အအေးမိဖျားနာခြင်း

အအေးမိဖျားနာဆိုတာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံရတာပါ။ အတိအကျပြောရရင် နှာခေါင်းနဲ့ လည်ချောင်းပါ။ သိသာတဲ့ လက္ခဏာကတော့ နှာစေးတာ၊ လည်ချောင်းနာတာပါ။ အအေးမိဖျားနာနဲ့ ပတ်သက်တဲ့ တခြားအကြောင်းအရာတွေကို ဒီစာမျက်နှာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အအေးမိဖျားနာခြင်း

ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]

အအေးမိဖျားနာခြင်း ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

ခန္ဓာကိုယ်ရဲ့ ခုခံအားနဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိထားလဲ။ ခုခံအား တက်အောင် ဘာလုပ်ကြမလဲ။

ခုလို ရောဂါပိုး အသစ်တွေ ပေါ်လာတဲ့အချိန်မှာ "ခုခံအား ကောင်းအောင်နေ" ဆိုတဲ့ စကားလေး မကြာမကြာ ကြားလာရပါတယ်။ ဘာလို့ပြောတာလဲဆိုတော့ ရောဂါပိုးတစ်ခုဝင်လာရင် ခုခံအားကပဲ တိုက်ထုတ်ပေးတာပါ။ ရောဂါပိုးတွေ ဝင်မလာအောင်လည်း ခုခံအားကပဲ ကာကွယ်ပေးတာပါ။ ဒါကြောင့် ခုခံအား ကောင်းအောင်နေလို့ ပြောကြတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဘယ်လို အလုပ်လုပ်တာလဲ။ ခုခံအား တက်အောင် ဘာတွေ လုပ်ရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါ့မယ်။ ခုခံအား စနစ် ဘယ်လို အလုပ်လုပ်လဲ။ ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်လာတဲ့အခါ တိုက်ထုတ်ဖို့ ခုခံအား ၂ခု ရှိပါတယ်။ Innate immune response လို့ ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်တဲ့ ခုခံအားစနစ်နဲ့ Adaptive immune response လို့ ခေါ်တဲ့ […]


အအေးမိဖျားနာခြင်း

ကိုယ်ခံအား ကောင်းချင်သူများ မမေ့သင့်တဲ့ (၉) ချက်

ရောဂါ တွေကို စိုးရိမ်နေရချိန်မှာ ကိုယ်ခံအား ကောင်းဖို့ ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်သင့်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ခံအားကောင်းအောင် အစားစားဖို့ နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အဓိကပဲ လို့ သိထားသူ များပါတယ်။ ဒါပေမယ့် ကိုယ်ခံအားကောင်းချင်သူတွေ အနေနဲ့ ဒီအချက်တွေကို လည်း မမေ့သင့်ဘူး လို့ သတိပေးလိုက် ချင်ပါတယ်နော်။ (၁) ကိုယ်တွင်း က အကျိုးပြုဘက်တီးရီးယား တွေကို ထိန်းညှိပါ ဘက်တီးရီးယားဆိုတာ အရေပြား၊ လက်သည်း၊ ဆံပင်တို့လို နေရာတွေတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း မှာလည်း ရှိနေပါတယ်။ အူလမ်းကြောင်း ထဲမှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotic ) ကို ထိန်းညှိနိုင်မှ ဝမ်းပျက်တာ၊ လေပွတာ စတဲ့ အစာခြေစနစ် နဲ့ ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ် ကုသ […]


အအေးမိဖျားနာခြင်း

စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်

လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီး ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကျန်းမမာရှိနေမယ်၊ ခဏခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလို ရောဂါအမျိုးမျိုး ပေါ်ထွက်နေတဲ့အချိန်မှာဆိုရင် ကိုယ်ခံအားစနစ် စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။ ဒီကိုယ်ခံအားပေါ်ကို သက်ရောက်နေတဲ့အချက်ကလည်း တစ်ခုမကပါဘူး။ ဒီတော့ အမျိုးမျိုးသော ရောဂါတွေကိုတိုက်ထုတ်ဖို့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားကောင်းနေစေဖို့ ကောင်းမွန်တဲ့အစားအသောက်နဲ့ အာဟာရ ပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား ဆိုတာက ဘာလဲ……… ကိုယ်ခံအားဆိုတာက နားလည်လွယ်အောင် ပြောပြရရင်  ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ ကာကွယ်ပေးပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး ခိုင်မာတောင့်တင်းနေဖို့က […]


အအေးမိဖျားနာခြင်း

ခုခံအားတက်ဖို့ နည်းလမ်းတွေ

လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။  ခုခံအားစနစ်ဆိုတာ အထူးဆဲလ်တွေ၊ တစ်သျှူးတွေ၊ ပရိုတင်းဓာတ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားတွေကို စုပေါင်းတိုက်ထုတ်ကြတဲ့ စနစ်ဖြစ်ပါတယ်။  ခုခံအားစနစ် အားကောင်းနေတဲ့အချိန်မှာ ဘက်တီးရီးယား ၊ ကပ်ပါးကောင်၊ ဗိုင်းရပ်စ်တွေ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ ပိုးမွှားတွေကို တွေ့တဲ့အခါ ဒီပိုးမွှားတွေကို တုံ့ပြန်ဖျက်ဆီးဖို့အချက်ပေးပါတယ်။ ဘယ်လိုအခြအနေတွေက ခုခံအားကိုနည်းစေသလဲ  ယျေဘုယျအားဖြင့် ခုခံအားစနစ်ဟာ သဘာဝအလျောက် အလုပ်ကောင်းကောင်းလုပ်ပြီး ဘာမှအထူးတလည်ပြုပြင်ပေးဖို့မလိုအပ်လှပါဘူး။ သို့ပေမယ့် အောက်ဖော်ပြပါ အခြေအနေမျိုးတွေမှာတော့ ခုခံအားကျဆင်းနေနိုင်ပါတယ်။ (၁) မွေးရာပါ ခုခံအားကျဆင်းတဲ့ အခြေအနေရှိခြင်း ၊ […]


အအေးမိဖျားနာခြင်း

အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ……………….

ဖျားနေပြီဆိုရင် အဖျားတိုင်းမှ ဖျားနေတာကို သိနိုင်တာမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေနဲ့လည်း သိနိုင်ပါတယ်။ ဖျားနေတာကို အဖျားမတိုင်းဘဲ သိနိုင်မယ့်နည်းလမ်းတွေက ဘာတွေလဲ………… အဖျားရှိနေတဲ့အခါ ဒီနည်းလေးတွေသုံးပြီး ဆန်းစစ်လို့ ရပါတယ်။ ကိုယ်ပူစမ်းပါ ဖျားနေပြီထင်တယ်ဆိုရင် လက်ဖဝါး​လေး နဖူးပေါ်တင်ပြီး စမ်းကြည့်ကြတယ်နော်။ ဒါက ကိုယ်အပူချိန်ကို ဆန်းစစ်တဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ခုပါ။ တကယ်ကတော့ အဖျားရှိနေလားဆိုတာကို သိဖို့ဆိုရင် လက်ဖဝါးနဲ့ မဟုတ်ဘဲ လက်ဖမိုးနဲ့ နဖူး နဲ့ လည်ပင်း အောက်ဘက်တွေကို စမ်းကြည့်ရမှာပါ။ လက်ဖဝါးက အပူကို ခံစားသိလွယ်တာကြောင့် ကိုယ်ပူနေတာကို တိတိကျကျ သိဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် အဖျားရှိနေလား ဆိုတာကို သိဖို့ လက်ဖမိုးနဲ့ စမ်းပါ။ အသားတွေ နီနေလားဆိုတာကို စစ်ပါ အဖျားသွေးရှိတဲ့အခါ တော်တော်များများက ပါးလေးတွေနီနေတာ နှုတ်ခမ်းလေးတွေ ရဲနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ဖျားနေလားဆိုတာကို သိနိုင်ဖို့ဆိုရင် မျက်နှာ အသားအရေနဲ့ နှုတ်ခမ်းအရောင်ကို သေချာကြည့်ပါ။ […]


အအေးမိဖျားနာခြင်း

ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့

ရောဂါတွေကလည်း ဆန်းပါသဘိ။ ရောဂါတွေပေါ်လာတိုင်းမှာ ကာကွယ်ဆေး၊ ကုသဆေးတွေကို လိုက်ထုတ်ကြပေမယ့် ရောဂါတစ်ခု စစဖြစ်ပြီဆိုတာနဲ့ ကာကွယ်ဆေး၊ ကုသဆေးတွေကို ချက်ချင်းထုတ်လို့မရပါဘူး။ အချိန်တစ်ခုယူရပါတယ်။ ဒီကာလမှာ ရောဂါကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ်ခံအားကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေဂရုစိုက်ရမလဲ……….. ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။ အာဟာရပြည့်ဝပါစေ နေ့စဉ်စားသုံးတဲ့အခါ အာဟာရပြည့်ဝအောင် စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ အာဟာရပြည့်ဝမှာ ခန္ဓာကိုယ် မှာ အင်အားပြည့်ဝပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ နေ့စဉ် စားသုံးတဲ့ အဟာရထဲမှာ ပရိုတင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ လုံလောက်ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးပါ။ အိပ်ရေးဝပါစေ အိပ်ရေးဝဖို့က ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပေါ့။ ညတိုင်း အိပ်ချိန်ကို အနည်းဆုံး ၆ နာရီ ရှိအောင် ဂရုစိုက်ပါ။ အိပ်ချိန်က အနည်းဆုံး […]


အအေးမိဖျားနာခြင်း

အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ

ကြက်သွန်ဖြူမှာ အဖြစ်များတဲ့အအေးမိဝေဒနာကို ပြင်းထန်မှုလျော့ပါးစေနိုင်၊ ကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ရှိတယ်လို့ သုတေသနနှစ်ခုက ဖော်ပြလာပါတယ်။ ဒါဟာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာပါရှိတဲ့ ဒြပ်ပေါင်းတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ အအေးမိဝေဒနာဖြစ်တတ်ကြပြီး လူကြီးတွေကတော့ ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေက အအေးမိရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် ခပ်ဝေးဝေးစဉ်းစားစရာမလိုတဲ့ အိမ်သုံးသဘာဝဆေးနည်းတွေ ရှိနေပါတယ်။ မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လွန်ခဲ့တဲ့နှစ် ၅၀၀၀ ကျော် ကတည်းကအသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေကို နှိုးဆွပေးနိုင်ပြီး အဖြစ်များတဲ့ ရောဂါတွေမှာ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သည်နည်းနဲ့ပဲ အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အအေးမိဝေဒနာသက်သာစေဖို့ ကြက်သွန်ဖြူကိုဘယ်လိုစားကြမလဲ ၁) ကြက်သွန်ဖြူကိုအစိမ်းဝါးစားပါ အခွံခွာပြီးနှစ်ရက်လောက်လေသလပ်ခံဖြန့်ထားတဲ့ ကြက်သွန်ဖြူနှစ်မွှာသုံးမွှာလောက် ဝါးစားပေးပါ။ […]


အအေးမိဖျားနာခြင်း

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

ရာသီမရွေး အအေးမိဖျားနာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုလိုမိုးရာသီအချိန်ကတော့ အအေးမိတာတွေ အဖြစ်အများဆုံးအချိန်ပါပဲ။ ပုံမှန်ကတော့ ၃ရက်ကနေ အလွန်ဆုံး တစ်ပတ်လောက်နဲ့ သက်သာသွားပေမယ့် တချို့လူတွေမှာကျ တစ်ခါဖျားလိုက်တာနဲ့ ၂ပတ်လောက်ထိကို မပျောက်ဘဲ သောင်တင်နေတတ်တယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်ကြရအောင်။ ၁။ ကောင်းကောင်းအိပ်စက်အနားမယူလို့ အိပ်စက်အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ဖျားနာခြင်းကို တိုက်ထုတ်ပေးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ပုံမှန်အချိန်မှာလည်း တစ်နေ့ အိပ်ချိန် ၇နာရီအပြည့်အဝမရဘူး၊ ဖျားနေတဲ့အချိန်မှာလည်း ကောင်းကောင်းအနားမယူဘူးဆိုရင်တော့ ပြန်သက်သာဖို့ အချိန်ပိုကြာနိုင်တယ်နော်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီလို့ သံသယရှိတာနဲ့ လုပ်လက်စအလုပ်တွေကို နားပြီး နေ့ရော ညပါ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ၂။ အရည်သောက်နည်းလို့ လူက ဖျားပြီဆိုရင် ဘာမှမစားချင်၊ မသောက်ချင် ဖြစ်တတ်တာသိကြမှာပါ။ အထူးသဖြင့် ကိုယ်ခန္ဓါတွင်းမှာလည်း ရေဓါတ်က ကုန်ဆုံးသွားတတ်တော့ ဖျားတာတင်မကဘဲ နောက်ဆက်တွဲ […]


အအေးမိဖျားနာခြင်း

ရောဂါပိုးတွေ ကူးစက်မခံရစေဖို့ ကိုယ်ခံအားနဲ့တိုက်ထုတ်မယ်

မိုးလေးစိုလိုက်၊ပြန်ပူအိုက်လာလိုက်နဲ့ ရာသီဥတုအခြေအနေတွေကြားမှာ ကိုယ်ထင်ပြလာတာက အအေးမိ၊ တုပ်ကွေးပဲဖြစ်ပါတယ်။ ဟပ်ချိုး၊ အဟွတ်ဟွတ် ဆိုတဲ့အသံလေးတွေ ကြားကြားနေရသလို နှာစေးနေတဲ့သူ၊ ဖျားနေတဲ့သူ၊ လည်ချောင်းနာနေသူတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာတွေ့လာရမှာပေါ့။ ဒီကြားထဲ ရာသီတုပ်ကွေးဆိုတဲ့ H1N1 လိုရောဂါပိုးတွေ ကူးစက်နိုင်တဲ့အန္တရာယ်လည်းရှိပါသေးတယ်။ ဒါပေမယ့် ကံကောင်းတာက ကိုယ်ခံအားစနစ်လို့ခေါ်တဲ့ သဘာဝကပေးတဲ့လက်ဆောင်တစ်ခု ကျွန်မတို့ခန္ဓါကိုယ်မှာ ပါလာပြီးသားဖြစ်နေတာပါပဲ။ ဒီသဘာဝလက်ဆောင်ကို ကောင်းကောင်းအသုံးချနိုင်ရင် ရာသီတုပ်ကွေးလည်းကြောက်စရာမလိုပါဘူးတဲ့နော်။ ကိုယ်ခံအားသာကောင်းနေရင်ရောဂါပိုးတွေမကူးစက်အောင်ကာကွယ်နိုင်စွမ်းပိုများသလို ကူးခဲ့ရင်တောင် ပြန်တိုက်ထုတ်နိုင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့ကလည်း ကုန်ကျစရိတ်များတဲ့ အထူးဆေးဝါးတွေ သောက်ဖို့၊သွင်းဖို့မလိုပါဘူး။ လွယ်လွယ်လေးပါ။ အိပ်ရေးဝအောင်အိပ်မယ် အိပ်ရေးပျက်ရင် ကိုယ်ခံအားနည်းစေပြီး ခန္ဓါကိုယ်ရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေမှာ ဆုတ်ယုတ်မှုတွေရှိလာစေနိုင်ပါတယ်။ တော်တန်ရုံ ရောဂါမဖြစ်ဘဲ ကိုယ်ခံအားကောင်းနေချင်ရင် တစ်နေ့ကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီအတွင်းရှိဖို့လိုပါတယ်။ စိတ်ဖိစီးမှုကိုဖြေရှင်းမယ် စိတ်ဖိစီးမှုကြောင့်ခန္ဓါကိုယ်မှာထွက်လာတဲ့ကော်တီဆောဟော်မုန်းက ကြာလာရင် အစားအသောက်မူမမှန်တာ၊ အအိပ်မမှန်တာ စတဲ့ဆိုးကျိုးတွေနဲ့ ခန္ဓါကိုယ်ကိုပါ ဖိစီးလာပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အရက်၊ဆေးလိပ်ရှောင်မယ် သိထားပြီးတဲ့အတိုင်းပဲဆေးလိပ်နဲ့အရက်က […]


အအေးမိဖျားနာခြင်း

ကိုယ့်ကြောင့်သူများဖျားနာမှု မခံစားရစေဖို့

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ သူတစ်ပါးကို အဖျားမကူးစေဖို့အတွက် ဒါတွေကိုလုပ်ပေးပါ။ လက်တွေကို စင်ကြယ်အောင်ဆေးကြောပေးပါ - လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း