြင်ဖူးကြမှာပါ။ ဒါက အဆုတ်ထဲကို ပိုက်ထည့်ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အသည်းယားစရာကောင်းတယ်လို့ ထင်ပေမယ့် ဒါဟာလည်း ကုသနည်းတစ်ခုပါပဲ။ သူတို့တွေ ဘာကြောင့် ပိုက်တန်းလန်းနဲ့ နေရတာလဲ။ ပိုက်ထည့်ထားတဲ့ လူနာတွေကို ဘာဂရုစိုက်ပေးရမလဲဆိုတာ ဆက်ပြောပြပါမယ်။ အဆုတ်ထဲကို ဘာလို့ ပိုက်ထည့်ရတာလဲ။ အဆုတ်ထဲလို့ ပြောပေမယ့် တကယ်တော့ လူတွေ သိဖူး၊ မြင်ဖူးတဲ့ အဆုတ်ထဲကို ထည့်တာမဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာ အမြှေးပါးလေး နှစ်ခုရှိပါတယ်။ အဆုတ်မှာ ဒဏ်ရာရလို့ ဖြစ်ဖြစ်၊ ရောဂါရလို့ဖြစ်ဖြစ် လေတွေ၊ သွေးတွေ၊ အရည်တွေက ဒီအမြှေးပါးလေး နှစ်လွှာ ကြားထဲကို ရောက်သွားပါတယ်။ ဒါတွေကို အပြင်ထုတ်ဖို့ ဒီအမြှေးပါး နှစ်လွှာကြားထဲကို ပိုက်ထည့်တာပါ။ ဒီလို မထည့်ရင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်

အားလုံးသိတဲ့အတိုင်း lungs လို့ခေါ်တဲ့ အဆုတ်လေး တွေဟာ အသက်ရှူလမ်းကြောင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေ နေ့စဉ်ရှူလိုက်တဲ့ လေတွေ၊ ဖုန်တွေ နဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေကအစ ခန္ဓာကိုယ်အတွက် မကောင်းဘဲ ရှုမိလိုက်တဲ့ ဆေးလိပ်ငွေ့၊ ဓာတ်ငွေ့တွေအဆုံး အားလုံးကို အတတ်နိုင်ဆုံးသန့်စင်ပေးတဲ့ တာဝန်ကိုလည်း ယူနေကြပါတယ်။ သူတို့ဟာ မကောင်းတဲ့ အငွေ့တွေကိုလည်း သန့်စင်ပေးတယ်ဆိုပေမယ့် ကြာလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်လာနိုင်ပြီး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့လည်း အဆုတ်လေးတွေ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့၊ ရောဂါတွေ အလွယ်တကူဖြစ်မလာဖို့ သန့်စင်အောင်၊ ကျန်းမာအောင် ကူညီပေးဖို့လိုအပ်ပါတယ်။ အဲလို ကူညီနိုင်ဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ အဆုတ်လေး ကျန်းမာဖို့ ၁။ လေကောင်းလေသန့်ကို ရှူပါ။ သစ်ပင်တွေများပြီး လေကောင်းလေသန့်ရနိုင်မယ့် နေရာမျိုးက […]


ရောဂါလက္ခဏာများ

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။ ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘာတွေကြောင့် ဖြစ်နိုင်လဲ တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံး ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ (၁)အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

နှာရည်ယို၊ နှာပိတ်တဲ့ ရောဂါလက္ခဏာကို ဖျားနာနေတဲ့ အချိန်၊ ဓာတ်မတည့်ဖြစ်တဲ့ အချိန်မှာ အများဆုံး တွေ့ရပါတယ်။ နှာရည်က တောက်တောက်ကျလို့ ခဏခဏ တစ်သျှူးထယူပြီး နှပ်ညှစ်ရတာ၊ နှာခေါင်းက ပိတ်နေတော့ ပါးစပ်ကနေ အသက်ရှူရတာ၊ အသက်ရှူမဝတာ စတဲ့ ပြဿနာတွေဟာ ပြင်းထန်နေခြင်း မရှိတဲ့တိုင်အောင် ခံစားရတဲ့သူအတွက်တော့ မသက်သာလှပါဘူး။ ဒီဆောင်းပါးမှာတော့ နှာရည်ယို၊ နှာပိတ်တာအတွက် အိမ်မှာပဲ အလွယ်တကူ ပျောက်ကင်းအောင် ကုသလို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁။ ရေများများ သောက်ပေးပါ။ နှာစေး နှာပိတ်နေတဲ့အချိန်ဆိုရင် လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားနာတဲ့ လက္ခဏာတွေပါ တွဲလျက် တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်က ပုံမှန်ထက် ကုန်ဆုံးမှုနှုန်း မြန်နေမှာပါ။ ဒါကြောင့် ရေကို များများ သောက်ပေးဖို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

အဆုတ် ကျန်းမာရေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရန်က ကာကွယ်နိုင်ဖို့ သိပ်ကို အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့ရင် သေမှာတော့ လူတိုင်း သိကြတာပဲမဟုတ်လား။ ဒီလို အရေးပါတဲ့ အဆုတ် ကို ကျန်းမာစေမယ့်၊ အားကောင်းစေမယ့် အထောက်အကူပြု အစားအသောက်တွေကို အကြံပြုပေးချင်ပါတယ် - ချင်း ချင်း(ဂျင်း)ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။ နနွင်း ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။ ဂေါ်ဖီထုပ်မျိုးနွယ်တွေ ဂေါ်ဖီ၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန်လို့ဆိုလိုက်ရင် ထင်းမီးတွေ တောမီးတွေကနေပဲဖြစ်ဖြစ်၊ မီးတောင်ကနေပဲဖြစ်ဖြစ်၊ အမှိုက်မီးရှို့မှုတွေကနေပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးနဲ့ ထင်းမီးသွေးတွေကနေပဲဖြစ်ဖြစ်၊ ဆေးလိပ်တွေကနေပဲဖြစ်ဖြစ် ထွက်ရှိလာတဲ့ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင် အမှုန်အဖတ်တွေဆိုတာကို လူအတော်များများ သိကြမယ်ထင်ပါတယ်။ ပြာမှုန်တွေဟာ နေရာတိုင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ မီးဖိုချောင်ထဲကနေစလို့ သဘာဝဘေးအန္တရာယ်ကြုံဆုံနေရတဲ့ နေရာတွေအထိပေါ့။ ဒီလို ပြာမှုန်လို့ခေါ်ဆိုကြတဲ့ ဒီ အမှုန်လေးတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပါတယ်။ တစ်ချို့က ဒီအမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပြီး တစ်ချို့သော ရိုးရာတိုင်းရင်းဆေးနည်းတွေမှာတော့ ဒီအမှုန်အဖတ်တွေကို ဆေးဘက်ဝင်ဓာတ်စာတစ်မျိုးအဖြစ် ထည့်သွင်းအသုံးချကြပါတယ်။ တစ်ချို့သော ဆေးမြီးတိုကုသမှုနည်းလမ်းတွေမှာ ပြာမှုန်ကို စားသုံးပေးတာ၊ ရေနဲ့ဖျော်သောက်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်တမ်းမှာ ဒီနည်းလမ်းတွေဟာ ကျန်းမာရေးကို တကယ်အကျိုးရှိစေရဲ့လား။ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ပြာမှုန်တွေကို ရှုရှိုက်မိနေတယ်ဆိုရင်ရော ဘယ်လို ဘေးအန္တရာယ်တွေ ရှိလာမလား။ ပြာမှုန်နဲ့ ကျန်းမာရေး သိပ္ပံနည်းကျလေ့လာချက်တွေမှာတော့ ပြာမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

ကိုယ်အလေးချိန် မြင့်မားလွန်းလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ကြုံဆုံရင်ဆိုင်ရလာတတ်ပါတယ်။ အဝလွန်တာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပြီးသားပါ။ ခုချိန်မှာတော့ နောက်ထပ်တွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလွန်းရင် အဆုတ်ကိုလည်းထိခိုက်ပျက်ဆီးစေနိုင်ပြီး အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားရစေနိုင်တယ်လို့ သိရှိလာရပါပြီ။ အဆုပ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းပြီး နာတာရှည်ဝေဒနာစွဲကပ်ခံရပြီဆိုရင် လူတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အဆုတ်ဟာ အနေအထိုင် အစားအသောက် မဆင်ခြင်မှုကြောင့် အဝလွန်လာချိန်မှာ ပိုထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုလာနေကြပြီဖြစ်ပါတယ်။ အဝလွန်တာက အဆုတ်ကို ဘယ်လိုထိခိုက်စေသလဲ။ ဥရောပနဲ့ သြစတြေးလျက အသက်၂၀ နဲ့ ၄၄ နှစ်အကြား လူပေါင်း ၃၇၀၀ ကို ဆန်းစစ်လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလာလေလေ၊ အဆုတ်ရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာလေလေဆိုတာကို သိရှိလာရပါတယ်။ အဆုတ် ပိုမိုအိုမင်းရင့်ရော်လာတာနဲ့အမျှ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

အသက်ရှူလမ်းကြောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါပဲ။ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရှူသွင်းရင်း နောက်မှာ မလိုလားအပ်တဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေပါ ပါလာတတ်ပါတယ်။ ဒါတွေကို အသက်ရှူလမ်းကြောင်းက ရှင်းထုတ်ပေးရတာပါ။ အသက်ရှူလမ်းကြောင်းလို့ ပြောရင် တော်တော်များများက အဆုတ်ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အသက်ရှူလမ်းကြောင်းက နှာခေါင်းကစလို့ ဟိုးအဆုတ်လေအိတ်ငယ်လေးတွေအထိ ပါပါတယ်။ အဲ့ဒီနေရာအထိ ရောဂါပိုး မဝင်ဖို့ဆိုရင် အသက်ရှူလမ်းကြောင်း အစတည်းက သေချာဂရုစိုက်ရမှာပါ။ ခုချိန်မှာ COVID-19ကလည်း ရှိနေတော့ ပိုလို့တောင် ဂရုစိုက်ရပါဦးမယ်။ သူက အသက်ရှူလမ်းကြောင်းကနေ အဓိက ဝင်တာဆိုတော့လေ။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့၊ ရောဂါပိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။ (၁) လက်ဆေးပါ။ လက်မှာ ဖုန်တွေ၊ ရောဂါပိုးတွေ အများကြီး ရှိပါတယ်။ လက်ကို ရေနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း