အအေးမိဖျားနာခြင်း

အအေးမိဖျားနာဆိုတာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံရတာပါ။ အတိအကျပြောရရင် နှာခေါင်းနဲ့ လည်ချောင်းပါ။ သိသာတဲ့ လက္ခဏာကတော့ နှာစေးတာ၊ လည်ချောင်းနာတာပါ။ အအေးမိဖျားနာနဲ့ ပတ်သက်တဲ့ တခြားအကြောင်းအရာတွေကို ဒီစာမျက်နှာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အအေးမိဖျားနာခြင်း

ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]

အအေးမိဖျားနာခြင်း ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

အအေးမိတာလား၊ ဓါတ်မတည့်တာလား

ချောင်းဆိုးပြီး နှာစေးနေတယ်၊ လည်ချောင်းနာနေတယ်ဆိုရင် လူတော်တော်များများက ငါတော့ အအေးမြိပီဆိုပြီး ထင်တတ်ကြပါတယ်။ အအေးမိတာနဲ့ ဓါတ်မတည့်တာဟာ ရောဂါလက္ခဏာ တော်တော်များများ တူတယ်ဆိုပေမယ့် ခွဲခြားလို့တော့ ရပါတယ်။ အအေးမိခြင်း (Common Cold) ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ဖျားနာခြင်းကို ဖြစ်စေပါတယ်။ အေးတဲ့ရာသီမှာသာမက ပူနွေးတဲ့ အချိန်တွေမှာလည်း အအေးမိဖျားနာ ဖြစ်နိုင်ပါတယ်။ ဖျားနေတဲ့သူတစ်ယောက် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ ရောဂါပိုးတွေက လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်ပြီး ကူးစက်တာ ပိုများပါတယ်။ ဘယ်လောက်ပဲ ကျန်းမာနေသူဖြစ်ပါစေ တစ်နှစ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ အအေးမိဖျားနာ ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်ရောဂါ ရှိသူတွေမှာ အအေးမိဖျားနာ ပိုဖြစ်တတ်ပြီး ကလေးတွေဆိုရင်လည်း ကိုယ်ခံအားစနစ် အားနည်းနေသေးတာ၊ လက်သေချာမဆေးဘဲ အစာစားတာ၊ လူများတဲ့ နေရာတွေကို သွားတာကြောင့် မကြာခဏဆိုသလို […]


အအေးမိဖျားနာခြင်း

မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ အကျိုးသက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ […]


အအေးမိဖျားနာခြင်း

အဖျားမြန်မြန်ပျောက်ဖို့ အစွမ်းထက်နည်းလမ်းတစ်ခု

လူတစ်ယောက်ဟာ တစ်နှစ်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖျားနာတတ်ကြပါတယ်။ အအေးမိဖျားနာတာဖြစ်ဖြစ် တုပ်ကွေးြဖစ်တာဖြစ်ဖြစ် ဖျားနာဖူးမှာပါ။ ပတ်ဝန်းကျင်မှာက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးပေါင်းကလည်း များစွာရှိနေတာကိုး။ ကိုယ်ခံအားကောင်းနေတုန်းတော့ ဒီပိုးတွေက ကိုယ့်ကိုဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးမှာတော့ အအေးမိဖျားနာဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ရောဂါပိုးပေါင်း ၂၀၀ကျော်ရှိနေပြီး ဒီရောဂါပိုးတွေက ခန္ဓါကိုယ်ထဲကို ကူးစက်ဝင်ရောက်ပြီးရင် ၅ ရက်ကနေ ၈ ရက်အတွင်း ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို တိုက်ခိုက်လိုက်ပါတယ်။ ကိုယ်ခံအားနည်းသွားတဲ့အခါ အဖျားဝင်လာတာတင်မဟုတ်ဘဲနောက်ဆက်တွဲရောဂါတွေကိုပါခံစားရတာပါ။ ဒါကြောင့် အဖျားဝင်လာရင်သေချာဂရုစိုက်ဖို့လိုပါမယ်။ အဖျားကိုသက်သာစေမယ့်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေး(Nasal Spray) သုံးတာပါ။ Nasal spray က နှာခေါင်းပိတ်တာနဲ့ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တာကြောင့် ဖျားနာမှုမဖြစ်အောင်ကာကွယ်တဲ့နေရာမှာရော ဖျားနာမှုကို သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ အအေးမိတုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုဖယ်ရှားပေးနိုင်ပြီး အဖျားတာကိုလည်း ၂ ရက်အထိတိုစေနိုင်တာကြောင့် အဖျားဒဏ်ကိုကြာကြာမခံချင်ဘဲမြန်မြန်နေကောင်းချင်သူတွေအတွက် အသုံးတည့်မယ့်ဆေးတစ်မျိုးပေါ့။ Nasal Spray ကအဖျားပျောက်အောင် […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

လေစိမ်းတိုက်လို့ ဖျားတာလား

ဖျားနေပြီမလား လေတိုက်ခံတာကိုး၊လေစိမ်းတွေတိုက်ရင် ဖျားလိမ့်မယ်တဲ့။ လူကြီးမိဘတွေ အစဉ်အဆက်ပြောခဲ့ကြတယ်။ အရင်တည်းက ဒီလိုယုံကြည်လာခဲ့ကြပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေ၊ သုတေသနတွေအရတော့လေအေးတွေက အအေးမိတုပ်ကွေးဖြစ်စေတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းစနစ်အတွက်လေအေးရဲ့သက်ရောက်မှုကို တစ်ဖက်ကနေ လေ့လာကြည့်ရအောင်ပါ။ လေအေးတိုက်တယ်ဆိုတာက အရေးပါတဲ့ခန္ဓာကိုယ်ခုခံမှုယန္တရားဖြစ်တဲ့ ချွဲသလိပ်တွေရဲ့လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်းတစ်ခုလုံးကို ချွဲသလိပ်အလွှာပါးတစ်ခုက ဖုံးအုပ်ထားပါတယ်။ အဆုတ်ထဲကိုအမှုန်အမွှားတွေနဲ့ရောဂါပိုးမွှားတွေမဝင်ရောက်ခင်အဲဒီအလွှာကတားဆီးဆွဲယူထားလိုက်တာဖြစ်ပါတယ်။ပြောရရင် အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားတွေကို စက်ခါးပတ်တစ်ခုလို ဆွဲယူဖယ်ရှားပေးတာပါ။ ဒီအလွှာရဲ့လုပ်ဆောင်ချက်တွေက ချွဲသလိပ်တွေရဲ့ထိုက်သင့်သလောက်စေးကပ်နိုင်စွမ်း(အမှုန်တွေကို) နဲ့ ပမာဏ (အမှုန်တွေကိုဆွဲယူ၊ဖယ်ရှားရွေ့လျားနိုင်စွမ်း)ကိုမူတည်နေပါတယ်။ ဒါကိုလေတိုက်ခြင်းကြောင့်၊ ဓာတုပစ္စည်းတွေကြောင့်၊ဆေးလိပ်ငွေ့ကြောင့် ဒါမှမဟုတ် တခြားအကြောင်းကြောင့် သက်ရောက်ပြောင်းလဲစေခဲ့ရင် အသက်ရှုလမ်းကြောင်းမှာရောဂါပိုးကူးစက်ခံရလွယ်စေပါတယ်။ လေအေးတွေက ချွဲသလိပ်ထွက်ရှိမှုကို တိုးစေဖို့နှိုးဆွတာဖြစ်ပေမယ့် ချွဲသလိပ်ဆိုတာ ရာသီဥတုပတ်ဝန်းကျင်အေးနေရင် ပိုပျစ်လာတတာ်ပါတယ်။ ဒါ့ကြောင့် လေအေးတွေကိုရှူလိုက်တဲ့အခါ ပါလာတဲ့အမှုန်အမွှားတွေကို ဖယ်ရှားရမလွယ်တော့ပါဘူး။ နောက်တစ်ချက်က နှာခေါင်းလမ်းကြောင်းပါ။ နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့လေကို အသုံးချပြီးနုနယ်တဲ့အဆုတ်တစ်ရှူးတွေကို ကာကွယ်နိုင်ဖို့ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှူသွင်းလိုက်တဲ့လေရဲ့စိုထိုင်းမှုကို […]


အအေးမိဖျားနာခြင်း

ဖျားနေရင် ဘာဆေးသောက်မလဲ

အအေးမိတုပ်ကွေးကို ကုသဖို့ အတွက် လိုအပ်သောဆေးများ။ ။ တုပ်ကွေးဆိုတာ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့် ဖြစ်ရတာပါ။ ခုလိုနေပူလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးက တုပ်ကွေးတို့ အကြိုက်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူအအေးမမျှတတော့ ကိုယ်ခန္ဓါရဲ့ အပူချိန်ကလည်း ညီမျှအောင်လိုက် မထိန်းနိုင်တော့ပါဘူး။ ဒီတော့ ကိုယ်ခန္ဓါရဲ့ ခံတပ်ကြီး ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်အရေးယူပြီးတော့ တုပ်ကွေးဆိုတဲ့ အာဏာရှင်ကြီးက အားနည်းနေတဲ့ ခုခံအားစနစ်ကြီးကို ကြီးစိုး အနိုင်ကျင့်ဖို့ ဝင်လာပါတော့တယ်။ တုပ်ကွေးနဲ့ အတူ ဘာတွေပါလာတတ်လဲ။ ။ တုပ်ကွေးကို ဘုရင်လို့ပဲ သဘောထားကြပါစို့။ ဘုရင်ဘေးမှာဆို နောက်လိုက် အပေါင်းအပါ တစ်ပြုံကြီး ရှိသလိုပဲ တုပ်ကွေးကလည်း သူလာပြီဆိုတာနဲ့ သူ့နောက်လိုက် အပေါင်းအပါ တစ်ပြုံကြီး ကို ခေါ်လာပါတယ်။ ကိုယ်ခန္ဓါက မကြည်ဖြူဘဲ ကျူးကျော်ဝင်လာတဲ့ သူတွေဆိုတော့ သူတို့ကို […]


အအေးမိဖျားနာခြင်း

ဖျားတိုင်းဆေးထိုးဖို့ လိုသလား

“ဆရာ လူနာတစ်ယောက် ရှော့နဲ့ လာပါတယ်ဆရာ” သူနာပြုဆရာမလေး၏ ခေါ်သံကြောင့် ဒေါက်တာကျော်တစ်ယောက် ဆရာဝန် နားနေခန်းမှ ထွက်လာခဲ့သည်။ “ဖျားနေတာ ၂ ရက် ရှိပြီဆရာ၊ ဒီနေ့ပဲ ဆေးခန်းမှာ ဆေးသွားထိုးခဲ့သေးတယ်။ အဲ့ဒါ အိမ်ပြန်ရောက်ကတည်းက ချွေးစီးတွေ အရမ်းပြန်ပြီး မူးလာတယ်ဆိုတာနဲ့ ခေါ်လာတာ” လူနာ့ အမေက ပြောပြနေသည်။ သွေးပေါင်ချိန်က ၈၀/၅၀။ သွေးခုန်နှုန်းက ၁၄၀ လောက်ရှိသည်။ မေးမြန်းစမ်းသပ်စရာများရှိသလောက် လုပ်ပြီး လူနာက အစားနည်းနေသည့် အပြင် အဖျားကျဆေးကြောင့် ချွေးထွက်များက သွေးပေါင်ကျခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာကျော် သုံးသပ်လိုက်သည်။ “အစားနည်းပြီး ချွေးထွက်များသွားလို့ သွေးပေါင်ကျသွားတာပါ။ ပုလင်းကြီးချိတ်ပေးထားပါတယ်။ သက်သာသွားမှာပါ။” “ဒီတစ်လုံးပြီးရင် သွေးပေါင်ပြန်တိုင်းပေးဦးနော်၊ အကိုကို့ပြန်လာပြောပေးဦး” အလုပ်သင်ဆရာဝန်လေးကို မှာခဲ့ပြီး ဒေါက်တာကျော် တစ်ယောက် ဂျူတီခန်းတွင် လူနာမှတ်တမ်းကို ပြန်ဖြည့်ရင်း အတွေးနယ်ချဲ့မိနေတော့သည်။ မြန်မြန်သက်သာဖို့နှင့် […]


အအေးမိဖျားနာခြင်း

နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။

လူတိုင်း လူတိုင်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ ခွေနေချင်ကြတာချည်းပါပဲ။ နေမကောင်းချိန် အိပ်ရာထဲမှလှဲနေတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်။ အဓိကကတော့ ကိုယ်ခန္ဓာက ပြောတဲ့ လက္ခဏာတွေကို နားလည်တတ်ဖို့ လိုပါတယ်။ အရမ်းပင်ပန်းနေတယ်၊ အားလည်းမရှိဘူးဆိုတဲ့ လူနာတွေကတော့ အားပြန်ပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ဖျားတာနာတာကလည်း မပြင်းထန်ဘူးဆိုရင်တော့ အိပ်ရာထဲ တစ်ချိန်လုံး လှဲနေခြင်းဟာ သင့်ကို ပိုပြီးနုန်းခွေစေမှာပါ။ ဒါကြောင့်ခုပြောပြချင်တာကတော့ အပြင်းဖျားနေတာကလွဲလို့ တော်ရုံအဖျားဆိုရင် အပျင်းမကြီး အိပ်ရာထဲ ခွေမနေဘဲ လှုပ်လှုပ်ရှားရှားလုပ်သင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။ နေမကောင်းဘူးဆိုတာနဲ့ အိပ်ရာထဲခွေနေရင် ဘာတွေဖြစ်လာနိုင်သလဲ။ ။ ပိုပြီးနုန်းလာမယ်။ လှုပ်ရှားရှား မလုပ်တော့ ကိုယ်ခန္ဓာက လေးပင်လာပြီး ဖျားတာကြောင့် နုန်းတာ အပြင် လှဲလွန်း အိပ်လွန်းအားကြီးရင်လည်း နုန်းနိုင်ပါတယ်။ ခေါင်းကိုက်လာမယ်။ နေမကောင်းရင် ခေါင်းကိုက်တာ မဆန်းပါဘူး။ တစ်ချိန်လုံး လှဲတာကြာလာရင်လည်း ခေါင်းအုံပြီး […]


အအေးမိဖျားနာခြင်း

ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။ လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ - လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ […]


အအေးမိဖျားနာခြင်း

ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေးရောဂါကို အမှန်တကယ် ကာကွယ်နိုင်ရဲ့လား

လူတွေတော်တော်များများ အအေးမိပြီဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုက ဗီတာမင် C ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဖျော်ရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်တာပါပဲ။ ၁၉၇၀ ခုနှစ်လောက်က ဗီတာမင် C ကို အအေးမိတုပ်ကွေး ပျောက်ဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ဗီတာမင် C ဟာ အအေးမိတုပ်ကွေးရောဂါကို ကုသတဲ့ နေရာမှာ အနည်းငယ်သာ ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် C ဆိုတာ ဘာလဲ။ ဗီတာမင် C ဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓါတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ ဗီတာမင်C ဓါတ်ဟာ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ […]


အအေးမိဖျားနာခြင်း

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

လူတိုင်းကတော့ ဘဝမှာ အနည်းဆုံး တစ်ခေါက် အအေးမိဖူးကြမှာပါ။ ရာသီအပြောင်းအလဲမှာ အအေးမိဖျားနာတာမျိုး ဖြစ်တတ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သည့်တိုင်အောင် ခံစားရတဲ့သူအတွက်ရော အနီးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါ တစ်မျိုးပါ။ အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုကူးစက်တတ်လဲ။ အအေးမိတယ်ဆိုတာ Virus ပိုးကနေ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့အခါ၊ သူတို့ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိတဲ့အခါ၊ မျက်နှာသုတ်ပဝါမပါဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေဟာ လေထဲကို ပျံ့နှံ့ပြီး ကူးစက်တတ်ပါတယ်။ Virus ရောဂါပိုးက ကိုယ်ခန္ဓာထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်ပေးရတယ်။ အဲ့အချိန်မှာ နှာခေါင်း၊ လည်ချောင်းတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း