အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း)

Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း)ဆိုတာဘာလဲ။ Atelectasis ဟာ အဆုတ် (သို့) အဆုတ် ရဲ့ လုံးဝန်းတဲ့ အပိုင်းမှာ လုံးဝ (သို့) အနည်းငယ် ပျက်စီးခြင်းကို ဆိုလိုပါတယ်။ အဆုတ်အတွင်းမှာရှိတဲ့ လေအိတ်ငယ်လေးတွေဟာ လေလျော့ကုန်ပါတယ်။ ခွဲစိတ်မှုအပြီး ဖြစ်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ Atelectasis ဟာ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ cystic fibrosis၊ ပြင်ပ အရာဝတ္ထုတွေကို ရှူမိခြင်း၊ အဆုတ်အကျိတ်များ၊ အဆုတ်အတွင်း အရည်စုပြုံခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အားနည်းခြင်း၊ ရင်ဘတ်ဒဏ်ရာ ရရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Atelectasis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]


လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင်ရောဂါ (Chronic Bronchitis)

Bronchitis ဆိုတာ လေပြွန်တွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လေကို အဆုတ်အထဲကို သယ်ပေးနေတဲ့ လေပြွန်တွေ ရှိပါတယ်။ လေပြွန်ရောင်တဲ့သူတွေဟာ ကြာရှည်စွာ ချောင်းဆိုးပြီး ပျစ်တဲ့၊ အရောင်ပြောင်းနေတဲ့ ချွဲတွေ ထွက်နိုင်ပါတယ်။ လေပြွန်ရောင်ခြင်းဟာ ရုတ်တရက်ဖြစ်နိုင်သလို နာတာရှည်လဲဖြစ်နိုင်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းဟာ COPD (နာတာရှည် အဆုတ်ရောင်ခြင်း) ရဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရောင်နေတဲ့ လေပြွန်တွေဟာ ချွဲများစွာ ဖြစ်စေပြီး ချောင်းဆိုးခြင်းနဲ့ အသက်ရှူကျပ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Chronic bronchitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အစိမ်းရောင် ချွဲထွက်ခြင်း ပင်ပန်းခြင်း မောခြင်း အနည်းငယ် ဖျားခြင်း၊ ချမ်းတုန်ခြင်း ရင်ဘတ်အောင့်ခြင်း တွေပဲဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) ကဘာလဲ။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းသည်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ဖြစ်လေ့ရှိသည့် အဆုတ်ပိုးဝင်ရောဂါပြီး ဆောင်းရာသီတွင် အဖြစ်များပါသည်။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏ရောဂါလက္ခဏာများသည် အအေးမိခြင်းကဲ့သို့ပင် ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ နှင့် အသက်ရှုကျပ်လာခြင်းတို့ တခါတရံဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် တခါတရံတွင် ရက်သတ္တပတ်အနည်းငယ်မှ လအထိကြာမြင့်နိုင်ပါသည်။ အများစုသော ကလေးများသည် အိမ်မှာနေပြီး အားမွေးလျှင်ပျောက်ကင်းသွားသော်လည်း အချို့မှာ ဆေးရုံတင်ရန်လိုအပ်သောအခြေအနေများ ဖြစ်လာနိုင်ပါသည်။ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ၏နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ဆီဂျင်လုံလောက်စွာ မရခြင်းကြောင့် နှုတ်ခမ်းနှင့် အသားများပြာလာခြင်း အသက်ရှုရပ်သွားခြင်း (လမစေ့ဘဲမွေးသော ကလေးများနှင့် ၁လအောက်ကလေးများတွင် အဖြစ်များသည်။) ရေဓါတ်ခမ်းခြောက်ခြင်း သွေးထဲတွင် အောက်ဆီဂျင်နည်းခြင်း နှင့် အသက်ရှုလုပ်ငန်းများရပ်သွားခြင်း တို့ဖြစ်သည်။ Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း သည် အလွန်အဖြစ်များသောရောဂါဖြစ်ပါသည်။ ကလေးငယ်များနှင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများBronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း ) […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Adenoiditis (လည်ချောင်းပသိရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Adenoiditis (လည်ချောင်းပသိရောင်ခြင်း ) ကဘာလဲ။ လည်ချောင်းပသိဆိုသည်မှာ တစ်ရှူးအစုအဝေးတစ်ခုဖြစ်ပြီး အာသီးနှင့်အတူ တွဲလျက်ရှိပါသည်။ ၎င်းသည် ပါးစပ်နှင့် နှာခေါင်းမှ ဖြတ်သွားသော အန္တရာယ်ရှိသည့် ပိုးမွှားများကို ဖမ်းယူထားခြင်းဖြင့် သင့်ကျန်းမာရေးကို အထောက်အကူ ပြုပါသည်။ သင်၏လည်းချောင်းပသိသည် ရောဂါပိုးများကိ တိုက်ထုတ်ရာတွင်ကူညီသောပဋိပစ္စည်းများကိုလဲ ထုတ်လုပ်ပေးပါသည်။ အာသီးနှင့်မတူသည်မှာ လည်းချောင်းပသိသည် ပါးစပ်ဟလိုက်သည်နှင့် မြင်ရမည်မဟုတ်ပါ။ အာသီးနှင့်အတူ လည်းချောင်းပသိသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကိုကာကွယ်သော ကနဦးခံတပ်များ ဖြစ်ကြပါသည်။ လည်ချောင်းပသိရောင်ခြင်းသည် လည်းချောင်းပသိအား ပိုးဝင်သောကြောင့် ရောင်ခြင်းဖြစ်သည်။ ရောင်ပြီးကြီးလာသော လည်းချောင်းပသိ– လည်ချောင်းပသိရောင်ခြင်း– သည် အသက်ရှူရခက်ခဲစေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ပြန်ထစေနိုင်ပါသည်။ လည်ချောင်းပသိရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာ များစွာကို ခံစားရနိုင်သည်။ နောက်ဆက်တွဲပြဿနာများသည် လည်ချောင်းပသိတစ်ရှူးများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းမှ သို့ ပြင်းထန်စွာရောင်ခြင်းမှ ဦးခေါင်းနှင့် လည်ပင်းရှိ တခြားနေရာများကို ပြန့်သွာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ နားကူးစက်ရောဂါ […]


လေပြွန်ရောင်ရောဂါ

Bronchitis (လေပြွန်ရောင်ခြင်း)

လေပြွန်ရောင်ခြင်း ဆိုတာ ရောဂါပိုးကြောင့် လေပြွန်အတွင်း နံရံများရောင်ခြင်းဖြစ်တယ်။ လေပြွန်ဆိုတာ အဆုတ်ထဲကို လေဝင်တဲ့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ လေပြွန်ရောင်နေတဲ့အခါ ချောင်းဆိုးပြီး သလိပ်ပြစ်ပြစ်တွေထွက်မယ်။ သလိပ်က အရောင်ပြောင်းနိုင်ပါတယ်။ လေပြွန်ရောင်ခြင်း အမျိုးအစား ၂မျိုးရှိပါတယ်။ ကာလတို လေပြွန်ရောင်ခြင်း -  အသက်ရှူလမ်းကြောင်းအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် လေပြွန်တွေရောင်ရမ်းပြီး သလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါဟာ ရက်သတ္တပတ်အတော်ကြာ ဖြစ်နေတတ်တယ်။ နာတာရှည် လေပြွန်ရောင်ခြင်း - လေပြွန်ကို ရောင်ရမ်းအောင် လှုံ့ဆော်နေတဲ့ အရာတစ်ခု အမြဲရှိနေခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အဖြစ်များပါတယ်။ ဒါက လ ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာတတ်ပါတယ်။ သာမန် လေပြွန်ရောင်ခြင်းထက်ပိုပြီး ရောဂါပြင်းထန်နိုင်ပါတယ်။ Bronchitis (လေပြွန်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အချိန်အတော်ကြာ ချောင်းဆိုးနေခြင်း သလိပ်ထွက်ခြင်း၊ သလိပ်တွင် သွေးစပါခြင်း မောပန်းခြင်း အသက်ရှူမဝခြင်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲယားကွန်းဆိုတာကို အသုံးပြုတဲ့နေရာကလက်ချိုးရေလို့ရပါတယ်။ အခုချိန်မှာတော့ အဲယားကွန်းက အလုပ်ခွင်တွေနဲ့ရုံးတွေအိမ်တွေမှာတင်မဟုတ်ဘဲ ဈေးဝယ်စင်တာတွေ၊ပြဇာတ်ရုံ တွေ၊ ဆေးရုံတွေ၊ကုသရေးစင်တာတွေအပြင် အိမ်စီးကားတွေနဲ့အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာ ပါမရှိမဖြစ်ထည့်သွင်းလာရတဲ့ အရာတစ်ခုလိုတောင်ဖြစ်လာပြီဖြစ်ပါတယ်။ အဲယားကွန်းကအေးလွန်းတာကြောင့် အချို့သူတွေမှာ ကျန်းမာရေးပြဿနာတွေတွေ့ကြုံရတာမျိုးရှိပါတယ်။ အဲယားကွန်းကဆိုးကျိုးတွေပဲပေးတယ်ရယ်လို့တော့မဟုတ်ပါဘူး။ အဲယားကွန်းကအပူဒဏ် ကိုမခံစားမိအောင် လုပ်ဆောင်ပေးတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပေါ့ပါးလန်းဆန်းမှုကိုရရှိစေပြီး အလုပ်ခွင်မှာ တက်ကြွလန်းဆန်းနေစေသလို အလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ အေးမြတဲ့ခံစားမှုက ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေရှိနေမှုကိုလျော့ပါးစေနိုင်သလို ချွေးထွက်နည်းစေတာကြောင့်ရေဓါတ်ဆုံးရှုံးမှုကိုလည်း လျှော့ချ ပေးနိုင်တဲ့အပြင် သန့်စင်တဲ့အဲယားကွန်းစနစ်က ဓါတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့နိုင်ခြေကိုလျှော့ချပေးပါတယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့အနေအထားကကောင်းမွန်နေမယ်ဆိုရင် သန့်စင်တဲ့လေကိုရရှိ နိုင်မှာဖြစ်ပါတယ်။ ရာသီဥတုက ပူပြင်းလာပြီဆိုတာနဲ့ပဲ အများစုက အပူဒဏ်သက်သာပြီး သက်တောင့်သက်သာ အလုပ်ပိုလုပ်နိုင်တဲ့ လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် လေအေးပေးစက် တွေက လူ့ကျန်းမာရေးအတွက် မကောင်းတဲ့သက်ရောက်မှုတွေ ရှိလာစေနိုင်တာကို သိဖို့လိုပါတယ်။ ဒီလိုသိထားပြိဆိုရင် လေအေးပေးစက်တွေကိုအကျိုးရှိရှိ အသုံးချပြီး အန္တရာယ်ထိခိုက်မှု နည်းပါးအောင် […]


ရာသီတုပ်ကွေး

H1N1 ခေါ် ဝက်တုပ်ကွေး

H1N1!!! အရမ်းတော့ အကြောက်မလွန်ပါနဲ့ ဒါပေမယ့် ပေါ့ဆလို့မရပါဘူး။ အခု မြန်မာနိုင်ငံမှာ သံသယဖြစ်ဖွယ် ရှိနေတဲ့ H1N1 ခေါ် ဝက်တုပ်ကွေး(swine flu) ဆိုတာက ရောဂါအသစ်တစ်မျိုးတော့ မဟုတ်ပါဘူး။ ဝက်တုပ်ကွေးခေါ် swine flu (H1N1) ဟာ ၁၉၁၈ ခုနှစ် မက်ဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ရိုးရိုးတုပ်ကွေးအမျိုးအစားမှ ဗီဇပြောင်းအသွင်ကွဲထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။ ကပ်ရောဂါသဖွယ် ရာစုနှစ်အလိုက်ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာ အပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှ စတင်ဖြစ်ပွားတယ်လို့ သိရှိရပါတယ်။   H1N1 သို့ ဝက်တုပ်ကွေး (swine flu)ဆိုတာ ဘာလဲ။ H1N1 တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ ခေါ်တဲ့ ရောဂါကို H1N1 ဆိုတဲ့ virus ကြောင့်ဖြစ်ပွားစေပါတယ်။ ဒီ virus ဟာ တုပ်ကွေးvirus […]


နာတာရှည် လေပြွန်ရောင်ရောဂါ

အဆုတ် COPD ရောဂါသည် ခရီးသွားရာတွင်သိထားရမည့် အချက်များ

အသက်ရှုကျပ်လာခြင်းသည်နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ (COPD)၏ အဓိကလက္ခဏာ တစ်ခုဖြစ်သည့်အတွက် ထိုဝေဒနာရှင်များသည် မိမိ၏အိမ်ပြင်ပ ခရီးသွားရန် အလွန်ပင်ဝန်လေးကြသည်။ သို့သော် အောက်ပါအတိုင်းပြင်ဆင်မှုများပြုလုပ်ထားလျှင် ခရီးမသွားနိုင်စရာအကြောင်းမရှိတော့ပါ။ ၁။ ဆရာဝန်နှင့်သွားပြပါ။ ခရီးမသွားမီ သင့်ခရီးအစီအစဉ်နှင့်ပက်သက်၍ု သင့်ခံနိုင်ရည်နှင့်ပက်သက်၍ လိုအပ်မည့်အရာများကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ဥပမာ လေယာဉ်ပျံစီးရမည့်ခရီးမျိုးတွင် အောက်ဆီဂျင် ယူရန်လိုမလိုတိုင်ပင်ခြင်းမျိုးဖြစ်သည်။ ၂။ ကာကွယ်ဆေးများထိုးသွားပါ။ တုပ်ကွေးကာကွယ်ဆေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါကာကွယ်ဆေးမျိုး(PCV 13)ထိုးသွားပါ။ အခြားသောလိုအပ်သည့် ကာကွယ်ဆေးများလည်း ထိုးရန်လိုမလိုတိုင်ပင်ပါ။ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှင်များသည် အခြားသူများထက် တုပ်ကွေးနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လွယ်သော ကြောင့်ဖြစ်သည်။ ၃။ လိုအပ်သော ပစ္စည်းကိရိယာများကို စစ်ဆေးပါ။ ခရီးသွားနေစဉ်အောက်ဆီဂျင်စက်နှင့် တစ်ပါတည်းယူဆောင်သွားမည့် စက်ကိရိယာတို့ကို ပျက်စီးခြင်းများ မဖြစ်အောင် စစ်ဆေးပါ။ အောက်ဆီဂျင်စက်ကို သင်ကိုယ်တိုင်သယ်နိုင်လား အကူလိုအပ်နိုင်လား ဆုံးဖြတ်ပါ။ ၄။ သင်သွားမည့်နေရာနှင့်ပက်သက်၍ ဆွေးနွေးပါ။ သင်သွားမည့်နေရာကို ဆရာဝန်အားပြောပြပါ။ သင်သည် အမြင့်နေရာများသို့သွားမည်ဆိုလျှင် အောက်ဆီဂျင်နည်းခြင်းကြောင့် မောလာလိမ့်မည်။ အမြင့်ပိုင်းဒေသများတွင် လေထုသည်ပါးလွှာပြီး အောက်ဆီဂျင်ပမာဏနည်းခြင်းကြောင့် အိမ်တွင်နေစဉ် အောက်ဆီဂျင်မရှုသော်လည်း အမြင့်သို့ရောက်လျှင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ထကြွစေသောအရာများ

သင့်တွင် နာတာရှည် လေပြွန်ကျဉ်းရောဂါ ရှိပါက သင့်ရောဂါကို ပိုဆိုးစေသောအရာများကို သတိပြုရမည်ဖြစ်သလို ပိုဆိုးစေနိုင်သော နည်းလမ်းများကိုလည်းသိထားသင့်ပါတယ်။ လူတစ်ဦးချင်းအပေါ်မူတည်ပြီး ကွဲပြားမှုတော့ရှိနိုင်ပါတယ်။ ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေသလဲ။  ဆေးလိပ်သောက်ခြင်း လေထုညစ်ညမ်းခြင်း အအေးမိခြင်း တုပ်ကွေးဖြစ်ခြင်း နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ခြင်း ချေးချွတ်ဆေးနဲ့ ဓာတုဗေဒပစ္စည်းများ ဓာတ်ငွေ့၊ မီးခိုးငွေ့နဲ့ မီးဖိုတို့မှအမှုန်များ ဒါတွေက သင့်အဆုတ်ကို ထိခိုက်စေပြီး အသက်ရှူပိုကြပ်စေသလို အခြားသောရောဂါလက္ခဏာများလည်း ထပ်ဖြစ်လာစေနိုင်ပါတယ်။ တကယ်လို့ သင့်ရောဂါအခြေအနေ ပိုဆိုးလာပါက ဆေးရုံတွင်အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်သည်။ သင့်ရောဂါကို ထကြွစေသော အကြောင်းရင်းများကိုသိပါက ၎င်းတို့ကိုရှောင်ကြဉ်နိုင်သလို ရောဂါမကြာခဏပြန်ဖြစ်ခြင်းမှလည်း လျှော့ချနိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားထားသောဆေးများကို မှန်မှန်သောက်ဖို့လည်းလိုအပ်ပါတယ်။ ရောဂါထကြွစေသောအရာများကို ဘယ်လိုနည်းနဲ့ ရှောင်ကြဉ်မလဲ။ အရင်ဆုံး ဘယ်အရာတွေက သင့်ရောဂါကိုပိုဆိုးစေလဲဆိုတာ သိရပါမယ်။ ရောဂါပိုဆိုးလာချိန်တွင် သင့်အနီးတွင်ရှိသော ဖြစ်နိုင်ချေရှိသော အရာများနဲ့ သင့်ရောဂါဖြပြင်းထန်ပုံကို သတိပြုပါ။ ဖြစ်နိုင်ချေရှိသည်တို့ကို ဆရာဝန်နဲ့တိုင်ပင်ကာ ရှောင်သင့်သောအရာများကို ရှောင်ကြဉ်ပါ။ ရောဂါပိုဆိုးစေသော […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါနှင့် အဆုတ်ရောင်ရောဂါတို့ ဘာတွေကွာခြားသလဲ။ အထက်ပါ ရောဂါနှစ်မျိုးကို နှိုင်းစာကြည့်သော် ကွာခြားမှု တချို့ရှိသည်ကို တွေ့ရမည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များသည် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများသည်။ ၂၀၀၂ ခုနှစ်ထုတ် အမေရိကန် သမားတော်များ စာစောင်တွင် နာတာရှည် အဆုတ်ရောင် ရောဂါရှင်များ၏ ၇၀ - ၇၅ ရာခိုင်နှုန်းသည် strepcoccus နှင့် haemophilus ကဲ့သို့သော ပိုးကောင်များ ကူးစက်ခံရမှုကြောင့် ရောဂါ ပိုဆိုးလာစေကြောင်း ဖော်ပြထားသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ဆိုသည်မှာ ထိခိုက်ထားသော အဆုတ်သည် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ပေးနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ • အဆုတ်တွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်းကြောင့် အသက်ရှုလမ်းကြောင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း