အအေးမိဖျားနာခြင်း

အအေးမိဖျားနာဆိုတာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံရတာပါ။ အတိအကျပြောရရင် နှာခေါင်းနဲ့ လည်ချောင်းပါ။ သိသာတဲ့ လက္ခဏာကတော့ နှာစေးတာ၊ လည်ချောင်းနာတာပါ။ အအေးမိဖျားနာနဲ့ ပတ်သက်တဲ့ တခြားအကြောင်းအရာတွေကို ဒီစာမျက်နှာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အအေးမိဖျားနာခြင်း

ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]

အအေးမိဖျားနာခြင်း ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

နေမကောင်းတာနဲ့ အနွေးထည်အထူကြီး မချွတ်တမ်းဝတ်ထားစရာလိုသလား

ရာသီဥတုက ပူလိုက်အေးလိုက်နဲ့ မတည်ငြိမ်တဲ့အခြေအနေမှာ ဖျားနာလွယ်၊နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကျောင်းမှာ၊ အိမ်မှာ၊ ရုံးမှာ တစ်ယောက်ကစဖြစ်လိုက်ရင်လည်း လိုက်မဖျားရင်တောင်မှ နှာချေ၊နှာစေးတာလောက်တော့ ကူးတတ်ကြပါတယ်။ အအေးမိ၊တုပ်ကွေးရောဂါပိုးတွေဆိုတာက အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်တဲ့သဘာဝဖြစ်နေတော့ တစ်နေရာတည်းမှာအတူရှိနေတဲ့သူအချင်းချင်း လက်ဆင့်ကမ်းကြတာမဆန်းပါဘူး။ အရေးကြီးတာက ကိုယ့်မှာတုပ်ကွေးဖြစ်လာရင် သူများကိုမကူးစက်စေဖို့ ဆင်ခြင်နေထိုင်ဖို့ရယ်၊ ကိုယ့်ရောဂါကိုမြန်မြန်ပျောက်ကင်းအောင်နေတတ်ထိုင်တတ်ဖို့ရယ်၊ ကုသမှုကို တလေးတစားလိုက်နာဖို့ရယ်ပဲလိုပါတယ်။ ဒါပေမယ့်ကုသမှုကိုလိုက်နာတာ၊ သူများကိုမကူးအောင်နေတာ ဂရုစိုက်နိုင်တယ်ထားဦး။ ကိုယ့်ရဲ့ကျန်းမာရေးအသိကမှားယွင်းနေရင် ဒါမှမဟုတ် မှားယွင်းနေတာကို မသိရင် မလိုအပ်ဘဲရောဂါတာရှည်နိုင်တာ သတိထားသင့်ပါတယ်။ တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် အရင်ဆုံးပြောတတ်ကြတာကနွေးနွေးထွေးထွေးနေနော်၊ အနွေးထည်ဝတ်ထား၊လေတိုက်မခံနဲ့ စသည်ဖြင့်။ ဒါ့ကြောင့် ဖျားပြီဆို အနွေးထည်လေးဝတ်၊စောင်လေးခြုံပြီးကွေးလိုက်တာ ထကိုမထတော့ပါဘူး။စောင်အထူကြီးခြုံ၊ အနွေးထည်အထူကြီးဝတ်ပြီးချွေးတွေထွက်လာရင် အဖျားကျတယ်၊ သက်သာတယ်ထင်ကြပါတယ်။ တကယ်တမ်းကျ အနွေးထည်နဲ့စောင်အထူကြီးတွေအောက်မှာ ချွေးတွေအထွက်များပြီးပြန်အအေးပတ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ပြီးရင် အဖျားပြန်တက်လာတာချည်းပါပဲ။ ချွေးစို့လာရင် အဖျားကျတယ်ဆိုတာ အတန်အသင့် ချွေးထွက်ခြင်းကအရေပြားကိုအေးမြစေပြီး ခန္ဓာကိုယ်အပူချိန်ကို ကျစေလို့ပါ။ ဒါပေမယ့်အရမ်းပူလှောင်ပြီး ချွေးထွက်အရမ်းများတာမကောင်းပါဘူး။ အဖျားတက်လို့ချမ်းတုန်နေချိန်နွေးထွေးအောင်နေတာက လူနာကိုသက်တောင့်သက်သာရှိစေဖို့၊ […]


အအေးမိဖျားနာခြင်း

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်

စကားပြောတာ နှာသံတွေပေါက်နေရော ဖျားနေတာလားလို့ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေမေးတာမျိုးခံရဖူးမှာပေါ့။ သူတို့တော့နားထောင်ကောင်း၊မကောင်းမသိ ကိုယ်တိုင်ကတော့ နှာသံနဲ့စကားပြောရတာကို စိတ်ပျက်နေပြီ။ အသံတင်ပြောင်းတာမဟုတ် တစ်သျှူးအလိပ်လိုက် အထုပ်လိုက်ဘေးနားထားထိုင်နေရ သွားလာနေရတာ အတော်လေးတော့အလုပ်ရှုပ်တယ်နော်။ မလုပ်လို့လည်းမဖြစ် အရွယ်ကရောက်နေပြီ နှပ်ချေးတစ်ရှုံ့ရှုံ့လုပ်နေလို့မဖြစ်တော့ စိတ်ညစ်ပေမယ့် အချိန်ပြည့် နှပ်ညှစ်နေရတယ်လေနော်။ နှာစေးတာကြောင့် အလုပ်ရှုပ်တာက ဒီလောက်နဲ့ပဲပြီးသွားတာတော့မဟုတ်ပါဘူး။ တစ်နေကုန်နှပ်ညှစ်နေရတယ်။ အိပ်ခါနီးကျတော့ နှာခေါင်းပိတ်လို့ကောင်းကောင်းအိပ်မရဘူး။ ဒီပြဿနာရဲ့ အရင်းခံတွေကို သိထားမယ်ဆိုရင်ရှောင်ရှားဖို့လွယ်သွားမှာပေါ့နော်။ ဒီတော့ နှာစေးနှာပိတ်ဖြစ်စေတဲ့အကြောင်းအရင်းလေးတွေများ မသိချင်ဘူးလား။ နှာစေးတယ်ဆိုတာ နှာစေးတယ်ဆိုတာက နှာခေါင်းထဲမှာရှိတဲ့ တစ်ရှုးတွေနဲ့ နှာခေါင်းနဲ့ ကပ်လျက်ရှိနေတဲ့ တစ်ရှုးတွေ၊ နှာခေါင်းသွေးကြောတွေက ပိုလျှံနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်တာပါ။ ဒီလိုထွက်လာတဲ့ ချွဲသလိပ်တွေက အရည်ကြည်ကြည်တွေကနေစလို့ ခပ်ပျစ်ပျစ်ချွဲတွေအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ် နှာစေးရတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အခုပြောပြတဲ့အချက်တွေကြောင့် နှာစေးတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ sinus infection ရှိတာ […]


အအေးမိဖျားနာခြင်း

အအေးမိဝေဒနာ ပိုဆိုးစေမယ့် အမူအကျင့်မှား (၈)ခု

ခေါင်းကိုက်တာကအစ နေမကောင်းဖြစ်ပြီဆိုရင်မြန်မြန်ပြန်ကောင်းချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့အပြုအမူတချို့ကြောင့် ဝေဒနာပိုဆိုးစေတတ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် ရောဂါပိုးကြောင့်ပဲဖြစ်ဖြစ် ဖျားနာတဲ့အခါနေထိုင်ပြုမူပုံ မှန်ကန်ဖို့ ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။ နေမကောင်းတဲ့အခါ လုပ်မိတဲ့အမှား (၈) ခု အိပ်ရေးဝအောင်မအိပ်ခြင်း ပြည့်ပြည့်ဝဝအိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှုအတွက် အဓိကသော့ချက်ပါ။ ဒါမှ ခန္ဓါကိုယ်ကရောဂါပိုးမွှားတွေကို ခုခံတိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ သုတေသနတစ်ခုအရဆိုရင် တစ်ညကို အိပ်ချိန် ၇ နာရီမပြည့်တဲ့သူတွေဟာ အအေးမိဝေဒနာခံစားရနိုင်ခြေမှာ ထိပ်ဆုံးကနေ ၃ ဆ ပိုများနေတယ်လို့ဆိုပါတယ်။ အအေးမိဝေဒနာလည်းဖြစ်နေတယ်၊ ညဘက်လည်းအိပ်မရဘူးဆိုရင် အိပ်ရာစောစောဝင်တာ ဒါမှမဟုတ်နေ့ဘက် တစ်ရေးအိပ်တာတွေ လုပ်ကြည့်ပါ။ နေမကောင်းဖြစ်ချိန်မှာ ပိုအနားယူပေးဖို့လိုအပ်ပါတယ်။ ရေအလုံအလောက်မသောက်ခြင်း ကိုယ့်ကိုယ်ကိုယ်ရေဓါတ်ပြည့်ဝအောင်ဂရုမစိုက်ရင် အအေးမိဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ နေမကောင်းဖြစ်ချိန်မှာ ကိုယ်ပူခြင်း၊နှာရည်ယိုခြင်း၊ဆေးတွေကြောင့်အာခေါင်ခြောက်ခြင်း၊ ချွဲသလိပ်တွေထွက်ခြင်းတို့ကြောင့်ခြောက်ခန်းသွားတဲ့အရည်ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးရပါမယ်။ရေ သို့မဟုတ် အရည်(ဥပမာ ကြက်စွပ်ပြုတ်)များများသောက်ပေးပါ။ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပိုသောက်ပစ်ခြင်း ဆေးတစ်လုံးနဲ့သက်သာမယ်ဆိုရင် နှစ်လုံးသောက်တော့မြန်မြန်ပျောက်မှာပေါ့လို့ မတွေးပါနဲ့။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေစပ်ပြီးသောက်တာလည်းမကောင်းပါဘူး။ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး ပိုလာသရွေ့ရောဂါသက်သာမယ့်ဖြစ်စဉ်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးဆိုင်မှာအလွယ်တကူဝယ်လို့ရတဲ့ အအေးမိပျောက်ဆေးတွေကရောဂါကို မြန်မြန်သက်သာစေပါတယ်။ ဒါပေမယ့် […]


အအေးမိဖျားနာခြင်း

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ချောင်းတွေဆိုးပြီး လည်ချောင်းကလည်းနာ နှာရည်တွေလည်းယိုတဲ့အခြေအနေမျိုးများဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဖျားနေပြီလို့ပြောပါရစေ။ တစ်ပတ်လောက်ကြာတဲ့အထိ နှာလေးတရှုံ့ရှုံ့က မပျောက်ဘဲဖြစ်နေရင်တော့ အအေးမိဖျားနာတဲ့အခြေအနေက ပိုဆိုးလာတဲ့သဘောပါ။ သာမန် အအေးမိဖျားနာတာဆေးသောက်စရာမလို ၊ဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးလေးတွေလုပ်ပေးရုံနဲ့သက်သာသွားနိုင်ပေမယ့် အခန့်မသင့်တဲ့အခါမျိုးမှာတော့ ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ အအေးမိဖျားနာတာကြောင့် နောက်ဆက်တွဲဝေဒနာတွေ အဖြစ်များပါတယ်။ တကယ်လို့ သင့်အနေနဲ့ အအေးမိဖျားနာဝေဒနာက ၁၀ ရက်ကျော်တဲ့အထိမသက်သာဘူးဆိုရင်တော့ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာ သိထားဖို့လိုပါမယ်။ ဒီအခြေအနေက နောက်ဆက်တွဲဝေဒနာတွေကို ဖြစ်စေနိုင်မယ့်အခြေအနေတစ်ရပ်ပါ။ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူသင့်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် အအေးမိဖျားနာနေပါပြီ အအေးမိဖျားနာတဲ့လက္ခဏာကိုတော့ တော်တော်များများက ကောင်းကောင်းသိထားပြီးပါပြီ။ အအေးမိဖျားနာတဲ့လက္ခဏာဆိုတာက ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။ အအေးမိဖျားနာရင် ဘာလက္ခဏာတွေဖြစ်နိုင်မလဲ လည်ပင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်မယ် လည်ချောင်းနာမယ် ချောင်းဆိုးမယ် ကိုယ်အပူချိန်တက်မယ် နှာစေးမယ် အသံဝင်မယ် နှာခေါင်းပိတ်မယ် ခေါင်းကိုက်မယ် ကြွက်သားတွေ […]


အအေးမိဖျားနာခြင်း

အအေးမိတာ ရာသီဥတုအေးလို့လား။

နှာတွေချေပြီး လည်ချောင်းနာတာချောင်းဆိုးတာတွေဖြစ်နေလား။ ဒါတွေက အအေးမိဖျားနာတာတွေရဲ့ အစောပိုင်းလက္ခဏာတွေပါ။ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ထင်နေပါသလား။ လူကြီးမိဘတွေကလည်းလေစိမ်းတွေ အတိုက်မခံနဲ့ အအေးမိလိမ့်မယ်၊ အအေးမခံနဲ့ အအေးမိလိမ့်မယ်ဆိုတာမျိုးတွေ မကြာခဏကြားဖူးမှာပေါ့။နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ရေမချိုးဖို့အစရှိတာတွေလည်း တားမြစ်တာခံဖူးမှာပေါ့။ ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိဖြစ်နေတော့နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့ ထင်ကြတာ အလွန်တော့မဟုတ်ပါဘူး။ ရာသီဥတုအေးတာကြောင့် အအေးမိနိုင်လား အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာမဟုတ်ပါဘူး။ အအေးမိဖျားနာဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ။ ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ထိတွေ့မိတာကြောင့်ပါ။အေးနေတဲ့ရာသီဥတုအခြေအနေက ပန်းနာရင်ကျပ်လိုမျိုးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ နဲ့ ချောင်းဆိုးတာတွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။ သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ်ပေမယ့်ရောဂါလက္ခဏာတွေအားလုံးပျောက်ကင်းဖို့ဆိုရင် အချိန် တစ်ပတ်ကနေနှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူး။ […]


အအေးမိဖျားနာခြင်း

Common Cold (အအေးမိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Common Cold (အအေးမိခြင်း) ကဘာလဲ။ အအေးမိခြင်းဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း- နှာခေါင်း၊ လည်ချောင်း- တို့မှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတစ်မျိုးပါ။ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး လက္ခဏာတွေက နေရထိုင်ရသက်တောင့်သက်သာမရှိပေမယ့် အန္တရာယ်တော့မကြီးပါဘူး။ Common Cold (အအေးမိခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များလေ့ရှိပြီး အသက် ၆ နှစ်အောက်ကလေးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ ကျန်းမာတဲ့လူကြီးတွေမှာလည်း တစ်နှစ်ကို နှစ်ခါ သုံးခါလောက်တော့ အအေးမိခြင်းခံစားရလေ့ရှိပါတယ်။ အားပေးသောအချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ရောဂါခံစားရနိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများCommon Cold (အအေးမိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှာစေးခြင်း လည်ချောင်းနာခြင်း ချောင်းဆိုးခြင်း နှာချေခြင်း နှာခေါင်းပိတ်ခြင်း ခေါင်းကိုက်ခြင်း၊ ခန္ဓါကိုယ်ကိုက်ခဲခြင်း ငွေ့ငွေ့ဖျားခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း အအေးမိတဲ့အခါ နှာရည်ကအဝါရောင် သို့ အစမ်းရောင်ရှိတတ်ပြီး ပိုချွဲပျစ်တတ်ပါတယ်။ ဒါဟာဘတ်တီးရီးယားရောဂါကိုပြောတာမဟုတ်ကြောင်း မှတ်ထားသင့်ပါတယ်။ ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့ဒီလက္ခဏာတွေခံစားရပါက ဆရာဝန်ပြသင့်ပါတယ်- လူကြီးတွေမှာ- ၃၈.၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်ပိုဖျားခြင်း ငါးရက်နဲ့အထက်ဖျားခြင်း ပျောက်ပြီးမှပြန်ဖျားခြင်း အသက်ရှူရခက်ခြင်း အသက်ရှူစဉ်တရွှီရွှီအသံမြည်ခြင်း လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း ကလေးတွေမှာ- မွေးကင်းစမှ ၁၂ ပတ်သားတွင် ၃၈ ဒီဂရီထက်ပိုဖျားခြင်း မည်သည့်အရွယ်ကလေးတွင်မဆို အဖျားတက်ခြင်း၊ ၂ ရက်ထက်ပိုဖျားခြင်း လက္ခဏာများပိုဆိုးလာခြင်း၊ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အအေးမိဝေဒနာသက်သာစေမယ့် အကောင်းဆုံး Nasal Spray

နေပူလိုက် မိုးရွာလိုက်၊ ပူလိုက်အေးလိုက်နဲ့ ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာခြင်းဆိုတာ အခန့်မသင့်ရင်ဖြစ်လာတတ်တဲ့ဝေဒနဖြစ်ပါတယ်။ နှာလေးတရွှတ်ရွှတ်၊ချောင်းလေးတဟွတ်ဟွတ်နဲ့ လူကြားထဲ အလုပ်သွားနေရတာ၊ အပြင်သွားနေရတာလည်း အဆင်မပြေလှပါဘူး။ ဒါတောင်ရောဂါက ဒီအတိုင်းမနေပါဘူး။ နှာစေးနှာပိတ်ရာကနေနောက်ဆုံးကျ လည်ချောင်းနာ၊ အဖျားတက်လာတဲ့အထိဖြစ်လာမှာပဲ။ ဒီလက္ခဏာတွေဖြစ်လာရတာက အအေးမိဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။တော်တန်ရုံဆို ကိုယ်ခံအားစနစ်ရဲ့ခုခံမှုေကြာင့် လက္ခဏာတွေလျော့ပါးသက်သာနိုင်ပေမယ့် လူတိုင်းရဲ့ခန္ဓါကိုယ်ကြံ့ခိုင်မှုက မတူညီကြတာကြောင့်မြန်မြန်ပျောက်ကင်းချင်ရင်ဆေးကုသမှုခံယူတာကောင်းပါတယ်။ နှာစေးနှာပိတ်နေရင် သို့မဟုတ်ချောင်းဆိုးနေရင်နေရခက် ပင်ပန်းရတဲ့အပြင် ညဘက်လည်း အိပ်မရ၊ အသက်ရှူမဝဖြစ်ရပါတယ်။ လည်ချောင်းနာရင်လည်းရေတောင်မျိုချရခက်ပြီး နာကျင်ရတာကြောင့် အစားပျက်ရ အဆင်မပြေဖြစ်ရတာဆိုးပါတယ်။။ ဒီဝေဒနာတွေကို လူတိုင်း မြန်မြန်ပျောက်ချင်ကြမှာပါပဲ။ ဒီလိုအချိန်မှာ အာနိသင်ထိရောက်တဲ့အပြင် သုံးရလွယ်ကူပြီးဘေးဥပါဒ်ကင်းတဲ့ နည်းလမ်းတစ်ခုကိုပြောပြချင်ပါတယ်။ အအေးမိဝေဒနာသက်သာစေမယ့် Nasal spray နှာခေါင်းဝကနေ ဖျန်းရတဲ့ nasal spraysတွေက အအေးမိတဲ့အခါဖြစ်တတ်တဲ့ဝေဒနာတွေကို အချိန်တိုအတွင်းသက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိပြီဆိုတာနဲ့ ပုံမှန်ဆို တစ်ပတ် ဆယ်ရက်လောက် ခံစားရမယ့်ဝေဒနာတွေကို ရက်အနည်းငယ်အတွင်း အမြန်သက်သာအောင်ရောဂါပိုးတွေကိုသေစေနိုင်စွမ်းရှိတဲ့ nasal spraysတွေအကြောင်း ဆက်လေ့လာရအောင်။ Nasal Spraysတွေကို […]


အအေးမိဖျားနာခြင်း

အအေးမိ တုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု

အအေးမိတုပ်ကွေးရောဂါပိုးကို ကြိုတင်ကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဟတ်ချိုး ဟတ်ချိုးနဲ့ နှာချေသံထွက်လာပြီး နှာရည်ပါကျလာပြီ၊ နေလို့မကောင်းတော့ဘူးဆိုရင် ဖျားတော့မယ်လို့ သိကြတယ်။ ရာသီကြောင့်အအေးမိဝေဒနာဖြစ်တာလား၊ တုပ်ကွေးဖြစ်တော့မှာလား စိုးရိမ်ရပါပြီ။ သာမန်အအေးမိဝေဒနာပဲဖြစ်ဖြစ် တုပ်ကွေးပဲဖြစ်ဖြစ် နှာစေး၊နှာပိတ်၊လည်ချောင်းနာ၊ချောင်းဆိုး၊ ကိုယ်ပူ စတဲ့လက္ခဏာတွေထဲမှာ လည်ချောင်းနာက ခံရအခက်ဆုံးပါ။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းလို့ဆေးပညာအရခေါ်ကြတဲ့ အအေးမိဝေဒနာမှာရောဂါပိုးတွေက ပုံမှန်အားဖြင့် လည်ချောင်းနဲ့ခံတွင်းမှာ ရှိနေတတ်ပါတယ်။ ဒီဝေဒနာတွေ စပြီး ခံစားလာရတဲ့အခါ ဒါမှမဟုတ် ဖြစ်ဖို့ အစပျိုးနေပြီလို့ ခံစားရရင် နာမကျန်းတဲ့ အဆင့်မရောက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ကိုယ့်အတွက်တင်မကဘဲ ကိုယ့်မိသားစု၊ ကိုယ့်သားသမီး၊ ကိုယ်ချစ်ခင်ရသူတွေမှာ ဘယ်လိုဂရုစိုက်ပေးနိုင်မလဲ။ ကြိုတင်ကာကွယ်နိုင်တဲ့ အလွယ်ဆုံးနည်းက အားရှိအောင်ကျွေး၊ အာဟာရပြည့်ဝအောင် ဂရုစိုက်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးရမှာပါ။ ဒါပေမယ့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်လာရတဲ့ ဒီဝေဒနာတွေအတွက်က ဒီလောက်နဲ့မလုံလောက်ပါဘူး။ ပဋိဇီဝဆေးတွေ သုံးစရာမလိုဘဲ ကြိုတင်ကာကွယ်ပေးမယ့်၊ ဖြစ်လာခဲ့ရင်တောင် ဝေဒနာသက်သာအောင် ကူညီပေးမယ့်အရာတစ်ခုရှိတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း