အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ချောင်းဆိုးတယ်ဆိုတာ ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းမျာ ရှိနေတဲ့ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်က လျင်မြန်စွာ တုံ့ပြန်လိုက်တဲ့ အပြုအမူတစ်ခုပါ။ ပုံမှန်အားဖြင့် • ချွဲ၊ သလိပ်တွေ ပါတဲ့ ချောင်းအစို • ချွဲသလိပ် မထွက်ဘဲ ဒီအတိုင်း ဆိုးတဲ့ ချောင်းအခြောက် ဆိုပြီး ချောင်း အမျိုးအစား ၂ မျိုး ခွဲခြားလို့ ရပါတယ်။ အဓိက ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ၁။ ပန်းနာရင်ကျပ် အသက်ရှူလမ်းကြောင်းဟာ ရောင်ပြီး ကျဉ်းလာမယ်။ အဲ့ဒီအတွက် အသက်ရှူရတာ ပုံမှန်လူတွေလို မဟုတ်ဘဲ အနည်းငယ် ခက်ခဲလာမယ်။ ချောင်းအစို၊ အခြောက် ၂ မျိုးလုံး တွေ့ရတတ်ပြီး ချောင်းခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ ချောင်းဆိုးတာအပြင် အသက်ရှူတဲ့အခါ ချွဲသံပါနေတာ၊ အသက်ရှူ မဝတာ၊ ရင်ဘတ်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

ချောင်းဆိုးပြီဆိုမှတော့ ချောင်းအစိုပဲ ဆိုးဆိုး၊ ချောင်းခြောက်ပဲ ဆိုးဆိုး တော်တော်လေးကို နေရထိုင်ရ ခက်စေမှာပါ။ ချောင်းအစိုကျတော့လည်း နှာရည်က တတောက်တောက်ကျ၊ ချောင်းဆိုးရင်လည်း ချွဲသလိပ်တွေ ကပ်ပါ၊ စကားပြောတော့လည်း ချွဲသံနဲ့ စိတ်ညစ်စရာကြီးနော်။ ချောင်းခြောက်ကျတော့လည်း လည်ချောင်းက တစ်ခုခု ကပ်ပြီး ယားနေသလို၊ အရေပြားမဟုတ်တော့ ကုတ်လို့လည်း မရ၊ ဆိုးဖန်များလာတော့ လည်ချောင်းကနာ၊ ဘေးလူတွေကိုလည်း အားနာရသေးတယ်မလား။ ခုဆောင်းပါးမှာတော့ ရာသီ အကူးအပြောင်းကာလကြောင့် ဆိုးနေတဲ့ ချောင်းခြောက်တွေကို အိမ်မှာပဲ အလွယ်တကူ သက်သာစေအောင် လုပ်လို့ရမယ့် ကုထုံးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရမ်းလည်း အလုပ်မရှုပ်စေတာကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်လည်း အလုပ်ပိုစေမှာ မဟုတ်ပါဘူး။ ၁။ ငုံဆေး သကြားလုံး ငုံပါ။ ပူရှိန်း၊ သံပရာ၊ ပျားရည်၊ လိမ္မော် အစရှိသဖြင့် အရသာ အမျိုးမျိုးနဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

လူတိုင်း ချောင်းဆိုး ချွဲထွက်ဖူးမှာပါ။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။ သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိတာကို မြင်ဖူးကြပါသလား။ သလိပ်အရောင်တွေက ဘာကို ပြောချင်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ချွဲ သလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း အစိမ်းရောင် သို့မဟုတ် အဝါရောင် သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင် ဖြစ်နေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက် လား ချောင်းစိုလား

ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က "ချောင်းခြောက် လား၊ ချောင်းစိုလား" "သလိပ်ထွက်လား" လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခုပါပဲ။ အသက်ရှူလမ်းကြောင်းထဲကို တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က အာရုံကြောတွေကနေ တဆင့် ဒီအပစ္စည်းတွေ အပြင်ထွက်သွားအောင်လို့ ချောင်းဆိုးခိုင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုတည်းက အချွဲလွှာရှိပါတယ်။ ရောဂါပိုးဝင်လာတဲ့ အခါ ဒီပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာတွေ ပိုထူလာပါတယ်။ ဒါကို သလိပ်လို့ ခေါ်ပါတယ်။ အရပ်အခေါ်တော့ ချောင်းအစို ဆိုးတယ်ပေါ့။ ဒီလောက်ဆိုရင် ချောင်းခြောက်ဆိုးတယ် ချောင်းအစို ဆိုးတယ်ဆိုတာ ဘာလဲလို့ သိလောက်ပါပြီ။ ဆက်ပြီး သူတို့ကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားပျောက်သွားတာတောင် နှာစေးနေသေးတာ စိုးရိမ်စရာလိုလား ?

တစ်ခါတစ်လေမှာ ဖျားနာတာကနေသက်သာလာပေမယ့် ချောင်းဆိုးတာမပျောက်သေးတာကို ကြုံဖူးကြမှာပါ။ လည်ချောင်းယားပြီးချောင်းဆိုးနေတိုင်းလည်း နေမကောင်းဘူးလို့မသတ်မှတ်နိုင်ပါဘူး။ ဒါဆိုရင် နှာစေးအအေးမိဝေဒနာကနေ သက်သာလာတာတောင် ချောင်းဆက်ဆိုးနေသေးရင် စိတ်ပူဖို့လိုပါသလား ? "လူနာတော်တော်များများက အအေးမိဖျားနာဝေဒနာကို ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားမယ်လို့သေချာပေါက်ထင်ထားကြတယ်။ ဒါပေမဲ့ ရိုးရိုးအအေးမိခြင်းကလည်း တစ်ခါတစ်လေမှာ တစ်ပတ်နှစ်ပတ်ခန့်ကြာနိုင်ပါတယ်" လို့ ကယ်လီဖိုးနီးယားဆေးရုံက အတိုင်ပင်ခံသမားတော် ဒေါက်တာ John Doherty ကဖြေကြားဖူးပါတယ်။ သူက အအေးမိဝေဒနာသက်သာလာရင်တောင်မှ ခန္ခာကိုယ်က ခုခံအားစနစ်က ရောဂါပိုးတွေကိုတိုက်ထုတ်ခြင်းရဲ့အကျိုးဆက်အနေနဲ့ ချောင်းဆိုးတာမျိုးကဖြစ်နိုင်ပါတယ်လို့ ဆက်ရှင်းပြပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ နှာခေါင်းထဲကအချွဲတွေကြောင့်ဖြစ်ပါတယ်။ အီလီနျွိုက်ပြည်နယ်ဆေးရုံက သမားတော်ဒေါက်တာ Laura Boyd ကလည်း "အအေးမိနေတဲ့အချိန် နှာခေါင်းထဲမှာ အချွဲတွေစုပုံလာတတ်ပါတယ်။ နှာခေါင်းအထဲမှာရှိတဲ့ ဂလှိုင်ပေါက်တွေကနေတစ်ဆင့် ဒီအချွဲတွေကလည်ခေါင်းထဲကို ရောက်ရှိသွားတဲ့အခါမှာ လည်ချောင်းယားယံပြီးချောင်းဆိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်" ဆိုပြီးပြောကြားခဲ့ပါသေးတယ်။ အခြားသော ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေလည်းရှိနိုင်ပါတယ်။ - အဆုတ်ရောင်ရောဂါ တစ်ခါတစ်လေမှာ ဖျားနာရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ရင်းနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကအင်အားချည့်နှဲ့သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းနေပြီလား

လေထုညစ်ညမ်းတာ (Air Pollution) ဟာ လူတွေကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ အများအပြားပေးနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ရန်ကုန်မြို့ကြီးဟာ လေထုညစ်ညမ်းမှုမြင့်မားလာနေတယ်။ နေလို့၊ အသက်ရှူလို့ မကောင်းတော့ဘူး။ စိတ်ညစ်ညူးဖွယ်မြို့ကြီးဖြစ်လာနေပြီလို့ ဆိုနေကြတယ်မဟုတ်လား။ ဒီတင်လားဆိုတော့ မဟုတ်ပါဘူး။ အာဆီယံဒေသတွင်းတိုင်းပြည်တွေမှာဆိုရင်လည်း ဂျကာတာတို့၊ ဘန်ကောက်တို့ဟာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်နေရတဲ့ မြို့တော်ကြီးတွေပါ။ လေထုညစ်ညမ်းမှု မြင့်မားလာရင် ဖျားတာ၊ နာတာ၊ စိတ်ဖိစီးမှုများတာ၊ နှလုံး၊ အဆုတ်ရောဂါတွေနဲ့ ဆဲလ်ပျက်ဆီးမှုမျးတာလိုမျိုး ဝေဒနာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာက ရေရှည်ပြဿနာတစ်မျိုးဖြစ်ပါတယ်။ လူတိုင်းက လေထုညစ်ညမ်းမှုအကြောင်းနဲ့ ဘေးအန္တရာယ်တွေကို သတိထားမိပေမယ့် ကိုယ့်နေအိမ်အတွင်းက လေထုညစ်ညမ်းမှု (Indoor Air Pollution) အကြောင်းကိုတော့ မသိကြတာများပါတယ်။ နေအိမ်တွင်း လေထုညစ်ညမ်းမှုဆိုတာက ပြင်ပလေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက် ဆက်စပ်မှုနည်းပါးပြီးတော့ မိမိရဲ့ အိမ်တွင်း အလေ့အထတွေနဲ့ သန့်ရှင်းမှုပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားတော့ ပျောက်သွားပြီ၊ ဘာလို့ ချောင်းဆိုးမရပ်သေးတာလဲ

တစ်ခါတစ်လေ ရက်ရှည်ကြာအောင် အပြင်းဖျားပြီး ပြန်နာလန်ထူတဲ့ အချိန်မှာ ချောင်းနည်းနည်းဆိုးနေသေးတာ သတိထားမိမှာပါ။ အအေးမိတုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ အပြင်းအထန်အလုပ်လုပ်ရပါတယ်။ ဒါကို အချက်ပြဖို့အတွက် ချောင်းဆိုးချင်လာအောင် ကိုယ်ခံအားစနစ်က လှုံ့ဆော်ပေးရပါတယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် ခန္ဓာကိုယ်က လက်ကျန် ရောဂါပိုးတွေကို ရှင်းထုတ်နေရတဲ့အတွက် ချောင်းဆိုးတာ၊ နှာရည်ယို၊ နှာပိတ်တာ အစရှိတဲ့ လက္ခဏာတွေကို ရက်သတ္တပတ် အနည်းငယ်ထိ ပြနေနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်မပါတဲ့ ချောင်းအခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ တချို့သော အခြေအနေမှာ အဖျားက အရှင်းမပျောက်သေးဘဲ နောက်ထပ် ရောဂါပိုးအသစ်ဝင်လာတဲ့အတွက် ဒုတိယအကြိမ်ဆိုသလို ဆက်တိုက်ပြန်ဖျားတာမျိုးလည်း ရှိပါတယ်။ ဒီအခြေအနေကိုတော့ secondary infection လို့ ခေါ်ပါတယ်။ ပထမဆုံး ဝင်လာတဲ့ ရောဂါပိုးကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

ခုလို အအေးဓာတ်ကဲတဲ့ ရာသီမျိုးတွေမှာ လူအတော်များများ ချောင်းဆိုးတဲ့ ဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ အအေးမိလို့ပဲဖြစ်စေ၊ အဆုတ်အားနည်းလို့ပဲဖြစ်စေ၊ တခြားကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်စေ ချောင်းဆိုးတာ၊ ချွဲကြပ်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နေလည်းကောင်းနေပြီ၊ အအေးမိဖျားနာဝေဒနာလည်း ပျောက်ကင်းနေပြီ၊ မိမိမှာလည်း TB ရောဂါ တစ်စုံတစ်ရာ မရှိပါပဲနဲ့ ချောင်းဆက်ပြီး ဆိုးနေသေးတာမျိုးတွေနဲ့ ကြုံရလေ့ရှိပါတယ်။ လက်လှမ်းမှီရာ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ကုသကြည့်ပေမယ့်လည်း တိတိပပ ပျောက်ကင်းသွားတာမျိုးမရှိပဲ ချောင်းဆက်ဆိုးနေတတ်တာမျိုးပါ။ ဒီလို ဘာကြောင့်ဖြစ်နေရတာပါလဲ? အောက်ပါ အချက် ၈ ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းထဲမှာ ပြဿနာရှိနေတာကြောင့် - များသောအားဖြင့် တုပ်ကွေး၊ ဖျားနာအပါအဝင် တခြားသော ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပြီးတဲ့အခါမျိုးမှာ ချောင်းဆိုးနေတာလေးတော့ ကျန်ခဲ့လေ့ရှိပါတယ်။ ဖျားတာနာတာတွေ ပျောက်ကင်းသွားပေမယ့် ခုလို ချောင်းဆိုးတဲ့ အခြေအနေကျန်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ အသက်ရှုလမ်းကြောင်းထဲမှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ရောဂါအကျဉ်း ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာဘာလဲ။ ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာ အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးလေပြွန်အိတ်လေးတွေမှာ ဓာတုပစ္စည်းတွေကို ရှူရှိုက်မိတာကြောင့် လေပြွန်နံရံတွေမှာ အမာရွတ်တွေဖြစ်၊ ကျဉ်းမြောင်းသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လေပြွန်တွေပါ ပိတ်ဆို့သွား၊ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါကို Bronchiolitis Obliterans လို့လဲခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ bronchiolitis လေပြွန်ငယ်လေးတွေယောင်ယမ်းခြင်းနဲ့ obliterans ပိတ်ဆို့ခြင်း ပါ။ ဒါကြောင့် ဒီရောဂါဟာ လေပြွန်အိတ်ငယ်လေးတွေ ယောင်ယမ်းခြင်းကြောင့် လေပြွန်တွေပိတ်ဆို့တဲ့ အဆုတ်ရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ ၂၀၀၄ ခုနှစ်မှာ ယူအက်စ်ရဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်မှုဋ္ဌာန (CDC) ကနေပြီးတော့ Popcorn Lung ရောဂါကေ့စ်တွေကိုစတင်ပေါ်ပေါက်လာကြောင်း သတင်းပို့ပါတယ်။ နောက်ကြောင်းပြန်လိုက်ကြည့် တဲ့အခါ မီဆိုရီပြည်နယ်က မိုင်ခရိုဝေ့ဖ်ထဲမှာ ဖောက်တဲ့ ပေါက်ပေါက်ဆုပ် စက်ရုံတစ်ရုံကသူတွေမှာ Bronchiolitis obliterans ရောဂါတွေကို တွေ့ရှိခဲ့ရပါတယ်။ ယူအက်စ်ရဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ခန္ဓာကိုယ်မှာအဆုတ်ရဲ့ တာဝန်ကဘာများလဲ

ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီအလိုက်မှာလည်း တာဝန်အသီးသီးရှိကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက သူတို့တာဝန် သူတို့ကြေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူသိုလှောင်ပေးနေတဲ့ အဆုတ်အကြောင်းကို နည်းနည်လောက်ပြောပြပေးပါရစေ။ အဆုတ်ဆိုတာ အဆုတ်ဆိုတာက  ခန္ဓာကိုယ်ရဲ့လိုချင်တဲ့ အောက်ဆီဂျင်ကို ရယူပေးပြီး သွေးကြောတွေထဲကနေတဆင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည်ဖြန့်ဝေပေးပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်တာမှာ အကြိမ်ရေ ၆ သန်းလောက်ထိအသက်ရှူပါတယ်။ အဆုတ်ကြောင့် ခန္ဓာကိုယ်ကျန်းမာသလို အဆုတ်မကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ကိုယ်ထဲမှာ အဆုတ် ဘယ်နှခုရှိလဲ........... ခန္ဓာကိုယ်မှာ အဆုတ်က နှစ်ခုရှိပါတယ်။ ဘယ်ဘက်မှာတစ်ခု ၊ ညာဘက်မှာတစ်ခုပါ။ အဆုတ်က ရင်ဘတ်ထဲမှာရှိနေပြီး နံရိုးရဲ့နောက်ဖက်မှာရှိနေပါတယ်။ ထိပ်ပိုင်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး ရင်ဝမ်းခြားမြှေးနဲ့ ဆုံတဲ့နေရာမှာ ခပ်ပြားပြားသဏ္ဍာန်ရှိနေပါတယ်။အဆုတ်ကတစ်စုံလို့ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက ပုံစံမတူပါဘူး။ ဘယ်ဘက်အဆုတ်မှာ နှလုံးအတွက် နေရာလေး ခပ်ဝိုက်ဝိုက်လပ်နေတတ်ပြီး ညာဘက်အဆုတ်ကတော့ အောက်ဘက်မှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း